Monday, March 19, 2012

အလ္လာပ သလ္လာပ

အန်တီဆွိလဲ ပြောချင်တာတွေ ဟိုစပ်စပ် ဒီစပ်စပ် များနေလို့ အကုန်ပေါင်းပြီးရေးလိုက်တော့မယ်။

 ဂျူဂျူလေး ပညာရေး
ပထမဆုံး ဂျုဂျုလေးအကြောင်းပြောရဦးမယ်။ သူ့ကျောင်း ပညာရေးနဲ့ ပတ်သတ်လို့ပေါ့။ ကို WD တို့လို ခလေးအဖေတွေ အမေတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။

သမီးကို ဒီဖက်ပြောင်းတော့ ပရက်ရှာ မပေးချင်တာရော၊ ရောက်ခါစ သူပျော်ပါစေဆို မနှစ်က တစ်နှစ်လုံး ဒီတိုင်းပဲ ထားခဲ့တာ။ ဒါတောင် ကူမွန်က ဒီမှာ ဆက်တက်တော့ အဲဒီအိမ်စာ တော်တော်များတယ်။ ကျောင်းက အိမ်စာက ၁၀မိနစ် ၁၅မိနစ်လောက်ပဲ လုပ်ရတာ။ သင်္ချာမှာတော့ ကူမွန်ကျေးဇူးနဲ့ ၂တန်းကျောနေတာ။ သမီးအတွက် သင်္ချာကတော့ စိတ်ပူစရာ မရှိဘူးပေါ့ ။ ဒါပေမဲ့ ကူမွန်အိမ်စာက ထပ်ခါထပ်ခါ repeat တွေများတော့ သမီးက ပျင်းလာတယ်။ သူ ကူမွန်မတက်ချင်တော့ဘူး ပြောနေတာကြာပြီ။ ဒါပေမဲ့ သူ့ကို သင်္ချာ အခြေခံလေးကောင်းသွားအောင်ဆို သည်းညည်းခံပြီး ဆက်ထားတာ။

ဒီနှစ် year 3 မှာ Naplan စာမေးပွဲကရှိတော့ နဲနဲတော့ ပြန်ကိုင်မှဆို သူ့ကို အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေ ပြန်ဖြေခိုင်း၊ essay writing တို့ ပြန်လုပ်ခိုင်းတော့ အဲမှာ စတွေ့တော့တာပဲ။ သမီးဟာ အိမ်မှာလဲ မြန်မာလိုပဲပြော၊ ဒီက ကျောင်းတွေကလဲ grammar ကို သေချာ မသင်လို့လားမသိ၊ သမီးဟာ စာကို ကောင်းကောင်းမရေးတတ်ဘူးဖြစ်နေတယ်။ အရင် စင်္ကာပူမှာ အနည်းအကျဉ်းသင်ဖူးတဲ့ Tense တို့ ဘာတို့ တွေပါ မေ့ကုန်ပြီး အင်္ဂလိပ်စာမှာ တော်တော်အားနည်းနေတာ တွေ့ရတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းမှာတွေ့နေကျ မြန်မာ သူငယ်ချင်းအချို့နဲ့ တိုင်ပင်ပြီး သမီးကို ကျူရှင်အပ်ဖို့ လုပ်ရတော့တယ်။ ကူမွန်ကိုရပ်လိုက်ပြီး ဒီက နာမည်ရှိတဲ့ couching class တစ်ခုမှာ သွားအပ်လိုက်ရတယ်။ အိမ်မှာလဲ စင်္ကာပူက မေးခွန်းဟောင်းတွေ အထုပ်လိုက်ကြီးကို တစ်နေ့ တစ်စုံလုပ်ခိုင်း၊ grammar ကိုလဲ ပြန်သင်ပေးရတယ်။

အမှန်က သမီးကို pressure မပေးချင်ဘူး။ ဒီမှာ ပြောင်းနေတဲ့ရည်ရွယ်ချက်ကိုက ခလေးလဲ stress နည်းစေဖို့ ၊ အားလုံး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘ၀လေးရဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါပေမဲ့ ကိုယ်နေတဲ့ အရပ်က ကျောင်းကောင်းလို့ဆို ရွေးလိုက်တာမှာ အများစုတက်တဲ့သူတွေက အင်မတန် kia su တဲ့ ပြည်ကြီးတရုတ်၊ ကိုရီးယား၊ ဗီယက်နန်၊ စင်္ကာပူတရုတ် စတဲ့ အေရှန်းတွေပဲ ဖြစ်နေတော့ သူတို့တွေက ပညာရေးကို စလုံးတုံးကအတိုင်း အသည်းအသန် ခလေးတွေကိုဖိအားပေးလုပ်နေကြတော့ ကိုယ့်မှာ အခက်ကြုံရတယ်။ အန်ဆီဆွိစိတ်နဲ့သာဆိုရင်တော့ သမီးဥာဏ်ရည်နဲ့ အလည်အလတ်လောက် ကြိုးစားအားထုတ်မှုနဲ့ အချိန်တန် တက္ကသိုလ် တစ်ခုလောက် ၀င်နိုင်ရင်တော်ပြီလို့ မှန်းထားတာ။

