Saturday, March 24, 2012

Luke Nguyen's Myanmar food show in Yangon

တစ်နေ့က အော်ဇီချယ်နယ် SBS က လွှင့်သွားတဲ့ မြန်မာပြည်က အစားအသောက်အကြောင်းရိုက်ပြထားတဲ့ documentary  ယူကျူ့မှာတက်လာပါပြီ။

Luke Nguyen ဆိုတာ အော်ဇီက ဗီယက်နန်လူမျိုး နာမည်ကြီး chef ပါ။ သူ့ရဲ့ documentary အစားအသောက်ရှိုးတွေ ယူကျူ့မှာ အများကြီး ဒေါင်းကြည့်လို့ရပါတယ်။ သူက ဆစ်ဒ်နီမှာ ရက်စ်တောရန့်ဖွင့်ရာကနေ နာမည်ကြီးလာတာပါ။ သူ့ရဲ့ ရက်စ်တောရန့်ကို Red Lantern လို့ခေါ်ပြီး restaurant and catering association ရဲ့ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ၂ကြိမ်တိုင်ရရှိထားပါတယ်။ ခု အော်ဇီ SBS ချယ်နယ်ကနေ ကြာသပတေးနေ့တိုင်း ည၇နာရီခွဲမှာ ပြနေပါတယ်။ သူ့ရဲ့ ရှိုးက အာရှက အစားအသောက်တွေအပြင် အာရှက ဓလေ့ထုံးစံ၊ နေရာဒေသ၊ ပတ်ဝန်းကျင် အလှအပတွေပါ ပြတော့ တော်တော်တော့လူကြိုက်များပါတယ်။ မဆွိတီတို့ မိသားစုတွေလည်း အားလုံးကြိုက်ကြလို့ သူလာမဲ့ အချိန်ဆို စောင့်ကြည့်ကြပါတယ်။သူ့ရဲ SBS official link  ဖြစ်ပါတယ်။။ အဲဒီမှာ သူ့ရှိုး တွေ အစအဆုံးကြည်ကြည်လင်လင် ကြည့်နိုင်ပါတယ်။ ယူကျူ့ မှာလည်း ကြည့်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်ကိုလည်း သူရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ မုန့်ဟင်းခါးချက်နည်း၊ ကော်ပြန့်စိမ်းလုပ်နည်းတွေကို ပြသခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်တွေမှာတော့ ရှယ်ထားကြပြီးပါပြီ။ မကြည်ရ့သေးတဲ့ ဘလော့ဂ် ပရိတ်သတ် အတွက်ပါ။ မြန်မာပြည် အလွမ်းပြေ ရန်ကုန်အလွမ်းပြေ ကြည့်ကြပါဦး။


17 comments:

  1. သူချက်ပြတာလေးတွေကြည့်ပြီးတော့တော့ လွမ်းပြေပါတယ် မမရယ်။ဒါပေမဲ့ ဘေးကသွားလာနေကြတဲ့သူတွေ သူတို့ မျက်နှာလေးတွေ့ ပြည်သူတွေရဲ့ အနေအထားလေးတွေကြည့်ပြီး မပျော်ဘူး။ ၀မ်းနည်းတယ်

    ReplyDelete
  2. ကျေးဇူးတင်လိုက်တာ။
    အိုင်အိုရာကအဲလိုရှိုးတွေအမြဲကြည့်တယ်။ ဒေသစာတွေနဲ့ ယဉ်ကျေးမှုအမြဲတွဲပြလေ့ရှိတော့ပိုသဘောကျတယ်လေ။
    ပြီးတော့ခါတိုင်းဆိုထိုင်းတို့ တရုပ်တို့ ကုလားတို့ ကလုပ်တာတွေယူကျုမှာရှာရှာကြည့်ရတာ။ မြန်မာဗားရှင်းတွေကမရှိသလောက်ဆိုတော့လေ။
    ရှက်ဖ်ကလည်း မျက်နှာချိုချိုနဲ့ မြန်မာလူငယ်လေးတစ်ယောက်လိုပါဘဲ။
    အိုင်အိုရာ

    ReplyDelete
  3. ဘယ်တော့များ ဗမာပြည်သွားမလဲလို့ စောင့်နေတာ။ ခုတော့ ရောက်သွားပြီ။ ကျေးဇူးပါ တီဆွိရေ

    ReplyDelete
  4. ပြချင်တာကတော့ အစားအစာ ချက်ပြုတ်တာပါပဲ..
    ဒါပေမယ့် အိုဟောင်းနေတဲ့ တိုက်၊ ကြွက်သိုက်လို ဖြစ်နေတဲ့ ဓာတ်ကြိုးတွေကို တွေ့လိုက်ရတဲ့ တဒင်္ဂ စိတ်ပျက်သွားတယ်..
    ရောထွေးနေတဲ့ ခံစားမှုတစ်ခုပါလား...
    -m

    ReplyDelete
  5. ကော်ပြန့်စိမ်းဆိုတာ ခုမှ သေချာမြင်ဖူးတော့တယ်..။
    တရက်လောက်လုပ်စားကြည့်မယ် ထင်တယ်..။
    ကျေးဇူး။


    ပေါက်

    ReplyDelete
  6. မနေ့ကတော့ ကြည့်ပြီးသွားပြီ... မြန်မာကိုစိတ်ဝင်စားတာနဲ့တင် ဝမ်းသာကျေးဇူးတင်မိပါတယ်....

