Tuesday, March 6, 2012

အနှုတ် ၈၅၀ နှင့် စခဲ့သော ...

သူများတွေ ပြောတာကြားဖူးသည်။ သူတို့ဘ၀သည် သုညမှ စသည် ... ဆိုတော့ ဦးခြိမ့်က အမြဲပြောသည်။ တို့ဘ၀က အနှုတ် ၈၅၀ နှင့် စခဲ့သည်တဲ့ .....  ............  ။
ဆရာမဆောင်ကို ပို့လာသော သူ၏ဓာတ်ပုံ

ဆွိဆွိတီ NUS မှာ ကျောင်းတက်ခွင့်ရသည်ဆိုတော့ ကိုမောင်ခြိမ့်က စင်္ကာပူမှာ အလုပ်လုပ်နေပြီ။ ဒါပေမဲ့ သူလုပ်ရတဲ့ အလုပ်က PCB တွေ ထုတ်တဲ့ စက်ရုံက စက်တွေကိုပြင်သည့် Operator သာသာ Engineering Assistant မျှသာဖြစ်သည်။ မူရင်းလစာ ၁၆၀၀ အပြင် အိုတီတွေ ဘာတွေတော့ရသည်။ ညဆိုင်းတွေဘာတွေ ဆင်းရသည်။ အမှန်တကယ်အားဖြင့် ကိုမောင်ခြိမ့်လို AIT မှ စကော်လာဖြင့် ရခဲ့သော (Industrial Engineering) မာစတာသမားတစ်ယောက်အတွက်ကတော့ အလုပ်သည် နိမ့်ကျလွန်းလှသည်။ AIT မှ မာစတာကို စင်္ကာပူမှ အသိအမှတ်မပြုဟုဆိုသည်။ သူ့အလုပ်ကလဲ ရှားသည်ဆိုသည်။ ထားပါတော့။ ကိုမောင်ခြိမ့်ကတော့ စင်္ကာပူကို ရရာနေရာကနေ စ၀င်သည့် သဘောဖြစ်ပါသည်။ နောက်ပိုင်း ဖြေးဖြေး အလုပ်ပြန်ရှာကာ EP လျှောက်မည် ရည်မှန်းထားသည်။
ဆွိဆွိတီမှလည်း ဤပုံလေး ပြန်ပို့ပေးသည်။

ဒီကြားထဲ ဆွိဆွိတီကလည်း တမှောင့်။ စင်္ကာပူလာကျောင်းတက်မည်ဆိုတော့ ပထမတော့ သူ့မောင်လေး စင်္ကာပူကုမဏီမှ သင်္ဘောသား တစ်ယောက်ရှိရာ ကိုယ်တိုင်လည်း part time ၀င်လုပ်၊ မလောက်ပါက မောင်လေးထံမှ  လစဉ် မလောက်သောငွေကို ချေးကာ ကျောင်းတက်မည် မှန်းကာ လျှောက်လိုက်ခြင်းဖြစ်သည်။ တကယ်တန်း တက်ခွင့်ရပြီဆိုသည့် အချိန်ကျတော့ ဘာမပြောညာမပြောနှင့် မောင်လုပ်သူက သင်္ဘောပေါ်က ဆင်းချလာသည်။ သူပြန်လာမည့်နေ့က ကိုယ်သွားမည့်လေယာဉ်နှင့် အဆင်းအတက်ပင်ဖြစ်နေသေးသည်။ သည်တော့ ကိုမောင်ခြိမ့်မှ မေးသည်။ ကျောင်းဘယ်လိုတက်မည်လဲ။ ဘယ်လို အစီအစဉ်ရှိလဲ။ ပတ်တိုင်းလုပ်မည်ဆိုတော့ ပတ်တိုင်းလောက်လုပ်ရုံနှင့် ငွေမလောက်နိုင်တဲ့။ နောက်ဆက်ပြောသည်။ သူ ကျောင်းစားရိတ် ထောက်ပံ့ပေးမည်။ သို့ပေမဲ့ သမီးရီးစားဘ၀နှင့်တော့မဟုတ်။ ၂ယောက်အတူနေရမည်။ လက်ထပ်ရမည် ဟူ၍ဖြစ်သတည်း။