 ဒီမှာလဲ Opportunity class တို့၊  selective school တို့လို အမှတ်ကောင်းမှ တက်နိုင်တဲ့ အတန်းတွေ၊ ကျောင်းတွေကို ခွဲထားတော့ အေရှန်းမိဘတွေက ခလေးတွေကို ပရက်ရှာတွေ ပေးနေကြတာ။ ကော့ကေးရှန်းတွေ အော်ဇီနေးတစ်ဖ်တွေကတော့ ခလေးတွေ အများကြီးမွေးကြတယ်။ ပြီးတော့ ကျောင်းမှာ တော်ရုံပဲ။ ခလေးတွေကို သိပ်လဲ ဂရုစိုက်မနေဘူး။ သူတို့အတွက်က အချိန်တန် ခလေးက သူ့လမ်းသူသွားမှာပဲ။ သူ့ဟာသူ လူတလုံးသူတလုံးတော့ ဖြစ်မှာပဲ ဆို ပရက်ရှာလဲ မပေးဘူး။ ကိုယ်တွေသာ အေရှန်းတောထဲမှာနေနေရတော့ ဒုက္ခရောက်တယ်။

ဒီမှာ ခလေးအမေတွေတွေ့ရင် အဲဒီ ခလေးကျောင်းအကြောင်း။ ဆရာမတွေအကြောင်း၊ ဘာသာရပ်တွေ၊ ကျူရှင်တွေ၊ တခြား အပြင်ပန်း class တွေကို အပြိုင်အဆိုင် ထားကြ၊ အဲဒီအကြောင်းတွေ ပြောကြနဲ့။ ကိုယ်က အဲဒီလိုဆို ပြုံးပြုံးလေးပဲလုပ်နေတယ်။ ဘာမှကို ၀င်မပြောဘူး။ ဒီလိုပရက်ရှာတွေ မလိုချင်လို့ ဒီဖက်ပြောင်းလာခါမှ ဒုက္ခလို့သာတွေးမိတယ်။ သူတို့ကတော့ ကိုယ့်ကို ပညာမတတ်၊ဘာမတတ် အူကြောင်ကြောင် ထင်ကြမလားတော့ မသိဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ ဂျူဂျူလေးလဲ တော်တော်ထရိန်းလိုက်တော့ အင်္ဂလိပ်က အခြေအနေ ပြန်ကောင်းလာပါပြီ။ အတန်းထဲမှာ သူတို့ရဲ့ performance ကိုကြည့်ပြီး ဘာသာရပ်အလိုက် gold card တို့ ဘာတို့လို ကတ်ပြားလေးတွေ တစ်လတစ်ခါ ပေးရာမှာ ဂျူဂျူလေးက writing အတွက် gold card လေးရလာလို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျူရှင်ကလဲ အက်ဆေး အတွက် အဲလိုမျိုး ခပ်ဆန်ဆန် စာရွက်လေးရလာတယ်။ အမှန်က ကိုယ်ကသာ သမီးကို စိတ်ပူနေတာ။ သူကအရင်ထဲက ပြောဖူးပါတယ်။ သူအတန်းထဲမှာ essay ရေးရင် ဆရာမက good လို့ပြောတယ် ဘာညာပေါ့။ အတန်းထဲမှာတော့ သမီးက ကိုယ်ထင်ထားသလောက်တော့ ညံ့ပုံမပေါ်ပါဘူး။ ကိုယ်ကသာ အားမရတာ နေမှာ။

အမှန်က သမီးက ဥာဏ်လဲကောင်းပါတယ်။ စာတော့ လုပ်ရမှာ ပျင်းတယ်။ သမီးဟာ နဲနဲလေးလုပ်ပေးတာနဲ့ အချိန်တိုအတွင်းမှာ တိုးတက်လာတော့ အန်တီဆွိမှာ ၀မ်းသာရပါတယ်။ ကူမွန်ဖြုတ်လိုက်တာ သူလဲ အရမ်းဝမ်းသာတယ်။ ကျူရှင်အသစ်က အိမ်စာတွေကတော့ စဉ်းစားရတယ်၊ ပိုပြီး စိတ်ဝင်စားစရာလဲကောင်းတော့ သူလုပ်ရတာ အရမ်းပျော်ပါတယ်။ ဒီမှာလဲ IQ စစ်သလိုမျိုး General ability ဆိုတဲ့ ဘာသာရပ်တစ်ခုပါတယ်။ အထွေထွေ ဗဟုသုတနဲ့၊ IQ ကို ထရိန်းပေးတာပါ့။ အဲဒီဘာသာရပ်ကို သမီးက သိပ်စိတ်ဝင်စားတယ်။ သူ့အဖေကတော့ သူ့သမီးဖြေတာတွေ မှန်တယ်။ တော်တယ်ချည်းပြောနေတာပဲ။ အဲ့သားအဖ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။

