Showing posts with label *** ဟိုရောက်ဒီရောက် ***. Show all posts
Showing posts with label *** ဟိုရောက်ဒီရောက် ***. Show all posts

Thursday, January 29, 2026

Superstitious အယူသီးခြင်း (အပိုင်း ၅, ဇာတ် သိမ်း )




မနေ့ညနေကတော့ 3D printer အကြောင်းပြောနေကြရင်း အနားမှာ လူစုံတုံး ကိုယ် သိချင်နေတဲ့ အကြောင်း အရာကို မေးလိုက်တယ်။ အရမ်းသိချင်နေပြီကိုး။
...
"ဒါနဲ့ .. ငါ ထွက်သွားတော့ နောက်ထပ် ငါး တစ်ကောင်ကျန်ခဲ့တာ ... တစ်ယောက်ယောက်များ flip လုပ်မိလိုက်ကြလား .."
...
ဘေး စားပွဲက ဖိလစ်ပင်းကောင်လေးကတော့ ခေါင်း ရမ်း ပြနေတယ်။ သူမသိဘူးဆိုတဲ့ အဓိပ္ပါယ်။ သူလဲ အစောကြီးထဲက ထွက်သွားတာ။
...
ရှေ.ခုံက တစ်ယောက် ကတော့ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ပြုံးနေတယ်။
ပြီးမှ ...
..
"အေး.... ငါ ငါးရိုးကို ဖယ်လိုက်ပါတယ် ... ဘယ်သူမှ ငါးကို flip မလုပ်ကြပါဘူးဟ"
...
ဖြေတဲ့သူက Alex ဆိုတဲ့ ဟောင်ကောင်က တရုတ်လေး။ သူက စကားနဲတယ်။ မမေးရင် တော်ရုံ ဘာမှ ဝင်ပြောလေ့မရှိသူ။ ပြီးတော့ ဆက်ပြောသေးတယ်။
..
"ငါ့အမေက အိမ်မှာလဲ အဲလို ငါးပေါင်းနေကျ။ အဲလိုပဲ ငါး ကို လှန်မစားပဲ ငါးအရိုးဖယ်နေကျ လေ .. ငါလဲ used to ဖြစ်နေပြီ ..."
..
အော် ဟုတ်သားပဲ... ငါက နင်ဟောင်ကောင်က ဆိုတာ မေ့နေတာ...
ဆို ပြောပြီး စိတ်ထဲကနေ တော်သေးဆို သက်ပျင်းတစ်ချက် ခိုးချ ရပါတော့တယ်။
...
" နို့ .. ဒါနဲ့ နေပါဦး အဲဒီ အယူအဆက ဘယ်ကနေ ဘယ်လိုဖြစ်တာလဲ ရှင်းပါဦး ..."
...
"အေး ... ဒါက..ဒီလို ... သင်္ဘော တွေမှာ ငါးတွေဖမ်းလို့ရလို့ ချက်စားကြပြီဆို ငါးကို အဲလို တစ်ဖက် လှန်စားရင် ငါး ကို up side down လုပ်ရတာ မလား"
..
"အေး .. "
...
" အဲလိုဆို သင်္ဘော လဲ up side down ဖြစ်ရောတဲ့။ သ‌င်္ဘော မှောက်တတ်တယ်ပေါ့ ဟာ ... အဲလို အယူရှိတာ .."
...
" အဲဒါကို အစွဲပြုပြီး တို့တွေ ငါးကို လှန်စားမိရင်လဲ အဲလို ကျွမ်းထိုး မှောက်ခုံ ... up side down တွေ၊ ကမောက် ကမတွေ ဖြစ်မယ်လို့ ယူဆကြတာပါ .."
..... .... ....... .... .... .... ... ... ... ...
.... ...
... ...
... ...
ဟင်း ... ))))) .. ငါးကို မလှန်လိုက်မိတာ တောင်နော် ......🥶😱 See less

superstitious အယူသီးခြင်း (အပိုင်း ၃)

 


စိတ်ထဲမှာတော့ အော် ... ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့ ၊ ငါထွက်သွားပြီး ၊ နောက်ငါးတစ်ကောင်ကို သူတို့ အရိုးမဖယ်ပဲ တစ်ဖက်လှန်စားလိုက်ကြတယ်ထင်တယ်ဆို တွေးနေတာ။
...
ဇာတ်လမ်းက မပြီးသေး...
မီးပြန်မလာခင် ၁၀ မိနစ်လောက်မှာပဲ ကိုယ်လဲ ဟိုဒီလျှောက် လမ်းသလားပြီး လေကပစ်ထားတော့ ရေက ဆာလာပါလေရော။ စားပွဲ ပြန်ပြီး ရေယူတော့ ရေဗူးထဲ ရေက တစ်စက်မှမရှိ။

