Thursday, August 11, 2011
အန်တီဆွိနှင့် Recession phobias
Obama warns of recession
အမေရိကန် ကြွေးမြီ ကိစ္စတွင် သမ္မတ အိုဘားမားနှင့် လွှတ်တော် ခေါင်းဆောင်များ သဘော တူညီချက် ရရှိ
ကြွေးမြီ ယုံကြည်ရမှု တွင် အမေရိကန် A သုံးလုံး အဆင့်မှ ပြုတ်ကျ
ကမ္ဘာ တစ်ဝှမ်း က စတော့ ဈေးကွက် တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်၊
အမေရိကန် စူပါပါဝါကြီး အကြွေးပြန်ဆပ်နိုင်ပါ့မလား
အန်တီဆွိသည် တစ်ခါတစ်ရံ Kiasu ဖြစ်သည်။ အထက်က သတင်းတွေ ဖတ်ပြီး recession ဟူသော အသံကိုကြားရသည်နှင့် ရင်တုန်ချင်သလိုလို၊ ပန်းတုန်ချင်သလိုလို၊ ခေါင်းပဲနောက်လာသလိုလို အခုပဲ အဘထ ရှူဆေးလေးပဲ ထရှူရမလို ဖြစ်လာတော့သည်။ မဖြစ်ပဲ နေရိုးလား။ ပြီးခဲ့သည့် ၂၀၀၇-၂၀၀၈ recession က ရင်တထိတ်ထိတ်နှင့် recession ၏ အရသာကို ခံစားခဲ့ဖူး၍ ဖြစ်ပေသည်။
အော် အန်တီဆွိနှယ် ပူတတ်ရန်ကော။ ”ညောင်ဦး ကမ်းပါးပြိုတာနဲ့ စံပ္မနဂိုရ် က နွားမပေါင်ကျိုး” ဆိုသလို အမေရိကန်က သမတ အိုဘားမား ကြွေးမြီပြသနာ မဖြေရှင်းနိုင်တာနဲ့ အန်တီဆွိခေါင်းကိုက်တာ ဘာဆိုဘာမှ မပတ်သတ်ဘူးလို့ မပြောပါနှင့်။ ဆိုင်သမှ ဆိုင် ဆိုင် ဆိုင် လို့ပင် ပြောချင်ပါသည်။
အန်တီဆွိတို့၊ ဦခြိမ့်တို့လို menufacturing center၊ Research centre တွင် အလုပ်လုပ်နေသူများသည် ကမ္ဘာ့ စီးပွား ကမောက်ကမဖြစ်လျှင် ပထမဆုံး ထိသူများဖြစ်သည်။ လူတွေစီးပွားပျက်တော့ ကုန်ပစ္စည်းတွေ ၀ယ်မသုံးနိုင်ကြ။ ၀ယ်မသုံးတော့ ကုန်ပစ္စည်း ၀ယ်လိုမှုအား demand ကျသည်။ customer တွေထံက ပစ္စည်းအသစ်တွေ မမှာတော့ ကုန်ပစ္စည်းထုတ်လုပ်မှုအားကျသည်။ ဒီတော့ကုမ္ပဏီ စီးပွါးကျသည်။ ဒီတော့ လစာတွေ ဖြတ်တာမျိုး retrench အလုပ်ဖြုတ်တာမျိုးတွေ ကြုံရမည်။ အန်တီဆွိတို့ဒုက္ခရောက်လျှင် လစဉ် ထောက်ပံ့ပေးနေသော မြန်မာနိုင်ငံမှ ၂ဖက် မိဘဆွေမျိုးများလည်း ဒုက္ခရောက်တော့မည်။
