Colourful bean salad and paprika grilled chicken
Monday, April 13, 2026
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
Sunday, March 22, 2026
Nasi Lemak Sambal (မလေး ငပိချက်)
မနေ့က အိမ်မှာ မလေးရှား အုန်းထမင်း (Nasi Lemak) ချက်မှာမှို့ သူနဲ့ တွဲဖက်စားမည့် sambal (မလေး ငပိချက်) ကို အရင်ချက်ထားပါတယ်။
ပထမဆုံး ငရုပ်သီးတောင့် ၂၀ ခန့်ကို ရေစိမ်ထားပါ။
ပြီးရင် ငရုပ်သီးတောင်တွေရယ်၊ စပ်တဲ့ထိုင်းငရုပ်သီး အစို အနီတောင့် ၂တောင့်ရယ်၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ကြက်သွန်ဖြူ ၁၀မွှာခန့်၊ စပါးလင် တစ်ချောင်း ပါးပါးလှီးထားတာရယ်၊ ခရမ်းချဉ်သီး တစ်လုံးခန့်၊ ကြက်သွန်နီ တစ်လုံးခန့် ပါးပါးလှီး၊ ငါးနီတူ လက်တစ်ဆုတ်ခန့် ကိုလှော်ထားတာရယ်၊ ပုဇွန်ခြောက် လက်တဆုတ်ခန့်ကို သစ်သီးဖျော်တဲ့ blender ထဲမှာ ရေ အနည်းငယ်နဲ ထည့်ပြီး ညက်အောင်ကြိတ်ပါ။
ပြီးရင် ဒယ်အိုးကို မီးအနေတော်နဲ့တည်ပြီး ဆီထည့် အပေါ်က ကြိတ်ထားတဲ့ အနှစ်ကို ထည့်ဆီသတ်ပါ။ ရေတွေ အကုန်ကုန်ပြီး အနှစ်က ခြောက်ပြီး မွှေးလာပြီဆို အထဲကို ငပိ ထမင်းစားဇွန်း ၃ဇွန်းခန့် ကို ရေဖျော်ပြီးထည့်ပါ။
မန်ကျည်းရည် ကိုလည်း အနှစ်တိုက်ပြီး အနည်းငယ် အချဉ်ဓာတ်ရအောင် ထည့်ပါ၊ ငနီတူ လက် ၂ဆုတ်ခန့် ပစ်ထည့်ပါ။ ချခါနီး ကြက်သွန်အနီ ပါးပါးလှီးထားတာ ၂လုံးခန့်၊ သကြား အနည်းငယ် အချိုဓာတ်ရအောင် ထည့်ပြီး ကြက်သွန်နီတွေ အိလာပြီဆို စားလို့ရပါပြီ။
အချို အငံ အပေါ့ ကို မချခင် မိမိစိတ်ကြိုက် ပြင်နိူင်ပါတယ်။
(Photo credit Google)
ကြက်ဆီ ထမင်း ထမင်းပေါင်းအိုး ချက်နည်း
Thursday, March 19, 2026
ဝက်သားမှို ခေါက်ဆွဲ
Wednesday, March 11, 2026
ယိုးဒယားစတိုင် ပဲကြာဆံသုပ်
ပြီးရင် အားလုံးပေါင်းပြီး ဇလုံခပ်ကြီးကြီးထဲထည့် လက်အိတ်စွတ်ထားတဲ့ လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ နယ်ပါ။ မြေပဲဆံ ထောင်းထားတာလေး အပေါ်က ဖြူးပြီး စားလို့ရပါပြီ။
အချိုးသိချင်ရင် ဟင်းသီးဟင်းရွက် တွေ နဲ့ ပဲကြာဆံက volume ဆတူလောက်ပါပဲ။
sauce ကိုတော့ နဲနဲချင်း ထည့်သုပ်ပါ။ မိမိ စိတ်ကြိုက် အပေါ့ အငံအချဉ် အချိုရအောင် ချင့်ချိန်ထည့်ပါ။
Sunday, March 1, 2026
အသာလုပ်ပါ အက်မေရယ် ..