ဆွိဆွိတီလည်း ပထမတော့ စဉ်စားသည် ... စဉ်းစားပါသည်။ သမီးရီးစားဆိုသော်ငြားလဲ ၂ခါလောက်သာ ဆုံတွေ့ဖူးသူကို လက်ထပ်နိုင်မည်လော။ သူ့ကို အမှန်တကယ်ချစ်သလော၊ စွန့်စားရဲသလော။ နောက်ဆုံးတွင် ရန်ကုန်မှ ကိုမောင်ခြိမ့်၏ သူငယ်ချင်း အရင်းခေါက်ခေါက် အစ်မတစ်ယောက်ရဲ့ ထောက်ခံချက်၊ တိုက်တွန်းစကားများနှင့် ဆွိဆွိတီလည်း စိတ်ပိုင်းဖြတ်လိုက်သည်။ ကိုယ်ကလည်း မစွန်းခင်းကရှိ၊ ကန်ဇွန်းခင်းက ငြိနေပြီကိုး။

နောက်တော့စလုံးထွက်ဖို့ကိစ္စတွေလိုက်လုပ်၊ လေယာဉ်လက်မှတ်ဝယ်ရန် လောလောဆယ်လိုသည့်ငွေရယ်၊ ဟိုမှာရောက်ရောက်ချင်း သုံးဖို့ဆိုကာ အမေက ဒဂုံမြို့သစ်မှာ ရထားသော သူ၏ရှိစုမဲ့စု အိမ်လေးကို ပေါင်ပေးလိုက်သည်။ အမေတို့ကတော့ ဆွိဆွိတီလေး လက်ထပ်မည့် ကိစ္စတွေ ဘာမှမသိ။ ဟိုရောက်ရင် ကျောင်းစားရိတ်ရအောင် part time ၀င်လုပ်မည် ဟုသာ ပြောခဲ့သည်။ 

စင်္ကာပူလေယာဉ်ကွင်းဆင်းသည့်နေ့က လေဆိပ်မှာ သူလာကြိုတော့ သူ၏ မျက်မှန်အောက်မှ မျက်လုံးအကြီးကြီးတွေ၊ မျက်ဝန်းညိုညိုကြီးတွေကြည့်ကာ စိတ်ထဲမှာ  တစ်မျိုးပဲခံစားရသည်။ တစိမ်းပဲဆန်နေသလိုလို။ ကြောက်ပဲ ကြောက်တာလား။ ရင်ပဲ ခုန်ရမှာလား။ ယခင်သမီးရီးစားတွေ့စဉ်ကလို ခံစားမှူမျိုးမဟုတ်။ ငါမနက်ဖြန် လက်ထပ်ရတော့မည့်သူပါလား ဟူသည့် ခံစားမှုမျိုး။ သူကလဲ အဲနေ့က လေဆိပ် အင်မီဂရေးရှင်းက ထွက်လာသည့် ဆွိဆွိတီကိုတွေ့တော့ အတော်စိတ်ပျက်သွားသည်ဆိုသည်။ ... ဒီလောက် မဲပိန်ခြောက်နေတဲ့ တောသမကို သူယူရတော့မှာပါလား...  ခုပဲနောက်ကြောင်းပြန် ထွက်ပြေးရင်ကောင်းမလားဆိုကာ တွေးမိကြောင်း နောက်ပြောင်ပြောပြပါသည်။ သူထင်ထားသည့်ပုံနှင့် တခြားစီဖြစ်နေသည်ဆိုပါသည်။
(ထိုသို့ပြောတိုင်း ဦးမောင်ခြိမ့်တစ်ယောက် ဗိုက်ခေါက်များ နာရသည်ကိုတော့ လူအများရှေ့မှို့ မပြောလိုတော့ပါး)

နောက်နေ့မှာ သူတို့နေသော အိမ်တွင် သူငယ်ချင်းများကို ကျွေးမွေး အသိအမှတ်ပြုကာ မင်္ဂလာကိစ္စ စီစဉ်ထားသည်ဆိုသည်။ ညနေဖက်ရောက်တော့ သူ့သူငယ်ချင်း အစ်မကြီးတွေ ချက်ဖို့ပြုတ်ဖို့ စီစဉ်နေရာ သံပုရာသီးလှီး၊ ကြက်သွန်လှီး ၀ိုင်းကူလုပ်ပေးရသေးသည်။ မနက်ဖြန် မင်္ဂလာဆောင်ဆိုတော့ အိမ်မှာ ကူလုပ်ပေးသူ သူငယ်ချင်းတွေနှင့် စီစီညံညံရှိလှသည်။ တစိမ်းတရံ အစ်မ၊ အစ်ကိုတွေကြား နေတတ်အောင် နေနေရသည်။ သတို့သမီးဟု သူ့ကိုယ်သူ ခံယူရမှာလား၊ ဇဝေဇ၀ါဖြစ်နေသော ဆွိဆွိတီကတော့ သူ့မင်္ဂလာပွဲရယ်လို့ပင် မထင်။ အမျိုးတွေအိမ်၊ သူငယ်ချင်းတွေ အိမ်မှာ အလှူရှိလို့ သွားကူပေးရုံလောက်သာ ထင်နေသည်။ ညနေစောင်းတော့ လက်စွပ်ဝယ်ရအောင်ဆိုကာ ဂျူရောင်းပွှိုင့်ဖက်ကို ကိုမောင်ခြိမ့်ရယ် အစ်မတစ်ယောက်နှင့် သွားကြသည်။ ဂျူရောင်းပွှိုင့်မှ ပျားပန်းခတ်မျှ ရှုပ်ထွေးနေသော ဘောင်းဘီတို၊ စကတ်များဖြင့် သွားလာနေသော လူအုပ်ကို မကြာခင်ကမှ လေဆိပ်မှ ဆင်းလာသည့် တောသူမတစ်ယောက်က တအံ့တသြငေးကြည့်နေလေသည်။ အော် နိုင်ငံရပ်ခြားမြို့ကြီးကို ရောက်ခဲ့ပြီ။ တစ်ခါတည်း အိမ်ထောင်လည်း ပြုရဦးမည်။