ခုအန်တီဆွိ အလုပ်မလုပ်တော့ ပိုဆိုးမည်။ ယခင်က တစ်ယောက် အလုပ်ပြုတ် တစ်ယောက်က ကျားကန်နိုင်သေးသည်။ ခုတော့ အိမ်ရဲ့ ၀င်ငွေအတွက် ဦးခြိမ့်တစ်ယောက်တည်း ရုန်းနေရသည်မှို့ ပို၍ပင်စိတ်ပူမိပါသည်။ ပြီးခဲ့သည့် recession က hire and fire မူကို လက်ကိုင်ထားသည်ဟု နာမည်ကြီးသော ဦးခြိမ့်တို့ ကုမ္ပဏီက ထီကနဲဆို retrench တွေ စတင်သူဖြစ်နေသည်။ ကံကောင်းထောက်မ၍ ဦးခြိမ့်သည် retrench list ထဲ မပါခဲ့။ အလုပ်ဖြုတ်ခံရသူ အများစုမှာ ကော်လံပြာ အလုပ်သမား operator လေးများဖြစ်၍ စိတ်တော့ မကောင်း။ သို့ပေမဲ့ pay cut 20% ထိကာ recession မကျော်မချင်း ထို pay cut ကို ၈လမျှလောက် ခံစားခဲ့ရသည်။ ကုမ္ပဏီက pay cut ပေမဲ့ မဆွိတီတို့ကတော့ မိဘများကို pay cut မလုပ်ခဲ့ပါပေ။ မလုပ်ရက်ခဲ့ပါပေ။
မဆွိတီတို့ ကုမ္ပဏီရော ဘာထူးသနည်း။ ထိုနှစ်က ဘော့စ်အသစ် ရောက်လာခဲ့သည်။ တစ်နှစ်လုံး ကုံးရုန်းလုပ်၊ ခွင့်ရက်တွေစုကာ မြန်မာပြည်ပြန်မည်ဟု အားခဲထားသောနှစ်ဖြစ်သည်။ ကိုယ်က ခွင့်မယူသည့်အပြင် သူများတွေ ဟောလီးဒေးဆိုကာ ခွင့်ရက်ရှည်ခရီးထွက်လျှင် သူတို့အလုပ်များကို တာဝန်ယူပြီး ကူညီပေးခဲ့သေးသည်။ ကိုယ် holiday ထွက်မည်ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် ပရောဂျက်က peak အချိန်၊ အလွန် အရေးကြီးသော အချိန်ဖြစ်နေသည်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် ကိုယ်သွားမည့် ဒီဇင်ဘာရက်များသည် ကိုယ့် product ကို mass production စ run ရမည့် အချိန်ဖြစ်နေသည်။
ဘော့စ်က ရောက်ခါစ၊ သူလဲ သိပ်နားမလည်သေး၍ မသွားစေချင်။ အမျိုးမျိုး တားသည်။ မဆွိတီကလည်း လေယာဉ်လက်မှတ်ကို ၅လခန့်ကြိုဝယ်ထားရာ လက်မှတ်ဝယ်ပြီးသားဖြစ်သည်ကို အကြောင်းပြသည်။ သွားချင်သည်။ အသက်ကြီးလှပြီဖြစ်သော အဘွားကို တွေ့ချင်သည်။ အမေတို့၊ အဖေတို့နှင့် မတွေ့ရတာကြာပြီ။ ကိုယ့်တုံးက သူတို့ဟောလီးဒေးကြိုက်သလို ထွက်ချိန်က ကူညီပေးခဲ့သူများ ဘယ်ရောက်သွားပြီလဲ။ တစ်ယောက်ယောက်မှ ကူမလုပ်ပေးနိုင်တော့ဘူးတဲ့လား။ ခေါင်းမာသော မဆွိသည်သည် ခရီးစဉ်ကို မဖျက်၊ စီစဉ်စရာရှိသည်များကို စီစဉ်ကာ မွေးရပ်မြေသို့ပြန်ခဲ့လေသည်။
မြန်မာပြည်ခရီးမှ ပြန်လာသောအခါ မဆွိတီကို ဆက်ဆံသော ဘော့စ်၏ ပုံစံအချိုး တော်တော်ပြောင်းသွားသည်။ ယခင်က လုပ်စရာရှိလျှင် ကိုယ့်ကို ပထမဆုံးခိုင်းတတ်သူသည် မဆွိတီထံမလာတော့။( မဆွိတီသည် ဋ္ဌာနတွင် productive ဖြစ်သည်ဟု နာမည်ကြီးပါသည်)။ ရောက်စရက်များက အလုပ်လဲ သိပ်လုပ်စရာမရှိ၍ တော်တော်ကို