Showing posts with label (၆ ၀၀) *** ယိုးဒယား အစားအသောက်များ ***. Show all posts
Showing posts with label (၆ ၀၀) *** ယိုးဒယား အစားအသောက်များ ***. Show all posts

Tuesday, November 4, 2025

Pad Thai





ပါဝင်သော ပစ္စည်းများ
..
Pad Thai sauce အတွက်
----------------------
မန်ကျည်းမှည့် အနှစ်ရည် ပျစ် ပျစ် - 3 tbs
ငါးငံပြာရည် - 4 tbs
သကြားညို (သို့) ထန်းလျှက် အကြေ - 6 tbs
ကြက်ငရုပ်ဆီ - 2 tbs
ရေ - 4 tbs
အားလုံးကို သမအောင် ‌ရောမွှေလိုက်ရင် Pad Thai sauce ရပါပြီ။



..



Pad Thai ကြော် ရန် အတွက်
-----------------------------

Pad Thai ခေါက်ဆွဲ ဖတ် - ဆန်ပြားခေါက်ဆွဲခြောက် - ညှပ်ခေါက်ဆွဲ အခြောက် ( ၂နာရီခန့် ရေစိမ်ပြီး ရေစစ်ထားပါ)
ကြက်သား ကို ပါးပါးလှီးပြီး ဆား၊ ငံပြာရည် နဲ့ နယ်ထားပါ။
ပုဇွန်ကို အခွံခွာသန့်ရှင်းပြီး ဆား အနည်းငယ်နဲ့ နယ်ထားပါ။
ပဲပင်ပေါက် ( ရေ ဆေးပြီး စစ်ထားပါ)
chives (တစ်လက်မခန့် အရှည် ဖြတ်ထားပါ)
ကြက်ဥ (တစ်ပွဲကို တစ်လုံးခွဲခန့် အချိုးနဲ့ ငရုပ်ကောင်း၊ ဆား အနည်းငယ်ထည့်ပြီး နာနာ ခေါက်ထားပါ
ကြက်သွန်နီ (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)
ပုဇွန် ခြောက် အသေးစား အနည်းငယ် (ရေစိမ်ထားပါ)
မြေပဲဆံ (မညက် တညက် ကြိတ်ထားပါ။)
ဆီ


..
Pad Thai ကြေ်နည်း (တစ်ခါကြော် တစ်ပွဲစာပဲ ကြော်ပါတယ်)
ပထမဆုံး non sticker (သို့) တရုတ် wok ဒယ်အိုးကို မီးအမြင့်ဆုံးမှာထား ဆီ စားပွဲဇွန်း တစ်ဇွန်း (1 tbs) ကို ထည့်ပါ။
ဆီ မီးခိုးငွေ့ ထွက်လာရင် ကြက်သွန်ဖြူ နီ အနည်းငယ်နဲ့ ပုဇွန်ခြောက် ၁၀ကောင်လောက် ပစ်ထည့်ပြီး ကြော် ပေးပါ၊ အဆက် မပြတ် မွှေပေးပါ။ ချက်ချင်းဆိုသလိုပဲ ကြက်သားနဲ ပုဇွန် တစ်ပွဲစာ ကိုယ်စိတ်ကြိုက်ထည့် ကြော်ပါ။
ကြက်သားနဲ့ ပုဇွန် ကျက် လောက်ပြီဆို ဆန်ပြားခေါက်ဆွဲ ရေစိမ်ထားထားတာကို ထည့် ကြော်ပါ၊
မိနစ်ဝက်ခန့် မွှေပြီးရင် Pad Thai sauce ကို စားပွဲဇွန်း ၃ဇွန်းခန့်ထည့် မွှေ ကြော် ပေးပါ။
ဆန်ခေါက်ဆွဲပြားတွေ ကျက်ခါနီးပြီဆို ပဲပင်ပေါက် လက်တဆုတ် ခန့်ရယ် chives အနည်းငယ် ထည့် ကြော်ပါ၊
တချက်နှစ်ချက်ခန့် မွှေပြီးရင် အားလုံးကို ဒယ်အိုးရဲ့ တစ်ဖက်ကို စုလိုက်ပါ၊
အခြားတစ်ဖက်ကို ဆီ စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပြီး ကြက်ဥခေါက်ထားတာကို အပြားလိုက်လေး ဖြစ်အောင်ကြော် လိုက်ပါ။ ကြက်ဥအပြားလိုက်လေး ကျက်သွားရင် တစ်ဖက်က Pad Thai ကြော်ထားထာကို ကြက်ဥပေါ် တင်လိုက်ပါ။
ပြီးရင် ကြက်ဥနဲ့ အအုပ်လိုက်လေး ပန်းကန်ပြားပေါ် ချရင်ချ မွှေ ကြော် ပြီးမှ ထည့်ရင် ထည့်၊ မြေပဲဆံလေး ဖြူးပြီး စားလို့ ရပါပြီ။