လက်စွပ်လေးတွေ၊ ခုတော့ မတော်တော့လို့ ချွတ်သိမ်းထားရသည်။
လက်ထပ်စာချုပ်မှာ သူငယ်ချင်းတွေ အကုန်စု လက်မှတ် ထိုးကြတယ်။ သတို့သားက သိပ်တော့ မပျော်ပါဘူး ...

နောက်နေ့တော့ သူ့သူငယ်ချင်း အယောက် ၃၀လောက်ကို ကြက်သားအာလူးဟင်း၊ ပလာတာတို့ဖြင့် ဧည့်ခံ ကျွေူးမွေးကာ ဓာတ်ပုံရိုက်ကြခြင်း၊ လက်ထပ်စာချုပ်မှာ အပျော် လက်မှတ်ထိုးကြခြင်း၊ လက်ထပ်လက်စွတ်လဲလှယ်ခြင်း အစရှိသည်တို့ကို ပြုကာ ဘာဂုဏ် ပကာသနမျှမပါ၊ ဘာအကြွားအ၀ါမှလဲ မပါပဲ အကြင်လင်မယားဘ၀ ရောက်ခဲ့ပါသည်။ နောက်ပိုင်း ၃-၄လလောက်နေမှ ROM တွင် လက်မှတ်ရေးထိုးကာ စာချုပ်စာတမ်း လင်မယား ဘ၀ရောက်ပါသည်။ ချစ်သူ၂ဦး ချစ်ကြ လက်ထပ်ကြရာတွင် စာချုပ်စာတမ်းထက် အချစ်၊ ကတိက၀တ်၊ သစ္စာစောင့်စည်းမှု တို့က ပိုအရေးကြီးသည်ဟု ခံယူထားသူ၂ဦး လက်ထပ်သော ပွဲဖြစ်ပါသည်။ ROM မှာ လက်ထပ်ပြီးတော့ အိမ်ကအမေတို့ကို အသိပေးကာ ကိုမောင်ခြိမ့် ရန်ကုန်ပြန် သူ့မိဘများနှင့် ဗမာ့ဓလေ့ထုံးစံ သွားရောက် တောင်းရမ်းပေးပါသည်။

ကိုမောင်ခြိမ့်တွင် သူငယ်ချင်းများစွာရှိရာ ထိုစဉ်က အတူနေသည်မှာ ကိုမောင်ရစ် (မိုးမခ)၊ နှင့် ကိုအေးကျော်ကျော် တို့ဖြစ်သည်။ ထိုစဉ်က သူတို့နှင့် same batch သူငယ်ချင်း လင်မယားအိမ်တွင် သူငယ်ချင်း၃ယောက် အတူငှါးနေကြခြင်းဖြစ်သည်။ နောက် တစ်အိမ်ထဲ မနေသော်လည်း သူတို့စားအိမ်၊ သောက်အိမ် သူငယ်ချင်းများ စုနေသော ဂျူရောင်းအိစ်မှာလည်း သူငယ်ချင်း ၄-၅ ယောက်ရှိသေးသည်။ ထိုထဲမှ သူ့အချစ်ဆုံး သူငယ်ချင်း (သူကတော့ ဂွတို ဟု ချစ်စနိုးခေါ်ပါသည် ) ထိုအကိုထံမှ မင်္ဂလာဆောင်ကိစ္စ၊ လက်ထပ်လက်စွပ် အစစအရာရာအတွက် ငွေလိုအပ်ရာ ငွေ ၈၅၀ ချေးထားသည်ဟု နောက်နေ့များတွင် သိရပါသည်။ ဆွိဆွိတီမှာလည်း ငွေအနည်းငယ်ပါရာ ယူပါလားဆိုတော့ ဆွိလေး ကျောင်းအပ်ဖို့ ငွေ တလုံးတခဲတည်းလိုတာ အဲ့ကျမှသုံးဟု ဆိုပါသည်။
ROM မှာ လက်ထပ်ကြတော့ ... ဟင်း ဟင်း သတို့သားကြီး လှချက်တော့နော် ...