အူကြောင်ကြောင်ဖြစ်နေသည်။ စီးပွားကျနေချိန်ဖြစ်၍ retrench လုပ်မည်ဆိုသော ကောလဟလများကလည်း မကြားချင်မှ အဆုံး။ ထိုအချိန်များက အလုပ်တွင် လူတွေကလည်း အလုပ်ပြုတ်မှာကြောက်၍ ရှိရာ အလုပ်ကို ကြိုးစားပမ်းစား ကြုံးလုပ်နေကြရာ ရုံးတစ်ခုလုံးလဲ တိတ်ဆိတ်နေသည်။ recession ကာလကား ခြောက်ခြားစရာကောင်းလှပါပေသည်။
ထိုအချိန်က မဆွိတီနှင့် ပရောဂျက်ကို အတူတွဲလုပ်နေသူက မလေးရှား တရုတ်လူမျိုး Jason ဆိုသူဖြစ်သည်။ ဂျေဆင်ကား ဤကုမ္ပဏီတွင် ၁၀နှစ်ကြာအလုပ်လုပ်ခဲ့သူဖြစ်သည်။ စကားနည်း၍ အလုပ်အတွေ့ အကြုံအတော်များကာ အလုပ်လုပ်ရာတွင်လည်း တော်သည်။ သို့သော် old folks တို့၏ ထုံးစံ အလုပ်တွင် ရေသာခိုချင်သည်။ အလုပ်တွေများလာလျှင် သူက ၃၀%ခန့်၊ ကိုယ်က ၇၀%ခန့် လုပ်ရလေ့ရှိသည်။ နေ့ခင်းတွင် အင်တာနက်ဝင်ကာ surf လုပ်နေသည်။ ညနေတွင် ၅နာရီခွဲ ဒေါင် ဆိုတာနှင့် ကျောပိုးအိပ်လေး လွယ်ကာ ပြန်တော့သည်။ သူ့တွင် အိမ်ထောင်ရေးပြသနာအနည်းငယ်ရှိရာ ယခုလက်ထပ်ထားသူသည် ဒုတိယမြောက် အိမ်ထောင်ဖြစ်သည်။ အတင်းအဖျင်းများအရ မိန်းမငယ်ငယ်လေးကို ယူထားရာ အလွန်အလိုလိုက်ရသည်ဟူ၏။ အမျိုးသမီးလေးက နောက်ကျသည့်နေ့များတွင် ရန်လုပ်တတ်သောကြောင့် နေ့စဉ် ၅နာရီခွဲသည်နှင့် ပြန်သည် ဖြစ်ရလေသတဲ့။
မဆွိတီတို့အလုပ်သည် တစ်ခါတစ်ရံလဲ အလုပ်ပါးသည်။ တစ်ခါတရံ အလုပ်များလာပြီဆို အလုပ်တွေ မနိုင်မနင်းဖြစ်ရသည်။ တစ်ရက်တွင် assembly drawing များကို စစ်ဆေးပြီး ပြင်ရမည်ဖြစ်ရာ ရာပေါင်းချီနေသော drawing များကို ၃ရက်အတွင်း အပြီးအစီး issue လုပ်ရန်ဖြစ်လာသည်။ မဆွိတီသည်ကား assiatant engineer လေးနှင့် ၂ယောက်အတူ ပုံများကို ပြင်လျက်ရှိရာ ဂျေဆင်ကား အလုပ်အားလုံးကို ကိုယ်နှင့်လွှဲကာ အင်တာနက်သာ surf လုပ်လျက်ရှိချေတော့သည်။ ထို့အပြင် တစ်ခါတစ်ရံ အရေးပေါ် ဒီဇိုင်းနှင့်ပတ်သတ်၍ ပြင်စရာများရှိရာ ၅နာရီခွဲသည်နှင့် အလုပ်မပြီးပြတ်ပဲ ပြန်သွားလေသည်။ ထိုအခါ ဘော့စ်မှာ သူကျန်ခဲ့သည့်အလုပ်များကို မဆွိတီအား ညပိုင်းအထိ ခိုင်းလေတော့သည်။ အလုပ် schedule ကျပ်သည့် ကာလများတွင် ဘော့စ်သည်ကား ဂျေဆင်ကို တော်တော်ကို မကျေမနပ်ဖြစ်လျက်ရှိသည်။