Thursday, September 22, 2011

ယိုးဒယား ငါးဖယ်ကြော် ( Thai fish cake)

ယိုးဒယားဆိုင်မှာ စားတိုင်း စားလေ့ရှိတာက အဲဒီ Thai fish cake ရယ်၊ တုံ့ယန်းဟင်းချို၊ ကြက်သားဘေဆယ်၊ သင်္ဘောသီးထောင်း၊ နောက်ကြက်သားဖက်ထုတ်ကြော်ပေါ့။ Thai fish cake ကတော့ ပထမဆုံးလာချပြီး appetizer အနေနဲ့စားကြတာ။ သူက အနံ့အရသာက မြန်မာ ငါးဖယ်ကြော်နဲ့မတူပဲ အလွန်မွှေးလွန်းတာကြောင့် တစ်ခုစားပြီး ဘယ်တော့မှ မတင်းတိမ်၊ တစ်ခုပြီးတစ်ခု စားမိတော့တာပဲ။ နောက်သူက နဲနဲ အစပ်အရသာလေးလဲရှိတယ်။ ခုဒီမှာ ယိုးဒယားဆိုင်လဲ သွားမစားဖြစ်တော့ အိမ်မှာပဲ ယိုးဒယားစာ စားချင်တာလေးတွေ ချက်စားနေတာ။

ဟိုနေ့က ဖလင်မန်တန်ဈေးက ငါးအသားချည်းဝယ်လာတာနဲ့ Thai fish cake လေး စားချင်လာလို့ လုပ်ဖြစ်သွားတယ်။ ငါးဖယ်မရှိတာနဲ့ ရှိတဲ့ငါးနဲ့ လုပ်ရတာပါ။ ငါးဖယ်နဲ့ဆို ပိုချို ပိုကောင်းမှာ ပေါ့ဂျာ။

ပါဝင်တဲ့ ingredient တွေကတော့

ငါးအသားချည်း ၃၀၀ ဂရမ်
ဆနွင်းမှုန့် အန်ည်းငယ်
ငရုပ်သီး အရောင်တင်မှုန့် စားပွဲဇွန်းတစ်ဝက်ခန့်
 ငရုပ်သီးစိမ်း ၃တောင့်ခန့်
ဂျင်း လက်၂ဆစ်ခန့်
ကြက်သွန်ဖြူ ၅မွှာ
စပါးလင် အကြီးတစ်ဝက် (အသေး တစ်ချောင်းခန့်) ပါးပါးလှီးထားပါ။
ရှောက်ရွက် အနည်းငယ် ပါးပါးလှီးထားပါ။ အန်တီဆွိကတော့ ရှောက်ရွက် မရှိတာနဲ့ သံပုရာသီးကို ခြစ်လေးနဲ့ ခြစ်ပြီး ထည့်ပါတယ်။  (about 1 tea spoon)


သကြား စားပွဲဇွန်း တစ်ဝက်
ငံပြာရည် စားပွဲဇွန်း တစ်ဝက်
ဟင်းခတ်မှုန့်   စားပွဲဇွန်း တစ်ဝက်

ကြက်သွန်မြိတ် ၂ချောင်းခန့်   ပါးပါးလှီးထားပါ။
နံနံပင် အနည်းငယ်  ပါးပါးလှီးထားပါ။
ပဲသီး ၃-၄ တောင့်ခန့် ပါးပါးလှီးထားပါ။

ငါးအသားတွေကို အသေးလေးတွေလှီးပြီး ဆနွင်းအနည်းငယ်နဲ့ အတူကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါတယ်။ ငါးဖယ်ခြစ်လောက်အထိ texture လေးဖြစ်အောင် ကြိတ်ပါတယ်။ 