ကိုမောင်ခြိမ့်၏ ချစ်သူငယ်ချင်းမှာလည်း ပြေလည်လွန်းလှ၍ ထိုငွေကို ချေးလိုက်သည်မဟုတ်။ သူငယ်ချင်းအချင်းချင်း ကူညီလို၍သာဖြစ်ရာ သူနောက်ပိုင်းငွေလိုလာတော့ ငပွအဆင်ပြေရဲ့လားဟုသာ တွင်တွင်မေးနေသည်။ (သူကလည်း ငပွဟု ချစ်စနိုးခေါ်ပါသည်။) သူငွေလိုကြောင်း တိုက်ရိုက်တော့ မမေး။ ကိုမောင်ခြိမ့်မှာလည်း သူငယ်ချင်းအိမ်တွင် မင်္ဂလာဆောင်ပြီး နောက်လတွင် (သူ့သူငယ်ချင်း၂ယောက်နှင့်အတူ) မိန်းမအသစ်ကလေး လက်ဆွဲ၍ အိမ်ပြောင်းရမည်ဖြစ်ရာ အိမ်စဘော်ကြေး၊ ပွဲစားကြေး၊ အိမ်လခများ ပေးစရာရှိသေး၍ အဆင်မပြေသေးကြောင်း ပြောရသည်။ နောက်ဆုံးတော့ ထိုငွေ ၈၅၀သည် နောက်အိမ်ပြောင်းပြီး ၂လလောက် ကြာမှ ဆပ်နိုင်ပါတော့သည်။

ဤသို့ဖြင့် အနှုတ် ၈၅၀ နှင့် စခဲ့သော ဘ၀၂ခု ပေါင်းဆုံခဲ့ပါသည်။   ။

အနှုတ် ၈၅၀ က ခုတော့ အတိုးတွေ ပွားနေပါပြီ။ ဂျူဂျူဆိုတဲ့ ချစ်သမီးလေးနဲ့။း)


52 comments:

  1. very very simple and romance ttsweet :)
    yeah..it is true love and i feel you and u chaint 's love. even u started from -850,u guys reach yr destination now. Bravo TTSweet and U Chaint !

    ReplyDelete
  2. အခုတော. အဖတ်တင်သွားပြီလေ။ ဂျုဂျု ဆိုတဲ.ရတနာလေးအဖတ်တင်သွားတာ ဘယ်လောက်ကံကောင်းလဲ။

    ReplyDelete
  3. ခေးကိုMarch 6, 2012 at 2:47 PM

    အားကျလိုက်တာ....အဲဒီအိမ်ထောင်မျိုးက ပိုပြီး ပျော်ရွှင်မှုနဲ့ ပြည့်စုံသလိုပဲ.အနှုတ်က ၈၅၀ ဆိုပေမဲ့ အပေါင်းက ၁၅၀၀ နဲ့ ၅၂၈ ဆိုတော့ ပိုတောင် ပိုနေသေးပါတယ် တီဆွိရဲ့  :D

    ReplyDelete
  4. တီဆွိနဲ့ ဦးခြိမ့် ငယ်ငယ် ကပုံတွေ က ခန့်ချောကြီးတွေပဲ

    ReplyDelete
  5. ဦးခြိမ့် လက်မှတ်ထိုးတဲ့ နေ က သွားတွေ ဖြဲနေတဲ့  ပုံ ကိုသိပ်သဘောကျတယ် ဟီဟီ

    ReplyDelete
  6. ဒါမှ အချစ်စစ်။ကြည်နူးပျော်ရွှင်စွာဖတ်သွားပါတယ်။

    ReplyDelete
  7. ဟားဟား တောသူမကို မလိုချင်လို့ ပြန်လှည့်ပြေးချင်တဲ့ ဆိုတဲ့လူကြီး သွားကြီးကိုဖြည်းနေတာပဲ ဟိဟိ

    ReplyDelete
  8. ROM ပုံထဲက တီတီဆွိက ချစ်စရာလေး...