    ReplyDelete
  7. Oh my God...thank you...TT Sweet!!

    ReplyDelete
  8. သဘာဝကျတယ်
    သိပ်ကောင်းတဲ့ ရိုက်ချက်တွေပါ
    သူပြတဲ့ theme တွေ ကောင်းတယ်။

    ReplyDelete
  9. LOL i hope the teashop owner doesn't go bankrupt

    ReplyDelete
  10. ဟင်း ...မြန်မာမုန်.ဟင်းခါးအကြောင်းရိုက်ပြတာတော. ကောင်းပါတယ်။ဒါပေမယ်. နည်းနည်းဖြစ်ကတတ်ဆန်းနိုင်သလိုဘဲ။
    နောက်ပြီးတော. မလှမပနေရာတွေချည်းဘဲပြနေတယ်၊ တကယ်ဆို မလှတဲ.နေရာတွေပြသလို၊ ၊တခြား အရမ်းလှတဲ.နေရာတွေ ရန်ကုန်မှာအများကြီးဘဲဟာကို၊ အဲ.ဒါတွေကို ယှဉ်ပြရင်ကောင်းမယ်။
    အခုခေတ်နောက်ပိုင်း ရန်ကုန်မှာ ဆောက်ထားတဲ.တိုက်တွေများ ၊ကိုယ်တွေ ရန်ကုန်တခါတခါပြန်ရင် ငေးမောနေရလောက်အောင် အကြီးကြီးတွေ။အဲ.ဒါတွေပြပါလားလို.၊ လူတွေ ဘယ်လောက်မညီမမျှဖြစ်နေလဲဆိုတာ။
    အခုတော. မြန်မာပြည်အကြောင်းကို ရိုက်ပြမယ်ဆို၊ စုတ်ပြတ်သတ်ပေ. ဆိုတဲ.နေရာတွေချည်းဘဲ။

    ReplyDelete
  11. တီဆွိ ကြည်.လို.ရဘူး.... လိုင်းမကောင်းဘူး တီဆွိရေ.... ရမ်းမှန်းသမ်းပီး မျက်စိထဲမြင်ယောင်လိုက်တယ်။
    စီဘောက် မရှိလို. ဒီမှာပဲခွင်တောင်းသွားပါတယ်။ အမြဲဖတ်နေကျဆိုပေမဲ. ညီမလေးဆိုက်မှာ လင်.မချိတ်ထားဘူး။ အခုလိပ်စာပြောင်းတော.မှာမို. ဒိုမိန်းအသစ်မှာ ချိတ်ခွင်.ပြုပါနော်။ မွန်မွန်ယိုကို(MMCP)

    ReplyDelete
  12. မြန်မာ့ရိုးရာအစားအစာတွေကို အခုလို ပြသတာကိုဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဖြစ်ကတတ်ဆန်း နိုင်လွန်းသလိုပဲ။ မုန့် ဟင်းခါး ကိုတကယ်တမ်း သေသေချာချာ ချက်ကြကြေးဆိုရင် ဒီလောက် ၀ုန်းဒိုင်းကြဲမလွယ်ပါဘူး။ ကရိကထ အလွန်များပါတယ်။ အခုဟာက ကြုံရာပစ်ထည့်ပြီး ချက်နေသလိုပဲ။ နေရာအခင်းအကျင်းက မခမ်းနားရင် တောင် အခု လို ကြုံရာလက်ဖက်ရည်ဆိုင်မှာထိုင်ချက်ပြမဲ့အစား အဲ့ဒီ လက်ဖက်ရည်ဆိုင်ရဲ့ မီးဖိုချောင်မှာချက်ပြ ရင်တောင် သင့်လျော်တဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါ။ အခုဟာက တေးရေး/တေးဆို အရိုးရဲ့ "အမဲကင်ချက်တိုက်ကြော်" ထက်တောင် ပိုပြီး ဖြစ်ကတတ်ဆန်း နိုင်လွန်းပါတယ်။

    ReplyDelete
  13. thank you for sharing...