လိုအပ်တဲ့ အမွှေးအကြိုင် ingredient တွေကိုလည်း ထောင်းပါတယ်။ ပဲသီး၊ နံနံနဲ့ ကြက်သွန်မြိတ်တွေကို တော့ ချန်ထားပါ။ သူတို့ကို နောက်မှရောထည့်ပါမယ်။

 
ထောင်းထားတဲ့ အမွှေးအကြိုင်တွေကို စောနက ငါးကြိတ်ထားတာထဲ ထည့် ကြိတ်ပါတယ်။ သကြား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်လဲ ထည့်ပါ။ နောက် နံနံပင်နဲ့ သံပုရာခွံအမွှေးကိုပါ ထည့်ကြိတ်ပါတယ်။ အားလုံးကြိတ်ပြီးမှ   ကြက်သွန်မြိတ်၊ ပဲသီးလှီးထားတာကိုတော့  ဒီတိုင်းပဲထည့်မွှေပါတယ်။

အရသာသိရအောင် ပထမဆုံး ငါးဆုတ်သေးသေးလေးကို ဆီထဲအရင်ထည့်ကြော်ပြီး အရသာမြည်းကြည့်ပါဦး။ လိုတာ ထပ်ထည့်ပေါ့နော်။ ပြီးမှ ငါးလက်တစ်ဆုတ်လောက်ကို အပြားလေးတွေ လုပ်ပြီး ဆီမြုတ်အောင်ထည့်ပြီး ကြော်ပါတယ်။ ငါးကို ဆုတ်တဲ့နေရာမှာ ဆီလေးကိုင်ပြီးလုပ်ပါတယ်။ နောက်မှို့ဆို လက်မှာ ကပ်နေတာ ခွါရခက်သဗျ။


ချားလို့ရပြီ။ အဲလေ စားလို့ရပြီ ခင်ည။ အလွန် အနံ့အရသာနှင့်ပြည့်စုံသော ယိုးဒယားစတိုင် ငါးခြစ်ကြော်ပါခင်ည။ နံနံပင်ပါထည့်ကြိတ်ထားတော့ အနံ့အရာသာက တော်တော်ကို မွှေးပြီး ကောင်းပါတယ်။


 အန်တီဆွိအဲဒီနေ့က ထမင်းမစားပဲ အဲဒါချည်း ထိုင်စားလိုက်ပါသဗျာ။ လိမ္မော်ရည်လေး သောက်လိုက်။ ငါးခြစ်ကြော်လေးမြည်းလိုက် ....


(Thai red chilli paste ရှိရင်တော့ ဟင်းခတ် အမွှေးမကြိုင်တွေ သပ်သပ်ထောင်းစရာမလိုပဲ အဲဒီ paste ရယ်၊ နံနံ၊ ပဲသီး၊ ငါးငံပြာရည်၊ ငါးဖယ် (သို့) ငါးခြစ် ရောနယ်ပြီး ကြော်ရုံပဲ။ သူ့ တကယ့် recipe အစစ်က အဲဒီအတိုင်းပါပဲ။ အန်တီဆွိ ဒီမှာ ဘယ်မှာရှာဝယ်ရမှန်း မသိလို့ ကိုယ့်ဟာကို အစအဆုံး လုပ်ရတာပါ။  Thanks to Ma Thet, she remind me to add this.)

Wednesday, September 8, 2010

ယိုးဒယား သင်္ဘောသီးထောင်း ...

ယိုးဒယား သင်္ဘောသီးထောင်းနည်းကို ရှယ်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကမှ ယိုးဒယားရောက်ဖူးလို့ ပထမဆုံးအကြိမ်စားဖူးပြီး ကြိုက်သွားလို့ အိမ်မှာ လုပ်စားကြည့်တာပါ။