ကျူရှင်က တနင်္ဂနွေနေ့ ၃ဘာသာပေါင်း ( English, Numeracy, General ability and Writing) ကို ၃နာရီသင်ပါတယ်။ သမီးကတော့ မပင်ပန်းဘူးပြောတာပဲ။ ကျူရှင်ခက စုစုပေါင်း ၃နာရီကို အော်ဇီ ၅၈ ကျပ် ပေးရတယ်။ တစ်ပတ်စာပေါ့။ အိမ်စာအပြင် အတန်းထဲမှာလဲ စာတော်တော်များများ လုပ်ရပါတယ်။  တက်တဲ့သူလဲ တော်တော်နည်းပါတယ်။ သမီးတို့ အတန်းမှာ ၄ယောက်ပဲ ရှိတယ်။ ဒီမှာတော့ သူများထက် ပိုချွန်ချင်မှ ကျူရှင်တက်ကြတယ် ထင်တာပဲ။ ဒီမှာဘယ်လောက်ပဲ စာလုပ်ရတယ်ပြောပြော စင်္ကာပူမှာနဲ့စာရင်တော့ သက်သာပါသေးတယ်။ နောက်သူတို့ စာမေးပွဲတွေကလဲ တစ်နှစ်ခြားမှ တစ်ခါသာ ဖြေရတာဆိုတော့ ကိုယ့်ခလေးကို Opportunity class တို့၊  selective school တို့ မှန်းမထားဘူးဆိုရင်တော့ သက်သာပါတယ်။  အန်တီဆွိအနေနဲ့ကတော့ သမီးကို ပုံမှန်သာလုပ်စေချင်ပေမဲ့ ကိုယ်က အာရှတောမှာနေနေရတော့ သူများနောက်ကောက်ကျမှာလဲ ကြောက်ရသေးတော့ နဲနဲတော့ လုပ်ရပါတယ်။ သမီးကို ပျင်းသွားမှာလဲ ကြောက်လို့ပါ။

တရုတ်စာနဲ့ ပတ်သတ်လို့လဲ ပြောချင်သေးတယ်။ ဟိုမှာနေတုံးက ကိုယ်လဲသေချာမသိတော့ ဒီရောက်ရင် တရုတ်စာဖြစ်ဖြစ် နိုင်ငံခြားဘာသာရပ်တစ်ခုကို မယူမနေ ယူရမယ်ထင်ထားတာ။ သမီးမနှစ်က တရုတ်စာယူတော့ ဆရာမက စလုံးမှာတုံးကလို serious မရှိဘူး သင်တာက။ အဲမှာ တရုတ်ခလေးအမေတွေ ကွန်ပလိမ့်မျိုးစုံတက်ကြတယ်။ ကျောင်းကသင်တာမကောင်းလို့ နောင်နှစ်ကျရင်တော့ စုပြီး တရုတ်ကျူရှင်တက်ကြဖို့တောင် ပြောနေကြတာ။ ဒီနှစ်နှစ်စလဲ ဖွင့်ရော သမီးက သူ့သူငယ်ချင်း တရုတ်မလေးတွေ တရုတ်စာခန်းထဲမှာ မတွေ့တော့ဘူးတဲ့။ ဖုန်းဆက်ပြီး အမေတွေမေးတော့ သူတို့လဲ အကျိုးမရှိတော့ ဆက်မထားတော့ဘူး ဖြုတ်လိုက်ပြီတဲ့။ ကဲ။ ဒါနဲ့ပဲ အန်တီဆွိလဲ နှမြောမြောနဲ့ တရုတ်တွေတောင် မယူတာဆို ဖြုတ်လိုက်တော့တယ်။ သမီးက တရုတ်စာကောင်းခဲ့တော့ တော်တော်တော့ နှမြောတယ်။ သင်ထားခဲ့ ကျက်ထားခဲ့ရတာတွေ။ ဒီတော့ အင်္ဂလိပ်မှာတော့ ပိုပြီး ဖိလုပ်နိုင်တာပေါ့။ အင်္ဂလိပ်ကတော့ ဒီမှာ အရမ်းအရေးကြီးတယ်လေ။
 ဒါကတော့ ဒီက လက်ရှိ ဂျုဂျုလေး ပညာရေး အခြေအနေပါ။ မေလမှာ Naplan လို့ခေါ်တဲ့ အစိုးရစစ် စာမေးပွဲဖြေရမယ်။  အဲဒီက ခလေး အခြေအနေ၊ ကျောင်းတွေရဲ့ အခြေအနေပဲကြည့်တာ။ အစိုးရစစ်ပေမဲ့ serious တော့ သိပ်မရှိလှဘူး။


