မဆွိတီတို့မိသားစုတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာက ရန်ကုန်တစ်ခေါက် ပြန်ခဲ့ကြတယ်။ ရန်ကုန်ဆိုပေမဲ့ ဦးခြိမ့်တို့နေတဲ့မြို့ကိုလဲ ရောက်ခဲ့တယ်။ ပုံလေးတွေနဲ့ပဲ ခရီးသွားမှတ်တမ်းလေး တင်လိုက်တယ်။ သမီးတစ်ဖက်နဲ့မှို့ ဓာတ်ပုံတွေ အများကြီး မရိုက်ခဲ့ရတော့ ပုံတွေကတော့ သိပ်မစုံဘူး။ ခွင့်လွှတ်ကြပါ။
၂၄ ဒီဇင်ဘာ ၂၀၁၀
ရောက်ရောက်ချင်း အမေတို့နေတဲ့ ရန်ကုန်မြို့စွန်ကအိမ်မှာ တည်းပါတယ်။ ဂျူဂျူးက ညီမ၀မ်းကွဲလေးတွေနဲ့ ဆော့ရတော့ အဲဒီမှာ အရမ်းပျော်တယ်။
အမေတို့အိမ်က ထမင်းဝိုင်း။ ကြက်သားဟင်းကလဲ စလုံးကကြက်တွေနဲ့ တခြားစီလိုပဲ။ စားရတာ စေးစေးပိုင်ပိုင်နဲ့ လေးလေးပင်ပင်ရှိတယ်။ (စလုံးရောက်စက စလုံးက ကြက်တွေက အောက်သလိုလို အနံ့တစ်မျိုးရလို့ဆို စားလို့မရဘူး။ ခုတော့ used to ဖြစ်သွားပါပြီ။ ) မှိုကန်ဇွန်းကလဲ ချိုလိုက်တာဗျာ။ မုံလာဥနဲ့ မုန်ညင်းနဲ့ကိုရောပြီး ချဉ်ရေချက်ထားတာလဲပါတယ်။ ငပိရည် အတို့၊ အမြှုတ်၊ ကြောင်လျှာသီးကြော်၊ ၀က်သားဆီပြန်၊ ဂျူဂျူ့အတွက် ကြက်သားကြော် အစုံပါပဲဗျာ။ ပြီးတော့မှ ငါးကျည်းကြော်မေ့နေလို့ဆို လာချပေးသေးတယ်။ အမေတို့နေတဲ့ နေရာက မြို့စွန်ဆိုတော့ အသီးအရွက်တို့ဘာတို့ သိပ်ပေါတာ။ ခြံတွေမှာ စိုက်ပြီး လာရောင်းတာဆိုတော့ ဈေးလဲပေါတယ်၊ လတ်လဲလတ်ဆတ်တယ်။ အတို့အမြှုတ်ကအစ ပိုချိုတယ်။ စလုံးကနဲ့ မတူသလိုပဲ။
၂၅ ဒီဇင်ဘာ ၂၀၁၀ - ခရစ်စမတ်နေ့
နောက်နေ့ကျတော့ မဆွိတီရဲ့ ကျောင်းတုံးကတွဲခဲ့တဲ့ ချစ်သူငယ်ချင်းအိမ်က ခရစ်စမတ်ပွဲကို သားအမိ၂ယောက်သွားကြတယ်။ ရန်ကုန်ပြန်တိုင်း အဲဒီခရစ်စမတ်မှာ တခြားသူငယ်ချင်းတွေနဲ့လဲ ဆုံနေကျ။ သူငယ်ချင်း၂ယောက် ဘယ်သူက ပို slim ဖြစ်လဲ ပြိုင်ကြတယ်။ မဆွိတီက လာခါနီး အသေ၀ိတ်ချလာတာဆိုတော့ သူ့ထက် ၃ကေဂျီလောက်လျော့နေတာကို ကျေနပ်ဟန်မတူဘူး။ သူတို့အိမ်က ပေါင်ချိန်စက်မှာ ချိန်ခိုင်းပြီး ဒန်ပေါက်ကို ၂ပွဲတိတိ မကုန်မချင်းစားခိုင်းတယ်။ သူနဲ့ ၀ိတ်ညီအောင်တဲ့။ ဆိုးချက်။
မေးခွန်း - ကူရှင်ကြီးတွေ ဘာလို့ ကိုင်ထားကြတာလဲ ... ...???