    Zune

    ReplyDelete
  9. တီတီဆွိကပိုလှတယ်...:P
    ရန်တိုက်ပေးသွားတာ

    ReplyDelete
  10. ပြန်လှည့်ပြေးမယ်ဆိုတဲ့ သတို့သားကိုကြည့်လိုက်တော့ ဖြီးနေတာပဲ။ :D မရှိအတူရှိအတူနဲ့ ထူထောင်ခဲ့တဲ့ မိသားစုလေးကို အားကျတယ်။ :)

    ReplyDelete
  11. ငယ်ငယ်ကချောချောလေးတွေ...ခုတော့ခန့်ခန့်ကြီးတွေး))

    ReplyDelete
  12. ရိုးစင်းသလောက် ကြည်နူးစရာကောင်းလိုက်တာ.... :)

    ReplyDelete
  13. Hello ama! I read the news about NSW.. there are heavy flood. Is ur place is fine?
    Tsu

    ReplyDelete
  14. ရေကြီးတဲ့ နေရာက Wagga Wagga လို့ ခေါ်တယ်။ ဆစ်ဒနီကနေ အနောက်တောင်ဘက် ကီလိုမီတာ ၅၀၀ လောက် ဝေးပါတယ်။ အခုလို စိတ်ပူတဲ့ အတွက် ကျေးဇူးပါ...။
    =================================
    အနှုတ် ၈၅၀ ဇာတ်လမ်းကို မဆုံးသေးဘူး နဲ့ တူပါတယ်။ ဆွိ တစ်ယောက် ဆက်ရအုန်းမှာ ကျန်ပါသေးတယ်။း)
    အစ ဖော်ခဲ့ပါသည်။

    ReplyDelete
    Replies
    1. ဆက်ပါအုံးဗျိုးးးးးး....ဦးခြိမ့်အမျှော်မြင်ကြီး၏ "တခါတည်းလက်ထပ်ရမည်ဟုဆိုသည်" ဦးခြိမ့်အမျှော်မြင်ကြီး၏ :D :D :D
      အန်တီဆွိ သတ္တိရှိ၏ time mgt ကျွမ်း၏ လူကဲခတ်တော်၏.. တကယ်ကိုယ်ရောစိတ်ပါ ချီးကျူးခြင်းဖြစ်ပါသည်
      ခင်တဲ့
      mpa

      Delete
  15. ညီမစု (Tsu)
    အစ်မတို့နေတဲ့ဖက်မှာတော့ ကောင်းပါတယ်။ နေတာကလဲ နဲနဲအမြင့်ပိုင်းရောက်တာရယ်၊ မိုးလဲ အဲလောက်မများတော့ အခြေအနေကောင်းပါတယ်။ ပုံမှန်ပါပဲ။

    Tsu ရဲ့ ပို့စ်အဟောင်းတွေမှာထားခဲ့တဲ့ ကွန့်မန့်တွေ အားလုံး ဖတ်ရပါတယ်။ အစ်မအချိန်မရလို့ မပြန်ပေးနိုင်တာ။ ဒီည ပြန်ပေးပါ့မယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
    Replies
    1. hote kae..oh lucky that you all are in safe place (but somehow sorry for those suffer)
      its ok ama. Doesn't matter reply or not. Just write new post for us to read :D...
      Do u recieve notification at your email if someone post on ur wall? for me, I didn't get any notification email when u reply my post. I am not familiar with blog. I just post with Unkown (Google) in the place of reply as. If you have time kindly teach me how can i get notification of the post. I read all the post and comments in the blog.
      However, sometime i could not read for long time due to the red colour font. I love red. If it is possible could you please change to black. It is just a request. May be you prefer to be a unique color in ur blog.
      I am reading ur blog starting from last week until now I not yet finish :) .....
      sometime i feel like i want to have my own blog after I read yours and ma shinlay. But somehow i am so poor in writing :P
      wish your family to be good health.
      with love
      Tsu

      Delete
  16. ရိုးရှင်းတဲ့ဘ၀ ၊စိတ်ကျေနပ်ဖို့ကောင်းလိုက်တား)


    နောင့်

    ReplyDelete
  17. ROM လက်ထပ်တဲ့နေ.ကဓါတ်ပုံမှာ မဆွိက ကိုရီးယားမင်းသမီး၊ ဂျပန်မလေး အတိုင်းပဲ၊ ကိုခြိမ့်ကတော့ ကံကောင်းတယ်၊ အချော၊ အလှလေးကိုရလိုက်လို.၊

    ReplyDelete
  18. အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်..............။ ပျော်ချာကြီး။
    (လီယို)

