Showing posts with label (၄- ၃) ကန်စွန်းရွက် အစပ်ကြော်. Show all posts
Showing posts with label (၄- ၃) ကန်စွန်းရွက် အစပ်ကြော်. Show all posts

Sunday, April 5, 2009

Kangkong Blachan





စလုံးမှာ ဘယ် Seafood Resturant မှာဖြစ်စေ မမှာမဖြစ်မှာ စားမိတာကတော့ ကန်ဇွန်းရွက်နဲ့ ငပိရောကြော်ထားတဲ့ KangKong Blachan ပါပဲ ... ငံငံစပ်စပ်ကြိုက်တတ်တဲ့ မဆွိတီတို့ဗမာတွေ ပါးစပ်နဲ့ ကွက်တိပါပဲ ...
ပြင်ထားရမှာတွေက ...( ၄ယောက်စာလောက်ပေါ့)

၁။ ကန်ဇွန်းရွက် လက်တစ်ဆုတ်စာ အစီး ၃စီးလောက်ကို ရေဆေး ၃လက်မလောက်အရှည် လှီးထားပါ ... ကိုင်းအရင့်တွေဖယ်ပစ်ပါ ...
၂။ ဆီ ဇွန်း ၄ဇွန်း
၃။ ခရုဆီ တစ်ဇွန်း
၄။ ငပိ တစ်ဇွန်း
၅။ ပုဇွန်ခြောက် ၂ဇွန်း မောက်မောက်
၆။ ကြက်သွန်ဖြူ ၄-၅ မွှာ
၇။ ကြက်သွန်နီ ခပ်သေးသေးတစ်လုံး ပါးပါးလှီးထား
၈။ ငရုပ်သီး အရောင်တင်မှုန့် (အရောင်လှရုံနည်းနည်
၉။ ငရုပ်သီး အနီအရှည်တောင့် အစိမ်း ၄-၅ တောင့် ... အစပ်ကြိုက်ရင် ပိုထည့် ...
၁၀။ ဆား သင့်ရုံ
၁၁။ သကြားတစ်ဇွန်း
(မဆွိတီပြောတဲ့ ဇွန်းဆိုတာ ထမင်းစားတဲ့အခါသုံးတဲ့ ခရင်းနဲ့တွဲစားတဲ့ ဇွန်းပါ။ စားပွဲဇွန်း ခေါ်ပါတယ်)

ချက်ပုံအဆင့်ဆင့်က
၁) အနှစ်အတွက် အမှတ်စဉ်၄ကနေ ၁၁ အထိ ဘလန်ဒါနဲ့ ညက်နေအောင်ကြိတ်ပါ ...
၂) မီးကို အနေတော်မှာထားပြီး ဒယ်အိုးပိုင်းကြီးတယ်ပါ ... ဆီကျက်ရင် အနှစ်ကြိတ်ထားတာတွေကို အသာထည့်ပြီး ၃မိနစ်၄မိနစ်လောက် မွှေပေးပါ ...
၃) အနံ့မွှေးလာရင် ကန်ဇွန်းရွက် ကိုထည့်၂မိနစ်လောက် အသာမွှေပေးပါ ... ခရုဆီကိုထည့်ပါ ...
၄) ရေခန်းရင်ရေနဲနဲထပ်ဖြည့်ထည့်ပြီး တစ်မိနစ်လောက်ထပ်မွှေ ကန်ဇွန်းရွက် အစိမ်းရောင်မပျောက်ခင် အပေါ့ အငံ အချိုမြည်း၍ချပါ ....

အင်တာနက်ထဲကပုံလေးတွေ တင်ပေးလိုက်ပါတယ် ...
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)