...
မနှစ်လောက်က ၊ ကြာပါပြီ..
အိမ်မှာတစ်ရက် သမီးတော်က အမေနယ်ပေးထားတဲ့ ကြက်သွန်မြိတ် ဝက်ဂုတ်သားကို ကြော်နေတာ gas မီးဖိုးမှာ မီးခိုးတွေ ထောင်းထောင်းထ၊ သုံးတာက non-sticker အိုးနဲ့ ဆိုတော့ သမီးအတွက် စိတ်ပူမိတယ်။
သမီးရေ non-sticker အိုးတွေက အပူချိန် အရမ်းမြင့်ပြီး ဆီတွေက smoking point ရောက်သွားရင် Teflon coat တွေကနေ chemical တွေ ထွက်ပြီး ကျန်းမာရေး အတွက် အန္တရာယ် ရှိနိူင်တယ်၊ non-sticker အိုး မသုံးပါနဲ့လားဆိုတော့ အဲဒါဆို steel အိုး ဝယ်ပေးပါလားတဲ့။
အိမ်မှာ အမြဲကြော်နေကျ တရုတ် wok အိုးကြီးရှိတာကို၊ သူက ကြီးလွန်းတော့ အိမ်က princess လေးက မသုံးချင်ဘူးလေ။
ကိုယ်ကတော့ အဲဒီ chemical တွေ အူယားလွန်းလို့ အိမ်မှာ ဘာကြော်ကြော် ဘာချက်ချက် တရုတ်အိမ်တွေလို အဲဒီ ဆီဝနေတဲ့ wok ဒယ်အိုးကြီးပဲ ထည်လဲသုံးတာ၊ ချက်လိုက် ဆေးလိုက် အပူပေးလိုက်၊ ဆီသုပ်လိုက်နဲ့ ဟန်ကျနေတာ။
အဲဒီက ထွက်တဲ့ smoke ကတော့ chemical တွေ မပါတော့ သုံးရတာ စိတ်ထဲ အန္တရာယ်ရှိတယ် မထင်ဘူး။
ဒီ non-sticker တွေက ကြက်ဥကြော်ေလာက်တဲ့ အပူချိန် (deg C) ၁၆၀ ကနေ ၂၀၀ လောက်သာ အကောင်းဆုံး ဖြစ်ပြီး၊ ၂၀၀ ကနေ ၂၃၀ လောက်အထိက ဆီမီးခိုးတွေ ထွက်သည်အထိ အချိန် အကြာကြီးသုံးမိရင် အန္တရာယ် ရှိပါတယ်တဲ့။ အပူချိန် ၂၆၀ နောက်ပိုင်းတော့ coating တွေ ပျော်ကျ ပြတ်ကျ နိူင်တဲ့ အပူချိန်မှို့ သုံးဖို့ လုံးဝ မသင့်တော်ပါဘူးတဲ့။ ဘယ်သူကများ အပူချိန် တွေ တိုင်းပြီးသုံးနိူင်မှာမှို့လဲ။ ဒီအပူချိန်တွေ ချက်ရင်းကြော်ရင်း သုံးမိကြမှာပဲ မဟုတ်လား။
ဒါကြောင့် အိမ်မှာ အန္တရာယ်ကင်း၊ဘေးရှင်းအောင် non-sticker တွေကို တတ်နိူင်သမျှ မသုံးရအောင်ဆို မိသားစု တိုင်ပင်ကြတယ်။ သမီးက အဲ့ဒါဆို သူ့အတွက် steel ဒယ်အိုး ဝယ်ပေးဆိုတာနဲ့ ဒီပြောင်းလာတော့ စင်္ကာပူကနေ WMF စတီးအိုး set လိုက်ဝယ်တာ သတိရ၊ အဲ့ တုံးက စတီးလ် ဒယ်အိုးက ကပ်လို့ဆို ထုတ်ကိုမသုံးခဲ့တာပါ။ non-sticker အိုးတွေပဲ သုံးတာ များတယ်။ မကပ်တော့ အရမ်းကြိုက်ခဲ့ သုံးခဲ့တာပေါ့။
ဒါနဲ့ ကားဂိုထောင်ထဲက အထုတ်တွေ ပုံးတွေထဲ ရှာတာ မတွေ့တာနဲ့ ဒီတိုင်းပဲထားလိုက်တာ။ သမီးကတော့ non-sticker အိုး မသုံးပဲ air frier သုံးတာ များလာတယ်။
ဟိုတလောကတော့ steel ဒယ်အိုး ရှာမတွေ့လဲ အသစ်ဝယ်တော့ မယ်ဆို မဝယ်ခင် နောက်ဆုံးတစ်ခေါက် အင်တိုက် အားတိုက် ပြန်ရှာတာ.. ကားဂိုထောင်ထဲက ကပ်ထူပုံးတစ်လုံးထဲမှာ ကြွပ်ကြွပ်အိပ်နဲ့ သေချာထုတ်ထားတဲ့ steel ဒယ်အိုး ပြန်တွေ့ပါလောရော၊ ပျော်လိုက်တာဆိုတာ ရွှေအိုး ပြန်တွေ့တဲ့ အတိုင်း။