မဆွိတီတို့ရုံးက ကုမ္ပဏီ D&D သည် မတ်ခ်ျလ ထဲမှာလုပ်လေ့ရှိရာ မှတ်မှတ်ရရ ထိုနေ့က သောကြာနေ့ ဟိုတယ်တစ်ခုတွင် ကုမ္ပဏီ ညစာစားပွဲကို ပျော်ရွှင်စွာကျင်းပခဲ့ပါသည်။ MD မှ မိန့်ခွန်းတွင် ဒီနှစ် recession ကြောင့် ဘောနပ်စ်ကို ပေးနိုင်တော့မည် မဟုတ်ကြောင်း၊ အလုပ်ကို ကြိုးစားလုပ်ဖို့ ပြောသွားသည်။ သို့နှင့် တနင်္လာနေ့ ရုံးပြန်တက်၊ အင်္ဂါနေ့တွင် မဆွိတီ ဗိုက်အောင့်ပြီး နေမကောင်း၍ ဘော့စ်ကို SMS ပို့ကာ အိပ်ရာပေါ်တွင် မှိန်းနေရသည်။ နေ့ခင်းဖက် အိပ်ပျော်နေစဉ် ဖုံးမြည်လာသည်။
မဆွိသည်ကား အိပ်မပျော်နိုးတစ်ဝက်နှင့် ဖုံးကို စိတ်မပါ လက်မပါကောက်ကိုင်လိုက်သည်။ ဖုန်းဆက်သည်ကား မဆွိတီတို့ဋ္ဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ ဆေးသောက်ထား၍ အိပ်ချင်မူးတူးမှို့ သူပြောနေသည်များက အိမ်မက်လေလား တကယ်လားပင် ခွဲခြားမရဖြစ်နေသည်။ ဒီနေ့ရုံးမှာ Retrechment list တွေ ထွက်လာသည်တဲ့။ မနက်က MD က တစ်ရုံးလုံးကို အစည်းအဝေးခေါ်ကာ ကုမ္ပဏီ စီးပွားကျသောကြောင့် မဖြစ်မနေလုပ်လိုက်ရကြောင်း၊ ဆုံးဖြတ်ချက်မှာ မည်သည့် section မန်နေဂျာမှ မပါပဲ သူနှင့် HR ဒါရိုက်တာ ၂ဦးတည်း၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်းပြောသည် ဆိုသည်။
မဆွိတီကား ရင်များ တထိတ်ထိတ်ခုန်လျက်ရှိသည်။ ဘယ်သူတွေပါသွားလဲ ... ငါရောပါလား ...နင်ရော ဘယ်လိုလဲဆိုကာ မေးမိသည်။ ဖုန်းဆက်သူက ကိုယ်တို့ဋ္ဌာနမှ သူရယ်၊ ဂျေဆင်ရယ် ထိသွားသည်ဆိုသည်။ မဆွိတီကား သေချာအောင်မေးပြန်သည်။ မဆွိတီတို့ R&D တွင် စုစုပေါင်း လူ၇၁ ယောက်ရှိရာ ၂၉ ယောက် retrench ထဲပါသွားသည်။ သို့သော်လည်း အချို့မှာ ဒီလကုန်၊ အချို့မှာ နောက် ၂လကြာမှ၊ အချို့မှာ နောက်၃လကြာမှ ထွက်ရမည်ဖြစ်သည်။ ခံစားခွင့်ကလည်း တစ်နှစ်လုပ်သက်အတွက် တစ်လစာ အပြည့် ခံစားခွင့်ပေးမည်ဆို၍ သိပ်တော့ မဆိုးလှဟုဆိုနို်င်သည်။ နောက်ဆုံးတွင် ဖုန်းဆက်သူအား စိတ်မကောင်းပါကြောင်းပြော၍ မဆွိတီကား သက်ပြင်းမောကြီးကို အခါခါ ချမိပါတော့သည်။
