Showing posts with label (၄- ၅) Chicken ဆာတေး. Show all posts
Showing posts with label (၄- ၅) Chicken ဆာတေး. Show all posts

Saturday, December 19, 2009

Chicken ဆာတေး

လွန်ခဲ့တဲ့ ၂ပတ်လောက်က ဟော်ကာစင်တာတစ်ခုမှာ ထမင်းသွားစားတော့ ဂျူဂျူ ဆာတေးစားချင်တယ်ဆိုလို့ ဝယ်ကျွေးလိုက်တာ ၅ကျပ်ဘိုး ၁၀ချောင်း တစ်ထိုင်တည်းနဲ့ ကုန်ပါရောလား။ ဆာတေးက ချိုတော့ သမီးကကြိုက်တယ်နဲ့တူရဲ့။ ဒါနဲ့ အိမ်မှာ လက်တည့်စမ်းပြီး လက်ဖြစ် ဆာတေးလေး လုပ်စားဖြစ်ပါတယ်။

လိုအပ်သောပစည်းများ
ကြက်ရင်ပုံတစ်ခြမ်း - အသားလေးတွေချည်း လက်မအရွယ်လောက်လေးတွေ ရှည်ရှည်လေးတွေ လှီးထားပါ။
အုန်းနိူု့ အပျစ် -စားပွဲဇွန်း တစ်ဇွန်းခန့်
စပါးလင် - တစ်ချောင်းရဲ့ တစ်ဝက်ခန့် -ပါးပါးလေးတွေ လှီးထားပါ။
ဇီယာမှုန့် - လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်
ဂျင်း - ပါးပါး တစ်ခု
ကြက်သွန်ဖြူ - ၂ မွှာခန့်
ကြက်သွန်နီ -ဥခပ်သေးသေး တစ်လုံးခန့်
သံပုရာရည် လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်
သကြား- စားပွဲဇွန်း တစ်ဇွန်းမောက်မောက်
ပဲငံပြာရည် အကြည်ရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပုံမှာပြထားတာနဲလို့ အရောင်မလှလို့ ထပ်ထည့်ရပါတယ်)
ဆား - သင့်ရုံ

စပါးလင်၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ စပါးလင် တို့ကို ငရုပ်ဆုံတွင် ညက်ညက်ထောင်းပြီး လှီးထားတဲ့ ကြက်သားထဲကို အပေါ်မှ Intgredient တွေအားလုံး ထည့်နယ်ပါ။

ပြီးရင် ရေခဲသေတာထဲ တစ်နာရီခန့်ထည့် ပြီး နှပ်ထားပါ။ ညသိပ်နှပ်ရင် ပိုကောင်းပါသည်။

ဆာတေးတုတ်ကို ရေစိမ်ထားပါ။ မီးကင်နေတုံး မီးလောင်မလွယ်အောင် ရေစိမ်ရတာပါ။

တစ်နာရီခန့်ကြာလျင် ကြက်သားကို ရေခဲသေတာမှထုတ်ပြီး တုတ်တွင်ထိုးပြီးကင်ပါ။ မီးသွေးဖိုကခက်လို့ အိမ်မှာရှိတဲ့ grill သေးသေးလေးနဲ့ပဲ ကင်ပါတယ်။

ကင်နေတုံး ထောပတ် သို့ မာဂျရင်း သုတ်လိမ်းပေးပါ။

၁၀မိနစ်-၁၅မိနစ်ခန့် ကင်လျင် Chicken ဆာတေး မွှေးမွှေးလေး ရပါပြီ။