ကိုမောင်ခြိမ့်သည် ဗေဒင်လက္ခဏာ အလွန်ဝါသနာပါရာ ဆွိဆွိတီ၏လက်ဖ၀ါးလေးကို ကိုင်ကြည့်ကာ လက္ခဏာဖတ်လေ့ရှိသည်။ ပြီးတော့ ဗေဒင်ဆရာလို ဟန်ပါပါဖြင့် " ကြည့်စမ်း ညည်းအသက်လမ်းကြောင်းကြီးက ရှည်လိုက်တာ ပြီးတော့ ဖြူးနေတာပဲ .... ဥပစ္ဆေတကကံ နဲ့တော့ သေမှာ မဟုတ်ဘူး" ဟု ပြောလေ့ရှိသည်။ ဆွိဆွိတီလေးမှာ "ဥပေစ္ဆေတကကံ" ဆိုသည်ကို နားမလည်၊ ဘာတုန်းလို့ မေးလျှင် ကားတိုက်တာတို့၊ လေယာဉ်ပျက်ကျတာတို့၊ သူများသတ်လို့ သေရတာတို့လို ရုတ်တရက် အသေဆိုးဖြင့် မသေရာ ဟူ၍ ဖြစ်လေသတတ်။
***********************************************************************************
လွန်ခဲ့သောနှစ်ပေါင်း ၃၀ကျော်ခန့်ကဖြစ်သည်။
ဆွိဆွိတီခေါ် ဘုတ်အီးမလေးသည် အစိမ်းပုပ်ရောင်စကပ် အကွက်ကျား၊ စကပ်နှင့်အဆင်တူ ကော်လံအကွက်ကျားလေးပါသည့် အစိမ်းဖျော့ရောင် ဖော့ရှမ်အကျီ လက်ဖောင်းလေးကို ၀တ်ကာ အောက်ကိုငုံ့ကြည့်လိုက်၊ မှန်ကြည့်လိုက်နှင့် သူ့ကိုသူ ကြည့်မ၀ဖြစ်နေသည်။ ၀တ်စုံသည်ကား ထိုခေတ်အချိန်က နာမည်ကြီး "ဘော်ဘီ" ဆိုသောကားထဲမှ ကုလားမင်းသမီးလေး ၀တ်သော ၀တ်စုံဖြစ်သည်။ ပြီးတော့ သူ့အမေ သိမ်ကြီးဈေးမှ ၀ယ်လာသော အစိမ်းရောင် ဒေါက်မြင့်ဖိနပ်ကို စီးကာ အိမ်ထဲတွင်ပင် တဒေါက်ဒေါက်နှင့် လမ်းလျှောက်နေပြန်သည်။ ဘေးမှကြည့်နေသာ အမေနှင့် ဒေါ်လေးတို့ကလဲ "ခလေးနှင့် အတော်ပါပဲ ဒီလောက်ဆို ... " ဟု ဆိုကာ စကားစမြည်ပြောနေကြသည်။
အမေတို့ပြောစကားများအရ ဘုတ်အီးမလေးသည် ဒေါ်လေးနှင့်အတူ မင်္ဂလာဆောင်တစ်ခုသို့ လိုက်သွားရမည်။ ထိုအတွက် ၀တ်စုံကို အစမ်းဝတ်ကြည့်နေခြင်းဖြစ်သည်။ ပြီးတော့ မင်္ဂလာဆောင်ကလဲ သာမန်ညောင်ည မဟုတ်၊ ဘုတ်အီးမတို့လို ၀န်ထမ်းတန်းလျှားတွင်နေသော အသိုင်းအ၀ိုင်းနှင့် လုံးဝ မစပ်ဆက်သော အင်းယားကန်ဟိုတယ်တွင် ကျင်းပမည့် မျက်နှာကြီး အသိုင်းအ၀ိုင်းမှ မင်္ဂလာဆောင်ဖြစ်လေသည်။
ဤနေရာတွင် ဒေါ်လေးအကြောင်း ပြောရဦးမည်။ ဒေါ်လေးဆိုသည်ကား ဦးလေးနှင့်စပ်မှ တော်ရသော (အဖေ့ညီအငယ်ဆုံး) ဦးလေးမိန်းမဖြစ်ပါသည်။ သူတို့သည် သူ့အကိုမင်္ဂလာဆောင်တက်ရန် တစ်နယ်တစ်ကျေးမှ လာကြခြင်းဖြစ်ပါသည်။ ရန်ကုန်တွင် တည်းခိုရန် ဆွေမျိုးဆို၍ ဆွိဆွိတီတို့အိမ်သာရှိရာ ရောက်တိုင်း ဒီမှာသာ တည်းကြသည်။ ဒေါ်လေးသည် ခလေးချစ်တတ်သူဖြစ်ရာ ဘုတ်အီ်းမလေးကို အလွန်ချစ်သည်။ တူမလေး၊ တူမလေး ပါးစပ်ဖျားမှမချ။ ဘယ်သွားသွား အဖော်ခေါ်သွားလေ့ရှိသည်။ ခုလည်း သူ့အစ်ကို မင်္ဂလာဆောင်ကို ခေါ်သွားဦးမည်တဲ့။