အဲဒီမှာ အဖြစ်တစ်ခု ပြောပြဦးမယ်ဗျာ။ အဲဒီနေ့က မဆွိတီတို့သားအမိက ၀ီရိယကောင်းပြီး သူငယ်ချင်းအိမ်ကို မနက်၁၀နာရီလောက် ရောက်သွားတယ်။ တခြားသူငယ်ချင်းတွေကတော့ ဆရာကန်တော့ပွဲရှိလို့ဆို နေ့လည် ၂နာရီ၊ ၃နာရီမှလာမယ်တဲ့။ သူငယ်ချင်းကလဲ တစ်ခြားဧည့်သည်တွေ ဧည့်ခံစရာလဲ ရှိသေးတော့ ကိုယ့်ကိုဂရုစိုက်နေရမှာ စိုးတာရယ်၊ ကိုယ်လဲ ဈေးဝယ်စရာလေးတွေရှိတာနဲ့ သူတို့နားက ရှောပင်းမောမှာ ဈေးသွားပတ်နေတာ။ နေ့လည်မှ ပြန်လာမယ်ပေါ့။ ဟိုရောက်တော့ အဲဒီရှောပင်းက သေးသေးလေး။ ကိုယ်လိုချင်တာတွေ မရှိဘူး။ ဒါနဲ့ ယုဇနပလာဇာကို သွားဝယ်မယ်ဆို အနားမှာရပ်ထားတဲ့ တက္ကစီတစ်စီးကို ဈေးမေးပြီး ယုဇနပလာဇာကို သွားကြတယ်။
ကားထွက်ကာစ ခဏပဲ မောင်းရသေးတယ်။ မဆွိတီက သတိရသွားတာ။ ဟာ ဒီနေ့ ခရစ်စမတ်နေ့ကြီး ဈေးဖွင့်ရဲ့လားမသိဘူးဆို မေးမှ တက္ကစီသမားက မဖွင့်ပါဘူးတဲ့ဗျာ။ ဟာ အစ်မက ယုဇနမှာ ဈေးသွားဝယ်မှာ။ အဲဒါဆို မသွားတော့ဘူး။ အစ်မကို ခုနနေရာ ပြန်ပို့၊ ခုနက ၃၅၀၀ ပြောတာ အစ်မ ၁၅၀၀ ပေးမယ်ဆို၊ မောင်မင်းကြီးသားက လူကိုငေါက်ငမ်းပြီး ခရစ်စမတ်မှာ ဈေးပိတ်တာတောင် မသိဘူးလား။ ဘာညာနဲ့ ထကောပါရော။ ကိုယ်ဖက်က မှားမှန်းသိလို့ ပြေပြေလည်လည်ပြောနေတာကို စွတ်ကောနေတော့ အဲဒီကတည်းက စိတ်ကတိုချင်နေပြီ။ ပြီးတော့ ၃၅၀၀ ပဲ အပြည့်ပေးရမယ်တဲ့။ ကဲ ယုဇနလို ၈မိုင်လောက်ဝေးတဲ့နေရာကို ၃၅၀၀ ပေးရတာ ဟုတ်ပါတယ်။ ခုဟာက မိုင်ဝက်လောက်ပဲ ရှိတဲ့ခရီးကို ပြန်သွားရမှာနော်။ မဆွိတီလဲ တော်တော်ကို စိတ်တိုသွားတယ်။ လူတွေ မရိုးသားတာ၊ မတရားသဖြင့် လိုချင်တာကို ပြောတာပါ။ နီးနီးလေးပဲဟယ် ၃၅၀၀ကတော့ များတာပေါ့။ ၁၅၀၀ ပဲယူပါဆိုတာကို ဇွတ် ၃၅၀၀ပဲ တောင်းနေတော့တာပဲ။ ဒါနဲ့ ကိုယ်ကလဲ ညစ်တွန်းတွန်ပြီး ပြောလိုက်တာ။ ကဲ အဲဒါဆိုလဲ ယုဇနပလာဇာကိုသာမောင်း၊ တောင်းတဲ့ အတိုင်း ၃၅၀၀ ပေးမယ်ဆိုမှ ခုနကနေရာပဲ ၁၅၀၀ နဲ့ ပြန်ပို့မယ် လုပ်ပါတော့တယ်။ ကိုယ်က အမှန်တကယ်တော့ ငွေကို ကပ်တွက်တာ မဟုတ်ပါဘူး။ တန်ရာတန်ကြေးပဲ ပေးချင်တာပါ။ ကဲ ရန်ကုန်မှာ အဲလို အဖြစ်မျိုးတွေ ရှိပါတယ်ဗျာ။
သူငယ်ချင်းအိမ်က ညနေပြန်တော့ အိမ်က အမျိုးတွေရော၊ မိသားစုတွေရော စားရအောင်ဆို ကြက်လျှာစွန်းမှာ ဒန်ပေါက် ၀င်ဝယ်တယ်။ လူကြီးတွေအတွက် နို့စိမ်းဒန်ပေါက် လဲပါတယ်။ KSS တဲ့ ကြက်လျှာစွန်းနဲ့ မျက်စောင်းထိုးမှာပဲရောင်းတာ။ ကြက်လျှာစွန်းကိုပဲ ၂နေရာ ခွဲရောင်းတာပါ။ နို့စိမ်းဒန်ပေါက်က သွေးတိုးသမားတွေပါ စားလို့ရတယ်တဲ့။ စားကြည့်တော့ အရသာလဲ တော်တော်ကောင်းတယ်။ မဆွိတီကတော့ ရိုးရိုးဒန်ပေါက်ထက်တောင် ပိုကြိုက်သေး။ အစားငမ်းနေတာနဲ့ ပုံတွေ မရိုက်ခဲ့ရဘူး။
(အောက်ကပုံကတော့ KSS ဒန်ပေါက်ဆိုပြီး ဂူဂဲကနေ ရှာထားတာပါ။ )
)
