ကိုယ့်အိမ်ကလူသည် အင်မတန် နမော်နမဲ့နိုင်သည်။ ညားကာစက လင်မယား လမ်းအတူလျှောက်ကြရာတွင် ခလုပ်တွေတစ်ခုပြီး တစ်ခု တိုက်သည်။ ဘယ့်နှာပါလိမ့်၊ ခဏနေ တိုက်ပြန်ပြီ၊ သူပဲ တိုက် တိုက်နိုင်လွန်းသည်ဟု စိတ်ကထင်နေသည်။ သူကတော့ ငယ်စဉ်က သူတို့အိမ်တွင် ကြမ်းကို ပြောင်နေအောင်တိုက်ထားရာ ခြေရာမပေအောက် ခြေဖျားလေးထောက်ကာ လမ်းလျှောက်ရသည်ဆိုသည်။ ထိုမှစ၍ လမ်းလျှောက်ရာတွင် အကျင့်ပါကာ ခြေဖျားထောက်လျှောက်လို့ ခဏခဏ ခလုပ်တိုက်မိကြောင်း အကြောင်းပြချက်ပေးသည်။ သို့ပေမဲ့ ဆွိဆွိတီ၏စိတ်ထဲတွင် ထိုအခါမှစ၍ ကိုယ့်အိမ်ကလူ၏ နမော်နမဲ့ နိုင်မှုကို စတင်သတိထားမိပါသည်။
အိမ်မှာ သူနှင့် ငယ်စဉ်ကတည်းက အတူနေဖူးသော ကြီးတော်ရောက်လာတော့ သူငယ်ငယ်က နမော်နမဲ့နိုင်ပုံများကို ဇာတ်ကြောင်းပြန် ပြောပြပါသည်။ ငယ်စဉ်က သူတို့အိမ်တွင် ဇီးပင်ရှိရာ လမ်းလျှောက်လာရာတွင် ထိုဇီးကိုင်းကို မမြင်။ ဇီးကိုင်းမျက်စေ့တည့်တည့်ထိုးရာ မျက်လုံးကို တော်တော် ဆေးကုယူလိုက်ရသည်တဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်လိုက်ရခြင်းသည် ထိုဇီးကိုင်း စနက်မကင်းဟု ကြီးတော်က စွတ်စွဲသည်။ သူငယ်ငယ်က အိမ်တွင် အထည်ဆိုင်ဖွင့်ထားရာ နေ့လည်စာကို ထမင်းချိုင့်ပို့ရသည်မှာ သူ့တာဝန်ဖြစ်သည်။ တစ်ခါတစ်ရံ ထမင်းချိုင့်မပါပဲ သွားလိုသွားသည်။ တစ်ခါတရံ လမ်းမှာ ငေးမောကာ ခလုပ်တိုက်၍ ထမင်းချိုင့်မှောက်ကျသော အခါများကလည်း မရေတွက်နိုင်ပါတဲ့။
အိမ်ထောင်ကျတော့ သူ၏နမော်နမဲ့ နိုင်မှုများကို တဖြေးဖြေး ပိုသတိထားမိလာသည်။ သူသည် အရေးကြီးသော ကိစ္စများကို အလေးထားသလောက်၊ အရေးမကြီးသော ကိစ္စများမှာတော့ အမြဲလို နမော်နမဲ့ဖြစ်မြဲ။ အပြင်သွားလျှင် အကျီင်္ဝတ်လျှင် ပြောင်းပြန်ဝတ်သည်။ ရိုးရိုးရှပ်အကျီဆို အတွင်းအပြင် ပြောင်းပြန်ဝတ်သည်။ တီရှပ်ဆိုလျှင် အရှေ့အနောက် ပြောင်းပြန်ဝတ်သည်။ တစ်ခါဆိုလျှင် တီရှပ်ကို အတွင်းအပြင်ရော အရှေ့အနောက်ပါ ပြောင်းပြန်ဖြစ်အောင် ၀တ်ဖူးလေရာ ဘေးကကြည့်သူမှာ အတော်ပင် မျက်စိလည်ရလေသည်။
တစ်ခါသား MRT နှင့်ခရီးသွားကြရာ သူ့ကိုကြည့်ရသည်မှာ စိတ်ထဲ တစ်မျိုးဖြစ်နေသည်ထင်သည်။ သူ့လည်ပင်းကြီးပဲ အစ်နေသလိုလို။ သူ့ကြည့်ရတာ ကိုယ်တိုင်ပင် အစ်တစ်တစ်ကြီးဖြစ်နေသည်။ အသက်ရှူပင်ကျပ်သလို။ သေချာကြည့်မှ အလိုလေး မောင်မင်းကြီးသား တီရှပ်ကို ရှေ့နောက် ပြောင်းပြန်ဝတ်ထားခြင်းဖြစ်သည်။ ဘေးကလူတောင် အသက်ရှူကျပ်တာ၊ ကာရကံရှင်ဝတ်ထားသူက