 အော်ဇီက အိမ်ဈေးတွေ
အော်ဇီမှာ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က အိမ်ဈေးတွေက ၃သိန်းခွဲ ၄သိန်း ပတ်ဝန်းကျင်လောက်ပဲ။ ပုံမှန် မိသားစု အခြေခံလူတန်းစားနေတဲ့ အိပ်ခန်း၃ခန်း အိမ်လောက်ပေါ့။ ခုတော့ ကိုယ်တွေ နေတဲ့အရပ်မှာဆို အိမ်ဈေးတွေက ၂ဆလောက်ဖြစ်သွားင်္ပြီ။ အိမ်ဘေးကပ်ရပ်က  အိမ်ကိုရောင်းလိုက်တာ ၅သိန်း ၈သောင်းတဲ့ဗျာ။ ဒါတောင် အိမ်က အရမ်းဟောင်းနေပြီ။ ကိုယ်သာဆို ဒီလောက်ဟောင်းတဲ့အိမ် အဲဒီဈေးနဲ့ မ၀ယ်ဘူးလို့  ပြောနေတာ။ ဒီနားပတ်ဝန်းကျင်က မြို့နဲ့ အရမ်းမဝေးတဲ့ အပြင် ကျောင်းတွေကကောင်းလို့ဆို အေရှန်တွေက ဈေးကြီးပေးပြီး အိမ်တွေကို ၀ယ်ကြ၊ ငှါးကြဆိုတော့ ဈေးက မြောက်တက်သွားတာပေါ့။ တခြားမကြည့်နဲ့ ။ ကိုယ်တွေလဲ ဒီအိမ်ငှါးတုံးက အိမ်ကိုတောင်းတဲ့ ဈေးထက် တစ်ပတ်ကို ၃၀ပိုပေးပြီး ငှါးခဲ့ကြတာ။ မရလိုက်မှာ ကြောက်လို့လေ။ အိမ်တစ်အိမ်ဖွင့်ပြီဆို လာကြည့်တဲ့လူတွေက ၁၀ဦး ၁၅ဦးလောက်ရှိတယ်။ 

တကယ်တန်း ၀ယ်ဖြစ်မယ်ဆိုရင်တောင် ဒီဖက်မှာတော့ ၀ယ်နိုင်မယ်မထင်ဘူး။ ဈေးပိုသက်သာတဲ့ မြို့လည်ခေါင်နဲ့ဝေးတဲ့အရပ်မှာပဲ ၀ယ်ဖို့မှန်းထားတယ်။ အဲဒီမှာ အိမ်လေးတွေက လှလဲလှ၊ ခြံနဲ့အိမ်နဲ့မှ ဈေးလဲ ဒီလောက် မကြီးဘူး။ အရင် ဒီလာမယ်ဆို  ဗီဇာလျှောက်တဲ့ အချိန် (၂၀၀၇လောက်က)လောက်က တွက်ရေးက စက်သူထေးပေါ့။ အိမ်ကလဲ စလုံးဈေးနဲ့ အတူတူ။ ငွေလဲလှယ်နှုံးကလဲ တူတူဆိုတော့။ ဟိုကအိမ်ရောင်းပြီး ဒီမှာ ၀ယ်ရုံပေါ့ အဟက် အဟက် ဆို။ ခုတော့ အန်တီဆွိတို့လဲ တွက်ကြည့်မှ စက်မရှိဖြစ်နေရတာ။ ငွေလဲလှယ်နှုံးကလဲ 1.3 ဆိုတော့လေ .. အဟင့်။  ဒီမှာ mortgage အတိုးနှုံးကလဲ အရမ်းများတယ်။ ဟိုတလောက ကြည့်လိုက်တာ ၆.၈ % ဆိုတော့ ငွေချေးဝယ်မယ်ဆို အိမ်က မူရင်းတန်ဘိုးတက် ၂ဆခွဲလောက်တောင်ဖြစ်သွားတော့မယ်။ ဒီလာချင်တဲ့သူတွေ အဲဒီကိစ္စလေးတွေ ထည့်စဉ်းစားစေချင်တယ်။ 

အန်တီဆွိတို့နားက အိမ်ဈေး

 အဲလိုနေရာလေးတွေမှာက ပိုသက်သာတယ်။

အားလုံးတွက်ကြည့်ပြီးတဲ့နောက်မှာ ခုအိမ်လေးမှာငှါးနေတာက အိမ်ဝယ်နေတာထက်အစစ၊ အရာရာ သက်သာနေလို့ ဒီမှာပဲ နေဦးမယ်လို့ မှန်းထားတယ်။ အိမ်ကလဲ သိပ်မစုတ်ဘူး၊ ကျောင်းကလဲ ကောင်းတယ်၊ သမီးကလဲ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ နေသားကျနေပြီဆိုတော့လေ။ အိမ်ဈေးတွေ ကျသွားပြီ။ ဟိုကအိမ်ကလဲ PR ထပ်တိုးမရလို့ မရောင်းမဖြစ် ရောင်းရပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ 


