Showing posts with label မြန်မာ အစားအသောက် ဓာတ်ပုံများ စုစည်းမှု. Show all posts
Showing posts with label မြန်မာ အစားအသောက် ဓာတ်ပုံများ စုစည်းမှု. Show all posts

Friday, May 1, 2009

ဟောဒီက မုန့်သည် ...

မုန့်စိမ်းပေါင်း ကောက်ညှင်းပေါင်း။


ရွှေထမင်း၊ သာကူပြင်၊ မုန့်ပေါက်စီ။


ရေမုန့်


မုန့်လုံးကြီး


အကြော်စုံ ပူပူလေးရမယ်၊ ရေနွေးကြမ်းနဲ့မြည်းရင် သိပ်ကောင်း။


ကောက်ညှင်းထုတ်


မုန့်ဆီကြော်


မုန့်လက်ကောက်


ခေါပုပ်၊ အိမ်ရောက်မှ ကြော်စားနော်။ နှမ်းထောင်းလေးပါဖြူးစားဖို့မမေ့နဲ့ဦး။


အညာထွက် ထန်းပင်မြစ်ပြုတ်တွေပါတော်။



ဒါလဲအိမ်ရောက်မှ သကြား၊ နို့ဆီနဲ့ ခေါက်စား။ အရမ်းဆိမ့်။


ပဲမြစ်တွေလဲ အိမ်ရောက်မှပြုတ်စားကြပါနော့။


ဝက်သားတုတ်ထိုးအစ်မ၊ တုတ်ချိုးထားတာလေးတွေက နှစ်ရာ။ မချိုးထားတာက တစ်ရာထဲပါ။


စလုံးစတိုင် အဲလိုတုတ်ထိုးမျိုးစုံလဲ ရနေပြီနော်။


အဟီး ... ဒါကတော့ အစ်မတို့ မနေ့က စားချင်တယ်ဆိုလို့ ကျွန်မ အရီးတို့ဗူးစင်က ဆွတ်လာခဲ့တာ။ အဲဒါအလကား၊ အဆစ်ယူသွားပါအစ်မ။


(ဒီတစ်ခေါက်ပြန်ဖြစ်တော့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေပါ ... resolution ကောင်းကောင်းကြည့်ချင်ရင် ပုံကို ကလစ်ကြည့်ကြပါနော် ...ဒီကတော့ ဝက်သားတုတ်ထိုးဗန်းကို ကလစ်မိလို့ မနက်ဖြန် လုပ်စားရင်ကောင်းမလား စဉ်းစားနေပါတယ်)

Wednesday, April 8, 2009

အလွမ်းပြေ မုန့်







ဒီတစ်ခေါက် အိမ်ပြန်ဖြစ်တော့ မုန့်လေးတွေ အမှတ်တ၇ ဓာတ်ပုံ၇ိုက်လာခဲ့တယ်။ ဒါလေးတွေ အရင်စားနှင့်ကြဦးနော် ... နောက်တစ်ခေါက်မှ ကျန်တာတွေ ထပ်တင်ပေးဦးမယ်နော် ... မုန့်ပစ်သလက်ရယ်၊ ဟိုးအပေါ်နားက မုန့်ဗိုင်းထောင့်ရယ် အကြိုက်ဆုံး။ ခုနေများ စားရရင် ပဲဆီ မွှေးမွှေးလေးဆမ်း၊ နှမ်းထောင်းလေးဖြူး ... ရှလွတ် ... လွှတ် ကောင်းလိုက်မဲ့ ဖြစ်ခြင်း ။