လူ၃-၄ ယောက်စာလောက် လိုတဲ့ပစ္စည်းတွေက
၁။ သင်္ဘောသီးခပ်စိမ်းစိမ်း တစ်စိတ်လောက်ကို အခွံနွှာပြီး ခြစ်ထားပါ။သင်္ဘောသီးသုတ် ကျွပ်ကျွပ်လေးစားချင်တော့ ခြစ်ထားထာလေးတွေ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။
၂။ ပုဇွန်ခြောက် ၂ဇွန်း
၃။ ငရုပ်သီးစိမ်း ၃-၄တောင့် ( အစပ်ကြိုက်ရင်ပိုထည့်ပါ )၊ ငရုပ်သီးအစိမ်းရောင်ဆို ပိုကောင်းပါတယ်။ (အနီရောင်ဆို ပုံမှာလို သင်္ဘောသီးသုတ်က အရောင်ညိုသွားပါတယ်။)
၄။ ကြက်သွန်ဖြူ၃မွှာလောက်
၅။ ခရမ်းချဉ်သီး အလုံးသေးသေး ၃လုံးလောက် ထပ်ခြမ်းခြမ်းထားပါ။ အကြီးဆိုရင်တော့ အသေးလေးတွေ လှီးထားပါ။
၆။ brown suger (သို့) ထန်းညက် ၄-၅ခဲ၊ မရှိရင်လဲ သကြား စားပွဲဇွန်းတစ်ဇွန်းမောက်မောက်၊
၇။ သံပုရာသီး တစ်ခြမ်း၊ ညှစ်ရလွယ်အောင် အစိတ်လေးတွေ စိတ်ထားပါ။
၈။ ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊
၉။ မြေပဲဆံလှော်ပြီး အခွံချွတ် ထပ်ခြမ်းကွဲရုံ ထောင်းထားပါ၊
၁၀။ ပဲတောင့်ရှည်တစ်တောင့် တစ်လက်မအရွယ်လောက်စီ လက်နဲ့ဖြတ်ထားပါ၊


ထောင်းပုံ၊ သုတ်ပုံအဆင့်ဆင့်က
၁။ ငရုပ်ဆုံကြီးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို အရင်ထောင်းပါ၊
၂။ ပုဇွန်ခြောက် နဲ့ Brown suger ထည့်ထောင်းပါ၊
၃။ မညက်တညက်မှာ ခြစ်ထားတဲ့ င်္ဘောသီးကို ထည့်ဖွဖွထောင်းပါ၊ ဇွန်းနဲ့ မွှေပေးပါ။
၄။ ခရမ်းချဉ်သီးထပ်ခြမ်းလေးတွေထည့် ထပ်ထောင်းပါ၊
၅။ ငံပြာရည်နှင့် သံပုရာရည်ထည့် ထပ်ထောင်းပါ၊
၆။ နောက်ဆုံး ပဲသီးပါ အသာလေး ထည့်ထောင်းပြီး ထောင်းထားထာလေးတွေကို ငရုပ်ဆုံထဲတင် နှံအောင်ဇွန်းနဲ့ မွှေပါ ၊နယ်ပါ၊
ရ။ ထောင်းထားတဲ့ သင်္ဘောသီးသုတ်ကို အဖတ်တွေရော အရေတွေရောမကျန် ပြင်မဲ့ ပန်းကန်ထဲထည့်ပါ၊
၈။ အပေါ်ကနေ မြေပဲ အသာဖြူးထည့်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။










မြည်းကြည့်ပြီး အချိုုလိုရင် သကြားနဲနဲ၊ အငံလို ငံပြာရည်ထပ်ထည့်ပြီး ပြင်ပါ။


ယိုးဒယား သင်္ဘောသီးထောင်း ချိုချိုချဉ်ချဉ် စပ်စပ် ကျွပ်ကျွပ် လေးပါ၊ ထောင်းတာကလဲ အကုန်စုထည့်ပြီး တစ်ခါထဲ ထောင်းတာမဟုတ်ပဲ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းထည့်ထောင်းရ ပါတယ် ။
ယိုးဒယား ကြက်သားဘေဆယ်ကြော်လိုဟာမျိုးနဲ့ ထမင်းနဲ့ လိုက်ဖက်ပါတယ်။
Link for ကြက်သားဘေဆယ်ကြော်

Thursday, June 4, 2009

Thai Basil Chicken-ယိုးဒယားစတိုင် ဘေဆယ်ကြက်သားကြော်













ယိုးဒယားဟင်းတစ်ခွက် ဖြစ်တဲ့ဘေဆယ်ရွက်နဲ့ ကြက်သား ဘယ်လိုချက်ရလဲဆိုတာပြောပြပါမယ် ... ချက်ရတာ မြန်ပြီး လွယ်လဲလွယ်ပါတယ် ... စလုံးကြက်သားတွေက အညှီနံ့တစ်မျိုးရှိလို့ အဲ့လိုချက်စားရင် ဘေဆယ်ရွက်နံ့သင်းသင်းလေးနဲ့ အရသာလဲရှိပါတယ်။

