Wednesday, August 3, 2011

black bean sauce- ရွှေပဲသီးကြော်

မဆွိတီတို့ ဒီကျွန်းကြီးဖက်ရောက်တော့ ဈေးဝယ်ရတာ တော်တော်ဒုက္ခရောက်သဗျ။ အကြောင်းကတော့ သူတို့ရဲ့ package တွေက အရမ်းကြီးလို့ပါပဲ။ အသီးအနှံတို့၊ ဟင်းသီးဟင်းရွက်တို့ ၀ယ်မယ်ဆို တစ်ကေဂျီ-၂ကေဂျီ ထုတ်ပြီးသားတွေပဲ ရောင်းတာ။ မိသားစုများတဲ့သူတွေအတွက် ကောင်းပေမဲ့ မဆွိတီတို့လို မိသားစုနည်းသူတွေကျတော့ အဲဒါတွေကို ရေခဲသေတ္တာထဲထည့်၊ မကုန်မချင်းစားပေရော့ပဲ။ ရေခဲသေတ္တာထဲလဲ အထုတ်ကြီးတွေနဲ့ ပြည့်သိပ်နေတာပဲ။ အသီးအရွက်တွေက ၂ပတ်-၃ပတ်ထက် ပိုထားလို့လဲ မကောင်း၊ လွှင့်လဲ မပစ်ချင်တော့၊ ဟင်းတွေက ထပ် ထပ်လာတယ်။ တစ်ခါလာလဲ အစိမ်းကြော်၊ တစ်ခါလာလဲ ပဲသီးကြော်၊ တစ်ခါလာလဲ ပန်းပွင့်ကြော် ဆိုတော့ ဦးခြိမ့်ခမြာ "ရွှေချဉ်ပေါင်တုံးကာမှ မောင်ဖုန်းပြန်ခဲ့မယ် " ဆိုသလိုဖြစ်နေတယ်။ (ရွှေချဉ်ပေါင်ဆိုမှ သတိရသွားတယ်ဂျာ။ ဒီမှာ ချဉ်ပေါင်ရွက် ရှာမရလို့ ရှိသူများ သတင်းပေးကြပါဦးနော်၊ ဘယ်မှာရနိုင်မလဲဆိုတာ၊ အပင်နော် ... အရွက်ခြောက် မဟုတ်)
အသားငါးတော့ ကြိုက်သလို ချိန်ဝယ်လို့ရလို့ တော်သေးတယ်။ ဒီမှာ အသားက စလုံးမှာထက် ဈေးပိုချိုတယ်။ အသီးအနှံတော့ နဲနဲပိုဈေးကြီးတယ်ထင်တာပဲ။

အစားအသောက်တွေ ရောင်းတာလဲ အဲ့လိုပဲ။ သြော်ဇီမှာတဲ့ အပြင်မှာ ၀ယ်စား သိပ်ဈေးကြီးတယ်တဲ့ ပြောကြတယ်။ ဈေးကြီးတာလဲ မပြောနဲ့ဦး။ တရုတ်ဆိုင်တွေမှာ ဟင်းတစ်ပွဲ ၈ကျပ် ၁၀ ၀ယ်စားရင် ချလာတာ ဇလုံကြီး၊ ပန်းကန်အကြီးကြီးတွေနဲ့ မနိုင်မနင်းပဲ။ သြော်ဇီတွေက သူတို့ရဲ့ ခန္ဒာကိုယ်ကလည်းကြီးတော့ စိတ်ကြီးတယ်နဲ့တူတယ်း) သူတို့စားတဲ့ ပမာနကလဲ အများကြီးပဲ။ ကိုယ်လို အာရှကလာတဲ့သူတွေ၊ လူကောင်သေးသူတွေကတော့ တစ်ပွဲကို ဘယ်လိုမှ မကုန်နိုင်ဘူး။ ၃ယောက်စားရင် ၂မျိုးမှာပြီးစားမှ အတော်လောက်ပဲ။ ဒါတောင်ကိုယ်တွေက လူကောင်သိပ်သေးသူတွေ မဟုတ်ဘူးနော်။ စစ်ကိုင်းမျိုးကွး)