စင်္ကာပူ PR ကိစ္စ
PR ထပ်တိုးမရဆိုလို့ စပ်ဆက်သွားလို့ ပြောရဦးမယ်။ အန်တီဆွိတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ အဲဒီအချိန် စလုံးအစိုးရက PR တွေကို နိုင်ငံသားလျှောက်ဖို့ ဖိအားပေးတဲ့အချိန်။ ဦးခြိမ့်တောင် ပို့စ်တစ်ပုဒ်တင်ခဲ့သေးတယ်။ သူတို့ရည်မှန်းတာက အဓိက မလေးရှန်း လူမျိုးတွေ သူတို့နိုင်ငံမှာနေပြီး နိုင်ငံသားမခံပဲ PR အနေနဲ့နေနေကြတာကို ပြောလိုတာ။ သူတို့၂ နိုင်ငံချင်း နိုင်ငံရေးတွေလဲ ပါမှာပေါ့။ အဲဒီအချိန်ကတည်းက အန်တီဆွိတို့က စိတ်ပူတာ။ မတော်လို့ PR များ သက်တန်း ထပ်တိုးလို့ မရခဲ့ရင် ဘယ့်နှယ် လုပ်ကြပါ့မလဲပေါ့။ ကိုယ်တွေကလဲ ဒီပညာတွေပဲတတ်တာ။  ဒါနဲ့ပဲ လုပ်စားတတ်တာကိုး။ အဲလိုစိတ်ပူနေတဲ့ အချိန် အော်ဇီပီအာလေးရလာတော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဒီမှာလဲ ဦးခြိမ့်က အလုပ်က ရှာမရနဲ့ ကျီးလန့်စာစား ဖြစ်နေရတဲ့ဘ၀။ နောက်မှ အလုပ်လေးမမျှော်လင့်ပဲ ရလာတော့ ၀မ်းသာသွားတာ။ ဒီဖက်က back up လေးရှိနေတော့ ဟိုက PR ထပ်တိုးလို့မရတော့ရင် ဆိုတဲ့ စိုးရိန်စိတ်တော့ လျော့သွားတာပေါ့။

ဒါနဲ့ ဟိုနေ့က စလုံးက ကိုယ့်ကိစ္စအ၀၀ ကူညီလိုက်လုပ်ပေးတဲ့ မောင်ဝမ်းကွဲလေး ဖုန်းဆက်လာတယ်။ သူတို့ PR သက်တန်းတိုးတာ ကြာနေပြီ။ ကျမလာဘူးဆိုပဲ။ ကိုယ်လဲ အရမ်းစိတ်ပူနေတာ။ အမှန်က သူတို့က ဒီဇင်ဘာထဲက သက်တန်းကုန်တာ မေ့နေလို့  ဇန်န၀ါရီလမှ သက်တန်းတိုးတာတဲ့။ အဲဒါ မကျ .. မကျနဲ့ အင်မီဂရေးရှင်းကို ၄ခါလောက်သွားတွေ့ မေးမြန်းပြီး နောက်ဆုံး ၃လနေမှ ကျလာတော့ သက်တန်း တစ်နှစ်ပဲ ရပါသတဲ့။ ကြားဖူးကြပါသလား PR ကို တစ်နှစ်ပဲ တိုးပေးတာ။ HDB မှာလဲ အိမ်ပိုင်နဲ့၊ လုပ်နေတဲ့ ကုမဏီကလည်း နာမည်ကြီး ကုမဏီအကြီးကြီးမှာ။ခလေးမရှိတာပဲ အားနည်းချက်ရှိတာ။ တစ်ခါတစ်ရံမှာ စလုံးအစိုးရရဲ့ လုပ်ပုံတွေက သိပ်ရယ်ရတယ်။ ပေးချင်တုံးကလဲ သူတို့ပဲ PR တွေ Citizen တွေချပေး။ လမ်းမှာ ခွေးဖြတ်သွား။ ခွေးတောင် အမြီးဖြတ်ပြီး PR ပေးတယ်ဆို ပြောကြသေးတာ။  ခုလဲ အဲဒီ PR သက်တန်းတိုးတဲ့ အခြေအနေက တစ်လနဲ့ တစ်လတောင် မတူဘူးလို့ပြောနေကြတယ်။ သူတို့ သတိမေ့နေတဲ့ ဒီဇင်ဘာလကသာ တင်လိုက်ရင် ပုံမှန် ၅နှစ်ရနိုင်ပေမဲ့ ဇန်န၀ါရီကျ ဘာပေါ်လစီ၊ ညာပေါ်လစီ၊ ဟိုလူကြီးက ဘာပြောတာ၊ ဒီဝန်ကြီးက ညာပြောတာ တွေပါ အကျိုးသက်ရောက်ပြီး ကံဆိုးမိုးမှောင်ကျ ပေါ်လစီချိန်းတာနဲ့ သွားကြုံတော့ အဲလိုတွေဖြစ်ကုန်တာတဲ့။ တစ်ခါတစ်လေကျ စလုံးအင်မီဂရေးရှင်းက လုပ်ပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဘာမူ၊ ဘာသတ်မှတ်ချက်မှ တိတိကျကျမရှိပဲ စိတ်ထဲရှိသလို ထင်ရာစိုင်းနေသလိုပဲ။