လိုတဲ့ပစ္စည်းတွေက
၁။ ကြက်သားအသားချည်း ၃၀၀ဂရမ် အတုံးသေးလေးတွေတုံးထားပါ။ ပြီးရင် ဆား၊ သကြား၊ ဟင်းချိုမှုန့်၊ ပဲငံပြာရည်၊ ငံပြာရည်တို့နဲ့ နယ်ထားပါ။ ကြက်သားအကြေကြိတ်ထားတာဆိုလည်းရပါတယ်။
၂။ ကြက်သွန်ဖြူ ဥကြီး ၄-၅မွှာ ကြိတ်ထားပါ။ သိပ်မညက်ပါစေနဲ့ ။သေးသေးလေးတွေ chop လုပ်ထားတာဆို ပိုကောင်းပါတယ်။
၃။ ဂျင်း လက်တစ်ဆစ်လောက် အချောင်းသေးသေးလေးတွေလှီး(သို့) ပါးပါးလှီးထားပါ။
၄။ ကြက်သွန်နီ အနေတော် ၁လုံးကို ရှစ်စိတ်စိတ်ပြီး အလွှာလေးတွေ ခွါထားပါ။
၅။ ငရုပ်သီးစိမ်း ၃-၄တောင့်လောက်ကို ပါးပါးလှီးထားပါ။
၆။ ဘေဆယ်ရွက် (sweet basil/common basil/Thai basil) ၃ခက် လောက်ကို အရွက်ချွေထားပါ။
၇။ ငံပြာရည် သင့်သလို
၈။ ပဲငံပြာရည် အနောက် သင့်သလို (အရောင်လှရန်အတွက်)
၉။ သကြားတစ်ဇွန်း
၁၀။ ငရုပ်ကောင်းမှုန့့် အနည်းငယ်
၁၁။ ဆီ ၅ဇွန်း
(မဆွိတီပြောတဲ့ ဇွန်းဆိုတာ ထမင်းစားတဲ့အခါသုံးတဲ့ ခရင်းနဲ့တွဲစားတဲ့ ဇွန်းပါ- Table spoon ခေါ်ပါတယ်။)

ချက်နည်းအဆင့်ဆင့်က
၁။ မီးပျင်းပျင်းနဲ့ ဒယ်အိုးပိုင်းတည်၊ ဆီထည့်ပါ။
၂။ ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းကြိတ်ထားတာတွေထည့် မွှေပါ။
၃။ ကြက်သွန်ဖြူ ရွှေဝါရောင်လေးသန်းလာပြီဆို ကြက်သားထည့် အဆက်မပျက်မွှေပေးပါ။
ကြက်သားကထွက်လာတဲ့ရေခန်းပြီး ခြောက်လာတဲ့အထိ ၂မိနစ်လောက်ဆက်မွှေပေးပါ။
၅။ ကြက်သွန်နီလှီးထားတာထည့်မွှေ ၊သကြား၊ ပဲငံပြာရည် အနည်းငယ်ထည့်ပြီးဆက်မွှေပါ။
၆။ ကြက်သွန်နီ နဲနဲနွမ်းလာရင် ဘေဆယ်ရွက်၊ ငရုပ်ကောင်းနဲ့ ငရုပ်သီးလှီးထားတာလေးတွေခပ်ပြီး မွှေးလာရင် အပေါ့ အငံ အချိုမြည်း လိုရင်ထပ်ထည့် ချလို့ရပါပြီ။
ဘေဆယ်ရွက်မွှေးမွှေးလေးနဲ့ ကြက်သားဟင်းတစ်ခွက်ရပါပြီ။

ထမင်းဖြူ (သို့) ထမင်းကြော်ရယ် ကြက်ဥ half fried ကြော်ရယ်၊ ငရုပ်သီးငံပြာရည်ရောထားတဲ့ ဆော့စ်ရယ်တွဲစားကြပါတယ်တဲ့။

ငရုပ်သီးငံပြာရည်ဆော့စ် (Chili Fish Sauce)