ခါတိုင်းဆိုရင်တော့ မနက် ရုံးရောက်တာနဲ့ အိတ်ကလေးအသာချ ကွန်ပြူတာလေး ထပ် ကနဲ ဖွင့်ပြီး ထိုင်တောင် မထိုင်ဘူး။ ရေဗူးရယ် ကော်ဖီ ဖျော်တဲ့ မတ်ခွက်လေးရယ်ကိုင်ပြီး pantry ထဲသွား။ နွားနို့ကိုခွက်ထဲ အပြည့်ထည့် မိုက်ခရိုဝေ့ထဲ နွှေး ထားခဲ့ပြီး ရေအိမ်ဝင်၊ ပြန်လာ ကော်ဖီဖျော် ရေဗူးထဲ ရေ အပြည့်ဖြည့်နေကျ။

ဒီနေ့ကျတော့ ခဏနေ steam fish စားမှာပဲဆို ခါတိုင်း လုပ်နေကျ routine တွေ မလုပ်မိတော့ဘူး။

ဒါနဲ့ ရေဗူးလေးယူပြီး pantry ထဲ ရေသွားခပ်တာ ရေအေး ပိုက်ကလဲ မီးပျက်လို့ အလုပ်မလုပ်ရှာဘူး။ လူက ရေဆာနေပြီ။ နောက်တော့ ငါဒီနေ့ နွားနို့ မှ မသောက်ရသေးတာဆို မတ်ခွက်လေး ပြေးယူ နွားနို့ ထည့်ပြီး နွှေးမယ်ကြံတော့ မိုက်ခရိုဝေ့ကလဲ အလုပ်မလုပ် တာနဲ့ (မီးမှ မလာတာ) နွားနို့ ကို ခွက်အပြည့် အစိမ်းအတိုင်း မော့ချလိုက်တာ ရေဆာတော့ တော်တော် ပြေသွားတယ်။

နောက်တော့ မီးပြန်လာတာနဲ့ ကွန်ပြူတာရှေ့ထိုင် အလုပ်လုပ်နေတာ ။
၁၅ မိနစ်လောက်ပဲ ရှိသေး ဗိုက်ထဲကနေ မခံမရပ်နိူင်အောင် ထိုးအောင့် လာပါလေရော။ နောက်တော့ အစာအိမ်နေရာလောက်မှာ လေတွေခိုသလို လေပျို့ချင်သလိုလို အန်ချင်သလိုလို ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ ဗိုက်အောင့် လေထိုး ဝေဒနာကြီးကို ခံစားရတော့တာပါပဲ။ ဗိုက်ခဏခဏ အောင့်ဖူးပါတယ်။ ဒါပေမဲ့ အဲလို ရင်ခေါင်းကနေ လှိမ့်ပြီး လေပူပေါင်းလိုဖြစ်ပြီး တစ်ခါမှ မအောင့်ဖူးတော့ တော်တော်ခံရခက်ပါတယ်။

မခံနိူင်တော့ အိမ်သာထဲသွားထိုင်လိုက်၊ စားပွဲဆီပြန်လာလိုက် ၊ ဆေးခန်းပြေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာဖြစ်တာလဲဆို google ကြည့်တော့ နွားနို့မှာပါတဲ့ lactose intolerance ဖြစ်တာလို့ သဘောပေါက်လိုက်တယ်။ ပြောရရင်တော့ food poison သဘောမျိုးဖြစ်တာ။

နွားနို့ အစိမ်းကို နေ့စဉ်.နှစ်ပေါင်းများစွာ သောက်ခဲ့ဖူးတာ (ကိုယ်က ဝမ်း ချုပ် တတ်သူမို့ တမင် သောက်တာပါ) ဒီနေ့ကျမှ ဘာလို့ ထူးဆန်းစွာ ထ ဖြစ်ရလဲဆိုတာ တွေးနေမိပြီး ဟို ငါးလှန်စားတဲ့ ကိစ္စ ကိုပဲ စိတ်က ရောက်သွားပြန်တယ်။ ဒီနေ့ကျမှ ဒီလို ထူးထူးဆန်းဆန်း တစ်ခါမှ မဖြစ်ဖူးတာတွေ ထ ဖြစ်နေရတာလဲ ??