    ReplyDelete
  19. သို့ ညီမ Tsu အတွက် ကွန်မန့်အချို့ ပြန်ပေးလိုက်ပါတယ်။ ကွန့်မန့်ရေးသူအတွက် notification က မရှိဘူးထင်ပါရဲ့။ ဘလော့ဂါအတွက်တော့ ကွန်းမန့် အသစ်တက်တိုင်း gmailမှာ notification လုပ်ပေးပါတယ်။

    http://auntysweet.blogspot.com.au/2011/02/update.html?showComment=1331037901035#c5338057719072450787

    http://auntysweet.blogspot.com.au/2011/10/tai-tai.html?showComment=1331038273715#c8541359312832290598

    http://auntysweet.blogspot.com.au/2011/10/blog-post.html?showComment=1331038609971#c1628780530988836615

    http://auntysweet.blogspot.com.au/2010/05/blog-post_4437.html?showComment=1331038744023#c1246350460529900400

    http://auntysweet.blogspot.com.au/2009/07/blog-post.html?showComment=1331038930537#c4622963501033257295

    http://auntysweet.blogspot.com.au/2011/04/blog-post.html?showComment=1331039536382#c1765397008824589319

    http://auntysweet.blogspot.com.au/2011/02/blog-post_6808.html?showComment=1331039784561#c5724899137620799519

    http://auntysweet.blogspot.com.au/2011/02/blog-post.html?showComment=1331039968688#c3697167416427469859

    ReplyDelete
  20. http://auntysweet.blogspot.com.au/2011/01/screw-driver_04.html?showComment=1331040317133#c3706103999369781482

    http://auntysweet.blogspot.com.au/2010/11/blog-post_108.html?showComment=1331040762345#c5779185452479042549

    http://auntysweet.blogspot.com.au/2010/08/accident_26.html?showComment=1331041124312#c8128825642611518127

    ReplyDelete
  21. တီဆွိရော ဦးခြိမ့်ပါ ၂ ယောက်စလုံးချောကြတယ်။ ပျော်စရာကောင်းတဲ့ မိသားစုဘ၀လေး။ သတို့သားလောင်း ရီနေပုံကို သဘောကျ၏ :D :D

    ReplyDelete
  22. အမရဲ.ရေးဟန်တွေကို အဲဒါကြောင်.အားပေးနေရတာ
    အရှိကို အရှိအတိုင်း

    ReplyDelete
  23. ပျော်စရာ အမှတ်ရစရာ... ပြီးတော့ ကြည်နူးစရာ...း)))

    ReplyDelete
  24. မဆွိ
    ကွန့်မန့်မရေးနိုင်တာုကာလှပြီနော်၊ ကျမကိုမှတ်မိသေးလား၊ နှင်းထဲမှာ ချော်လဲပြီး ကျောက်ပတ်တီးနဲ့မို့နော်၊ လာတော့ ဖတ်ဖြစ်ပါတယ် အမရေ၊ အမက ငယ်ငယ်ကလဲ ချောတယ်၊ုကီးတော့လဲ ချောနေတုန်းးပဲ၊ ပြီးတော့ သာယာတဲ့မိသားစုဘ၀လေးကိုလဲ ပိုင်ဆိုင်ထားတယ်၊ ၀မ်းသာပါတယ် မဆွိရေ၊ ဟင်းချက်နည်းတွေ အားရင် တင်အုံးနော် အမ၊ အမလက်ရာမြင်ရင် ဗိုက်ဆာတယ်၊ အဲ လိုက်ချက်လိုက်ရင်တော့ အမလို စားမကောင်းပါ၊ လေးစားလျက်
    မြရီ

    ReplyDelete
  25. အစ်မရေ ဖတ်ရတာ တကယ့်ကို ကြည်နူးစရာပါပဲ။း)

    ReplyDelete
  26. This comment has been removed by the author.

    ReplyDelete
  27. သွားတွေ အကုန်ပေါ်အောင် သိပ်မပျော်တဲ့ သတို့သား.

    စင်စင်

    ReplyDelete
  28. ကြည်နူးဖို့  ကောင်းတယ် တီဆွိရေ..ဦးခြိမ့်ရော၊ တီဆွိရော ချောတယ်..

    ReplyDelete
  29. အန်နဗာစရီ ထင်တယ်..
    အရင်းရော အတိုးရော ပေါင်းပြီး ပျော်လိုက် ပေါ့..တီဆွိရေ

    ReplyDelete
  30. ရင်ခုန်စရာ အမှတ်တရလေးတွေ ဖတ်သွားပါတယ် ..တီတီဆွိ
    အချိန်ရရင် ဟင်းချက်နည်း အသစ်လေး တွေ တင်ပေးပါဦးနော်..