၁။ ငရုပ်သီး ၂-၃ တောင့် ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီအလုံးသေးလေး၁လုံး ပါးပါးလှီးထားပါ။
၃။ ငံပြာရည် ၂ဇွန်း
၄။ သံပရာရည် (သံပုရာသီးသေးသေး တစ်စိတ်)
အထက်ပါ၄မျိုးကို ပန်းကန်ဲလုဲးထဲရောထည့်ရင် ငရုပ်သီးငံပြာရည်ဆော့စ် ရပါပြီ။


(Chilli fish sauce စပ်တဲ့ပုံကို အင်တာနက်မှ ယူပါသည်)

Sunday, May 24, 2009

Pineapple fried rice (နာနတ်သီး ထမင်းကြော်)





ဆာကူရာမှာသွားစားတိုင်း စားနေကျ ယိုးဒယားစတိုင် ထမင်းကြော်ပါ ... ချင်ခြင်းခဏခဏတက်လို့ ရက်စတောရန့်ချည်း သွားစားနေရင် မွဲမှာကြောက်လို့ အိမ်မှာကြော်တတ်အောင် လုပ်ထားပါတယ်။ ဆနွမ်းရွှေဝါရောင်လေးနဲ့ ... တစ်ခါတရံ စားကောင်းပါတယ် ... ဆနွင်းအနံ့မကြိုက်တဲ့သူတွေအတွက်တော့့ မပါလဲ ကောင်းပါတယ်။ ဆိုင်တွေမှာလဲ ဆနွင်းမပါတဲ့ version လဲရှိပါတယ်။ ဆနွင်းပါတာကို Yellow rice လို့တောင် ခေါ်သလားပဲ။ ကြံကြံဖန်ဖန် သမီးလဲကြိုက်ပါတယ်။ နာနတ်သီးကချိုလို့တဲ့။

၃ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေက
၁။ ထမင်းရေလျော့ထည့်ပြီး ခပ်မာမာလေး ၃ခွက်(Non Sticker) မှာပါသည့် ကော်ခွက်)လောက်တည်ပြီး အအေးခံထားပါ ။ အေးလျင်ခဲနေတာကို ခြေထားပါ။
၂။ ကြက်သား အကြေ (သို့) သေးသေးလှီးထားတာ ၁၀၀ ဂရမ်လောက် ကို ငံပြာရည်နဲနဲထည့်ပြီး နယ်ထားပါ။
၃။ ပုဇွန်ကြီးကြီး ၆ကောင် ရကောင်လောက်ကို အခွံခွာပြီး ထပ်ခြမ်းခြမ်း ဆား၊ ငံပြာရည်၊နနွင်းအနဲငယ်ထည့် နယ်ပြီး ၁၅ မိနစ်လောက်ထားပါ။
၄။ ပန်းငရုပ်ချို အစိမ်းရောင် အပွတောင့်ခပ်လတ်လတ် တစ်တောင့်ကို လက်သဲခွံလောက် သေးသေးလေးတွေ လှီးဖြတ်ထားပါ။
၅။ ကြက်သွန်နီ အဝါရောင် အရွယ်လတ် တစ်လုံးခန့်ကို လည်း လက်မဝက်ပတ်လည်လောက် လှီးဖြတ်ထားပါ။
၆။ မုံလာဥနီကိုလဲ သေးသေးလေးတွေ လှီးထားပါ။
ရ။ ကြက်သွန်မြိတ် ကိုလည်း ရိတ်ရိတ်လေးတွေ လှီးထားပါ။
၈။ နာနတ်သီးကို တော့ အချိုစိမ်ပြီးသား Tin ဘူးဖောက်ပြီး လက်မဝက်လောက်အတုံးလေးတွေ လှီးထားပါ။
၉။ ကြက်ဥ ၂လုံးခန့် ဆနွင်း၊ ဆား ထည့်၍ ခေါက်ထားပါ။
၁၀။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်စိတ်ခန့် ။
၁၁။ ငံပြာရည်၊ အချိုမှုန့်၊ ဆား သင့်သလို။
၁၂။သကြား စားပွဲဇွန်း ၂ဇွန်းခန့်။
၁၃။ ကုလားမဆလာ အနံ့မွှေးရုံ နည်းနည်း။ငရုပ်ကောင်း အဖြူ အနည်းငယ်။
၁၄။ ဆီ စားပွဲဇွန်း ၈ဇွန်းခန့် ။
၁၅။ Pork floss (ဝက်သားအမျှင်အခြောက်) သင့်သလို။
၁၆။ သီဟိုစေ့ကြော် အနည်းငယ်။