ဆက် google ကြည့်တော့ ဒီရောဂါက သိပ်စိတ်ပူစရာ မရှိပါဘူး။ နာရီဝက် တစ်နာရီလောက်နေရင် ကောင်းသွားတတ်ပါတယ်ဆို တော့ တကယ်ပဲ တစ်နာရီခွဲလောက် နေတော့ ပြန်ကောင်းသွားပါတယ်။ ရေအိမ်ထဲတော့ ခဏခဏ သွားထိုင်လိုက်ရတယ်။

ရုံးကလူတွေကတော့ ဒီနေ့ Cho Cho တစ် ယောက်တော်တော် ဂဏှာမငြိမ်ဖြစ်တယ် ထင်နေမှာပဲ။ ဘယ်သူ့မှတော့ ပြော မနေပါဘူး။ ဆေးခန်းမှ မသွားလိုက်ရတာဆိုတော့။
ရောဂါပျောက်သွားတော့လဲ ဇတ်လမ်း က မပြီး သေး ပြန်ပါဘူး။

superstitious အယူသီးခြင်း (အပိုင်း ၂)




ဒီလိုနဲ့ အားလုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြ အလုပ်ကိုယ်စီလုပ် နေကြတယ်။


ဒီအချိန်မှာပဲ ... ကိုယ်တွေ သုံးနေတဲ့ ကွန်ပြူတာတွေရော အပေါ််် ကမီးတွေရော ဖျတ် .. ဖျတ် .. ဖျတ် ဆို မျက်တောင်ခတ်သလို ဖြစ်သွားတော့ အားလုံးက ဟာ ... ဆို ကွန်ပြူတာတွေကို save ထားကြဆို တစ်ယောက်က လှမ်းသတိပေးလိုက်တယ်။

ကိုယ်လဲ လုပ်နေတဲ့ အလုပ်ကို အမြန် save လိုက်ရတယ်။ အရင်ကလဲ ဒါမျိုး ဖြစ်ဖူးတော့ မီးပျက်တော့မှာလား မသိဆို ပြောနေတုံး ရုံးတစ်ခုလုံး အမှောင်ကျသွားပါတော့တယ်။ UPS ခံထားတဲ့ ကွန်ပြူတာအချို့ပဲ ဆက် run နေလို့ ကိုယ်တွေ အခန်းထဲတော့ နဲနဲ လင်းနေသေးတယ်။

အရင်ကလဲ မီးပျက်ဖူးတာ ၅ မိနစ်လောက်ကြာရင် ပြန်လာတာပဲ။ ခု ၁၅မိနစ်လောက်ကြာလို့ UPS တွေကလဲ (စက်အဟောင်းတွေမှို့လား မသိ ) အကုန် power off ဖြစ်ကုန်တာတောင် မီးက ပြန်မလာသေး။

ကိုယ်လဲ ဟိုစားပွဲကူးလိုက် ဒီ စားပွဲကူးလိုက်နဲ့ chit chat လုပ်နေတာ။ holiday ပြီးကထဲက သေချာ စကားစမြည် မပြောရ‌သေးတဲ့ သူတချို့နဲ့ holiday အကြောင်းတွေ ပြန်ပြောနေကြတာ။

ခဏနေတော့ အခန်းတစ်ခုရဲ့ ပြတင်းပေါက် ကနေ လမ်းပေါ််် က မီးပွှိုင့်မှာ ကားတွေကို လှမ်းမြင်နေရတာ ကို သွားကြည့်နေကြတယ်။ ကားတွေကလဲ ဖရိုဖရဲ သွားချင်သလို သွားနေကြတော့ မီးက ရုံးတစ်ခုထဲ ပျက်တာ မဟုတ်ပဲ ဒီတစ်ရပ်ကွက်လုံး ပျက်တာပါလားဆိုတာ သဘောပေါက်ကြတယ်။

ဒါနဲ့ google ကြည့်ကြတော့ ကိုယ်တွေနားက ရပ်ကွက် ၄ခုတောင် power outage ဖြစ်တာကို သိရပါတော့တယ်။

အလုပ်မှာလဲ production က back order တွေ အများကြီးရှိနေလို့ အရေးတကြီးလုပ်နေရတာ အလုပ်သမားတွေ အကုန် နားနေတဲ့နေရာကို ထွက်လာပြီး မီးအလာကို ထိုင်စောင့်နေကြရတယ်။