မင်္ဂလာဆောင်မည့် သတို့သား၊ ဒေါ်လေးအစ်ကို ဆိုသည်ကိုတော့ ဘုတ်အီးမ တစ်ခါမျှပင် မမြင်ဖူးပါ။ တရက်ကတော့ ဒေါ်လေးက သတို့သမီးအိမ် သွားကြမည်ဆိုကာ ဟိုက ကားလွှတ်ပေးလိုက်သည်။ ဟိုင်းလတ်စ်ကားလေးက လမ်းမကြီးမှသည် လမ်းသွယ်လေးတွေ၊ နောက် ခြံကျယ်၊ ၀န်းကျယ်တွေရှိသောနေရာသို့ ကွေ့ဝင်ကာ ဂိတ်တွေ အမျိုးမျိုးဖြတ်ကာသွားနေသည်။ ဂိတ်တစ်ခုရောက်တိုင်း ကားမောင်းသူက အလေးပြုလိုက်၊ ဂိတ်စောင့်က အလေးပြန်ပြုလိုက်နှင့် သတိထားမိသည်။
မကြာမီမှာပင် ၂ထပ်တိုက် အမြင့်ကြီးဆောက်ထားသော ခန်းနားလှပသော ခြံကျယ်ကြီးထဲသို့ ကွေ့ဝင်ကာ ကားပေါ်တီကိုအောက်တွင် ရပ်လိုက်သည်။ ဒေါ်လေးက သမီးလာဆိုကာ အိမ်ထဲဝင်ကြသည်။ အိမ်ထဲရောက်တော့ ဆိုဖာကြီးတွေ အကြီးကြီးတွေပေါ်မှာ အသက် ၅၀လောက်ရှိသည့် ရုပ်ရည် ခန့်ခန့်ချောချော ဘဘကြီးနှင့် အန်တီကြီးတို့ ထိုင်နေကြသည်။ အန်တီကြီးမှ " ဟော ရောက်လာကြပလား.." မေးကာ ဒေါ်လေးနှင့် စကားစမြည်ပြောနေကြသည်။ ဘဘကြီးသည် ထိုခေတ်အချိန်က အရှိန်သြဇာကြီးမားသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်ဟု နောက်ပိုင်းမှ သိရပါသည်။ ဒါပေမဲ့ သူတို့မှာ မာန်မာန အရိပ်အရောင်များကိုတော့ မတွေ့ရပါ။ ဆွိဆွိတီလေးကိုလည်း ပြုံးပြုံး ပြုံးပြုံးနှင့် သမီး နာမည်ဘယ်လိုခေါ်လဲ ဘယ်နှစ်တန်း ရောက်ပြီလဲဟု နှုတ်ဆက်ပါသည်။ ထိုစဉ်က ကျောင်းတွေ ပိတ်ထားချိန်ဖြစ်ရာ " ငါးတန်းဖြေထားတယ်။ နောက်နှစ်ဆို ခြောက်တန်းတက်ရမှာ" ဟု ပြန်ပြောလေရာ ဘဘကြီးက "အေး အဲဒါဆို နောက်နှစ်တော့ ခြောက်တန်းဆို ငါးခြောက်စော်နံတော့မှာပဲ ဟား..ဟား " ဟုပင် ရယ်စရာပြောလိုက်သေးသည်။