သိပင် မသိသည့်အဖြစ်မှာ ရယ်ချင်စရာကောင်းလှသည်။ သူ့ကြည့်ကာ သားအမိတွေ တူအရီးတွေ တခစ်ခစ်ရယ်သည်တွင် သူ့မှာ ရှက်ကိုးရှက်ကန်းနှင့် လူရှင်းသည့် ဘူတာရုံရှေ့ဆုံးကခုံလေးတွင် ပြောင်းပြန်လှန်ဝတ်ရသည်။ တစ်ခါတစ်ရံလဲ ဓာတ်လှေခါးထဲမှာ ပြန်ဝတ်ရဖူးသည်။ ကားမောင်းရင်း လမ်းတွင် ခဏရပ်ကာ ပြန်ဝတ်ရတာမျိုးလဲ ကြုံဖူးသည်။
ဒီရောက်တော့ သူအများဆုံး နမော်နမဲ့ အနိုင်ဆုံးမှာ ရုံးသွားလျှင် ကမန်းကတမ်းထွက်သွား၊ ခဏနေတော့ ကားပြန်မောင်းလာကာ ပစ္စည်းတစ်ခုခု မေ့ကျန်၍ ပြန်လာယူရခြင်းဖြစ်သည်။ ရုံးက ကွန်ပြူတာ access သော့၊ ဟမ်းဖုန်း၊ ထမင်းဗူး အစရှိသည်တို့ဖြစ်သည်။ မေ့ကျန်ခဲ့ပြီဆို အိမ်ကသော့ခတ်ပြီးသားဖြစ်နေတော့ "မိန်းမရေ" ဆို သူခေါ်မည်။ တံခါးကို ခေါက်မည်။ ထိုအချိန် ဆွိဆွိတီကလဲ အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် အလုပ်ရှုပ်နေရာ တံခါး၂ဆင့်ပိတ်ထားသော မီးဖိုချောင်မှ ဘာသံမှမကြားရ။ ဒီတော့ ဖုန်းကို လှမ်းခေါ်မည်။ တစ်ခါတစ်လေလဲ ကြားပါသည်။ သွားဖွင့်ပေးပါသည်။ ထိုအခါ သူကပင် တပြန် ကိုယ့်ကို " ဒီလောက်အော်ခေါ်နေတာတောင် မကြားဘူးလား။ ညည်းကတော့ နမူးနထိုင်းနဲ့ ခေါ်မကြားအော်မကြားပဲ ... " ဟု အပြစ်တင်လိုက်သေးသည်။ ဤကဲ့သို့ အသံများမှာ အိမ်မှာ ကြားနေကျ နံနက်ချိန်ခါ တေးသံသာများ ဖြစ်ပါသည်။
နောက် သူနမော်နမဲ့နိုင်ပုံများ မိန်းမက မနက်ရုံးသွားဖို့ ထမင်းချိုင့်ပြင်ကာ အိမ်ရှေ့ ထွက်ခါနီး အပေါက်ဝနားက စင်ပေါ်တင်ပေးထားသည်။ တစ်ခါသားတွင် ထမင်းချိုင့်ထည့်သည့်အိတ် အနီရောင်ကနေ အဖြူရောင်ပြောင်းရာ ၃ရက်လောက် ထမင်းချိုင့် မပါပဲ ရုံးသွားလေသည်။ တင်နေကျ ဒီနေရာ ဒီစင်ပေါ်ပဲ တင်ထားရာ အိတ်အရောင်ပြောင်းသွားတော့ မြင်နေကျအိတ်မဟုတ်၍ မေ့ကျန်လေသတတ်။
ဟိုနေ့ကလဲ သူရုံးကို ထွက်သွားလို့ ကိုယ်က အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် ကုန်းလုပ်နေတုံးရှိသေး လှစ်ခနဲဆို သူအခန်းထဲ ပြေးဝင် တစ်ခုခုယူပြီး ပြန်ထွက်လာတာ တွေ့လိုက်သည် ။ "အဟော် ... တော် တစ်ခုခု မေ့ကျန်ခဲ့ပြန်ပလား... " ဆိုတော့ ဘာမှ ပြန်ဖြေမပေးသွား။ တက်သုတ်ရိုက်ကာ ပြန်ထွက်သွားသည်။ အမ်မယ် ... ဒီတစ်ခါတော့ ငါ့လဲ ဖုန်းမခေါ် ၊ နမူးနထိုင်းတွေ
ခေါ်မကြား အော်မကြားတွေလဲ ပြောမသွားပါလားပေါ့ ... စဉ်းစားနေတုံးရှိသေး ...
" မေမေ ....." တဲ့ ။ အိပ်ရာထဲမှ မဂျူဂျူး ခပ်ကျယ်ကျယ် ခပ်ချွဲချွဲ အော်ခေါ်လိုက်သည့် အသံ ...