အိမ်ရောက်တော့ ရယ်စရာတစ်ခု ပြောပြဦးမယ်။ အိမ်မှာ မဆွိတီလာမယ်ဆိုတော့ အမျိုးတွေ ရောက်နေကြတာ။ လူတွေလဲ အများကြီးပေါ့။ ဒန်ပေါက်တွေ စားခါနီး လိုက်ပေးတော့ ထမင်းစားပွဲဘေးက ခုံမှာထိုင်နေတဲ့ လူတစ်ယောက်။ သူကနောက်လှည့်နေတော့ အမျိုးထဲက ဘယ်သူများလဲပေါ့။ စဉ်းစားလိုက်ရတာ။ မည်သူလို့ ထင်ပါသလဲ ပိတ်တတ်ကြီး။ ဦးခြိမ့်ပါခင်ညာ။ မဆွိတီတို့ သွားပြီး နောက်နေ့မှ သူလိုက်လာတာပါ။ လာမယ်ဆိုတာလဲ သိပါတယ်။ တစ်နေကုန် အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့နေတော့ ပျော်နေပြီး ကိုယ့်ယောက်ျားလာမှာကို မေ့သွားတာ။ သူ့သူငယ်ချင်းတစ်ယောက်က လေဆိပ်မှာ သွားကြိုပြီး အိမ်မှာ
ဝင်ချသွားတာပါ။ ဟယ် ဟိုက လူစိမ်းကြီး ဘူများလဲလို့ ဒီကကြည့်နေတာ ဆို မျက်နှာချိုသွေးပြီး စ လိုက်တော့ ဦးခြိမ့်က လူကို ညက်စောင်းအကြီးကြီး ထိုးပြီး ကြည့်ပါတယ်ခင်ညား။
မဆွိတီတို့များ ရန်ကုန်ရောက်ရင် အဲလို ကိုယ့်ယောက်ျားကိုယ်တောင် မေ့တာ။
၂၆ ဒီဇင်ဘာ ၂၀၁၀
နောက်နေ့ကျတော့ မြို့ထဲဖက် သွားရလာရလွယ်အောင် ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ရဲ့ တည်းခိုခန်းတစ်ခုမှာ သွားနေကြတယ်။ ကိုယ်ကတော့ အမေတို့ အိမ်မှာပဲ နေချင်သေးတာ။ ဂျူဂျူကလဲ မမလဲ့လဲ့တို့အိမ် ပြန်မယ်ချည်း ဂျီကျနေတော့တာပဲ။ ဦးခြိမ့်ကဝေးလို့တဲ့လေ။
မနက်ဖက် ဦးခြိမ့်သူငယ်ချင်းက မနက်စာ စားရအောင်ဆို မုန့်ဟင်းခါးဆိုင်တစ်ဆိုင် လိုက်ပို့ပေးတယ်။ လူကုံထံတွေနေတဲ့ ရပ်ကွက်က မူလတန်းကျောင်းဘေးမှာ ကပ်ဖွင့်ထားတဲ့ ဆိုင်ပါဗျာ။ မုန့်ဟင်းခါး ဘူးသီးကြော်၊ ငါးဖယ်ကြော် တစ်ပွဲကို ၁၅၀၀ ကျပ်ပါတဲ့ အရပ်ကတို့ရေ။ စားလို့တော့ ကောင်းပါတယ်။ အရည်ကျဲကျဲ ချိုချိုနဲ့ ငါးများများနဲ့ ချက်ထားတာ။ ထူးဆန်းတာက ကျောင်းဘေးနားက အဖီတဲမှာ ဖွင့်တဲ့ဆိုင်ကို လာစားသူတွေက ပါကျဲရိုးတို့၊ လင်ခရူဆာတို့လို ကားကောင်းတွေနဲ့ လာစားကြတာပါပဲ။ ကျောင်းဝန်းကကျယ်တော့ ကားရပ်လို့ရတယ်လေ။ သူတို့တွေလာစားတော့ မုန့်ဟင်းခါးက အလိုလို ဈေးမြောက်သွားပြီး ဆိုင်ရှင်ကလဲ အင်မတန်ကြီးကျယ်တယ်ဆိုပဲ။ မုန့်ဟင်းခါး အကြော် တစ်ပွဲ ဘယ်လောက်လဲ ဈေးမေးရင်ကို မကြိုက်ဘူးတဲ့ဗျာ။ အထူးအဆန်းအနေနဲ့ အဲလို ဆိုင်မျိုး ရောက်ဖူးအောင်ဆို လိုက်ကျွေးတာပါတဲ့ ... ကဲ ။ ရန်ကုန်မှာ ဒါမျိုးတွေလဲ ရှိတယ်။
မနက်စာစားပြီးအပြန် ဦးခြိမ့်က သူ့သူငယ်ချင်းဆီသွား။ သားအမိ၂ယောက်က စိတ်မလျှော့ဘူး။ ယုဇန ပလာဇာမှာ ဈေးပတ်ကြတယ်။ အဖေ့အတွက်နဲ့ ဦးခြိမ့်ဖို့ သိုးမွှေးဆွယ်တာတွေ၊ ပုဆိုးတွေ၊ စွတ်ကျယ်တွေ ၀ယ်လာခဲ့တယ်။ ယုဇနပလာဇာက ဈေးဝယ်လို့ သိပ်ကောင်းတယ်။ ဆိုင်တွေကလည်း အများကြီး၊ ပစ္စည်းတွေလည်း အများကြီးရွေးလို့ရတယ်။ သိုးမွှေး ဆွယ်တာ တစ်ထည် ၇၀၀၀ ပါ။ ပုဆိုးက ဦးဂျမ်း ၁၂ထည်ဝယ်တာ ဈေးကတော့ မေ့ပြီ။ သမီးက ကာတွန်းကားခွေတွေ ပူစာလို့ ၀ယ်ပေးရသေးတယ်။ (အိမ်ရောက်တော့ ဖွင့်ကြည့်တာ အဆင်မပြေပါ။)