နောက်နေ့ရုံးရောက်တော့ ဂျေဆင်ကို မတွေ့ရတော့ပါ။ ဂျေဆင်သည်ကား အကြီးအကျယ် စိတ်ဆိုးကာ ခုချက်ချင်းပင် အလုပ်မှ ထွက်မည်ဆိုကာ ထွက်သွားခြင်းဖြစ်သည်။ သူ့ခံစားခွင် package ကိုတော့ ကုမ္ပဏီမှ အပြည့်ပေးလိုက်သည် ဆိုပါသည်။ အလုပ်ပြုတ်သည့်ထဲတွင် ကိုယ်နှင့်အလုပ်စ၀င်ကထဲက ပရောဂျက်အတူတွဲလုပ်ခဲ့ဖူးသော ပြင်သစ်လူမျိုးတစ်ဦးလဲပါရာ (ကွန်ဒိုမှာငှါးနေသည် ခလေးတစ်ယောက်။ မိန်းမ အလုပ်မလုပ်ပါ။) သူသည် ထိုနေ့မှစ၍ သိသိသာသာ မှိုင်တွေနေပါသည်။ အလုပ်လဲ မလုပ်တော့ပါ။ retrench ထိသည့်သူ အများစုသည် အလုပ်တွင် motivation မရှိတော့၊ မျှော်လင့်ချက်မရှိတော့၍ အမြဲပင် မှိုင်ပြကာ အလုပ်မလုပ်ပဲ ယောင်တောင်ပေါင်တောင်နှင့် တစ်နေကုန် အချိန်တွေ ကုန်နေတာ များပါသည်။ recession အချိန်ဖြစ်၍ နောက်ထပ်အလုပ်ပြန်ရှာလျင်လည်း ချက်ချင်းရဖို့မလွယ်ကူရာ သူတို့လဲ မိသားစုစားဝတ်နေရေးအတွက် ပူပန်မိပေမည်။ သူတို့၏အပူကို ကိုယ်ချင်းစာမိသော်လည်း သက်သာအောင် မည်သို့ အားပေးရမည်လဲ စကားလုံးများ ရှာမရခဲ့ပါ။
ထို့အပြင် အလုပ်ပြုတ်သည်ဆိုရာဝယ် စားဝတ်နေရေး ငွေရေးကြေးရေး ကိစ္စတစ်ခုတည်းမဟုတ်ပါ။ လူတစ်ယောက်၏ pride ဂုဏ်၊ မာန၊ သိ့က္ခာ စသည်များလည်း ရောနှောပါဝင်နေပါသည်။ ယခုအလုပ်ဖြုတ်သည့်စာရင်းတွင် ဋ္ဌာနတစ်ခုမှ အလွန်ပင် အလုပ်ကြိုးစားသူတစ်ဦးလည်း ပါသည်။ သူ့ကား သူမောင်းကာ စနေ၊ တနင်္ဂနွေတွေပါ သူလာလာ လုပ်သည်။ သူသည် အလုပ်ကြိုးစားလွန်း၍ သူ့အလုပ်ကို serious ထားလွန်းရာ၊ တခြားဋ္ဌာနမှ လူများနှင့်မကြာခဏ ပြသနာတက်တတ်ပါသည်။ ယခုသူ့နာမည် စာရင်းထဲပါရာ သူသည် မယုံနိုင်အောင်ဖြစ်နေသည်။ သူအင်မတန် အလုပ်ကြိုးစားခြင်း၏ ရလာဒ်ပေလောဟု လောကကြီးအားမယုံနိုင်ဖြစ်နေသလို စိတ်ဓာတ်အကြီးအကျယ်ကျကာ ငေးမှိုင်လျက်သာ ရှိလေတော့သည်။
ကုမ္ပဏီမှ retrench လုပ်တော့မည်ဆို အထက်မှ မန်နေဂျာသည် မိမိဋ္ဌာနမှ weakest point ရှိမည့် ၀န်ထမ်းကို ရှာဖွေမည်ဖြစ်သည်။ မဆွိတီ ထင်ထားသည်ကား ဒီဇင်ဘာတွင် အလုပ်တွေ peak ဖြစ်သည့်အချိန်ကိုပင် ဂရုမစိုက်ပဲ ဒီတိုင်းထားခဲ့သည့် မဆွိတီသည် ပထမ weakest point ဖြစ်နေနိုင်သည်။ သို့ပေမဲ့ နောက်ပိုင်းတွင် ဂျေဆင်မှ အခြေအနေ၊ အချိန်အခါကို နားမလည်ပဲ အလုပ်ချိန်တွင် သိသိသာသာ အင်တာနက် surfing လုပ်နေခြင်း၊ အများသူငါ နောက်ကျမှ ပြန်ချိန်တွင် သူက စောပြန်ခြင်း၊ စနေ-တနင်္ဂနွေ လိုအပ်သောအချိန်များတွင် ကုမ္ပဏီအတွက် လာရောက်လုပ်ကိုင်မပေးခြင်းမှာ သူ့အတွက် weakest