မကြာမီမှာပင် ၂ထပ်တိုက် အမြင့်ကြီးဆောက်ထားသော ခန်းနားလှပသော ခြံကျယ်ကြီးထဲသို့ ကွေ့ဝင်ကာ ကားပေါ်တီကိုအောက်တွင် ရပ်လိုက်သည်။ ဒေါ်လေးက သမီးလာဆိုကာ အိမ်ထဲဝင်ကြသည်။ အိမ်ထဲရောက်တော့ ဆိုဖာကြီးတွေ အကြီးကြီးတွေပေါ်မှာ အသက် ၅၀လောက်ရှိသည့် ရုပ်ရည် ခန့်ခန့်ချောချော ဘဘကြီးနှင့် အန်တီကြီးတို့ ထိုင်နေကြသည်။ အန်တီကြီးမှ " ဟော ရောက်လာကြပလား.." မေးကာ ဒေါ်လေးနှင့် စကားစမြည်ပြောနေကြသည်။ ဘဘကြီးသည် ထိုခေတ်အချိန်က အရှိန်သြဇာကြီးမားသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်ဟု နောက်ပိုင်းမှ သိရပါသည်။ ဒါပေမဲ့ သူတို့မှာ မာန်မာန အရိပ်အရောင်များကိုတော့ မတွေ့ရပါ။ ဆွိဆွိတီလေးကိုလည်း ပြုံးပြုံး ပြုံးပြုံးနှင့် သမီး နာမည်ဘယ်လိုခေါ်လဲ ဘယ်နှစ်တန်း ရောက်ပြီလဲဟု နှုတ်ဆက်ပါသည်။ ထိုစဉ်က ကျောင်းတွေ ပိတ်ထားချိန်ဖြစ်ရာ " ငါးတန်းဖြေထားတယ်။ နောက်နှစ်ဆို ခြောက်တန်းတက်ရမှာ" ဟု ပြန်ပြောလေရာ ဘဘကြီးက "အေး အဲဒါဆို နောက်နှစ်တော့ ခြောက်တန်းဆို ငါးခြောက်စော်နံတော့မှာပဲ ဟား..ဟား " ဟုပင် ရယ်စရာပြောလိုက်သေးသည်။
နောက်နေ့ မင်္ဂလာဆောင်ပွဲကလဲ အလွန်ပင်စည်ကားလှပါသည်။ သတို့သမီးကလဲ ကြွေရုပ်ကလေးလို ချောမောလှပပါသည်။ သတို့သားကလဲ အသားညိုညို၊ အရပ်မြင့်မြင့် ယောက်ျားပီသ ခန့်ညားကာ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ၀တ်ထားရာ သတို့သမီးနှင့် လိုက်ဖက်ညီလှပါသည်။ (သတို့သားသည် စစ်ဗိုလ်တစ်ယောက်ဖြစ်သည်ဟု နောက်ပိုင်းတွင် သိရပါသည်။) တီးဝိုင်းမှလဲ နာမည်ကြီး အနုပညာသည် အဆိုတော်များမှ အခါတော်ပေးကြ၊ သီဆိုကြနှင့် အစားအသောက်များမှာလဲ ကိတ်မုန့်၊ ဆိတ်သားပတ်ဖ်၊ ရေခဲမုန့် အစရှိသည်တို့ကို လှလှပပ၊ ပြင်ဆင်ထားရာ ဒီလိုပွဲမျိုး တစ်ခါမျှမမြင်ဖူးသော ဘုတ်အီးမလေးမှာ မြင်သမျှ အထူးအဆန်းချည်းသာ ဖြစ်နေပါတော့သည်။
*************************************************************************
နောက်ပိုင်း ဘုတ်အီးမတို့မိသားစုလည်း ၀န်ထမ်းအိမ်ရာမှ ပြောင်းကာ ရန်ကုန်မြို့စွန်တွင် အိမ်လေးတစ်လုံး၊ နှင်းဆီစိုက်ရန် ခြံလေး တစ်ခြံ ၀ယ်ကာ ပြောင်းနေကြသည်။ ဒေါ်လေးတို့ လင်မယားလဲ ရန်ကုန်ကို မကြာခဏလာလည်၊ဘုတ်အီးမလေးလဲ တော်တော်သိတတ်သည့်အရွယ် ရောက်ပါပြီ။ ဒေါ်လေးတို့လာတိုင်း သူ့အစ်ကိုနေသည့် ရန်ကင်းတိုက်ခန်းဖက် သွားသွားလည်ရာ ထုံးစံအတိုင်း ဘုတ်အီးမတို့က ကန့်လန့်ပါမြဲပင်။ ဒေါ်လေးကလဲ မိန်းခလေး အဖော်မရှိရာ ဒီတူမလုပ်သူကို အဖော်စပ်မြဲ။