နာရီဝက်လောက်ကြာတော့ safety မန်နေဂျာနဲ့ အဖွဲ့ဝင် ၃-၄ ယောက် ဝတ်စုံအပြည့်နဲ့ ရောက်လာပြီး safety အတွက် အမှောင်ထဲမှာ လျှောက်မသွားကြဖို့ ၊ သတိနဲ့ နေဖို့ တစ်စားပွဲချင််းစီကို လိုက်သတိပေးနေတယ်။

power outage က ‌နေ့လည် ၂နာရီခွဲလောက်မှာမှ ပြန် ပြီး recover ဖြစ်နိူင်ကြောင်း၊ ဒီကြားထဲ အိမ်ပြန်လုပ်ရမယ်ဆို အထက်က ညွှန်ကြားချက်ကိုစောင့်ဖို့ လိုကြောင်း ပြောသွားတယ်။

မနက် ၁၀ နာရီလောက်မှာ စဖြစ်တာဆိုတော့ ဒီတစ်ခါ power outage က အကြာဆုံးပဲ။ ရုံးမှာ တစ်ခါမှ ဒါမျိုး မဖြစ်ဖူးသေးတော့ ကိုယ်လဲ အံ့သြနေတာ။
ဒါနဲ့ ဘေးက ကိုယ့် boss ကို ငါ ငါးကို မလှန်တာတောင် တစ်ခုခု ဖြစ်တယ်နော် ၊ Even though I didn't flip the fish, it is still happening!! ဆို ပြောတော့ boss က ရယ်နေပြီး နင် သွားတော့ တစ်ယောက်ယောက်က flip လုပ်လိုက်တာ နေမှာပေါ့ ဆို နောက်နေသေးတယ်။

တချို့လဲ အိမ်ပြန် အလုပ်လုပ် ချင်လို့ အထက်က အမိန့်ကို စောင့်နေကြတယ်။ software အင်ဂျင်နီယာ တချို့ကတော့ ပြန်ကုန်ကြတယ်။
စောင့်နေကြတုံးမှာပဲ ၁၂ နာရီခွဲလောက်ကျ မီးက ပြန်လာလို့ အားလုံး လုပ်ငန်းခွင် ပြန်ဝင်ကြရပါတော့တယ်။
...
စိတ်ထဲမှာတော့ အော် ... ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့ ၊ ငါထွက်သွားပြီး နောက်ငါးတစ်ကောင်ကို သူတို့ အရိုးမဖယ်ပဲ လှန်စားလိုက်ကြတယ်ထင်တယ်ဆို တွေးနေတာ။
...
...
...
...
ဇာတ်လမ်းက မပြီးသေး...
ဆက်ရန် ..

superstitious အယူသီးခြင်း (အပိုင်း ၁)