သားအမိ၂ယောက် ယုဇနပလာဇာရှေ့ငုတ်တုတ်ထိုင် ကားစောင့်ရင်း ရိုက်ထားတာ။ ဂျူဂျူက သူကြိုက်တဲ့ barbie princess ဇာတ်လမ်းတွေ အများကြီးပါတဲ့ အခွေရလာတော့ အရမ်ပျော်နေတာ။ အဲဒီအခွေလေး တကိုင်ကိုင်နဲ့။
နေ့ခင်းစာကို လှည်းတန်းက ဓနုဖြူ ဒေါ်စောရီမှာ စားကြတယ်။ မဆွိတီက ငရန့်အူဟင်း၊ ဦးခြိမ့်က ငါးဖယ်ဆီပြန်၊ ကင်ပွန်းချဉ်နဲ့ ပုစွန်ဆိတ်ကလေးတွေ ကြော်တာ၊ နောက်ကြက်သားကြော်ကို အသားလေးတွေဖဲ့ပြီး ပြန်သုတ်တာ အစုံပါပဲ မှာစားကြတယ်။
ညနေကျတော့ ရွှေတိဂုံဘုရားပေါ် တက်ကြတယ်။
ရွှေတိဂုံပေါ်မှ ဗုဒ္ဓဟူးသားအဖ။ ဦးခြိမ့်ကတော့ ဘာတွေ ပီတိဖြာနေသည်မသိ။
အင်တာနက်ထဲမှာ အင်မတန် ရေပန်းစားလှသော လူတစ်ယောက်နှင့် ဘုရားပေါ်မှာ မျက်နှာချင်းဆိုင် နီးပါးမျှ ဆုံခဲ့ရသည်။ ဦးခြိမ့်က ဒီနေရာ လူရှင်းတယ်ဆို ဓာတ်ပုံတွေ ရိုက်ပေးနေတာ။ ရှင်းမှာပေါ့ သောကြာသား လာမှာမှို့ ရှင်းထားတာကို။ သောကြာထောင့်မှာလဲ အနီရောင် ကောဇောကြီး ခင်းထားတယ်။ အစိမ်းရောင်တွေကလဲ ဗျောက်တွေနဲ့ တကိုင်ကိုင်နဲ့၊ သတိတော့ထားမိသား။ သောကြာသားကြီး ကိုယ်တိုင်မှန်းတော့ ဘယ်သိမတုံး။ လုံခြုံရေးက လမ်းလေးတွေ ရှင်းပေးပါတဲ့ဆိုမှ ကြည့်လိုက်တော့ အောင်မလေးဗျာ သောကြာသားက ကိုယ်တို့ရှေ့နားမျက်နှာချင်းဆိုင်မှာ ရောက်နေပြီ။
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ... ပလပ်ပေါက်ကိုကိုင်။
ဘုရားရိပ် တရားရိပ်ကတော့ တကယ်အေးချမ်းပါတယ်။
အောင်မြေနင်းကြတယ်။
ညကျတော့ ၁၇လမ်းက ၀က်သားတုတ်ထိုးစား၊ ရွှေပုဇွန်မှာ ဖာလူဒါသောက်၊ မေ 11 မှာ ခေါင်းသွားလျှော်ကြတယ်။
(သတိ ... စာဖတ်ပိတ်တတ်များ အောက်က ၀က်သားတုတ်ထိုးဘန်းကို ၂ခါ မကလစ်ပါနှင့်။ ကလစ်မိပါက ကိုယ့်အပြစ်နဲ့ ကိုယ်နော်း ))... ကိုကြီးကျောက် သွားကလစ်တယ်နဲ့ တူတယ် ... )
၂၇ ဒီဇင်ဘာ ၂၀၁၀
နောက်နေ့ မနက် မနက်စာကို Feels မှာ သွားစားကြတယ်။ management တော်တော်ကောင်းတဲ့ဆိုင်ပါ။ ၀န်ထမ်းတွေရော အစားအသောက်တွေရော သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့။ မြန်မာအစားအသောက် အကုန်နီးပါး ရတယ်။ မဆွိတီတို့အတွက်တော့ ရေငတ်တုံးရေတွင်းထဲ ပြုတ်ကျသလိုပဲ။ ရွေးစရာတွေများလွန်းလို့ ဘာစားရမယ်မှန်းတောင် မသိတော့ပါဘူး။ အသိက ပြောပြတာတော့ မူရင်းဆိုင်ပိုင်ရှင်က တော်တော့်ကို စေတနာကောင်း၊ စိတ်နှလုံးကောင်းရှိတဲ့လူပါတဲ့။ အခု အဲဒီ ဖီးလ်ဆိုင်တွေကို အရင်းကျေတော့ သူ့တပည့် လုပ်ဖော်ကိုင်ဖက်တွေကို အပိုင်လွှဲပေးလိုက်သတဲ့။ အစားအသောက်လုပ်ငန်းလုပ်ရာမှာ စေတနာက အင်မတန် အရေးပါပါတယ်။
မနက်ခင်းမှာ ဒီဖောင် (D Form) သွားလုပ်ပြီး အကူအညီပေးတဲ့ မောင်လေးနဲ့အတူ နေ့ခင်းစာကို ၈မိုင်က ဆိုင်တစ်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြပါတယ်။