ဒေါ်လေးနှင့်အတူ ရန်ကင်းက တိုက်ခန်းလေး သွားလည်တိုင်း ဒေါ်လေးအစ်ကိုကို တွေ့သည့်အခါများတွင် အိမ်ရှေ့က ခုံမှာ ထိုင်နေသာတာများသည်။ ဘယ်မှ ထသွားထလာလဲ မတွေ့ရ။ စစ်ဝတ်စုံလည်း ၀တ်သည်မတွေ့ရ။ အရပ်ဝတ်ဘောင်းဘီရှည်လေးနှင့် စာအုပ်ဖတ်ချင်ဖတ် အေးအေးအောအော ထိုင်နေသည်သာ များသည်။စကားပြောရာတွင်လည်း ခပ်အေးအေး၊ ညင်ညင်သာသာပေမဲ့ အသံဝါကြီးနှင့်ပြောတတ်သည်။ငယ်ငယ်က ဒေါ်လေးတို့ ပြောတာတွေနားမလည်သေး၍ နောက်ပိုင်းမှသိရသည်မှာ
ဒေါ်လေးအစ်ကိုသည် တိုက်ပွဲတွင် မိုင်းထိကာ ခြေထောက် ၂ဖက်စလုံး ဖြတ်ထားရသူဖြစ်သည်။ မင်္ဂလာဆောင်စဉ်က ခြေထောက်အတုတပ်ထားခြင်းကြောင့် ဆွိဆွိတီလေးက မသိခြင်းဖြစ်သည်။
ဒေါ်လေးအစ်ကိုသည် တိုက်ပွဲတွင် မိုင်းထိကာ ခြေထောက် ၂ဖက်စလုံး ဖြတ်ထားရသူဖြစ်သည်။ မင်္ဂလာဆောင်စဉ်က ခြေထောက်အတုတပ်ထားခြင်းကြောင့် ဆွိဆွိတီလေးက မသိခြင်းဖြစ်သည်။
ကြွေရုပ်လေးလိုချောမောသော ဗိုလ်ချုပ်တစ်ယောက်၏သမီးက အညတရ ခြေ၂ဖက်မရှိသည့် စစ်ဗိုလ်လေးကို လက်ထပ်သည့် မင်္ဂလာသတင်းသည် ထိုခေတ် ထိုအချိန်က အလွန်နာမည်ကြီးခဲ့ပါသည်။ အဆိုတော် မေဆွိပင် သူတို့ အကြောင်းစပ်ထားသော သီချင်းတစ်ပုဒ် ဆိုခဲ့ဖူးပါသည်။ ဆွိဆွိတီလေးက သူတို့ကို ကိုဇော်နှင့် မဆွေဟုခေါ်ပါသည်။ မဆွေသည်လည်း ဗိုလ်ချုပ်သမီးပေမင့် ရုပ်ရည်လေး ချောမောသလို မာန်မာနမရှိ၊ စိတ်ရင်းကောင်း၊ သဘောမနောကောင်းသူတစ်ဦးဖြစ်ပါသည်။ တစ်ခါတရံ ဆွိဆွိတီလေးကိုလည်း ညီမလေးအတွက်ဆိုကာ နိုင်ငံခြားဖြစ်မိတ်ကပ်ဗူးများ၊ မုန့်ဖိုးများလည်း ပေးတတ်ပါသေးသည်။
မဆွေမှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်မွေးထားပြီး အများအားဖြင့် နိုင်ငံခြားထွက် အလုပ်လုပ်နေတတ်သည်။ ယောက်ျားက ဒုက္ခိတမှို့ ဆွေကိုယ်တိုင် စီးပွားထွက်ရှာရမယ်ဆိုကာ ဂျပန်သို့သွားကာ အလုပ်လုပ်သည်ဆိုသည်။ အလွန်လည်း ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပါသည်။ နောက်ပိုင်း မဆွေလည်း သားသမီးလေးတွေ ကျောင်းတက်ချိန်ရောက်လာတော့ ယောက်ျားတစ်ယောက်တည်း စိတ်မချတာရော၊ ငွေကြေးလည်း အတန်ငယ်ပြည့်စုံလာလာတာရော၊ အိုးမကွာ အိမ်မကွာ ဒီမှာပဲ စီးပွားရှာမည်ဆိုကာ ပြန်လာသည်။ ထိုအချိန်တွင် သူ့အဖေ ဘဘကြီးမှာ လယ်ယာနှင့်သစ်တော ၀န်ကြီးဖြစ်နေပါပြီ။
