Monday, August 22, 2011

ဆစ်ဒနီမှ ပန်းလေးများ


အန်တီဆွိတို့ စာရေးရမှာ နဲနဲပျင်းနေလို့ ဆားချက်လိုက်ဦးမယ်ဂျာ။

သမီးကျောင်းကိုလိုက်ပို့ရင်း လမ်းဘေးဝဲယာက ပန်းပင်လေးတွေ လှလို့ မှတ်တမ်းတင်ထားတာလေး တင်ပေးလိုက်ပါတယ်။
အားလုံး ပျော်ရွှင်လန်းဆန်းကြပါစေ။





အိမ်ကို သွားတဲ့ လမ်းမတစ်လျှောက်မှာ ပန်းရောင် ခပ်နုနုပန်းလေးတွေ တစ်ပင်လုံးဝေအောင်ပွင့်နေကြတယ်။ ချယ်ရီတွေလားမသိဘူးဆို ချယ်ရီပန်း အပြင်မှာ တစ်ခါမှ မမြင်ဖူးလို့ ဂူဂဲလ်က ပုံနဲ့ တိုက်ကြည့်မှ ချယ်ရီပန်းမှန်း သေချာသွားတာ။








တတိုင်းမွှေးလို့ ပြောနေတဲ့ ပန်းတွေကလဲ အပွင့်အကြီးကြီးတွေ တစ်ပင်လုံး ဝေလို့။







ဒီပန်းလေးတွေကတော့ တောင်ဇလတ်ပန်း ခေါ်မလားပဲ။




အော်ဇီမှာ ရာသီဥတု ၄မျိုးရှိရာမှာ ခုချိန်ကတော့ ဆောင်းကုန်ခါနီး နွေဦးပေါက်ရောက်ခါနီး အချိန်ပေါ့ခင်ဗျာ။

ကြုံတုံးလေး အော်ဇီရဲ့ ရာသီဥတုတွေနဲ့ မိတ်ဆက်ပေးပါရစေ။
ဇွန်မှ သြဂတ်စ် (ဆောင်းရာသီ -Winter)
စက်တင်ဘာ မှ နိုဝင်ဘာ (နွေဦးပေါက် -Spring)
ဒီဇင်ဘာ မှ ဖေဖော်ဝါရီ (နွေရာသီ -Summer)
မတ်ခ်ျ မှ မေ (အော်သန် - Autumn)


နွေဦးပေါက်မှာတော့ ပန်းတွေ အင်မတန်ပွင့်ပါတယ်တဲ့။ နွေဦးပေါက်နားနီးလို့လားမသိ။ ခုချိန်ကတည်းကကို ပန်းလေးတွေ ပွင့်နေတာ တော်တော်ကို လှပါတယ်။




ဆောင်းရာသီမှာတော့ အပူချိန်က ညဖက် အအေးဆုံး ၄ဒီဂရီ စင်တီဂရိတ် အထိကျတတ်ပြီး နေ့ဖက်ဆို ပျမ်းမျှ ၁၄ လောက်ရှိပါတယ်။ နွေမှာတော့ ၄၀ ဒီဂရီ အထိကို ပူတယ်လို့ ပြောကြပါတယ်။ ဒီမှာ heater တွေသာရှိပြီး Aircon တော့ မရှိကြပါဘူးတဲ့။ အဲဒီတော့ နွေရာသီ ဘယ်လိုနေကြလဲဆိုတော့ ဒီလိုပဲ တစ်လ ၂လလောက်တော့ ပန်ကာလေးဘာလေး ဖွင့်ပြီး သည်းခံနေကြတယ်ပြောတာပဲ။ အန်တီဆွိတို့တော့ အေးလို့ ညည်းပြီးရင် ပူလို့ ထပ်ညည်းရဦးမယ်နဲ့ တူပါရဲ့။


ခုချိန်ထိ တွေ့မိသလောက် ဒီဆောင်းရာသီမှာ အသားအရည် ထင်သလောက်ကြီးတော့ မခြောက်ဘူးခင်ဗျ။ စိုထိုင်းစ (humidity) အရမ်းနည်းလာပြီဆို မိုးက ရွာ ရွာပေးတယ်။ မိုးက တစ်ပတ်တစ်ကြိမ်၊ ၂ပတ်တစ်ကြိမ်လောက် ရွာပေးတော့ အေးပေမဲ့ သိပ်ခြောက်သွေ့မှုမရှိပဲ နေရတာ ကောင်းပါတယ်။