စကားကို လိုရင်းဆက်ရရင် ဒီအပတ်လဲ Eastwood ဖက် ဈေးဝယ်ထွက်တာ ပဲသီးလေးစားချင်လို့ဝယ်တာ တစ်ကေဂျီ အထုတ်လိုက်ကြီး ၃ကျပ်တဲ့ ဆို ၀ယ်လာရတယ်။ ဒါကို ဒီတိုင်းအစိမ်းကြော်လေးကြော်စားလိုက်၊ မြန်မာလို ရိုးရိုးပဲသီးကြော်လေး ကြော်စားလိုက်ဆို ကုန်နိုင်ဖွယ်မမြင်ဘူး။ ဒါချည်းနေ့တိုင်းကြော်မယ်ဆိုလည်း ဦးခြိမ့် အိမ်ပေါ်ကဆင်းသွားလိမ့်မယ်။ ဒါနဲ့ နေ့ခင်းဖက်တွေမှာ မဆွိတီ ထမင်းလေးနဲ့ အဆာပြေစားရအောင်ဆို black bean sauce လေးနဲ့ ကြော်ကြော်စားတာ တော်တော်အရသာရှိသဗျ။ လွယ်လဲလွယ်တယ်။ စားလို့လဲ ကောင်းတဲ့ ပဲသီးကြော်မှို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။




ပဲသီးကို ၂လက်မလောက်အရှည်ဖြစ်ဖြစ် ဖြတ်ထားပါ။ အတောင့်လိုက် အရှည်လေးတွေအတိုင်း ကြော်လဲ ကောင်းတာပဲ။



Spicy Black bean sauce အဆင်သင့်ပြင်ထားပါ။
ဝက်သားအကြေ လက်တစ်ဆုတ်လောက် အသင့်ပြင်ထားပါ။ (မပါရင်လဲ စားလို့ကောင်းပါတယ်)



ကြက်သွန်ဖြူ တစ်မွှာ နုတ်နုတ်စင်းထားပါ။ အန်တီဆွိကတော့ အလွယ် ready made garlic paste ကို သုံးပါတယ်။



ဒယ်အိုးထဲကို ဆီစားပွဲဇွန်းတစ်ဇွန်းထည့် မီးပြင်းပြင်းနဲ့ ပဲသီးတွေကို ကြွပ်ခါနီးအထိကြော်ပါ။ အစိမ်းရောင်မပျက်ပါစေနှင့်။ ကြက်သားမှုန့်လေး အနည်းငယ်ထည့်ကြော်ပါ။



ပဲသီး အထဲကပါကျက်ရင် ကြက်သွန်ဖြူ၊ ၀က်သားအကြေထည့်ကြော်ပါ။



ဝက်သားကျက်ရင် မီးပိတ်၊ ပူနေတုံးမှာ black bean sauce စားပွဲဇွန်း တစ်ဇွန်းမောက်မောက်ထည့်ပြီး မွှေပေးပါ။




ကဲ ... မလွယ်ဘူးလား။ ထမင်းဖြူ ပူပူလေးနဲ့ လိုက်မှလိုက်။

19 comments:

  1. 3

ှု(ဟမ်မလေး အနောနိမတ်စ်တွေ အန်တီဆွိကို အားပေးချက်တော့။ နံပါတ်လေးတွေပဲ ရေးသွားတယ်း)

    ReplyDelete
  2. I will try to find the black bean sauce first, Ma Ma. Seem really delicious and wanna eat with white rice too.