မဆွေပြန်လာတော့ ဂျပန်မှ အထပ်သားစက်၊ လျှာထိုးစက်များ သစ်အချောထည်စက် အစရှိသဖြင့် သစ်လုပ်ငန်းနှင့်ပတ်သတ်သော စက်အကောင်းစားတွေ ၀ယ်ချလာသည်။ နောက်တော့ မှော်ဘီ၊ ဖက်မှာထင်သည်၊ မြေကွက်ဝယ်ကာ သစ်သားအချောကိုင်စက်ရုံအကြီးကြီး ဆောက်သည်ကြားသည်။ စက်ရုံကို အလွယ်တကူကြည့်ရှုစီမံနိုင်အောင် စက်ရုံနှင့် မနီးမဝေးမှာလဲ အိမ်လေးတစ်လုံးဆောက်ထားသေးသည်။
တစ်ရက်တော့ အမေကပြောသည်။ ဒေါ်လေးတို့ ရန်ကုန်ရောက်နေသည်တဲ့။ ဒေါ်လေးတင်မက ဒေါ်လေးအထက်က အစ်မ အမေသန်းလဲ ပါသည်တဲ့။ ပြီးတော့ အမေကဆက်ပြောသေးသည်။ ကိုဇော်နှင့် မဆွေတော့ မှော်ဘီမှာ ကားအက်ဆီးဒင့်ဖြစ်လို့ ၂ယောက်လုံး ဆုံးသွားပြီဟု။ ဆွိဆွိတီလေးမှာ ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်၊ ဟုတ်မှဟုတ်ရဲ့လား။ အဖြစ်ဆိုးလိုက်တာ မဆွေနဲ့ ကိုဇော်တို့ရယ် ... ဖြစ်မှဖြစ်ရလေဆိုကာ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရသည်။ နောက်တော့ အမေနှင့် ဒေါ်လေးတို့တည်းရာ ရန်ကင်းက ကိုဇော်တို့အိမ်သွားကြသည်။ ခလေးတွေကိုတော့ အဘိုးတွေ အဘွားတွေ အိမ်ပို့လိုက်ပါပြီ။
ဒေါ်လေးနှင့်တွေ့တော့ အကျိုးအကြောင်း အစုံအလင် သိရပါသည်။ ထိုနေ့က စက်ရုံနားက အိမ်မှာ မဆွေတို့မိသားစု ခလေးတွေရော ခေါ်ကာ ညအိပ်ကြသည်။ မနက်စောစော ခလေးတွေ မနိုးသေးခင် လင်မယား၂ယောက် စက်ရုံဖက်ကို ကားလေးမောင်းကာ သွားကြည့်ကြသည်။ အပြန်မှာ အိမ်ရှိရာ လမ်းသို့ ကွေ့ရန် ဘယ်ဖက်မီးကို အချက်ပြသည်။ ဤတွင် နောက်မှာပါလာသော အဝေးပြေးကားကြီး တစ်စီးသည်၊ အချက်ပြနားလည်မှုလွဲကာ ကျော်ခိုင်းသည်ထင်၍ ကျော်အတက်၊ မဆွေကလည်း ကားကို ကွေ့အချမှာ ကားကို ခါးလည်ကဖြတ်တိုက်လိုက်ရာ ကိုဇော်ကတော့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ မဆွေကတော့ ဆေးရုံရောက်မှ ဆုံးသွားသည်တဲ့။ မဆွေသည်ကား သေဆုံးချိန်ထိ ယောက်ျားဖြစ်သူကို စိတ်မချ ။ ကိုဇော် .. ကိုဇော် ... ဟု ခေါ်ကာ ဆေးရုံကားပေါ် ပါသွားသည်ဆိုပါသည်။