point ဖြစ်သွားကာ retrench list ထဲတွင် ထိပ်ဆုံးမှ ပါသွားခြင်းဖြစ်မည်ဟု ဆင်ခြင်မိပါသည်။ ထို့ကြောင့် ယခုလို recession ဟူသောစကား တစ်စွန်းတစ်စ ကြားရသော အချိန်မှစ၍ မိမိ၏အလုပ်ကို မခိုမကပ်ပဲ ကြိုကြိုးစားစား လုပ်ကြစေရန် တိုက်တွန်းချင်ပါသည်။ မိမိ အထက်မှ အရာရှိများသည် ကိုယ့်လုပ်ရည်ကိုင်ရည်ကို အမြဲပင် ကြည့်နေကြသူများဖြစ်သည်။
ယခုတော့ မဆွိတီလဲ Recession ဆိုသော်လည်း အလုပ်ပင်မရှိ၍ ကြိုးစားပမ်းစား လုပ်စရာမရှိ။ သို့ပေမဲ့ အိမ်ရှင်မတစ်ယောက်အနေနှင့် ကိုယ်လုပ်နိုင်သော တတ်နိုင်သလောက်တော့ ကြိုတင်ကာကွယ်ထားချင်သည်။ မဆွိတီတို့ ဒီမှာ ယနေ့ ကြာသပတေးနေ့သည် ဈေးနေ့ဖြစ်သည်။ ကြာသပတေးနေ့တွင် ဈေးတွေ၊ super market တွေ ည ၈နာရီ ၁၀နာရီအထိ ဖွင့်ပေးသည်။ ခါတိုင်း ၅နာရီခွဲ ဒေါင်ဆိုတာနှင့်ပိတ်သော Aldi တို့လို့ super market တွေက ထိုနေ့မှာ ပစ္စည်းအသစ်တွေတင်ကာ ရောင်းချပေးသည်။
ကြာသပတေးနေ့တိုင်း ဦးခြိမ့် ညနေ ရုံးကပြန်လျှင် Aldi သို့သွားကာ ဈေးဝယ်နေကျဖြစ်သည်။ အအေးဘူးလို၊ ချိစ်လို၊ ဟမ်းမ် လို မနက်စာ ဗိုလ်စာတွေအပြင် အိမ်သုံးပစ္စည်း၊ ပေါချောင်ကောင်းလေးများလည်း ရတတ်သည်။ ၀ယ်စရာရှိရှိ၊ မရှိရှိ shopping ကို entertainment သဘောမျိုးထားကာ သွားလေ့ရှိသည်။ Aldi မှ လူသုံးကုန်ပစ္စည်းအချို့သည် အိမ်မှာ မရှိလဲဖြစ်၊ ရှိရင်လဲ အင်မတန် အသုံးကျသော ပစ္စည်းများဖြစ်ရာ တစ်ခါသွားလျှင် ၅၀ဘိုး-၁၀၀ဘိုး ၀ယ်မိသည်ချည်းဖြစ်သည်။ ဒီအပတ်တော့ အိမ်မှာ ထူးထူးထွေထွေ ၀ယ်စရာလဲမရှိ၊ ချွေတာရာလဲရောက်အောင်
" ယောက်ျားရေ ... ဒီနေ့ညနေ စောမပြန်လဲရတယ် ... သိလား... ဈေးမသွားတော့ဘူး။ စနေမှပဲ ၀ယ်စရာရှိတာလေးတွေ ရောဝယ်ရအောင်နော်..." ဆို မနက်ကတည်းက TV မှလာသော ကြွေးမြီသတင်း နားထောင်ရင်းနဲ့ ပြောပြီးသားဖြစ်နေပြီ။
Kiasu အန်တီဆွိ (သို့) Recession Phobias ဖြစ်နေသော အန်တီဆွိဖြစ်ပါသည်။ ။
ပုံကို နေရာမှ ယူပါသည်။ Credit to original uploader.
11 comments:
  1. Waiting for Ju Ju's post. Good to see your post frequently in this month. Thanks Ma Sweet.
    WD
    ReplyDelete
  2. ကိုယ်ချင်းစာပါတယ်ဗျာ.....တော်တော်စိတ်ပင်ပန်းတာလေ..