ကြော်ပုံကြော်နည်းက

၁။ မီးပြင်းပြင်းပေါ်တွင် Non- sticker ဒယ်အိုးဝိုင်း ကြီးထဲ ဆီထည့်၍ ဆီကျက်ရင် နနွင်းမှုန့်လေးပစ်ထည့် ကြက်သွန်ဖြူ ထည့်ပြီး မွှေပေးပါ။
၂။ ကြက်သွန်ဖြူ ရွေဝါရောင်သန်းလာလျင် ကြက်သား၊ ပုဇွန်ထည့်၊ ရေခြောက်ပြီး တင်းလာတဲ့အထိ မွှေကြော်ပေးပါ။
၃။ ကြက်သွန်နီ ၊ ငရုပ်ချိုသီးနှင့် မုံလာဥနီကိုထည့်၍ ထပ်မွှေပါ။ မွှေနေစဉ် ငံပြာရည်၊သကြားတစ်ဇွန်း ထည့်ပါ။
(တချို့တွေကလဲ ပဲစိမ်းလေးတွေ၊ ပြောင်းဖူးပြုတ်ချွေထားတာလေးတွေ ထည့်ကြော်ပါတယ်။ ရောင်စုံလေးဆိုတော့ လှတာပေါ့)
၄။ ကြော်ထားတာတွေကို ဘေးတစ်ဝိုက်ပို့၍ အလယ်ဆီစုနေသောနေရာကို ကြက်ဥခေါက်ပြီးသားထည့်ကြော်ပြီး ကြေအောင်မွှေပေးပါ။
၅။ ကြက်ဥကျက်လျင် ထမင်းခြေထားတာထည့်၊ သကြား၊ ငံပြာရည်၊ အချိုမှုန့် ၊ ငရုပ်ကောင်း၊ မဆလာထည့် ၊ နာနတ်သီးထည့် ၍ ၄-၅မိနစ်လောက် အသာမွှေကြော်ပေးပါ။ ထမင်းများသိပ်မကြေအောင် ဂရုစိုက်မွှေပါ။ အပေါ့၊ အငံ၊ အချိုမြည်း၍ စိတ်ကြိုက်ပြင်ပါ။
၆။ ထမင်းများ ဆီရောင်ထွက်၍မွှေးလာလျင် ကြက်သွန်မြိတ် ထည့်၍အသာမွှေပြီး ချနိူင်ပါပြီ။
အပေါ်က Pork Floss (ဝက်သားအမျှင်ခြောက် အချိုလေးတွေ) ၊ သီဟိုစေ့ကြော်ထားတာလေးတွေ ဖြူးပြီးစားပါ။

အထူးသတိပြုရန် ... Non-sticker ဒယ်အိုး (သို့) ဆီဝ၍ မကပ်သော ဒယ်အိုးကိုသာ သုံးပါ။ ထမင်းက အလွန်ကပ်တတ်သော အမျိုးဖြစ်၍ ကပ်တတ်သောဒယ်အိုးနှင့်ကြော်က ရွာလည်ပါမည်။ ထမင်းကလဲမာရပါမည်။ (ထည့်နေကျထက် ရေတစ်ခွက်လျော့ထည့်ပါ) ဆီနည်းရင်လဲ ထမင်းကြော်လို့ မကောင်းပါ။
Basil Chicken၊ ငံပြာရည် Sauce၊ ကြက်ဥ half fried ကြော် ၊ ရေနွေးကြမ်းတို့နှင့် လိုက်ဖက်ပါသည်။

အရင်ကြော်စားတုံးက ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ထဲက Pieapple rice version အမျိုးမျိုးရဲ့ ပုံတွေတင်ပေးလိုက်ပါတယ်။ ... ဆိုင်တွေမှာတော့ တစ်ချို့ပုံတွေထဲကလို နာနတ်သီးအခွံလေးထဲ ထည့်ပြီးပြင်ပေးတာပါ။

(မြန်မာကျူးပစ်တွင်ဖော်ပြပြီး)