ညနေကျတော့ အလှူဒါန ပြုကြသူငါ အစီအစဉ်ပါ။ လှိုင်မြို့နယ်မှာရှိတဲ့ မေတ္တာဝါဓီ ပရဟိတ မိဘမဲ့ ခလေးကျောင်းမှာ ငွေသွားလှူကြတယ်။
အပြန်ကျ ဦးခြိမ့်သူငယ်ချင်းတစ်ယောက်ရဲ့ XXX XXXX ယာဉ်တွေထုတ်တဲ့စက်ရုံကို သွားကြည့်ကြတယ်။ အလုပ်သမားလေးတွေ သနားပါတယ်ဗျာ။ သွပ်ခေါင်မိုးပူပူအောက်မှာ မီးတွေ ၀ရိန်တွေနဲ့ လုပ်နေရတာ။ ပန်းပဲထုနေတဲ့ လူတွေလဲရှိတယ်။ တွင်ခုံလေး နဲနဲတွေ့ရတာကလွဲလို့ ဟိုးရှေးခေတ်ကအတိုင်း လူအားကို သုံးပြီး လုပ်နေရတုံးပါ။ အဲမှာလဲ ထူးဆန်းတာတွေ တွေ့ခဲ့ရသေးတယ်။ စက်ရုံမှာ စက်တွေသာ ထုတ်နေတာ၊ အင်ဂျင်နီယာတစ်ယောက်မှ မရှိဘူးတဲ့ဗျာ။ BE မပြောနဲ့ AGTI ကို မရှိတာပါ။ တရုတ်ကလာတဲ့ ဒီဇိုင်းကို တစ်စစီဖြုတ်ကြည့်၊ ပစ္စည်းတစ်ခုချင်းဆီကို တိုက်ရိုက်အတုခိုးပြီးထုတ်တော့ drawing ဆိုတာတောင် လက်ကလေးနဲ့ အကြမ်းဆွဲထားတဲ့ ပုံလေးနဲ့ပါ။ အဲဒါလဲ စက်ရုံပိုင်ရှင်ကိုယ်တိုင် ဆွဲတာနော်။ သူလဲတော်တယ်လို့ ပြောလို့ရမယ်။ သူ့ဟာသူ အတုခိုးခိုး ဘာဖြစ်ဖြစ်။ ဘွဲ့မရပေမဲ့ ရှိတဲ့ပစ္စည်း၊ ရှိတဲ့ပညာနဲ့ ဒီလို တစ်နေ့ကို စက် ၂စီးလောက်ထွက်တဲ့ စက်ရုံတစ်ခုကို စီမံခန့်ခွဲနေတာ။ ပြည်တွင်းသုံးအတွက် အတော်အထောက်အကူပြုတယ်နော်။ မက်ကယ်နီကယ်အင်ဂျင်နီယာ လင်မယားကတော့ လက်ဖျားတွေခါပြီး စက်ရုံကနေ ပြန်လာကြပါတော့တယ်။
ကဲ ... ရန်ကုန်မှာ အဲလိုမျိုး စက်ရုံတွေလဲ ရှိပါတယ်ဗျာ။
ညကျတော့ ဖိုရမ်က မိတ်ဆွေတွေနဲ့ အကင်ဆိုင်တစ်ခုမှာ တွေ့ကြတယ်။ အွန်လိုင်းမှာတွေ့ကြပေမဲ့ တကယ့် မိတ်ရင်းဆွေရင်းတွေလို စကြ နောက်ကြနဲ့ တော်တော်ပျော်ခဲ့ကြပါတယ်။
နောက်နေ့ မနက် ဦးခြိမ့်တို့မြို့ကို သွားမှာဖြစ်ပါတယ်ခင်ဗျား။ ။
(ပုံ၂ပုံကို မဇ္ဖျိမ နဲ့ http://thetyadanarlattfamily.blogspot.com လင့်ခ်ကနေ ယူထားပါတယ်။ စာတွေချည်းဆို ဖတ်သူတွေ ပျင်းမစိုးလို့ ပုံလေးတွေ ကြားညှပ်ထည့်ချင်လို့ပါ။)
Saturday, February 12, 2011
Subscribe to:
Post Comments (Atom)
အတူရောပြီး ပျော်မိပါတယ်အစ်မရေ
ReplyDeleteဟားဟား ရယ်ရတယ်..ယောက်ျားကိုတောင်မေ့ရတယ်လို့..။
ReplyDeleteဖြစ်ဘူးတယ်... အမေ့ကိုမေ့နေတာ အလှူလုပ်တုန်းက..ဟီး..။
evergreen phyo
ဂျူဂျူးလေးက ဘယ်တော့ကြည့်ကြည့် ချစ်စရာကောင်းနေတာပဲ။
ReplyDeleteတချို့ တက္ကစီသမားတွေ ထောင့်ငါးရာနဲ့ နှစ်ထောင့်ငါးရာနဲ့ကို ရူးချင်ယောင်ဆောင်ပြီး ပိုပိုတောင်းတတ်ကြတာလဲ တစ်ခါမက ကြုံဖူးသေးတယ်။ ဂျူဂျူလေးကို မေးကြည့်ပါဦး ဘယ်နိုင်ငံမှာ ပိုပျော်လဲလို့ :P
ပျော်စရာကြီး။
ReplyDeleteအမေ့အိမ်က ထမင်းဝိုင်းကို ငေးသွားပါတယ်။
မေးခွန်း - ကူရှင်ကြီးတွေ ဘာလို့ ကိုင်ထားကြတာလဲ ... ...???