    ReplyDelete
  3. အမပြောသလိုဘဲ recession ထိတဲ့ လူတွေက စိတ်ဓာတ်ကျသလို အလုပ်အသစ်ရှာသလိုနဲ့ အင်တာနက်သုံးနေတာ အလုပ်လက်ခံရမယ့်လူကို သေချာမသင်ပေးဘူး အမရာ။ ဆေးခွင့်ယူပြီး နားလိုက်နဲ့။ တော်တော် သည်းငြီးခံရတယ်။ ပြောဖို့မေ့သွားလို့ ထပ်လာရေးတာ်
    ReplyDelete
  4. အပေါ်ဆုံးက ဓါတ်ပုံလေးကြိုက်တယ်၊
    ဗဟုသုတရပါတယ်၊
    အမှန်ကတော့ ခုလက်ရှိ အလုပ်ပြုတ်သွားရင်လဲ ဘ၀မှာမျှော်လင့်ချက်တွေမဲ့သွားတယ်ဆိုပြီး စိတ်ပျက်စရာမရှိဖူးလို. ထင်ပါတယ်၊ ကျွန်တော် အလုပ်တွေလည်း မကြာခဏပြောင်းခဲ့ဖူးပါတယ်၊ တဖြေးဖြေးနဲ.ကောင်းတဲ့အလုပ်ကိုရလာတာပဲ၊ ဒီလိုပဲ တတ်နိုင်သလောက်ကျိုးစားနေရမယ်မဟုတ်ပါလား၊
    ခရီးသွားဖော်အချင်းချင်း အားပေးတဲ့သဘောပါ၊
    မဆွိတို. အော်စီမှာတော့မသိဖူး၊ ဒီမှာကတော့ နားရမှာ မဟုတ်ပါဖူး၊ သေတဲ့နေ.အထိအလုပ်လုပ်ရမယ်ထင်ပါတယ်၊
    အားလုံးအဆင်ပြေပါစေဗျာ
    ReplyDelete
  5. တီတီဆွီရေ
    ပို့စ်အသစ်လေးအတွက် ကျေးဇူးပါ။
    ခင်မင်တဲ့
    seesein
    ReplyDelete
  6. entertainment ပြင်ပေးအုံးဗျို့း))
    ReplyDelete
  7. တီဆွိ ရေ
    ဒီမှာတော့ အမြဲတန်း Recession ဖြစ်နေတာ
    ReplyDelete
  8. ကျွန်တော်လဲ ခံစားခဲ့ရဖူးတယ်...အလုပ်ထဲမှာ ကုန်းရုန်းလုပ်ခဲ့ရပြီး သူငယ်ချင်းတွေ တွေ့တိုင်းလဲ ငါတော့ အလုပ်ပြုတ်တော့မှာပဲလို့ ပြောခဲ့ဖူးတယ်။ တကယ်လဲ Team ထဲကလူတွေကို တစ်လ တစ်ယောက် နှုန်းလောက်နဲ့ ဖြုတ်တာ နောက်ဆုံးကိုယ့်အလှည့်ရောက်ခါနီးမှ အခြေအနေပြန်ကောင်းလာလို့တော်တော့တယ်..။ Expect for the worst, hope for the best ပေါ့လေ.။
    ReplyDelete
  9. စွိတီရေ ကိုယ်တိုင်ခံစားခဲ့ဖူးတော့ ကိုယ်ချင်းစာပါတယ်ကွယ်။
    စီးပွားရေးကျဆင်းမှုနဲ့ ဝန်ထမ်းအင်အား လျှော့ချရေးက တိုက်ရိုက်အချိုးကျနေသလို ကိုယ်စိတ်နှစ်ပါး ဆင်းရဲသူကတော့ နေ့စား လစား ဝန်ထမ်းတွေပဲလေ။ ကမ္ဘာနဲ့အဝှမ်းမှာဖြစ်နေတော့လည်း ဖြစ်သမျှအကြောင်းအကောင်းချည်းပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    ReplyDelete
  10. အင်း..အလုပ်ရောက်ဖို့..နောက်မကျသလို..ပြန်ရမဲ့အချိန်ဆိုလဲ..နောက်ကျပြီးမနေချင်ဘူးးး..ဒွတ်ခပါဘဲ
    ReplyDelete
  11. Thank for the timely post !
    Nevertheless, we all should prepare for the worst, right ?
    please see the link below
    http://www.facebook.com/video/video.php?v=10150334144068690&comments
    or
    http://www.youtube.com/watch?v=HWO7KMPv6EU
    ReplyDelete