အဖြစ်မှာ ရင်နာစရာကောင်းလှပါသည်။ အဝေးပြေးလမ်းမပေါ်ဝယ် စာအုပ်များတွင်မရေးထားသော လမ်းစည်းကမ်း၊ ကားသမားအချင်းချင်း နားလည်မှုများရှိရာ ဘယ်မီးပြလျှင် ကျော်တက်ဟု အဓိပါယ်ရပါသည်။ ဤသည်ကို မသိခဲ့သော ဂျပန်မှ ပြန်ရောက်ကာစ ကားမောင်းလည်းကြမ်းပြီး သူမှန်လျှင်လုံးဝ မလျှော့သည်ဟု နာမည်ကြီးသော၊ ဘယ်ကွေ့မည် အချက်ပြကာ ရဲရဲကွေ့ဝင်ခဲ့သော မဆွေမောင်းသည့်ကားကို ဖြတ်တိုက်မိခြင်းဖြစ်ပါသည်။ ဘာမဟုတ်သည့် မှားယွင်းမှုလေးဖြင့် ဇနီးမောင်နှံ ၂ယောက်လုံး ဆိုးဆိုးရွားရွား အသက်ဆုံးရှုံးခဲ့ရပါသည်။
အဖြစ်မှာ ရင်နာစရာကောင်းလှပါသည်။ အဝေးပြေးလမ်းမပေါ်ဝယ် စာအုပ်များတွင်မရေးထားသော လမ်းစည်းကမ်း၊ ကားသမားအချင်းချင်း နားလည်မှုများရှိရာ ဘယ်မီးပြလျှင် ကျော်တက်ဟု အဓိပါယ်ရပါသည်။ ဤသည်ကို မသိခဲ့သော ဂျပန်မှ ပြန်ရောက်ကာစ ကားမောင်းလည်းကြမ်းပြီး သူမှန်လျှင်လုံးဝ မလျှော့သည်ဟု နာမည်ကြီးသော၊ ဘယ်ကွေ့မည် အချက်ပြကာ ရဲရဲကွေ့ဝင်ခဲ့သော မဆွေမောင်းသည့်ကားကို ဖြတ်တိုက်မိခြင်းဖြစ်ပါသည်။ ဘာမဟုတ်သည့် မှားယွင်းမှုလေးဖြင့် ဇနီးမောင်နှံ ၂ယောက်လုံး ဆိုးဆိုးရွားရွား အသက်ဆုံးရှုံးခဲ့ရပါသည်။
ဆွိဆွိတီလေးမှာ ထိုနေ့ညက ဒေါ်လေးက အဖော်ခေါ်ထား၍ ထိုတိုက်ခန်းက ကိုဇော်တို့ မဆွေတို့ အိပ်သော ကုတင်ကြီးပေါ်တွင် ဒေါ်လေးရယ်၊ မောင်ဝမ်းကွဲလေးရယ်နှင့် အိပ်လိုက်ရပါသည်။ ကိုဇော်နှင့် မဆွေတို့မှာ ဥပေစ္ဆေတကကံ နှင့်သေခဲ့ရပါသည်။ နှစ်ယောက်လုံးအတွက် အင်မတန်ပင် စိတ်မကောင်းဖြစ်ရပါသည်။ လူပိန်းစကားပြောလျှင် အစိမ်းသေဟုပြောလို့ ရပါသည်။ သို့ပေမဲ့ သူတို့ အိမ်တွင်နေစဉ်ရော ညရေးညတာ အိပ်ရာပေါ်မှာရော ခြောက်ခြောက်ခြားခြား ဘာတစ်ခုမှ မဖြစ်ခဲ့ပါ။
ဆက်ပါဦးမည် ....
ကိုဇော်နဲ့ မဆွေ အကြောင်းကြားရတာ စိတ်မကောင်းလိုက်တာ..:(
ReplyDeleteစောင့်ဖတ်ပါမည်။
ReplyDeleteတော်တော်ကြာပြီထင်တယ်ကြားဖူးသလိုဘဲ။
ReplyDeleteAwww, you are talking about Ko Phyo's parents!
ReplyDeleteYes, I knew Ko Phyo and Chit Su since they were young. After their parents death, I no longer saw them. Now I heard Chit Su is in S'pore.
ReplyDeleteRetired General Chit Swe & family?
