ရှမ်းတို့ဟူး ကျိုနည်း -သုပ်နည်း
Basen မှုန့်ခေါ် ကုလားပဲမှုန့်ကို ဆန်ချဉ်ခွက်
၄ခွက်ခန့် ရေ များများ ( တစ်လီတာခန့်) ထည့်ပြီး အားလုံး ရေပျော်သွားအောင် အတုံးအခဲတွေမကျန်အောင်
စကာနဲ့ စစ်ချဖျော်ပြီး ၅နာရီခန့် အနည်ထိုင်ထားပါ၊
အနည် ကျသွားပြီဆို အပေါ်ကအရည်တွေကို ကဲ့ယူပြီး အနည်တွေကိုတော့
ရေဆန်ချင်ခွက် ၂ခွက်လောက်နဲ့ ပျစ်ပျစ်လေး ဖြစ်အောင် ရောသမမွှေလိုက်ပါ။
..
ပြီးရင် ကျိုမဲ့ အိုးထဲကို ရေ ၃၀၀ မီလီလောက်ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုပါ။
ပြီးရင် စောနက ပဲစိမ်ထားတဲ့ အပေါ်ရေကို ဆန်ချင်ခွက် တစ်ခွက်ခန့် လောင်းထည့်ပြီး ဆက်ကျိုပါ။
ကျန်တဲ့ အပေါ်ရေတွေ သွန်သာပစ်ပါ။
ပြီးရင် ပဲနှစ်နဲ့ ရေပြန်ရောထားတာကို သမအောင် မွှေပြီး အောက်က
ဆူနေတဲ့ အိုးထဲ ဖြေးဖြေးချင်းလောင်းထည့် အောက်ကလဲ အိုးကို ယောင်းမနဲ့ အဆက်မပျက်မွှေပေးပါ။
မီးအနေတော်နဲ့ ဆက်ကျိုပါ။ ကျိုတာ အရမ်းပျစ်လာတယ်ဆို ရေနွေးပွက်ပွက်ဆူ
အနည်းငယ်ထည့်ပါ။ ဆီ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ၊ ဆား အနည်းငယ်၊ ဟင်းခပ်မှုန့် အနည်းငယ်၊
သင့်တော်သလို ကိုယ့် စိတ်ကြိုက် အရသာ ရသည်အထိ ထည့်ပါ၊
၁၀မိနစ်ခန့် ကျိုလိုက်ရင် နို့ဆီလို ခပ်ပျစ်ပျစ်လေး အခြေအနေမှာ
ချပြီး ဆီသုပ်ထားတဲ့ ဗန်းထဲထည့် အအေးခံပါ။
၃-၄ နာရီဆို ရှမ်းတို့ဟူး တုံတုံလေးရပါပြီ။
..
ရှမ်းတို့ဟူးသုပ်နည်း
ကြက်သွန်ဖြူ ၈မွှာခန့် ၊ ငရုပ်သီးစိမ်း ၄တောင့်ခန့်၊
နံနံပင် ၅ပင် လောက်ကို နုတ်နုတ်စင်း (သို့) blender နဲ့ ကြိတ်ပါ။
ပြီးရင် သံပုရာသီး တစ်ခြမ်း (သို့) ရှာလကာရည် တစ်ဇွန်း ၊ သကြား
၂ဇွန်း၊ ဆား အနည်းငယ်၊ ပဲငံပြာရည် ၃ဇွန်းခန့်၊ ဟင်းခပ်မှုန့် အနည်းငယ်ကို ရေ ဆန်ချင်ခွက်
တစ်ဝက်ခန့်ထည့်ပြီး အပေါ်က ကြိတ်ထားတာနဲ့ ရောသမမွှေပါ။ အရသာ စိတ်ကြိုက်ရအောင် လိုတိုး ပိုလျှော့ လုပ်ပေးပါ။ ရှမ်းတို့ဟူးသုပ်အတွက် sauce ရပါပြီ။
မြေပဲဆံ ကြိတ်ထားပါ။
ဆီပူပူမှာ နှမ်းထည့်ပြီး နှမ်းဆီမွှေး လုပ်ထားပါ။
ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။
ငရုပ်သီးခွဲခြမ်းကို ဆီပူပူမှာထည့်ပြီး ငရုပ်သီးဆီ (ဆီနီ) လုပ်ထားပါ၊
ငရုပ်သီး ခွဲကြမ်း ကြော်ထားတာကို စစ်ယူထားပါ၊
အားလုံး ရပြီဆို ပွဲပြင်လို့ရပါပြီ။
..
တို့ဟူးကို အပြားလေးတွေ လှီးထားပြီး သုပ်မည့် ပန်းကန်ထဲ ထည့်ပါ၊
Sauce ကို တို့ဟူးတွေ အကုန်နစ်သွားအောင် များများ ထည့်ရပါတယ်။
ပြီးရင် အပေါ်က ingredient တွေကို တစ်ခုချင်း တို့ဟူးပေါ်မှာ
တစ်နေရာစီ ပုံလိုက်ပြီး ရေသမေမွှေလိုက်ရင် အလွန် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ရှမ်းတို့ဟူးသုပ်ရပါပြီ၊
တို့ဟူးကို ကြော်၊ ကတ်ကျေးနဲ့ ညှပ်ပြီးလဲ တို့ဟူးသုပ်ထဲ ထည့်စားကြပါတယ်။
ဇွန်း=> ထမင်းစားဇွန်း = > table spoon