နောက် EP တွေလဲ တော်တော်ရစ်နေကြတယ်ကြားတယ်။ သက်တန်းကုန်လို့ သက်တန်းတိုးရာမှာ reject ထိတဲ့သူတွေ တော်တော်ကြားနေရပါတယ်။ သွားမေးရင်တော့ အကြောင်းပြချက်ပေးပါသတဲ့။ အလုပ်မှာ လခက စလုပ်ကတည်းကမတိုးလို့၊ တိုးတက်မှုမရှိလို့၊ ရာထူးမတက်လို့၊ ဘာသင်တန်းမှ တက်ထားတာ မရှိလို့ အစရှိသဖြင့် မျိုးစုံရစ်နေပါသတဲ့။ အဲဒါကြောင့်ကိုယ့် အရည်အချင်းလေးတွေ ကိုယ်သွေးထားကြပါ။ အလုပ်မှာ အထောက်အကူပြုမဲ့ သင်တန်းလေးတွေတက်ထားကြပါ ပြောလိုပါတယ်။

ဒါတွေပြောနေတာက အန်တီဆွိက ဒီဖက်ရောက်တော့ ငါတော့လွတ်ပြီ ကျွတ်ပြီဆို လက်ခမောင်းထခတ် ပြီပြောနေတာ မဟုတ်ပါဘူး။ ဒီဖက်မှာလဲ ကိုယ်တွေက PR ပဲလေ။ အလုပ်တွေဘာတွေကလဲ အရမ်းအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဟိုဖက်ကထက် အလုပ်အကိုင်တွေ လူနေမှုဘ၀တွေ ပိုပျော်စရာကောင်း သက်သက်သာသာနေရတာက လွဲလို့ အစစအရာရာ ဈေးကြီးတဲ့ သူများနိုင်ငံမှာ နေရတဲ့ ဘ၀က ကျီးလန့်စာစားဘ၀ပါပဲ။

ကားလေးနဲ့ အန်တီဆွိ
ကားလေးဝယ်ပြီးတဲ့ နောက်မှာ ဘ၀ကြီးကတော့ နေရတာ ပိုကောင်းလာတာပေါ့လေ။ သက်သာလာတာပေါ့နော်။ ဘယ့်နှယ့်ပြောပါလိမ့်။ စိတ်သွားတိုင်းကိုယ်ပါ သွားလိုရာ သွားနိုင်တဲ့ ဘ၀ရောက်ပြီဆိုတော့ ဘ၀က တော်တော် အဓိပါယ်ရှိလာပါတယ် ... ရလဲ့ ...။ သမီးကလဲ အရင်က ကျောင်းသွား ကျောင်းပြန် နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်အေးအေး သားအမိ၂ယောက် ဒုက္ခခံ လမ်းလျှောက်ခဲ့ကြပေမဲ့ ခုတော့ ဒီနေ့တော့သမီးရေ ရာသီဥတုလေးကောင်းတယ် အမေ အပြန် လမ်းလျှောက်လာကြိုမယ်ဆိုရင်ကို မရတော့ဘူး။  မေမေ ကားနဲ့ပဲ လာကြိုပါ ဆို သက်တောင့်သက်သာသွားရတဲ့ ဘ၀ကို သဘောကျနေပြီ။ ငပျင်းမလေးဖြစ်နေပြီ။ အန်တီဆွိကလဲ သမီးအကြောင်းပြချက်နဲ့ လမ်းကို မလျှောက်တော့ဘူးဂျာ။ ဦးခြိမ့်ကတော့ သားအမိတွေ ပျော်နေတယ် အဆင်ပြေတယ်ဆိုရင်ကိုပဲ သဘောတွေကျနေတာပါပဲ။

ကားလေးက သေးတော့ အရင်ကလို ကားပါ့ကင် မခက်ဘူး။ မောင်းရတာလဲ ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။ မောင်းစရှိတော့ ကားမောင်းရမှာလဲ မကြောက်တော့ဘူး။ အန်တီဆွိကတော့ အဲဒီကားလေး ၀ယ်မိတာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဘ၀ဆိုတာ တစ်ခါတစ်လေ နေရကျိုးနပ်အောင် စိတ်အလိုလေးလဲ လိုက်နိုင်မှ နေရတာ နေပျော်မှာ မှို့လား။ ငွေတွေရှာ မွန်းကျပ်နေပြီး ပျော်စရာ ထွက်ပေါက်မရှိရင်လဲ အလကားပဲလေ။ ဟုတ်တယ် မဟုတ်လား ပိတ်သတ်ကြီး ...။း)