    ReplyDelete
  3. တရုတ်ဆိုင်တွေမှာ စားဖူးတယ်၊ တစ်ခါမှမကျော် ဖူးဘူး၊ချက်နည်းလေးဝေမျှပေးလို.၊ ကျေးဇူးပါပဲ၊


    ခင်တဲ့

    မောင်ဇီ

    ReplyDelete
  4. အမ စာရေးတာရော ကွန်မက်မှာရေးတာရော ချစ်စရာ တကယ်ကောင်း ဟိ
    အမ ချက်သလိုလေးတွေ အားကျလို့  လိုက်ချက်ပြီး ကိုယ့်ဘာသာကိုဘဲ အားပေးရတော့ ပုတ်လို ၀လာပြီ ။
    အမ ကတော့ ချက်သလောက် နောက်ကနေ အားပေးမဲ့သူရှိလို့  စလင်းလေးဘဲဖြစ်နေတာ ကံတကယ်ကောင်း ။
    လက်ရာ ကလဲ တကယ်ကောင်းလို့ပေါ့နော့ ။

    အမြဲလာဖတ်ပေမဲ့ မမန့်စဖူး မန့်လိုက်ပါတယ်။

    ReplyDelete
  5. ကြော်စားမယ်... ကြော်စားမယ်...း))))

    ReplyDelete
  6. အိမ်မှာလည်း တခါတလေ ကြော်စားဖြစ်တယ်
    ကောင်းတယ်နော်း) ဒါနဲ့ ကျမတို့ဆီမှာတော့
    ချဉ်ပေါင်ပေါချက်း)

    ReplyDelete
  7. ပဲသီးကြော်လာစားတယ် တီဆွိ..

    ReplyDelete
  8. ထမင်းလွတ်စားချင်တယ် အဲလိုစိမ်းစိမ်းကြော်တွေကို အရမ်းကြိုက်စ်

    ReplyDelete
  9. Next time, you should cut the bean in about 45 degree to look better instead of straight cut.
    Why used balck bean sauce althought you fried green bean :) .... i will not eat this time .....just kidding

    ReplyDelete
  10. တီဆွိရေ ပဲသီးလေးကိုပြုတ်ပြီး သုပ်ပါလားနော် မြေပဲထောင်း ကြက်သွန်နီဆီချက် သံပုရာသီးညှစ်ပြီး

    ReplyDelete
  11. တီတီဆွီ auburn က မြန်မာဆိုင် sunshine star မှာရတယ် fiji ကလာတာ အစိမ်းတော့ မဟုတ်ဘူး ပြုတ်ပြီး ပလာစတစ်နဲ့ ထုတ်ထားတာ ချဉ်ပါတယ် မြန်မာချဉ်ပေါင်နဲ့ တူပါတယ်

    ReplyDelete
  12. အိုးးးးပဲသီးတွေ လတ်လိုက်တာ၊ စိမ်းဖတ်နေတာပဲ၊ စားချင်စရာ၊ Black bean sauceက မငန်ဘူးလား မတ်စိရဲ့....

    ReplyDelete
  13. အိမ်မှာရှိတဲ့ ချဉ်ပေါင်ပင်တွေ ကတော့ အေးလွန်းလို့ သေကုန်ပြီ နွေရောင်မှပြန်ပေါက်ကြမယ်နဲ့ တူတယ်

    ReplyDelete
  14. My friend planted Rumex acetosa (Sauerampfer) to substitute roselle in Sydney and it gives the same taste as roselle.

    ReplyDelete
  15. တီဆွိ ..............................
    များများရေးပါ။ တနေ.တပို.စ်လောက်ရေးပါ။ မကျေနပ်ရင် ၂ပို.စ် တင်ပါ။ လာဖတ်ဖို.အမြဲအဆင်သင်.ပါ။ ဓာတ်ပုံလဲတင်ပေးပါ။ တီဆွိလှတယ်ဆိုတာသိပြီးသား၊ အဲ.ဒီတော.ဓာတ်ပုံတင်ဖို. စိတ်အနှောင်.အယှက်မဖြစ်ပါနှင်.(မြှောက်တာမဟုတ်၊တကယ်သိကြောင်းပါ)
    သမီးလေးအကြောင်းလဲဖတ်ချင်ပါသည်။

    (အနောနိမတ်စ် မန့်ထားတာ မပေါ်လို့ Gmail ကနေ ကူးတင်ပေးလိုက်ပါသည် ပုံ အန်တီဆွိး)

    ReplyDelete
  16. ဟင်းချက်နည်းတမျိုးတိုးသွားလို့ကျေးဇူးပါ

    ReplyDelete
  17. များနေရင်တဝက်ပေးပါလား

    ReplyDelete