ReplyDeleteဖြေမယ်နော်...ဗိုက်တွေကို ဖုံးထားကြတာမဟုတ်လား :):)
မေးခွန်း.....ဘာလို့ဖုံးထားကြတာလဲ...???
အဖြေ...ဒါတော့သိဘူးလေ :P
စတာနော် မဆွိ...အုန်းထမင်းအတုခိုးလိုက်ချက်ထားတယ် လာစားလှည့်
စူးနွယ်လေး
ဟိ..အမ..ကူရှင်တွေကိုကိုင်ထားတာ..သိပါတယ်။
ReplyDeleteအဖြေပြောလိုက်ရင် အမ က ပြုံးနေမှာမို့...
ဖြေတော့ဘူး..
မြတ်နိုး
ပျော်စရာကြီးတီဆွိရေ။ ဂျုဂျုနဲ့ ညီမ၀မ်းကွဲလေးတွေ အကုန်ချစ်စရာကောင်းတယ်
ReplyDeleteတီဆွိ ဦးခြိမ့်လက်မှာပတ်ထားတဲ့ဟာ ကူးကူးနဲ့တူတယ်..သူကရော သွေးတိုးသမားလား...
ReplyDeleteဟီးးဟီးးး
ကူးကူး
ReplyDeleteဦးခြိမ့်က ခါးနာလို့ ဘာသတ္တုဆိုလား ... လက်ကောက်ဝတ်ထားတာ။ အဲဒါဝတ်ပြီး တော်တော် သက်သာသွားတယ်။
Evy
ဂျူဂျူးက အဲဒီဝမ်းကွဲတွေကို သိပ်ခင်တာ။သူတို့တွေနဲ့ ဆော့ချင်လို သူမြန်မာပြည်မှာ အပြီးနေမယ်တဲ့။
စူးနွယ်လေးဖြေတဲ့ အဖြေက ... မှန်ပါတယ်ကွယ်။
မြတ်နိုးရေ အဖြေမပြောလဲ လာလည်ရင်ကို ပြုံးနေပါတယ်း)))
ရှင်လေး အိမ်ကထမင်းဝိုင်းကို သတိရသွားပြီ ဟုတ်။ ရှင်လေးဆီ မရောက်တာတောင်ကြာပြီ။ လာလည်ဦးမယ်။
တောင်ငူသား မောင်လေး
ဂျူဂျူလေးက ခုမြန်မာပြည်မှာ ပိုပျော်တယ်။ အဲဒီတစ်ခေါက်ပြန်ပြီးကထဲက အပြီးပြန်ဆိုလဲ ပြန်ချင်ပါတယ်တဲ့။ ညီမ၀မ်းကွဲတွေနဲ့ အတူနေ အတူဆော့ချင်လို့တဲ့။ သမီးက အဖော်အရမ်းမက်တယ်။
အနောနိမတ်စ် ၊ ဆူးသစ် လာလည်တာ ကျေးဇူးနော်။
ဦးခြိမ်.ကပုဆိုးနဲ. အမကဘောင်းဘောင်းနဲ.
ReplyDeleteဟုတ်တယ် ဇူလိုင်ရေ။ ဦးခြိမ့်က စလုံးမှာလဲ အိမ်မှာနေရင်း ပုဆိုးပဲဝတ်တာ။ သူက ပုဆိုးဝတ်ရတာကို ကြိုက်တယ်။
ReplyDeleteမဆွိတီက ငယ်ငယ်ကတည်းက ထမီမမြဲလို့ မ၀တ်တာပါ။ ရှိတဲ့ ထမီတွေကလဲ လူက ၀လာတော့ ၀တ်ရတာ ကြည့်မကောင်းတော့ဘူး။ ဟိုမှာ ဘုန်းကြီးကျောင်းတောင် ဘောင်းဘီနဲ့ ဖြစ်နေရတာကတော့ အစီအစဉ်မရှိပဲ ရောက်သွားလို့ပါ။
အောက်ကပို့စ်လေးမှာ မဆွိတီ ထမီဝတ်တာ အဆင်မပြေတဲ့ အကြောင်း တစ်ခါရေးဖူးပါတယ်။
အန်တီဆွိ အကြိုက်
ပျော်စရာကြီး..။
ReplyDeleteငါးကျည်းကြော်စားချင်စရာ..။
စကားမစပ်..
ကျနော့အမေ ဒန်ပေါက်ချက်ရင်လဲ နို့စိမ်းထည့်ချက်ပါတယ်.။
ဆိုတော့..