Job ..  Job.. Job
 ကားလေးကရှိလာတော့ အန်တီဆွိလဲ အနီးအနား အလုပ်လေးဘာလေး ထွက်လုပ်မလား စိတ်ကူးမိတယ်။ cashier လို၊ စားပွဲထိုးလို၊ child care လို casual  job လေးတွေပေါ့။ ကြာတော့လဲ အိမ်ထဲမှာ တကုတ်ကုတ်နဲ့ ဘ၀ကို ပျင်းချင်သလို ဖြစ်လာတဲ့ အပြင်၊ ကိုယ်ပိုင် ၀င်ငွေလေးလဲ ရှာချင်သေးတာကိုး။ ဦးခြိမ့်နဲ့ တိုင်ပင်ကြည့်တော့ သူက မလုပ်စေချင်ဘူး။ ဒီမှာက မိသားစု life ကို ဦးစားပေးတော့ အလုပ်မလုပ်ရင်သာ အစိုးရက ထောက်ပံ့ကြေးပေးထားတာ။ ကိုယ်က မစို့ မပို့ part time လောက်လေး လုပ်မယ်ဆိုရင်တော့ဖြင့် ငွေရေး၊ ကြေးရေးအရ ထောက်ပံ့ကြေးကလဲ မရတော့မဲ့ အပြင် ခလေး child care တွေက အရမ်းဈေးကြီးတာရော၊ tax ပေးရမှာရော  အဲဒါတွေ အကုန်ပြန်တွက်ရင် သိပ်မကိုက်ပါဘူးတဲ့။ လုပ်တာနဲ့ မလုပ်တာ ငွေရေးကြေးရေးက မထူးပါဘူးတဲ့။ အိမ်က အလုပ်တွေ လစ်ဟင်းမယ်။ ၂ယောက်လုံး အလုပ်လုပ်တော့ pressure မိမယ်။ အိမ်မှာ မချက်နိုင်လို့ အပြင်မှာစားရင်လဲ ဒီမှာက အရမ်းဈေးကြီးတာကိုး။

ဒီမှာ ကိုယ်က အရင် အလုပ်အတွေ့အကြုံအတိုင်း လခကောင်းကောင်းနဲ့ professional full time လုပ်မယ်ဆိုရင်လည်း ဟိုမှာ အိမ်အကူရှိတာတောင် အန်တီဆွိ ညည်းလွန်းလို့ သည်းညည်းမခံနိုင်တာ ဒီမှာဆို ပိုဆိုးတော့မှာပေါ့ဆို ဦးခြိမ့်က မလုပ်စေချင်ပြန်ဘူး။ ကိုယ်ကတော့ အတွေ့ အကြုံတွေ တတ်ထားတာတွေကိုတော့ နှမြောမိတာ အမှန်ပဲ။ ကိုယ့်အလုပ်ကံလေး ပြန်စမ်းချင်လို့ အလုပ်ရရ မရရ၊ CV လေး ပြင်ပြီး အင်တာဗျူး အတွေ့ အကြုံလေးပဲရရ အလုပ်လျှောက်ကြည့်ချင်နေမိတယ်။ ကိုယ့်စိတ်ကြိုက်ပြောရရင်တော့ အရင် အလုပ်အတွှေ အကြုံအတိုင်း အိမ်မှာ CAD ဆော့ဝဲလ်လေးသုံး  ME ဒီဇိုင်းလေးလုပ်နိုင်တဲ့ အလုပ်မျိုးလေး လုပ်ချင်လိုက်တာ ။ အဟက် ပြောတတ်တယ်နော် ... အန်တီဆွိကး)

ဒီမှာ ခလေးတွေနဲ့ လင်မယား၂ယောက်လုံး အလုပ်လုပ်တဲ့ family တွေလဲ ရှိတာပဲ။ သူတို့ကိုတော့ အန်တီဆွိက အင်မတန်ကို ချီးကျူးပါတယ်။ ဥပမာ ဘလောဂါ ကိုအန်ဒီတို့ မိသားစုလိုပေါ့။ အိမ်မှာလဲ စလုံးမှာလို အကူခေါ်လို့မရဘူးလေ။ အဲသလိုဆိုလဲ ဖြစ်တော့ ဖြစ်သွားတာပါပဲ။  ဒါပေမဲ့ အပေါ်ကပြောသလိုပေါ့။ တစ်မိသားစုလုံး pressure မိမယ် ။ အိမ်မှုကိစ္စတွေ လစ်ဟင်းမယ်ပေါ့။ ဒါနဲ့ပဲ အန်တီဆွိတော့ ဈေးလေးပတ်လိုက်၊ သမီးကြိုလိုက်၊ ဘလော့လေးရေးလိုက် အွန်လိုင်းတက်လိုက်နဲ့ နေနေရတယ်။

