Monday, April 13, 2026

ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်

 Colourful bean salad and paprika grilled chicken



ယနေ့ည ဒင်နာရဲ့ theme ကတော့ colorful healthy food ဖြစ်ပါတယ်။
ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ် လုံးဝမပါပဲနဲ့ ဗိုက်ကားအောင်စားပြီး ဝိတ်ချနိူင်တဲ့ menu လေးပါ။
ဒီက fish and chip ဆိုင်တွေမှာ အဲလို အသီးအရွက် salad မျိုးစုံ ရောင်းတာ bean salad ကလဲ စားကောင်းလို့ မကြာခဏဝယ်စားဖြစ်ပါတယ်။ ဒီနေ့တော့ အိမ်က အိမ်သားက သူ့ဗိုက်ပြုတ်ချင်လို့ ဝိတ်ချနေတာ bean salad စားချင်တယ်ဆိုလို့ သုပ်စားဖြစ်ပါတယ်။
salad ကို အရောင်စုံလေး လိုချင်လို့ ပဲကို ၃ ရောင် ၃ဗူးဝယ်ပြီး သုပ်ထားတာပါ။
အသီး အရွက်တွေက ခရမ်းချဉ်သီး၊ ငရုပ်ပွ၊ သခွားသီး၊ ကြက်သွန်အနီ၊ ကြက်သွန်အဖြူ၊ နံနံပင်တွေနဲ့ sauce ကို ချိုချဉ်လေး စပ်ပြီး သုပ်ပါတယ်။ sauce ထဲမှာ သံပုရာရည်၊ ဆား၊ ပျားရည်၊ ငရုပ်ကောင်းအမဲ မှုန့် နဲ့ Kewpie Japanese Dressing Roasted Sesame တို့ပါပါတယ်၊ အလွန် အနံ့ အရသာနဲ့ပြည့်စုံသော dressing sauce လေးပါ။


ကြက်သားကတော့ ကြက်ပေါင်သားကို အသားချည့် အပြားလိုက်လေးရအောင် ထွင်ပြီး အောက်ပါ ingredient များနဲ့ နယ်နှပ်ပြီး ရေခဲသေတ္တာထဲ တစ်ရက် ထားပါတယ်။ ပြီးတော့ air frier နဲ့ ၁၈၀ deg ၁၀မိနစ် တစ်ဖက် နောက် တစ်ဖက်လှန် ၅ မိနစ် ကင်ပါတယ်။
ကြက်ပေါင် အသားချည့် ၇၀၀ ဂရမ်
garlic powder - 1.5 tsp
ပဲငံပြာရည် အကြည် - 1 tbs
ဆား - 0.5 tsp
ခရုဆီ - 1 tbs
ကိုရီးယားငရုပ်သီးမှုန့် (paprika) - 1 tbs
ငရုပ်ကောင်းမှုန့် အမဲ ခွဲခြမ်း (crushed black pepper) - 0.5 tsp
သကြား - 1 tbs
တရုတ်မဆလာ - 0.25 tsp
ဆီ - 1 tbs
အ ကြော်မှုန့် - 1 tbs
tsp= tea spoon, tbs = table spoon
တကယ့် အတိအကျ ချင်တွယ်တဲ့ ဇွန်းတွေ သုံးပါတယ်။


..
အိမ်မှာ သုပ်စားကြည့်ပါနော်။ ကျန်းမာရေးနဲ့လဲ ညီညွတ်၊ အရသာလဲရှိ ထမင်းဟင်းလဲ ချက်စရာမလိုတော့ပါ။