Showing posts with label (၃- ၇) အင်ဥကြော်. Show all posts
Showing posts with label (၃- ၇) အင်ဥကြော်. Show all posts

Monday, July 13, 2009

အင်ဥကြော်







လူကလဲ တော်တော်မအားလို့ ဘလော့လဲပစ်ထားတာ ကြာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ဘလော့မကင်းဖြစ်သော်လည်း လာလာ နှုတ်ဆက်မေးမြန်းဖော်ရတဲ့ သယ်ရင်း မသက်ဝေနဲ့ တကွ အားလုံးကို အားလည်းနာ ခင်လဲခင်မင်ပါကြောင်း ပြောရင်း ဒီနေ့ မြန်မာပြည် အညာဒေသ အလွမ်းပြေ အင်ဥကြော်လေး တင်ပေးလိုက်ပါတယ်။

အင်ဥကို ကိုယ်လဲ အရမ်းစားချင်နေတုံး ကျုးပစ်မှ သယ်ရင်း မလေဒီမှ စလုံးလာလည်စဉ် လက်ဆောင်ပေးလို့ ကြော်စားဖြစ်ပါတယ်။ မသက်ဝေတို့လို ရန်ကုန်သူတွေ စားဘူးမှာ မဟုတ်ပါ။ ကျွန်မလဲ ရန်ကုန်မှာတော့ တစ်ခါမှ မစားဘူးပါ။ အညာဘက် အဘွားတို့ဆီ အလည်သွားတုံးက အဘွားချက်ကျွေးလို့ တစ်ခါသာစားဖူးပေမဲ့ ကြိုက်လို့ အမှတ်တရ ရှိနေခဲ့ပြီး စလုံးလိုနေရာမျိုးကျမှ ကြံကြံဖန်ဖန် ကိုယ်တိုင်ကြော်စားဖြစ်တာ။

ချက်နည်းကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ သူက အင်ဖက်တွေအောက်မှာ မှိုလိုသဘောမျိုး ပေါက်တာဆိုတော့ ရေမဆေးရသေးရင် မဲမဲလေးတွေပါ။ ရေနဲ့ တစ်နာရီလောက်စိမ် ဓားလေးနဲ့့ အမဲလေးတွေ. ကုန်အောင် ခြစ်ချမှ သဲစင်ပါတယ်။ တော်တော်စိတ်ရှည်လက်ရှည် ဆေးကြောရပါတယ်။ နောက်မှို့ဆို စားရင် သဲတရှပ်ရှပ်နဲ့ အရသာပျက်ကရော။ အပြင်က အခွံလေးက ဆပ်တောက်တောက်၊ အထဲကအမဲလေးတွေက ဆိမ့်ဆိမ့်လေးနဲ့ အရသာအလွန်ရှိပါတယ်။ ဒီပို့စ်ရေးနေရင်းနဲ့ ကို ပြန်စားချင်နေပါပြီ။