ReplyDeleteအမဆွိ ပြောတာ အန်တီခင်ဆွေဦး ထင်ပါရဲ့
ReplyDeleteသူတို့ဇာတ်လမ်းက တော်တော်လေးရိုမတ်တစ်ဖြစ်တာတဲ့ မင်လာဒုံစစ်ဆေးရုံမှာတတ်နေတဲ့ အဲ့လူကို သတင်းသွားမေးရင်း မေးရင်းနဲ့ ဂရုဏာသက်ပြီး ချစ်သူတွေဖြစ်သွားတာပြောတယ်
စိတ်မကောင်းစရာပဲ..ဆက်ရန်မျှော်နေပါသည်
ReplyDeleteဆွိတီရေ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲနော်။ ဆွေနဲ့တီတင့်က RIT တက်စဉ်က ဆုံခဲ့ကြတာလေ။
ReplyDeleteကိုဇော်နဲ့သူက ငယ်ချစ်တွေပဲ။ ရှေ့တန်းမှာ ကိုဇော်က မိုင်းနင်းခြေပြတ်ခဲ့လို့ သူ့ကိုယ်သူ သေပြီဆိုပြီး
အဆက်အသွယ်ဖြတ်ခဲ့တာ တီတင့်အစ်ကိုအကြီးဆုံး မဲသဝေါတိုက်ပွဲမှာဒဏ်ရာရလို့ မင်္ဂလာဒုံဆေးရုံကို
တီတင့်တို့သွားစဉ်အချိန်က ဆွေက ကိုဇော့်ကိုပြန်တွေ့ပြီး စစ်မှန်တဲ့အချစ်မို့ အကြောင်းပါခဲ့ကြတာ။
ဆန်းကျယ်တဲ့လူ့လောကကြီးမှာ အတိတ်ကံတွေကလည်းဆန်းကျယ်ပါဘိ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ကံတရားတွေက ဆန်းကြယ်သလို ကြောက်စရာကောင်းလိုက်တာ....
ReplyDeleteအဆက်လေးစောင့်ဖတ်မယ်နော်
I heard that romantic,trued love story when I was very young.
ReplyDeleteKo Zaw was such a good man and
Ahma Swe also a very determined woman.
Sad for their tragic ending.
တီတင့်ရေ
ReplyDeleteဟုတ်တယ်နော် ထူးဆန်းလိုက်တာ။ မဆွေက ကယ်မီကယ်ကနဲ့တူတယ်။ ကျောင်းပြီးအောင်တက်မသွားဘူးလားလို့။ သူတို့ဇာတ်လမ်းကအဲဒီခေတ်က တော်တော်ကို နာမည်ကြီးခဲ့တာ။ မဆွေရဲ့ စိတ်ဓာတ်က တကယ်ကို အံ့သြချီးကျူးဖို့ကောင်းပါတယ်။
သနားပါတယ်
ReplyDeleteU Zaw was same intake with Major General Thein Zaw; former Tele-Com Minister. Ko Phyo is now DJ Bar Club Manager and married to May Kabyar :P
ReplyDeleteoh.. ဟုတ်တယ်နော်...အဲဒီခေတ်ကတော်တော် နံမယ်ကြီးတာ... အမေတို့ပြော် လို့ကြားဖူးပါတယ်...ဆုငယ်ငယ်ပဲရှိပါသေးတယ်..
ReplyDeleteဆုဆု (tsu tsu)
စာကြွင်း --
အမရေဗမာလိုရေးတတ်အောင်ကြိုးစားနေပါတယ်.. ဗမာ ဖြစ်ပြီး ဗမာ လိုမရေးတတ်ရင် မကောင်းဖူးလို့သူငယ်ချင်းတယောက်ကပြောဖူးတယ်...
သူတို့အကြောင်းကို မေမေတို့ကတဆင့်ကြားမိလိုက်တယ်
ReplyDeleteစိတ်မကောင်းစရာဘဲနော် ခုပြန်ကြားတာတောင်တော်တော်စိတ်မကောင်းစရာကောင်းတယ်
ခင်မင်လေးစားလျှက်
မဒိုးကန်
Hi, I lived the next block of Ko Zaw at that time. Yes, they were lovely family. We are full of surprise and we could not believe when we heard that news.
DeleteIt seem to be a long time but it is not...
ဖတ်ပြီး သက်ပြင်းချလိုက်မိတယ်၊ မဆွိက အရေးကောင်း။ အဖြစ်က တကယ့်အဖြစ်အပျက်၊ တခုပဲ၊ တ၀က်ုကီးထားခဲ့တာ၊
ReplyDeleteလေးစားလျက်
မြရိ
ပို့စ်အသစ် ထပ်တင်ပြီလားလို့ လာလာကြည့်နေပါတယ် ...း)
ReplyDeleteကြောက်တယ်။ ကိုယ် ချစ်တဲ့သူတွေ ရုတ်တရက်ကြီး ကိုယ့်ကို ဒီလိုမျိုးကြီး ခွဲခွာသွားရင် ကျမ ရူးသွားမှာ။ ကြောက်တယ်......ကျမက စိတ်ခံစားချက် အတက်အကျပြင်းထန်တဲ့ တကယ့် emotional မို့  ....ငါ သာ ဆိုရင် လို့ တွေးကြည့်တာတောင် ရင်ထဲဆို့ လာတယ်။ သေမဲ့သေ ကိုယ်ပဲ ဖြစ်လိုက်ချင်တယ်။ ကျန်ခဲ့ပြီး မခံစားနိုင်လို့ .......