အယူသီးခြင်း (အပိုင်း ၁)
ဟိုနေ့က ရုံးက colleague က ငါးမျှားပြီး ရလာတဲ့ ငါးနှစ်ကောင်ပေးလာတော့ အိမ်မှာ မနက်စောစော steam fish လေး ထ လုပ်ပြီး ရုံးကို ယူသွားတယ်။
ကိုဗစ်ကြောက်လို့ မျက်နှာကို mask သေချာတပ်၊ လက်အိပ်ဝတ် အသန့် ရှင်းဆုံး လုပ်ပြီး ရုံးက colleague လေး - ငါးယောက်ကို supper အနေနဲ့ လာစားကြပါဆို pantry ထဲ ခေါ်ကျွေးရတာ။
တရုတ် restaurant တွေမှာ ကျွေးတဲ့ စတိုင်မျိုး soya sauce နဲ့ လုပ်ထားတဲ့ steam fish ပေါ့။ သူတို့တွေ တော်တော်ကြိုက်ကြတယ်။ ထမင်းရော ၊ veggie လေးပါ ပါအောင် မုန်ညင်းရွက်လေးတွေပါ လှီးပြီး ပြုတ်ယူသွားသေးတယ်။ အထူးသဖြင့် ငါးပေါင်းထဲမှာ ထည့်တဲ့ sauce ကို တော်တော်ကောင်းတယ် ပြောကြတယ်။
ထားပါတော့။ အဲဒါ ငါးကို စားကြပြီး အပေါ်က အသားလွှာလဲ ကုန်ရော ကိုယ့် boss က မေးတယ်။ ဒီထဲမှာ ဘယ်သူ superstitious ပါလဲတဲ့ ဆို ငါးကို နောက်တစ်ဖက်လှန်စားဖို့ လုပ်နေတာ။
အားလုံးက ဘာမှ မပြောကြပဲ ကြောင်ကြည့်နေကြတယ်။
ဒီမယ် ကိုယ်က ကမန်းကတမ်းပြေးပြီး mask အမြန်တပ်၊ boss ဆီက tongs ကို အတင်းဆွဲယူပြီး ငါ superstitious ဖြစ်တယ်၊ ငါးကို မလှန်ပါနဲ့ ဆိုပြီး ကျန်တဲ့ ငါးအသား ပေါ်က အရိုးကို ဘေးကို ဆွဲ ဖယ်လိုက်တယ်။ တော်သေးတယ် အလွယ်တကူပဲ ဖယ်လို့ ရလို့။ ပြီးတော့ စားလို့ရပြီဆို ပြောလိုက်တယ်။
ပြီးတော့ boss ကို ရှင်းပြရသေးတယ်။ ငါလဲအရင်က ဒါတွေ သိတောင်မသိဘူးလို့။ ငါ့ယောက်ျားက အိမ်မှာ steam fish လုပ်တိုင်း ငါးကို တစ်ဖက် မလှန်ကောင်းဘူး။ လာဘ် တိတ်တတ်တယ်ဆို ပြောနေကျဆိုတော့ ငါပါ အခုလို superstitious ဖြစ်လာတာဆို ရှင်းပြရတယ်။ (အိမ်က တစ်ယောက်က ယိုးဒယားကနေ အကျင့် ပါလာတာ)
boss က အိန္ဒိယ သားပေမဲ့ သူက ဟောင်ကောင်မှာ ၁၀ နှစ်လောက် နေခဲ့ဖူးတော့ တရုတ်တွေရဲ့ ရိုးရာ ကို သိနေတာ။
ဒါပေမဲ့သူက ဘာကိုမှ အယူမရှိတာ။ ခုပဲငါးကို လှန်မယ် လုပ်နေတာကြည့်လေ။ သူက ဘာသာရေးလဲသိပ် အယူ အဆမရှိ၊ ဟိန္ဒူပေမဲ့ ဘာသားမှမရှောင် အကုန်စားတဲ့သူ ဆိုတော့ superstitious မဖြစ်တာ မထူးဆန်းပါဘူး။
ငါးပေးတဲ့ တစ်ယောက်က Russia က ဒေါက်တာ ဂျဲလ်ကို။ သူကလဲ ငါ ငါးကို အကြိမ်ကြိမ် လှန်ဖူးတယ်။ ဘာမှ ကံဆိုးတာတွေ မဖြစ်ခဲ့ပါဘူး ဆိုပြီး ရယ်မော နေလေရဲ့။
အားလုံးလဲ steam fish စားနေရင်း topic က superstitious ဆီ ရောက်ကုန်တယ်။ ခဏနေတော့ လူတွေ ဒီနား စုနေတယ် ဖြစ်မှာစိုးလို့ သူတို့ကိုထားခဲ့ပြီး အလုပ်စားပွဲမှာ အလုပ်ပြန်လုပ်နေလိုက်တယ်။
လုပ်နေရင်း အတန်ကြာတော့မှ ဟာ ငါးတစ်ကောင် ကျန်သေးတာပဲ ငါးကိုလှန် စား လိုက်ရင် ဒုက္ခပဲ။ ငါသွားပြီး အရိုးဖယ်ပေးလိုက်ရင် ကောင်းမလား တွေးနေမိတယ်။
တွေးနေရင်းနဲ့ Pantry ထဲ အပြေးရောက်သွားတယ်။ ကြည့် လိုက်တော့ ငါးက ကုန်လုပြီ။ ငါး ကိုလှန်လိုက်လား ဘယ်လို စားလိုက်ကြလဲ ကိုယ်လဲမသိ။ မေးရင်လဲ ကိုယ့်ကို သိပ် အယူသီးတယ် ထင်မှာစိုးလို့ မမေးတော့ပါဘူးလို့ ဆုံးဖြတ် လိုက်တယ်။
....…..
ဒီလိုနဲ့ အားလုံး လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြ အလုပ်ကိုယ်စီလုပ် နေကြတယ်။
ဒီအချိန်မှာပဲ........
....
...
.....
....
ဆက်ပါမည်။

Wednesday, September 17, 2014

မက်စ်ကာရာ ဇာတ်လမ်း ...