ကျနော်လဲ ထည့်ချက်တတ်ပါတယ်.။
အပြင်က ရိုးရိုးဒန်ပေါက်တွေနဲ့စာရင်
အရသာ ဘာကွာသလဲတော့ မခွဲခြားတတ်ဘူး၊
ပျော်စရာကြီး
ReplyDeleteဝက်သားဒုတ်ထိုးစားချင်တယ်ဗျ...အီး..ဟီး..ဟီး..
ReplyDeleteကိုကြီးကျောက် ၀က်သားဒုတ်ထိုးဗန်းကို သွားကလစ်လိုက်တယ်နဲ့တူတယ် ...း)
ReplyDeleteအပိုမပြောပါဘူး။ အိမ်နားနီးရင် လုပ်ပြီး လာပို့ပါတယ် ကိုကြီးကျောက်ရေ။ ဗန်းထဲကလောက်မကောင်းပေမဲ့ အာသာပြေတော့ စားလို့ရပါတယ်။
စလုံးက ပင်နစူးလားမှာတော့ ၀က်သားဒုတ်ထိုးရောင်းတာ တွေ့ဘူးတယ်။ အဲ့မှာရော မရှိဘူးလား။
ကို ဒီဘီအေ ... လည်လည်လာတာ ကျေးဇူး။ ပျော်ခဲ့ပါတယ်။
တီဆွိရဲ့ စာရေးပာန် အတိုင်း ခပ်သွက်သွက်လေးနဲ့ ချစ်စရာ ကောင်းတဲ့ ပို့စ်လေးကို ဖတ်ပြီး တပြုံးပြုံးနဲ့ ရို့စ်က သဘောကျနေမိတာ။ ပျော်စရာကြီးနော်း) ရန်ကုန် ပြန် လည်ချင်လိုက်တာ။
ReplyDeleteမဆွိပြောတဲ့မုန့်ဟင်းခါးဆိုင်..သူငယ်ချင်းလိုက်ပို့လို့စားဖူးပါ့ဗျာ...ငါးသလောက်ဥတွေ၊အကြော်တွေစုံလို့..ကျွေးတဲ့သူကိုအားနာလို့တပွဲ
ReplyDeleteကုန်အောင်မနည်းစားလာရတယ်..လမ်းထိပ်ကအဒေါ်ကြီးဆိုင်နဲ့အတူတူ
လိုပါဘဲ....။ဒါနဲ့..ဝက်သားတုတ်ထိုးဗန်းကြီးကြိုကည်ြ့ပီးငိုချင်တယ်..အီး..
ဒီမှာဝက်သားမရဘူး...;(
ငါးခူကြော်သာ စားချင်တော့တာပဲ မဆွိရေ..
ReplyDeleteမေးခွန်းတွေရဲ့ အဖြေက ဒီက လုပ်နေကျတွေပါ..:D
ဦးခြိမ့်က လူမင်းလိုလို ဘာလိုလိုနဲ့တော့ :P
ReplyDeleteပန်း
အနောနိမတ်စ်
ReplyDeleteပြောကြတယ် ပြောကြတယ် ပြောကြပါတယ်။ ခုလေးတင်ဒီအကြောင်းပြောတော့ သူအော်ဇီရောက်စက ဘုန်းကြီးကျောင်းသွားတော့ ဘုန်းကြီးကတောင် လူမင်းနဲ့တူတယ်ပြောသတဲ့။
ဦးခြိမ့်ကတော့ အပေါ်က ကွန်းမန့်ကို ပြုံးပြုံးကြီး ဖတ်နေမှာ မြင်ယောင်သေး။
မချိုသင်းတို့ လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီဗျို့။
စုစုတို့လဲ အဲ့ဆိုင်ရောက်ခဲ့တယ်လား။ အစ်မတော့ ရန်ကုန်ပြန် အဲ့တစ်ဆိုင်ပဲစားခဲ့ရတော့ နှိုင်းယှဉ်စရာမရှိဘူးလေ။ မုန့်ဟင်းခါးကြိုက်တော့ တော်ရုံဆိုကောင်းနေတာပဲကိုး။
ရိုစ်ရေ ကျေးဇူး။ ဖတ်ပြီး ပြုံးနိုင်ပါစေ။
ပေါက်ရေ ... နို့စိမ်းထည့်ချက်တော့ ထမင်းက ပိုဆိမ့်ပြီး ပိုချိုပါတယ်၊ ပိုနူးညံ့ပါတယ်။ ရိုးရိုးဒန်ပေါက်နဲ့ အဲဒါကွာပါတယ်။ သူက ရိုးရိုးဒန်ပေါက်ထက်လဲ ဈေးပိုကြီးတယ်နော်။
ဓါတ်ပုံတွေကလဲ ဝေဝေဆာဆာနဲ့ အကြောင်းအရာကလဲ စုံစုံလင်လင် ရေးထားတာကြောင့်ရယ် အရေးကောင်းတာကြောင့်ရယ် ဖတ်ရတာ ရသတွေကို စုံသွားတာပါပဲလား...
ReplyDeleteမဆွီတီ သူငယ်ချင်းပဲ... ဝက်သားဒုတ်ထိုးဗန်းကို ကလစ်ပြီး ကြည့်ရလောက်အောင် မမိုက်ပါဘူး... ဟင်းဟင်းဟင်း....း))
(အံကြိတ်ပြီး ပြောသွား...)