    ReplyDelete
  14. Luke ရဲ့ ရှိုးကို အမြဲကြည့်ဖြစ်တဲ့ ပရိတ်သတ်တစ်ယောက်ရဲ့ အမြင်နဲ့ပြောရရင်တော့ သူ့ရဲ့ ရှိုးတိုင်းလိုလိုမှာ ဟင်းတွေချက်ရင် အပျံစား မီးဖိုချောင်ကြီးတွေ၊ ရက်စတောရန့်တွေ ဟိုတယ်တွေမှာ ပြလေ့မရှိပဲ တောရွာလေးတွေမှာ၊ ရေကန်ဘေးမှာ၊ မျက်ခင်းပေါ်မှာ တစ်ခါဆို ကန်ဘောင်သေးသေးလေးပေါ်မှာ သူ့လက်စွဲ စုတ်ပြတ်ပေရေနေတဲ့ portable ဂတ်စ်မီးဖိုလေးနဲ့ ပဲ ချက်ပြပါတယ်။ အမြဲတမ်း အသုံးအဆောင်တွေ ဘာတွေ အားလုံး low profile အနေနဲ့ပဲ ချက်ပြလေ့ရှိပါတယ်။ အဲလိုပြတာကိုကပဲ အများနဲ့မတူ တမူထူးခြားတဲ့ သူ့ရဲ့ icon တစ်ခုပါပဲ။ အဲဒါကိုကပဲ သူ့ကို လူကြိုက်များစေတာပါ။ မြန်မာပြည့်မှာမှို့ စုတ်ပြတ်တာတွေပဲ တမင်ရိုက်ပြတယ်လို့ အန်တီဆွိတော့ မထင်ပါဘူး။ နောက်သတိထားမိတာက ရန်ကုန်ကိုရိုက်တော့ အရောင်တွေက တော်တော်ကို မွဲနေလို့ ပိုလှအောင် ကာလာကို အရမ်းတင်ထားလို့ တစ်ချို့ တွေဆို အရောင်တွေ တောက်တောက်ကြီးတောင်ဖြစ်နေပါတယ်။

    အန်တီဆွိရဲ့ အမြင်လေးပါပဲ။

    ဟိုးပထမဆုံးကွန့်မန့်ပေးခဲ့တဲ့ မယုအတွက်
    အန်တီဆွိလည်း မြန်မာပြည်ပြန်တိုင်း အဲဒီခံစားချက်ဖြစ်ရလွန်းလို့ အရေတောင်တော်တော်ထူနေပါပြီ။ ဒါတွေ မမြင်ချင်လို့ မြင်တိုင်း သနားလို့ စိတ်ဆင်းရဲရမယ်၊ စိတ်မကောင်းဖြစ်ရမယ် ဆိုရင်တော့ မြန်မာပြည် ပြန်ဖို့ရာတောင် လမ်းမမြင်ပြီ။ ခုတော့ ပြောင်းလဲဖို့ လုပ်နေကြပြီဆိုတော့ အပြောင်းအလဲကိုပဲ စောင့်နေပါတယ်။ ပြောင်းလဲပေးနေသူတွေကိုလဲ အလွန်ကို ကျေးဇူးတင်မိပါတယ်။ အားလုံး ဘ၀တွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ပဲ ဆုတောင်းပေးနေပါတယ်။

    ReplyDelete
  15. တီတီဆွိခင်ဗျာ အော်ဇီဗီယက်နမ်chefက မြန်မာအစားအစာတွေအကြောင်းတင်ပြသွားတာ လာကြည့်သွားပါတယ်ခင်ဗျာ
    ဗီဒီယိုဖိုင်လေးတွေလည်း ဒေါင်းသွားပါတယ်။
    တီဆွီခွင့်ပြုမယ်ဆို ကျွန်တော့်ဘလော့လေးမှာလဲ တစ်ဆင့်ပြန်တင်ချင်ပါတယ်။ ခွင့်ပြုပါခင်ဗျာ။

    ReplyDelete
  16. ကိုမင်းအရိပ်

    ကျွန်မက အဲဒီဗီဒီယိုရဲ့ မူပိုင်မဟုတ်လို့ ကျွန်မဆီက ခွင့်ပြုချက်တောင်းဖို့ မလိုပါဘူးရှင့်။ ယူကျူ့မှာ လူတိုင်းကြည့်ရအောင် ရှယ်ထားတာဆိုတော့ ပြန်တင်လို့ရမယ်ထင်ပါတယ်။ အပေါ်က စာသားလေးကို နှိပ်လိုက်ရင် မူရင်း ယူကျူ့လင့်ကို ရောက်ပါတယ်။ အဲဒီမူရင်းကို ကျွန်မရှယ်ထားတာ မဟုတ်ပါ။

    ခုလေးတင်မှကြည့်လိုက်တာ SBS official ဆိုက်မှာလဲ တက်လာပါပြီ။ ဒါပေမဲ့ ချက်ပြုတ်တဲ့ အခန်းလေးတွေပဲ ရိုက်ပြထားပါတယ်။ ကြည့်ချင်ရင် အောက်ကလင့်လေးတွေကို ကော်ပီပေ့စ်လုပ်ပြီသွားကြည့်ပါနော်။
    ကျေးဇူးတင်ပါတယ်ရှင့်။

    http://www.sbs.com.au/food/recipe/13850/

    ReplyDelete
  17. ကျေးဇူးနော်သူငယ်ချင်း

    ReplyDelete