steel ဒယ်အိုးလေး ပြန်တွေ့တော့ သမီးကိုလဲ အဲ့အိုးပဲ သုံးခိုင်း၊ ကိုယ်လဲ ဆီဝနေတဲ့ wok ကြီး အပြင် အဲဒီ စတီးလ်အိုးလေး သုံးတော့ တော် တော် အဆင်ပြေသားပဲ။ ခုဆို ဆီပဲ ဝသွားလို့လား သိပ် ကပ်လှတယ်ရယ်လဲ မရှိပါဘူး။ 90% လောက် ကတော့ မကပ်တဲ့ အစားအသောက်တွေပဲ ကြော််ဖြစ် ချက်ဖြစ်တာများလို့ အရင်ကလို non-sticker ရဲ့ အဆင်ပြေမှုကို သိထားလို့ သုံးတာမျိုး မဖြစ်တော့ဘူး။
ဟင်းချက်တဲ့ အိုးတွေကတော့ အိမ်မှာ အားလုံး steel အိုးပဲ သုံးတာ ကြာပါပြီ။ non-sticker တစ်လုံးမှကို မရှိတော့တာ။ အိမ်က ခုသုံးနေတဲ့ WMF model ကို ကြိုက်လွန်းလို့ နောက် တစ်ဆက် ေတာင် ထပ်ဝယ်ထားတာ။ ဒယ်အိုးေတာ့ မပါဘူး။ ခု ဒယ်အိုးသာ ပြောင်းနိူင်ရင် တော် တော် များများ အန္တရာယ် ကင်းပါပြီ၊
အိမ်မှာ သမီးအမြဲသုံးတဲ့ ဒယ်အိုး အသေးဆုံးလေးက နောက်ဆုံး non-sticker လေးပါ။ ပြီးခဲ့တဲ့ အပတ်ကပဲ ပစ်လိုက်ပြီး သမီးနဲ့ ကိုက်မဲ့ scan pan stain less steel ဒယ်အိုး အသေးလေးတစ်လုံး ဝယ်လိုက်တယ်။
လောလောဆယ် rice cooker ကတော့ non -sticker ပဲ၊ Air fryer က တော့ Al foil သုံးတော့ ကိစ္စမရှိလှ။
Carbon steel (wok) အိုးကို မကပ် အောင် seasoning လုပ်လို့ရပေမဲ့ stainless steel အိုးကတော့ မရပါဘူးတဲ့။ လုပ်ကြည့်ရင်လဲ ခဏသာ ခံပြီး oil coating က ပြန်ကွာသွားတတ်ပါတယ်တဲ့။
stainless steel အိုးကို အကပ်သက်သာအောင် သုံးနည်းရှိပါတယ်။
ပထမဆုံး အိုးကို ဆီမထည့်ခင် medium heat နဲ့ တစ်မိနစ်-၂မိနစ် လောက် ပူနေ အောင်ထားပြီးမှ ဆီကိုထည့် ခဏစောင့်ပြီးမှ ကြော်ရင် အိုးကပ်သက်သာပါတယ်တဲ့။
ငါးတွေ ဘာတွေ ကြော်လဲ ပူနေတုံး မလှန်ပဲ သူ့ သဘာဝအတိုင်း အေးသွားမှ ခွာရင် အဆင်ပြေပါတယ်။
stainless steel အိုးကို seasoning လုပ်ချင်လဲ အ ပေါ် က အတိုင်း လုပ်နိူင်ပါတယ်။ permanent non-sticking ဖြစ်မသွားပေမဲ့ အိုးကသိပ်မကပ်တော့ပဲ ပို သုံးရတာ အဆင်ပြေပါတယ်။
အိမ်မှာတော့ non-sticker free kitchen လုပ်ဖို့ rice cooker ကို ဒန်အိုး ဖြစ် ဖြစ်၊ စတီးအိုး ဖြစ်ဖြစ် ရှာရပါဦးမယ်။
ဒီရောက်စက စင်္ကာပူရီယမ် သူငယ်ချင်းမ တစ်ယောက်ရှိတာ၊ သူက အဲ့အချိန်ကတည်းက non-sticker free, microwave free သူ့ အိမ်မှာ။
အဲ့တုံးက သူက rice cooker ကို non-sticker မဟုတ်တာ လိုက်ရှာတာမှာ သူနဲ့ ခြေတိုအောင် သွားရှာခဲ့ကြတာ သတိရတယ်။
သူ့ကို kiasu ဆိုပြီး အတင်းပြောခဲ့တာလဲ သတိရတယ်။
ခုတော့ ဝဋ်လည်ပြီပေါ့။ 
...
ရေးရင်းနဲ့ ဗိုက်ဆာလာပြီ။ steel ဒယ်အိုးလေးနဲ့ ကြက်ဥလေး half fry လေးသွားကြော်စားလိုက်ဦးမယ်နော်၊
စမ်းကြည့် မလို့။ ကြက်ဥတော့ မကြော် ဖူးသေးလို့၊။
...
non-sticker ကင်းစင် ... မီးဖိုချောင်တွင်
...
အားလုံး ကျန်းမာကြပါစေ။