မဂီလဲ အရင်လို လှနေတုန်းပါပဲလား။
ReplyDeleteအန်တီသက်ဝေ သိပ်တော်တယ် . .. မကလစ်သွားဘူးဆိုတော့ ရှေ့ရေးကို ကြိုမြင်တတ်တယ်း)) ... ဒါပေမဲ့ အံကြီးကြိတ်သွားတာ ခက်သကွား))
ReplyDeleteအနောနိမတ်
ရှူးတိုးတိုးနော် ...
တီဆွိ
ReplyDeleteလာလည်သွားပါတယ်
မောင်ဖိုးကျား (ခ) DL :P
ပျော်စရာကြီး စားလိုက်သောက်လိုက်လည်လိုက်ပတ်လိုက်နဲ့ ဟုတ်နေကြတာပါပဲ အားကျတယ်ဗျာ ဟဲဟဲ
ReplyDeleteကျေးဇူး ဒေးဒေး ... ကွန်ပြူတာလေး သုံးရတာ အဆင်ပြေသွားပြီ။ခေါ်ရမှာ အားနာလို့ တစ်နှစ်လောက် ပေသုံးနေတာ။ ဒီလိုမှန်းသိ အစက ခေါ်ပါတယ်။ ခုမှ စိတ်ချမ်းသာသွားတော့တယ်။
ReplyDeleteွှThanks again
အမရေ ဦးခြိမ့် ဝတ်ထားတဲ့ ခါးနာသက်သာတဲ့ လက်ကောက် ဘယ်မှာ ဝယ်ရမလဲဟင် ၊ ဘယ်လိုမေးပြီး ဝယ်ရလဲ ၊ ဘယ်လောက်ပေး ရလဲ သိချင်ပါတယ်၊ မေးပေးပါနော်
ReplyDeleteအထွက်တိုးအောင် ဓါတ်မြေသြဇာ မပါဘဲ စိုက် ၊ မွေးထားတဲ့ဟာတွေ စားရတာ တကယ်ကို အရသာရှိတာ အစ်မရေ။ အခုနောက်ပိုင်း အသီးအနှံတွေ စားရတာ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာတွေကြောင့် အသားစားတာထက်ကို အန္တရာယ် များနေပါရောလား။
ReplyDeleteအဖြေ - ဗိုက်ပူနေကြလို့ . .အဟိ :P
အဲဒီလို ဒုတ်ထိုးမျိုးကို တွယ်လိုက်ရလို့ကတော့ကွာ ကတောက် . . .
မမဆွိရေ.. ရေးထားတာလေးက သွက်နေရောပဲ.. ရန်ကုန်တောင် ပြန်ချင်သွားပြီ.. ဂျူဂျူလေးက ညီမ၀မ်းကွဲလေးတွေနဲ့ ရုပ်ဆင်တယ်နော်.. ချစ်စရာလေးတွေ..
ReplyDelete3rd time come n read.Thanks for sharing happy memory.{THADU}3 for the donation.I often do our donation there too.
ReplyDeleteGyidaw
ဟင်း ၊ ငပိရည် တို.စရာတွေက စားချင်စရာကြီး .....
ReplyDeleteကိုဇော်ပြောတာ ဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာ မသုံးဘူးဆိုတာထက် သုံးရင်တောင် နိုင်ငံခြားက အပင်တွေထက်တော့ သေချာပေါက် လျော့မှာပါ။
ReplyDeleteအဖြေကို အဲလို ပေါ်တင်ကြီး မရေးရဘူးလေ။ ဖြေးဖြေးသက်သာလဲ လုပ်ပါအေ။
ပွင့်မြူးဇင်
ညီအစ်၃ယောက်က ရွယ်တူတွေလိုဖြစ်နေလို့နေမှာ။ အပြင်မှာတော့ အဲလောက် မတူဘူးတော့။
ဂျီးဒေါ် ကျေးဇူးနော် ခုလို ၃ခါကြီးတောင် လာအားပေးတာ။ ရေးရတာ အားရှိသွားတာပေါ့ဂျာ။ အဲလို လိုအပ်တဲ့ ကျောင်းတွေလှူတာ ကုသိုလ်ရပါတယ်။ သနားစရာ ခလေးတွေမြင်ကတည်းက စေတနာကလဲ အပြည့်ပါပြီးသားကိုး။
ကိုဇက် စတိုင်ပြောင်းသွားတယ်။ အရင်က ကွန့်မန့်ရှည်တွေ ပေးနေကျ။ ခုတိုတွားပြီ။
ဆွိ ကံကြီးပေလို့နော် သောကြာသားကြီးနဲ့ ရှိတ်ခ်ဟမ်း မလုပ်ခဲ့ဘူးလား... ဟဟဟ၊ ပျော်စရာကြီးအေ တို့လည်း ပူပူနွေးနွေး ပြန်ရောက်တာ အရှိန်မကုန်သေးလို့ ခုထိ ပျော်တုန်း...
ReplyDeleteချစ်ကြည်အေး
ama yae.. feel mhar ta kar pae sar pu dae.. (I just been to "feel" for only one time). yes! their service is good and many choices.. Sometime I wish I can have double size of stomach. So that I can eat everything in big amount .. hehe.. (how greedy am I :P)
ReplyDeleteTsu
P.S - how the post give notification when someone reply? I am not familiar with blog.