Saturday, February 21, 2026
non-sticker ကင်းစင် ... မီးဖိုချောင်တွင်
Thursday, January 29, 2026
Superstitious အယူသီးခြင်း (အပိုင်း ၅, ဇာတ် သိမ်း )
Superstitious အယူသီးခြင်း (အပိုင်း ၄ )
ရောဂါပျောက်သွားတော့လဲ ဇာတ်လမ်း က မပြီး သေး ပြန်ပါဘူး။
ဒီလိုပဲ ကွန်ပြူတာရှေ့ အလုပ်လေး ဆက်လုပ်နေတုံး lab ထဲက CNC machining လုပ်တဲ့ သူက ကိုယ်ခိုင်းထားတဲ့ ပစ္စည်းလေး ပြီးလို့ လာပေးတယ်။ Aluminium part ကို prototype လုပ်ဖို့ machining လုပ်ခိုင်းထားတာပါ။ holiday မတိုင်မီတစ်ပတ် အလို ကတည်းက လုပ်ခိုင်းထားတာ ခုမှပြီးတာ။..
သူလာပေးမှပဲ ကိုယ်လဲ အဲဒီ part နဲ့ assembly လုပ်ရမဲ့ 3D print လုပ်ဖို့ မေ့နေတာ။ အမှန်ဆို ကိုယ်က သူ့ဆီက ပစ္စည်းရတာနဲ့ assembly လုပ်ဖို့ ရည်ရွယ်ထားတာ။ စိတ်မြန်တဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း မနက်ဖြန်တော့ assembly လုပ်နိူင်အောင်ဆို လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး 3D print အတွက် ပြင်ဆင်ရပါတော့တယ်။ အားလုံးပြင်ဆင်ပြီး software မှာ "print file " ဆိုပြီး လုပ်လိုက်ရော 3D printer က ကွန်ပြူတာနဲ့ အဆက် အသွယ် မရှိပါဘူးဆိုပြီး message ကြီး ပေါ်် လာတယ်။
..
အဲဒီကျမှ စောနက မီးပျက်တုံးက boss က ငါ 3D printer တွေ မီးပြန်လာရင် damage ဖြစ်မှာစိုးလို့ သွားပိတ်လိုက်ဦးမယ် ဆိုပြီး သွားပိတ်တာ သတိရ၊ machine ကို power on ဖို့ lab ထဲသွားရပါတော့တယ်။ တစ်ခုခု ပြသနာဖြစ်မှာ စိုးလို့ ဘေးက boss ကိုခေါ်် ပြီး အတူ ဖွင့်ဖို့ရာ သူက တခြား colleague တစ်ယောက်နဲ့ စကား လက်ဆုံကျနေလို့ မခေါ်ဖြစ်တော့ပါဘူး။
..
Printer နားရောက်တော့ စက်မဖွင့်မီ နောက်မှာ စက်ကို protect လုပ်မဲ့ transformer လို စက်တွေ ဖွင့်ထားရဲ့လား သေချာစစ်၊ မီးလင်းနေတာ သေချာမှာ 3D printer ရဲ့ နောက်နားမှာရှိတဲ့ ခလုပ်လေးကို နှိပ်ဖွင့်လိုက်တာ စက်က ကွန်ပြူတာတွေ ဖွင့်သလို စက်သံမျိုး ကြားရတော့ ok ... စက်က အလုပ်လုပ်သားပဲပေါ့ ဆို တွေးနေတာ။ အတွေးတောင် မဆုံးသေး "ဖောင်း " ဆို အ ထဲက တစ်ခုခု ပေါက်ကွဲသံလိုမျိုး ကြားလိုက်ရပါတယ်။
လူက လန့်သွားပြီး ဘေးက Lab ထဲက technician ကို ဟာ အထဲမှာ တစ်ခုခုတော့ ဖြစ်ပြီ ထင်တယ်။ Electrical short ဖြစ်တာလား မသိဘူးဆိုတော့ သူက အရင်ကလဲ ငါ ဒါမျိုးကြားဖူးပါတယ်။ ဒါ အထဲက air ပိုက် ပေါက်တာ နေမှာပါ။ စိတ်မပူပါနဲ့ဆို စိတ်က အေးသွားတယ်။
..
ဒါပေမဲ့ ရှေ့က screen display က ၂ မိနစ် လောက်ကြာသည်အထိ ဘာမှ မပေါ်လာပဲ black screen ပဲ မြင်နေရတာတော့ သိပ်တော့ မဟုတ်သေး ဘူး ဆို တွေးနေမိတယ်။
၅ မိနစ်လောက်ကြာတော့ လဲ ဘာမှ မထူးတော့၊
ဟေး William ဒါတော့ ပါဝါ က တခုခုဖြစ်တာ နေမှာဆို boss ဆီ အကြောင်းကြား။
boss နဲ့ တခြား ကျွမ်းကျင်တဲ့ တစ်ယောက်က လာကြည့် ပြီး power supply ကျွသွားတာလို့ ကောက်ချက်ချကြတယ်။
..