    အိမ်မက်စေရာ

    ReplyDelete
  31. ဦးခြိမ့် က ဒီလိုပဲ လက်ထပ်ရမယ်လို့ အကျပ်ကိုင်တာပေါ့။
    ကြည်နူးစရာလေး။
    တီဆွိလည်း ကံကောင်းတယ်၊ ဦးခြိမ့်လည်းကံကောင်းတယ်၊
    ဂျူဂျူးလေးလည်းကံကောင်းတယ်။
    ပြန်လှည့်ပြေးချင်တဲ့ ဦးခြိမ့်ရယ်နေလိုက်တာများ :)

    ReplyDelete
  32. တီတီဆွိ ချစ်ချစ်ကြီး မင်ဂါဆောင်နေ့မှာရယ်နေပုံ အသက်ပါဆုံးပဲ...ဟီးးဟီးးး...ပုံကတော်တော်အသက်ပါတယ်...ဒီလိုစာတွေဖတ်ရတာ အားရှိတယ်...(ဒို့များလည်းအားကျပါရဲ့မင်းလိုပါကွယ်...) ဒီက စင်္ကာပူ ၅၅၀၀ အကြွေးတင်ပြီးစခဲ့တာ...အေးဂျင့်ကြေးလေ...ခုတော့လည်း သားတယောက်အဖတ်တင်..ဘ၀ကကျေနပ်စရာကြီးးး (မကျေနပ်လို့လည်းမရတော့ဘူးလေ...ဟီးဟီး)
    မဇာ

    ReplyDelete
  33. ဦးခြိမ့်.. သင်္ဘောဆင်းလာတဲ့ယာက်ဖကို ကျေးဇူးတင်

    ReplyDelete
  34. တီတီဆွိ ရေ...... ခုချိန်မှာတော့ ပြန်တွေးလိုက်တိုင်း ကြည်နှုးစရာလေးတွေပေါ့နော်။ သမီးလည်း မေလထဲမှာ မင်ဂလာဆောင်တော့မှာလေ။ အခုကတည်းက အနှုတ်တွေနဲ့ မို့ စိတ်လည်းညစ်.......ပျော်လည်း ပျော်ပေါ့။ ချစ်ချစ်ကတော့ အားပေးရှာတယ်။ အဆင်ပြေသွားမှာပါတဲ့။ တီတီဆွိ ရဲ့ အနှုတ် ၈၅၀ ကိုဖတ်ပြီး အားပြန်ပြည့်သွားပါပြီ။

    ReplyDelete
  35. အမနဲ့ဦးခြိမ်.တွေ.ကျပုန်ကအရန်းခေတ်ဆန်တယ်.. အခုခတ်လိုပျော်ရင် chatting မှာတွေ. ကြတာပေါ. စိတ်ဝင်စားစရာ...
    ဆုဆု

    ReplyDelete
  36. ရှေ့နှစ်ပေါင်းများစွာ...ချစ်သောသူများနှင့် ပျော်ပျော်ရွှင်ရွှင် အတူတကွ.....

    ReplyDelete
  37. သတ္တိကိုချီးကျုးပါ၏၊ သံသရာအကြွေး ကိုမောင်ခြိမ့်တွင် ပါလာတော့လဲ ဆပ်ရတာပေါ့၊
    ပျော်ရွင်ချမ်းမြှေ့ကြပါစေ၊ မေသန်းဌေးမြောက်ပေးတာလား၊

    ReplyDelete
  38. အစ်မဆွိရယ်
    ရေးတတ်လိုက်တာ
    ဖတ်ရင်းနဲ့ ပြုံးနေမိတာ ...
    ပြီးတော့ ပျော်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကိုတည်ဆောက်နိုင်တာလည်း ချီးကျူးမိပါရဲ့
    သူများတွေကို အားကျလာအောင်ကို ရေးနိုင်ပါပေတယ်
    တကယ် အားကျသွားတယ်း)
    ပြီးတော့ အစ်မက ချစ်ဖို့ကောင်းတယ်နော်

    ReplyDelete
  39. ဖတ်ပြီးသွားပြီ အမ။ တကယ့်အဖြစ်အပျက်လေး အရင်းအတိုင်းရေးထားတာ။ ဖတ်လို့ကောင်းလိုက်တာ။ ပုံတွေကတော့ ကျော်သူ မို့မို့မြင့်အောင် အဖြူအမဲကားထဲက ပုံမျိုးတွေပေါ့ :)))