မီးဖိုချောင်ထဲအထိ အသံက ကြားရသည်။ ခါတိုင်းတော့ အဲဒီ အိပ်ပုပ်မ ဂျူဂျူကို မအေက ကျောင်းသွားခါနီးမှ အတင်းနှိုးရသည်။ နှိုးတာတောင် ပေကပ် အိပ်ချင်နေသေးတာ။ ဟော ဒီနေ့တော့ ထူးထူးခြားခြား ဂျူဂျူတို့ အစောကြီးနိုးနေပါလား။ မနက်တိုင်း မဂျူဂျူတို့ နိုးလျှင် သူ့ဟာသူဘယ်တော့မှ အိပ်ရာကမထ။ အမေကို ချွဲကာပတ်ကာ ဖတ်ကာဖြင့် မျိုးစုံဂျီကျပြီးမှ ထလေ့ရှိသည်။
"ငါ့သမီးလေး ဒီနေ့ အစောကြီး နိုးနေပါလား ဘယ်လိုဖြစ်တုံး ... " ဆို ထုံးစံအတိုင်း သားအမိ၂ယောက် ဖက်ကာ နမ်းကာဖြင့် ကြည်ဆယ် ကလူနေကြသည်။ ခဏနေတော့ ဂျူဂျူက စိတ်ဆိုးဆိုးနှင့် ပြောသည်။
" မေမေ .. သိလား .. ဖေဖေက အစောကြီး နှိုးလို့ ဂျူဂျူ နိုးသွားတာ ... ဂျူဂျူက ဆက်အိပ်ချင်သေးတာကို " တဲ့ ။
ဟင် ... ဘာလို့ သမီးကို နှိုးပါလိမ့်ပေါ့။ စဉ်းစားနေတုံး ရှိသေး။ မဂျူဂျူ ဆက်ရှင်းပြမှ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့သည်။
" ဖေဖေက တံခါးကို ခေါက်တယ်။ မေမေ့ကို အကျယ်ကြီးခေါ်တယ်။ အဲ့မှာ ဂျူဂျူလဲ လန့်နိုးသွားတယ်။ ပြီးတော့ ဂျူဂျူတို့အခန်းက ပြတင်းပေါက်ကိုလဲ ခေါက်တယ်။ ဂျူဂျူ့ကိုနှိုးတယ်။ at the same time ဂျူဂျူ့ ဘေးက တယ်လီဖုန်းကြီးကလဲ ထမြည်လာတယ်။ ဒါနဲ့ ဂျူဂျူလဲ ထပြီး ဖေဖေ့ကို တံခါးဖွင့်ပေးလိုက်ရတာပေါ့ ..."
ဂျူဂျူရဲ့ at the same time ဆိုတဲ့နေရာလဲ ရောက်ရော။ အန်တီဆွိတို့ ရယ်တာ ရယ်တာ အူတောင်နာတော့မည်။ သူတို့ သားအဖအဖြစ်ကို ကြည့်ပြီးတော့။ ခလေးပီပီ အိပ်ကောင်းခြင်းအိပ်နေတာ ... သူ့အဖေ နမော်နမဲ့နဲ့ သူ့အမေ နမူးနထိုင်းတို့ကြား ထပြီး တံခါးဖွင့်ပေးလိုက်ရတာ။ ဒီခလေး မနိုးပဲ ရှိမလား ။ ။
lovely Ju Ju..
ReplyDeleteနမော်နမဲ့နဲ့နမူးနထိုင်းဆီက ဂျူဂျူလေး နမော်နထိုင်းဒါမှမဟုတ် နမူးနမဲ့များဖြစ်နေမလား :P
ReplyDeleteဲJu Ju လေးက တကယ်ချစ်ဖို့ကောင်းတယ်နော်.... မေးကြည့်ပေးပါဦး အခုရော -ီး အနေတော်လေးပဲလား လို့လေ ..... :))))
ReplyDeleteNTZ
Ju Ju is so sweet. I love her so much. Pls give my love to her.
ReplyDeleteIora
ရယ်လိုက်ရတာ၊ မဆွိရေးသမျှထဲမှာ ဒီပို.စ်က အကောင်းဆုံးပို.စ်
ReplyDeleteဂျူဂျူလေးအစောကြီးထလိုက်ရတယ်...သနားပါတယ် ... :))
ReplyDeletelaughable post until my stomach pain..... :D
ReplyDeleteI love all your family.
Kyi Sandar..
:D :D
ReplyDeleteး)း)လွဲချက်တွေ
ReplyDeleteဖတ်ပြီးအော်ရီသွားတယ်တီဆွိရေ...ဒါနဲ့သူများကိုစောင်းေ ပြာတာတော့မဟုတ်လောက်ပါဘူးနော်..
ReplyDeleteအကျီ်ေ ပြာင်းပြန်ခဏခဏဝတ်မိလို့အရှက်ကွဲပေါင်းများနေလို့ပါ..။းP
Shu mawa thameelay Juu Juu so cute.
ReplyDeleteGyidaw
မမဆွိ
ReplyDeleteဖတ်ပြီး ရီလိုက်ရတာ၊ ရေးတတ်တဲ့ မဆွိပဲ၊
မြရီ
အော်ရီသွားတယ်.. ဂျူဂျူလေး ချစ်စရာလေး
ReplyDeleteဖတ်ပြီး ရယ်လိုက်ရတာ တီဆွိရေ..ဂျူးဂျူးလေးက ချစ်ဖို့ ကောင်းတယ်..
ReplyDelete