တီတီဆွိ ငယ်ငယ်က အဆောင်မှာ နေတော့ ဘေးကသူငယ်ချင်းက မနက်ကျောင်းသွားခါနီး အလှပြင်ရင် သူ့ အလှပြင်ပစ္စည်းတွေထဲက ခဲတံလို ခပ်တုတ်တုတ် အရာတစ်ခုကို ထုတ်ပြီး မျက်တောင်ကို ကော့ကာ ကော့ကာ ဆိုးနေတာကို ခဏခဏ မြင်ဖူးခဲ့သည်။ အော် အလှပြင်တဲ့ ပစ္စည်းပေါ့လေ။ သူငယ်ချင်းမက လှလဲလှ၊ ပြင်လဲ ပြင်ပြင်ဆင်ဆင်နေတတ်သူမှို့ အဲလိုပဲ သူ့ထံမှ အလှပြင် ပစ္စည်း အထူးအဆန်းလေးတွေ တွေ့နေကျ။ အဲဒီအချိန်က တီတီဆွိအဖို့ ကျောင်းတက်ဖို့ စားရိတ်တောင် အနိူင်နိူင်ဆိုတော့ သူငယ်ချင်းလို ထူးထူးဆန်းဆန်း အလှပြင်ပစ္စည်းတွေ စိတ်လဲ မဝင်စားလှ။ ဝယ်ဖို့လဲ မတတ်နိူင်သည်ကိုး။ 

ဒီလိုနဲ့  နိူင်ငံရပ်ခြားမှာ ကျောင်းတက် အလုပ်တွေဘာတွေ ရလာ၊ ဝင်ငွေလေးလဲ အတန်ငယ်ရှိလာ၊ လှလဲ လှချင်လာတော့ အလှပြင် ပစ္စည်းများကို စမ်းသုံးကြည့်ချင်လာသည်။  သို့နှင့်  တီတီဆွိ၏ ပထမဆုံး မက်စ်ကာရာကို သမီးလေး ၄-၅နှစ်လောက်မှာ စဝယ်ဖြစ်သည်။ ပထမဆုံး အကြိမ်သုံးစဉ်က မလုပ်တတ်လုပ်တတ်နှင့် မက်စ်ကာရာကို မျက်တောင်ပေါ်ဆိုးပြီး ကော့ပြီး မျက်စိ အမှတ်တမဲ့ မှိတ်မိရာ မျက်ခမ်းအောက်ဖက် မက်စ်ကာရာ အမဲများ ပေကျံကုန်၍ အတော်ပင်  ဒုက္ခရောက်လိုက်သေးသည်။ ဆိုးလိုက်၊ ပေလိုက်၊ ဖျက်လိုက်နှင့် ပထမဆုံးအကြိမ်က အတော်တော့ အဆင်မပြေ။ ဆိုးပြီးတော့ သူ့ဟာသူ မှန်ထဲကြည့်ကာ မဆိုးပါဘူးဟု ကျေနပ်နေစဉ် သမီးဖြစ်သူက အားပေးလေသည်။ မေမေက သရဲမကြီးနှင့် တူသတဲ့။ ဟဲ့သမီးရဲ့ ကိုယ့်အမေကိုယ် သရဲမကြီးလို့ မပြောရဘူး ဆိုတော့ သူပြောမှ ပိုဆိုးသွားသည်.။ ဂျူဂျူက တကယ်သရဲမနဲ့တူလို့ အမှန်အတိုင်းပြောတာကိုတဲ့ ... ကဲ။ 

ဤသို့နှင့် နောက်တစ်နှစ်ခန့်ကြာသောအခါ တီတီဆွိ၏ ပထမဆုံးသော မက်စ်ကာရာဗူးလည်း ကုန်ခါနီးပြီ။ အရင်ကလို ဆိုးလိုက်ရင် အရည်လေးတွေ စိုမနေတော့ပဲ ခပ်ခြောက်ခြောက် ဖြစ်လာကာ အရင်ကလို ဆိုးင်္ပြီးလျှင် အောက်မျက်ခမ်းအား ပေကျံခြင်း မျက်လုံးတစ်ဝိုက် မဲနေခြင်းတို့ မရှိတော့။  ဆိုးပြီးတာနှင့်တန်းခြောက်သည်ကိုး။ ကုန်ခါနီး ဆေးတွေ ခြောက်သွားမှပင် မက်စ်ကာရာလေးက ဆိုးရတာ ပိုအဆင်ပြေနေသေးတော့သည်။

တစ်ရက်တော့ မက်စ်ကာရာသည် လုံး၀ ဆိုးမရအောင် ခန်းခြောက် ချေပြီ။ ထိုအခါ တီတီဆွိတစ်ယောက် မက်စ်ကာရာအသစ်ဝယ်ရန်  ရှာပုံတော်ဖွင့်ရတော့သည်။ အလှပြင် ပစ္စည်းဆိုင်တွေမှာ မက်စ်ကာရာတွေ ဘရန်းအမျိုးမျိုး အလွန်ပေါများသော်လည်း အရင်သုံးဖူးသည့် brand၊  အရောင်၊  brush တို့ကို အတိအကျ လိုက်ရှာ ဝယ်လေရာ တော်တော်နှင့် ရှာမတွေ့နိူင်ဖြစ်ရလေသည်။ 