    ReplyDelete
  40. တီတီဆွိတို့ အိမ်မှာ ချိတ်ထားတဲ့ ဆင်ခေါင်းကြီးကရော ရန်ကုန်က တခါတည်း သယ်လာတာလား၊ ဒီရောက်မှ သွားဖြတ်လိုက်တာလား :P

    ReplyDelete
  41. သိပ်အားကျစရာကောင်းတဲ့ ဘ၀လေးပါ တီဆွီရေ..
    ပြကာသနမပါဘဲ ပျော်စရာကောင်းလိုက်တာ..ဦးခြိမ့် တီဆွီလက်ကိုကိုင်ထားပြီး
    ကင်မရာဘက်လှည့်ရီနေပုံက သဘောကျဘို့ကောင်းလှတယ်။

    ReplyDelete
  42. ကိုကိုထက် အဲ့ဆင်ခေါင်းကြီး အော်ဇီ မပြောင်းခင် ကိုကိုထက်တို့အိမ်ပေးထားခဲ့တာ အစစအရာရာ အဆင်ပြေပါရဲ့လားး) ဟိုနေ့ကတော့ ဟင်းချက်ရင်း အွန်လိုင်းတက်နေရတယ် ကြားတာပဲ ...း)

    ReplyDelete
  43. အစ်မဆွိ..
    အလုပ်ပိနေလို့ မြသွေး အခုမှရောက်တော့တယ်...

    အောင်မြင်တဲ့ မိသားစုဘ၀ရဲ့အစက တကယ့်ကို ရိုးရှင်းပေမယ့် ပျော်ရွှင်မှုအတိနဲ့...။
    ဖူးစာပါလို့ကို ဆုံကြရတာ။
    ဦးခြိမ့်ရဲ့ မျက်နှာက ရိုးဂုဏ်ပေါ်တယ်။ အစ်မဆွိက ဟာသဇ၀နဥာဏ်နဲ့ ဖြူစင်သူ။
    ချစ်စရာ ဂျူဂျူလေးက ဒီဖေဖေမေမေရဲ့ အသည်းကျော်သမီးလေး...။

    ဖတ်ပြီး ကျေနပ်လိုက်တာ...။

    ReplyDelete
  44. ဟုတ်တယ် မြသွေးတစ်ယောက် မတွေ့ပါလားလို့ ထင်နေတာ။ အစ်မလဲ ခုတစ်လော ဘယ်မှ သိပ်မရောက်ဖြစ်တော့ မြသွေးတို့ကို တွေ့တိုင်း သိပ်အားနာတာပဲ။ လာလည်ဦးမယ်။

    ကွန်းမန့်အတွက်ကျေးဇူးနော်။

    အားနာနေသူ
    အန်တီဆွိ

    ReplyDelete
  45. congratulation

    rgds/nang myint

    ReplyDelete
  46. တီဆွိ ငယ်ငယ်က ပိုးဒါလီသိန်းတန်နဲ့ တော်တော်တူတယ်နော်..ချစ်စရာလေး..ဖတ်ရတာနဲ့ ပျော်ရွှင်ကြည်နူးစရာလေးတွေကူးတယ်..

    ReplyDelete
  47. အလည်တစ်ခေါက် လာသွားပြီဗျို့။
    ဖတ်ချင်တာလေးပဲ ရွေးဖတ်သွားတယ်။
    ကျေးဇူးဗျို့ .. ဖတ်ကောင်းတယ်။
    အဟိ .. ဖွချင်တာလေးလည်း ဖွလို့ရပြီ .. :P

    ReplyDelete
  48. အမယ်လေး မီးမီးကြောက်ကြောက်။ ဖွတော့မယ်တဲ့။ အစက မချစ်ခဲ့မိရင် အကောင်းသား ... အဲလေ အစက လင့်ခ်မပေးခဲ့မိရင် အကောင်းသားး)

    ReplyDelete
  49. ဒီဘလော့ကို ပုံမှန်ဖတ်ပေမယ့် တခါမှ မရေးခဲ့ဘူးပါ ...
    ဒီထက်ရှေ့ဆက်ပြီး သားသမီးမြေးမြစ်အဖြာဖြာနဲ့ နှစ်တစ်ရာတိုင် ပျော်ရွှင်ကြပါစေဗျာ ...

    ReplyDelete
  50. အစ်မရေ ဖတ်ပြီးတော့ မျက်ရည်တောင်လည်တယ်... ဘ၀ရဲ့ချိုမြိန်ခဲ့တဲ့ အတိတ်ဟောင်းတွေက အရမ်းကြည်နူးမူပေးစေတယ်...

    ReplyDelete