နောက်နေ့ ကျတော့ 3D printer ကို support လုပ်တဲ့ ကုမ္ပဏီက လာကြည့်၊ပြီးတေ့ သူ့ကုမ္ပဏီပြန်ပြီး power supply လဲပေးဖို့ ပြန်ယူနေတယ်ပြော သံ ကြားလိုက်တယ်။
...
နောက်ဆုံး ဇာတ်သိမ်းသော် ... လာပြင်တဲ့ သူလဲလက်လျှော့သွားပြီး 3D printer ကို write off လုပ်လိုက်ပါတော့တယ်။ ဒီ printer က အရင်ကလဲ အဲလို ပြသနာ ဖြစ်ဖူးလို့ power supply နှစ်ခါလောက် လဲဖူးပြီးသား ပါတဲ့။
ခုတော့ နောက်ထပ် 3D printer အသစ် ဝယ်ဖို့ရာ market မှာ research လုပ်နေရပါတယ်။ budget က အရမ်း မများပါဘူး၊ ဒေါ်လာ တစ်သိန်းခွဲ လောက်ပါ။ industrial သုံး 3D printer ထဲမှာတော့ အလယ် အလတ်လောက်ပဲ ရနိူင်တဲ့ budget ပါ။
...
(စကားချပ် ... ထိုနေ့က အိမ်ပြန်ရောက်တော့လဲ ညနေစာ စားပြီးပြီးချင်း နေ့ခင်းက ဖြစ်သလိုမျိုး ထက်တောင် ပြင်းထန်တဲ့ နာကျင်မှုမျိုးနဲ့ ဗိုက်အောင့်လို့ emergency ခေါ်် ရမလောက် အထိ အခြေအနေဖြစ်ခဲ့တာ၊ ည အိပ်ခါနီးလောက်မှ ဝေဒနာ ပြန်သက်သာသွားတယ်ဆိုတာတော့ ဇာတ်ရှည်နေမှာစိုးလို့ ခုလို အတို ချုံးပြီးရေးလိုက်ပါတယ်။ မဟုတ်ရင် ပိတ်သပ် က ဇာတ်ရှည်လွန်းလို့ သေနတ်ထုတ်တဲ့သူက ထုတ်ကုန်ကြပြီ Thet Wai
.....
တစ်ရက်တည်းနဲ့ ဒီလောက် ပြဿနာတွေများတာ၊ ပြသနာ တစ်ခု ဖြစ်တိုင်းလဲ boss ကို ဒါတောင် ငါ ငါးကို မလှန်တာနော် ဆို သွားပြော၊ boss ကလဲ ရယ်မြဲ။ နင်မရှိတုံး တစ်ယောက်ယောက် flip လုပ်လိုက်တာနေမယ်ဆို နောက်မြဲ။
superstitious အယူသီးခြင်း (အပိုင်း ၃)
စိတ်ထဲမှာတော့ အော် ... ဒီလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့ ၊ ငါထွက်သွားပြီး ၊ နောက်ငါးတစ်ကောင်ကို သူတို့ အရိုးမဖယ်ပဲ တစ်ဖက်လှန်စားလိုက်ကြတယ်ထင်တယ်ဆို တွေးနေတာ။
...
ဇာတ်လမ်းက မပြီးသေး...