တစ်ရက်တော့ နာမည်ကြီး အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင် သူလိုက်ရှာနေသည့် မက်စ်ကာရာ ဘရန်း၊ အရောင် အတိအကျကို တွေ့လိုက်ရာ အလွန်ဝမ်းသာသွားသည်။ သို့ပေမဲ့ ထိုနေ့က ဝယ်မည်လုပ်တော့ ပိုက်ဆံအိပ် (Wallet) အိမ်တွင် မေ့ခဲ့ရာ ဝယ်ခါနီးမှ လိုချင်တာလေး မရလိုက်၍ အလွန်ပင် စိတ်ပျက်ခဲ့ရလေသည်။ နောက်တစ်ပတ်နေမှ ထိုဆိုင်သို့ တစ်ခေါက် ထပ်ရောက်ကာ လိုချင်နေသော မက်စ်ကာရာကို ဝယ်ခဲ့ပါတော့သည်။

နောက်နေ့ တနင်္လာနေ့မနက် Monday blue က အတော်ဆိုးသည်။ ရုံးသွားရမှာ ဆိုတော့ မနက်စောစောထရမှာ အပျင်းထူနေရာ မနက် ၈နာရီထိုးမှ အိပ်ရာမှ ကျုံးရုန်းထကာ ရုံးသွားဖို့ ရေမိုးချိုး ပြင်ဆင်ရတော့သည်။ ရေကို ၁၀မိနစ်နဲ့ အမြန်ချိူး၊ အဝတ်ကိုလဲ အမြန်လဲ၊ မိတ်ကပ်ကို ကမန်းကတမ်းလ်ိမ်း၊ အပေါ်က Cream puff ကို တက်သုတ်ရိုက်ကာ ပုတ်ရသည်။ မျက်ခုံးမွှေးကို ကမန်းကတမ်းဆွဲ  နှုတ်ခမ်းနီ ပန်းဆီရောင် ဖျော့ဖျော့့ကို အဆီပါသည့် တခြားနှုတ်ခမ်နီနှင့် တွဲဆိုးကာ နှုတ်ခမ်းနီဗူးပြန်အထား၊ အံဆွဲထဲမှာ မနေ့က ဝယ်ထားသည့် မက်စ်ကာရာဗူး အသစ်ချပ်ချွတ်ကို တွေ့မှ ဆိုးဖို့ သတိရသွားသည်။ 

မက်စ်ကာရာကို ကမန်းကတမ်းဖွင့်ကာ မျက်တောင်ပေါ် ဆိုးလိုက်သည်။ ဆိုးပြီး ရုတ်တရက် မျက်တောင်ခပ်မိရာ ဆေးက အသစ်ဆိုတော့ အရင်ဆိုးနေကျ လို ဆေးကမခြောက်ပဲ စိုနေရာ မျက်လုံးတစ်ဝိုက် အောက်ခြေတွေမှာရော ဆေးအမဲတွေ ပရပွ ပေကျံကုန်တော့သည်။ အော်အရေးကြီးပါတယ်ဆိုမှ၊  ဆေးတွေကို တစ်ရှုးစနဲ့ ကမန်းကတမ်းသုတ် မက်စ်ကာရာကို ထပ်ဆိုးကာ အလုပ်ရှုပ်သွားသည်။ 

အိမ်ခန်းထဲကထွက်လာတော့ စလင်းဘက်အိပ်ကိုယူ၊  ကြီးတော်ပြင်ပေးထားသည့် ရုံးထမင်းဗူးအထုတ်ကိုဆွဲကာထွက်လာရာ မနက်တိုင်း ဝတ်ပြုနေကျ ဘုရားစင်ရှေ့ရောက်မှ ဘုရားရှ်ိခိုးဖို့ သတိရလေသည်။ 

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှေ့မှောက်တွင် ကျူံ့ကျူံ့ထိုင်ကာ ရှိခိုးရန် မျက်လုံးကို အမှိတ် စောနက ဆိုးထားသည့် မက်စ်ကာရာတို့က မခြောက်သေးရကား မျက်စိမှိတ် ရှ်ိခိုးရန် မဖြစ်နိူင်တော့ချေ။ ထိုမက်စ်ကာရာတို့ ပေပါက ပြန်ဖျက်ရန်လည်း အချိန်မရတော့ပါ။ ရုံးချိန်က အတော်နောက်ကျနေပါပြီ။