တ တိုင်းမွှေးဆိုပေမဲ့ မွှေးရနံ့တော့ တစက်မှ မရလို့ ပန်းနာမည်ကိုတောင် မကျေနပ်ဖြစ်မိသေး။ ဒီမှာပွင့်တဲ့ တစ်ချို့ပန်းတွေက အပူပိုင်းဒေသနဲ့ မတူတာက ပွင့်ရင် အရွက်တစ်ရွက်မှ မရှိပဲ တစ်ပင်လုံး ဝေအောင် ပွင့်တော့တာပဲဗျို့။





ပန်းရောင်အင်္ကျီလေးနဲ့ အန်တီဆွိရဲ့ တတိုင်းမွှေး။

12 comments:

  1. ပန်းလေးတွေပုံက လှတယ်ဗျို.

    အော်ဇီကို လာလည်ရင် ဘယ်ရာသီကောင်းမလဲ၊

    ReplyDelete
  2.ှSpring ဆို ကောင်းမယ်ထင်တယ် ကိုဇီရေ။ သိပ်လဲ မအေးတော့ဘူး။ ပန်းလေးတွေလဲ ရောင်စုံပွင့်ဝေ။ ဆောင်းတွင်းကတော့ အေးတယ်ဗျို့။ နွေဆိုလဲ ပူတယ်ဆိုတော့ Spring ကကောင်းမလားပဲ။

    ReplyDelete
  3. အဲဒီပန်းတွေ အားလုံးလိုလိုကယ်လီဖိုးနီးယားမှာ ရှိတယ်။ ဘယ်ကနေဘယ်ကိုသယ်ထားကြတာလည်းမသိဘူးနော်။
    အိုင်အိုရာ

    ReplyDelete
  4. But you don't have TTsweet's pink color Ta Tein Mway. :))


    She is also mine too.

    mgchaint

    ReplyDelete
  5. Ju Ju has grown up so fast.. Sooo cute.. :)

    ReplyDelete
  6. မဆွိရေ ကျေးဇူးပါပဲ၊ အော်ဇီကို အလည်သွားဖို. ပြင်တာ (၅)နှစ်လောက်ရှိပြီ၊ ရန်ကုန်ပြန်ဖြစ်နေတာနဲ. လေယာဉ်လက်မှတ်ဖိုး မရှိတော့လို. မလည်ဖြစ်တာ၊

    မဆွိနဲ. မိသားစု ကျန်းမာပျော်ရွှင်ပါစေ ...

    ReplyDelete
  7. ခြိမ့်ဆွိရဲ့တတိုင်းမွှေးသည် ပရိတ်သတ်ကြီးရဲ့တတိုင်းမွှေးလည်းဖြစ်ပါတယ်း)
    ပန်းလေးတွေနဲ့ အပြိုင်လှတဲ့သမီးလေး ချစ်စရာ။

    ခင်မင်တဲ့
    seesein

    ReplyDelete
  8. ဂျူးဂျူးလေးက အပျိုပေါက်လေးလားထင်ရတယ်...
    ထွားလာလိုက်တာ..
    ပန်းလေးတွေလဲအရမ်းလှတာဘဲ..

    ReplyDelete
  9. သမီးလေးက ပိုချောလာတယ် တီတီဆွိ... :)

    ReplyDelete
  10. သစ်ပင်ပန်းပင်လေးတွေ ချစ်တတ်တဲ့ သူငယ်ချင်းနဲ့ Ausi နဲ့တော့ အကိုက်ပါပဲ... သမီးလေးက ပန်းကလေးတွေအားလုံးထက် ပိုလှ ပိုနူးညံ့ပါတယ်... လိန်ပျံလက်မှတ်ဝယ်ဖို့ ပိုက်ပိုက်စုနိုင်ရင် လာလည်အုံးမယ် သူငယ်ချင်းရေ...

    *** ဦးခြိမ့် ကြော်ငြာလာဝင်တာ ရယ်ချင်သွားတယ်...း)

    ReplyDelete
  11. I totally agree with Sa Sa and Thet Wai.Our lovely flower(Juu Juu) is growing fast and prettier than before.Here is most of the flowers in this post in Geneva too.
    Gyidaw

    ReplyDelete
  12. Hmm..hmm..it is totally true. I am so proud of you guys as you guys have such a beautiful pink tatinehmwe flower. I know it is yours too. :)(What a nice gyar phyat kyaw nyar).
    Please give my love to beautiful pinky and she looks gorgeous.
    Iora

    ReplyDelete