မီးပြန်မလာခင် ၁၀ မိနစ်လောက်မှာပဲ ကိုယ်လဲ ဟိုဒီလျှောက် လမ်းသလားပြီး လေကပစ်ထားတော့ ရေက ဆာလာပါလေရော။ စားပွဲ ပြန်ပြီး ရေယူတော့ ရေဗူးထဲ ရေက တစ်စက်မှမရှိ။
ခါတိုင်းဆိုရင်တော့ မနက် ရုံးရောက်တာနဲ့ အိတ်ကလေးအသာချ ကွန်ပြူတာလေး ထပ် ကနဲ ဖွင့်ပြီး ထိုင်တောင် မထိုင်ဘူး။ ရေဗူးရယ် ကော်ဖီ ဖျော်တဲ့ မတ်ခွက်လေးရယ်ကိုင်ပြီး pantry ထဲသွား။ နွားနို့ကိုခွက်ထဲ အပြည့်ထည့် မိုက်ခရိုဝေ့ထဲ နွှေး ထားခဲ့ပြီး ရေအိမ်ဝင်၊ ပြန်လာ ကော်ဖီဖျော် ရေဗူးထဲ ရေ အပြည့်ဖြည့်နေကျ။
ဒီနေ့ကျတော့ ခဏနေ steam fish စားမှာပဲဆို ခါတိုင်း လုပ်နေကျ routine တွေ မလုပ်မိတော့ဘူး။
ဒါနဲ့ ရေဗူးလေးယူပြီး pantry ထဲ ရေသွားခပ်တာ ရေအေး ပိုက်ကလဲ မီးပျက်လို့ အလုပ်မလုပ်ရှာဘူး။ လူက ရေဆာနေပြီ။ နောက်တော့ ငါဒီနေ့ နွားနို့ မှ မသောက်ရသေးတာဆို မတ်ခွက်လေး ပြေးယူ နွားနို့ ထည့်ပြီး နွှေးမယ်ကြံတော့ မိုက်ခရိုဝေ့ကလဲ အလုပ်မလုပ် တာနဲ့ (မီးမှ မလာတာ) နွားနို့ ကို ခွက်အပြည့် အစိမ်းအတိုင်း မော့ချလိုက်တာ ရေဆာတော့ တော်တော် ပြေသွားတယ်။
နောက်တော့ မီးပြန်လာတာနဲ့ ကွန်ပြူတာရှေ့ထိုင် အလုပ်လုပ်နေတာ ။
၁၅ မိနစ်လောက်ပဲ ရှိသေး ဗိုက်ထဲကနေ မခံမရပ်နိူင်အောင် ထိုးအောင့် လာပါလေရော။ နောက်တော့ အစာအိမ်နေရာလောက်မှာ လေတွေခိုသလို လေပျို့ချင်သလိုလို အန်ချင်သလိုလို ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ ဗိုက်အောင့် လေထိုး ဝေဒနာကြီးကို ခံစားရတော့တာပါပဲ။ ဗိုက်ခဏခဏ အောင့်ဖူးပါတယ်။ ဒါပေမဲ့ အဲလို ရင်ခေါင်းကနေ လှိမ့်ပြီး လေပူပေါင်းလိုဖြစ်ပြီး တစ်ခါမှ မအောင့်ဖူးတော့ တော်တော်ခံရခက်ပါတယ်။
မခံနိူင်တော့ အိမ်သာထဲသွားထိုင်လိုက်၊ စားပွဲဆီပြန်လာလိုက် ၊ ဆေးခန်းပြေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာဖြစ်တာလဲဆို google ကြည့်တော့ နွားနို့မှာပါတဲ့ lactose intolerance ဖြစ်တာလို့ သဘောပေါက်လိုက်တယ်။ ပြောရရင်တော့ food poison သဘောမျိုးဖြစ်တာ။
နွားနို့ အစိမ်းကို နေ့စဉ်.နှစ်ပေါင်းများစွာ သောက်ခဲ့ဖူးတာ (ကိုယ်က ဝမ်း ချုပ် တတ်သူမို့ တမင် သောက်တာပါ) ဒီနေ့ကျမှ ဘာလို့ ထူးဆန်းစွာ ထ ဖြစ်ရလဲဆိုတာ တွေးနေမိပြီး ဟို ငါးလှန်စားတဲ့ ကိစ္စ ကိုပဲ စိတ်က ရောက်သွားပြန်တယ်။ ဒီနေ့ကျမှ ဒီလို ထူးထူးဆန်းဆန်း တစ်ခါမှ မဖြစ်ဖူးတာတွေ ထ ဖြစ်နေရတာလဲ ??
ဆက် google ကြည့်တော့ ဒီရောဂါက သိပ်စိတ်ပူစရာ မရှိပါဘူး။ နာရီဝက် တစ်နာရီလောက်နေရင် ကောင်းသွားတတ်ပါတယ်ဆို တော့ တကယ်ပဲ တစ်နာရီခွဲလောက် နေတော့ ပြန်ကောင်းသွားပါတယ်။ ရေအိမ်ထဲတော့ ခဏခဏ သွားထိုင်လိုက်ရတယ်။
ရုံးကလူတွေကတော့ ဒီနေ့ Cho Cho တစ် ယောက်တော်တော် ဂဏှာမငြိမ်ဖြစ်တယ် ထင်နေမှာပဲ။ ဘယ်သူ့မှတော့ ပြော မနေပါဘူး။ ဆေးခန်းမှ မသွားလိုက်ရတာဆိုတော့။
ရောဂါပျောက်သွားတော့လဲ ဇတ်လမ်း က မပြီး သေး ပြန်ပါဘူး။