ခါတိုင်းတော့ မျက်လုံးအစုံကို ငြင်သာစွာ မှိတ်ခါ ရိုကျိူးစွာ ဝတ်ပြုတတ်သောတီတီဆွိသည် ထိုနေ့မနက်ကတော့ မျက်လုံးအပြူးသားဖြင့် မျက်တောင်မျှပင် မခပ်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရှေ့မှောက်တွင် ရှိခိုးဝတ်ပြုလျှက်ရှိပေသည်။ 

ဘုရားရှိခိုးအပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီး မျက်နှာကို ကြည်ညိုရန်
ဖူးလိုက်တော့ မှ ဘုရားရှင်၏ မျက်နှာတော်မှာ ခါတိုင်းနေ့တွေကထက် ပို၍ ပြုံးတုံးတုံ့ကြီး ဖြစ်နေသလားဟု စိတ်ထဲတွင် ထင်မိလိုက်လေသတည်း။


Sunday, July 27, 2014

အော ... ရှင်တို့က ..

တီတီဆွိသည် စိတ် အလွန်မြန်၏။ ထို့ကြောင့် ကားကို အမြန်မောင်းရာ တစ်နေ့တွင် ရဲ အလိုက် ခံရလေသည်။ ၅၀ လမ်းကို ၇၉နှင့် မောင်း၍ဖြစ်သည်။ ထိုနေ့က အိပ်ထဲမှ ဖွတ်ကလိ ဒင်္ဂါးအတော်များများ ခုန်ဆင်းသွားကြသည်။ Demerit ပွိုင့်များလဲ ဖြတ်ခံလိုက်ရသည်။ ကိုရွှေရဲက ၇၉ထက် တစ်ကီလိုမီတာ ပိုပါက လိုင်စင်ပါ အသိမ်းခံရမည်ဟု ပြောသွားသေးသည်။

ထိုမှ စ ကာ ရဲမြင်တိုင်း မျက်ရည်ဝိုင်းနေသော တီတီဆွိသည် ကားမောင်းလျှင် သတ်မှတ်မိုင်နှုံးနှင့်သာ မောင်းတော့သည်။ အိမ်ကလူကိုလဲ သတ်မှတ်မိုင်နှုံးထက် ပိုမမောင်းရန်၊ လမ်းစည်းကမ်း လိုက်နာရန် အားတိုင်း briefing ပေးတော့သည်။ သတ်မှတ်မိုင်နှုံးအတိုင်းမောင်းရင် ကိုယ့်ဖက်က အမြဲ safe ဖြစ်တယ်။ ဘယ်လောက်မှလဲ နောက်ကျတာ မဟုတ်၊ ဘယ်ကင်မရာမှလဲ ကြည့်စရာမလို၊ ဘာရဲမှလဲ ဂရုစိုက်စရာ မလို ဟု ကားမောင်းတိုင်း ဘေးမှ တတွတ်တွတ် ရွတ်လေသည်။ ဂရုစိုက်စရာ မလိုဟုသာပြောသည်။ ရဲတွေ့တိုင်း " ဟိုမှာ ရဲ ... ရဲ ... " " police ... police .. " ဆိုကာ ကြောင်တွေ့သည့် ကြွက်လို ကြောက်နေသူက သူမပင်ဖြစ်သည်။ 


မနေ့ က ခလေး ကျောင်းပို့ အပြန် အိမ်ကလူ ကားမောင်းသည်။ သူ့ရှေ့တွင် ရဲကားတစ်စီး ကပ်လျက် လှမ်းမြင်လိုက်ရာ ရှေ့မှာ ရဲနော် .. ၆၀ ... ၆၀ ဟု သတိပေးလိုက်သည်။ အိမ်ကလူက သိပါတယ်ကွာ ... ၆၀နဲ့ပဲ မောင်းနေတာပါဟု ပြောသည်။ ကြည့်နေရင်းနှင့် ရှေ့မှ ရဲကားသည်အဝေးကြီး ရောက်သွားရာ မြင်လား ... သူကတောင် မိုင် ပို မောင်းနေတာ ... ဆိုမှ အွန်လိုင်းမှာ သူငယ်ချင်းတွေ နောက်ပြောင် ပြောနေကျ စကားကို သတိရသွားကာ ပြုံးမိလေသည်။

ဒီတစ်ခါပဲ ဒီစကားကို နေရာမှန် လူမှန် သုံးဖူးသည်။

" အော ... ရှင်တို့က ရဲတွေကိုး ..... လုပ်ကြပေါ့ ...."