ReplyDeleteကိုအောင်ကလဲ စိတ်ကြီးချက် ... အန်တီဆွိ ပို့စ်ရေးတာ အဲဒလောက် မညန်ဘူးဂျ။ ဖွတ်ချက်ဖွတ်ချက်နဲ့ ရေးနေတာ။ မဆွေနဲ့ ကိုဇော် ဇာတ်လမ်းက ပြီးသလောက်ရှိပြီဗျ။ နောက်ဆက်တွဲက ... ... .... ...
ReplyDeleteစိတ်မကောင်းစရာပါပဲ၊
ReplyDeleteအဲဒီကား မီးပြစနစ်က ခုထိရှိနေတုန်းပဲ၊ တပြည်လုံး ပညာပြန်ပေးသင့်ပါတယ်၊ သေတဲ့သူတွေအများကြီးပဲ။
တီဆွီ....ဇတ်လမ်းလေးအတွက် စိတ်မကောင်းစွာဖြင့် ဆက်ရန်မျှော်နေမယ်။
ReplyDeleteနောင့်
အော် ရုပ်ရှင်ထဲကလိုပါပဲလား
ReplyDeleteကိုဇော်နဲ့ မဆွေတို့ရဲ့ အချစ်ကို လေးစားလိုက်တာ
ReplyDeleteဒီလောက်ချစ်ကြသူတွေမှ ငယ်ငယ်နဲ့ သေရတယ်လို့
ဖတ်ပြီး မျက်ရည်တောင်ဝဲမိတယ်
ကံတရားက ဘာလို့များ စောစောစီးစီးထွက်ခွာသွားစေတာလဲ မသိဘူး။
တကယ်စိတ်မကောင်းဖြစ်မိတယ်
သနားပါတယ်
ReplyDeleteဟယ်...ပို့စ်အသစ်တွေအများကြီးဘဲ..အင်တာနက်ခဏလေးရနေချိန်မှာအသဲအသန်၊ကသောကမျော၊
ReplyDeleteအေ ပြးအလွှားဖတ်၊မန့်သွားတယ်မဆွိရေ...ဟိုး..အရင်တုန်းကဘဲအဲဒီဇာတ်လမ်းလေးကြိုကားဖူးလို့
ဆက်ရန်ကိုမျှော်နေမယ်..။
ဥပစ္ဆေတ မဟုတ်ဘူးထင်တယ်
ReplyDeleteဥပစ္ဆေဒ လို့ ပေါင်းတယ်ထင်ပါတယ်။
ဆက်ပါဦးခင်ဗျာ။
This comment has been removed by the author.
ReplyDeleteသုနှင်းဆီ ဘာလို့ ကွန့်မန့်ကို ဖျက်ပစ်တာလဲဟင်။ အန်တီဆွိကတော့ ဖတ်ပြီးပါပြီ။ ကိုဇော်နဲ့ မဆွေကို သိတဲ့သူ၊ အဲ့သတင်းကို သိပြီးသူ တော်တော်များများ ရှိမယ်ဆိုတာ ဒီပို့စ်မရေးခင်ကထဲက စဉ်းစားမိပြီးသားဖြစ်ပါ။ အန်တီဆွိရေးတာ အမှားပါရင် ထောက်ပြပါနော်။
ReplyDeleteအနောနိမတ်စ် အန်တီဆွိ စာလုံးပေါင်းထားတာ မှန်ပါတယ်။ အဲဒါ ခေါင်းစဉ်တပ်ကတည်းက စာလုံးပေါင်း သေချာမသိလို့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ သွားကြည့်ထားတာပါ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော်။
http://myanmarwords.pikay.org/
စိတ်ဝင်စားစရာ...
ReplyDeleteစိတ်မကောင်းစရာ...
ဒုတိယပိုင်း ဆက်ဖတ်လိုက်ဦးမယ်...
ဟုတ်တယ် ဆွိတီရေ။ မဆွေက IC ကနေ အမှတ်မှီလို့ 3rd Year Chemical ကိုတိုက်ရိုက်တက်ခွင့်ရခဲ့တာလေ။
ReplyDelete