Inspection နေ့
full time အိမ်ရှငိမဆိုတော့ အိမ်ကိုတော့ သန့်ရှင်းအောင်ထားပါတယ်ခင်ည။ အဲ အင်စပက်ရှင် လာရင်တော့ ဒီထက်ပိုကဲပြီး တစ်အိမ်လုံး ပစ္စည်းတွေ ရှုပ်မနေအောင်ပဲ ဘီရိုတွေထဲ ထည့်ပြီးရှင်းရပါတယ်။ အဲနေ့က အမှတ်တရ ရိုက်ထားတာပါ။






ဒီကအိမ်တွေက စလုံးက အိမ်တွေလောက်တော့ အထဲမှာမသစ်ဘူး။ ဒါတောင် ဒီအိမ်က renovation လုပ်ထားတာ မကြာသေးဘူး။ ဒီလို လုံးချင်းအိမ်မဟုတ် villa မှာတောင် ဒီဖက်မှာ ဒီလောက်အခြေအနေကို အော်ဇီ ဖွတ်ကလိဒင်္ဂါး ၆သိန်းလောက်နီးပါးဆိုတော့လဲ ဟင်းးးး.... ဆို သက်ပျင်းသာ ချမိပါတယ်။

















38 comments:

  1. ဖတ်လို့ကောင်းတယ် တီဆွိး)

    ReplyDelete
  2. Don't feel upset for housing prices. Here in Melbourne, if you want good location, prices are around 1.5 mil to 2 mil for 3-4 bedrooms :-(

    ReplyDelete
  3. ဆစ်ဒနီမှာလဲ နေရာကောင်းရင် အဲလောက်ဈေးရှိပါတယ်ဂျာ။ ကိုယ်က ကိုယ်တတ်နိုင်လောက်တဲ့ ပမာဏပဲ ပြောတာပါ။ သန်းဂဏန်းကတော့ မတတ်နိုင်လို့ ကြည့်ကို ကြည့်မနေတော့ဘူး။ ဒီဖက်မှာ Wood croft တို့၊ Park-lea တို့ Standhope Garden, Kellivale တို့လို မြောက်ဖက်တွေမှာ တော်တော်နေလို့ကောင်းနေပါပြီ။ ဆစ်ဒနီမြို့လည်ခေါင်နဲ့ ဝေးပေမဲ့ အိမ်လေးတွေ ခြံလေးတွေက အရမ်းလှတာ။ အဲဒီအရပ်မှာတော့ ၅သိန်းလောက်ဆို ၃ခန်းအိမ် အသင့်အတင့်ရနိုင်ပါတယ်။ မဲလ်ဘုန်းမှာလဲ အိမ်တွေ ဈေးကြီးတာပဲနော်။

    ReplyDelete
  4. Good post! Ju Ju has grown up. She should continue in Chinese class since her Chinese is good. It is better to know multi languages.
    WD

    ReplyDelete
  5. Ju Ju လေးကို တရုတ်စာ ဆက်မသင်တော့တာ နှမြောစရာကြီး ... :(



    NTZ

    ReplyDelete
  6. "‌ငွေ‌တွေရှာ မွန်းကျပ်‌နေပြီး‌ပျော်စရာထွက်‌ပေါက်မရှိရင်လဲအလကားဘဲ‌လေ.."သိပ်..သိပ်ဟုတ်တာ‌ပေါ့မဆွိရယ်..
    အပြတ်အသတ်‌ထောက်ခံပါတယ်..ဒါေ ကြာင့်မစပ်‌သောငရုပ်ဘဝနဲ့..ခဏခဏ‌ရှော့ပင်းထွက်‌ပေး..လိုချင်တာရှိရင်
    ဘာမှမစဉ်းစားနဲ့.ဝယ်ပလိုက်..သိပ်‌ပျော်စရာ‌ကောင်းတာ..(ဦးရှိမ့်မသိ‌အောင်ေ မြှာက်‌ပေးသွားသည်)းD

    ReplyDelete
  7. ကိုယ်တွေရဲ. ကျီးလန်.စာစား ဘဝတွေကို ရင်မောပါတယ်ကွယ်
    ပီအာ ၁နှစ်ပဲတိုးတာ အခုမှ ကြားဖူးတာပဲ

    ReplyDelete
  8. 'မိသားစု life ကို ဦးစားပေးတော့ အလုပ်မလုပ်ရင်သာ အစိုးရက ထောက်ပံ့ကြေးပေးထားတာ' ဆိုလို့ အခုလို ဈေးလေးပတ်လိုက် ဂျူးဂျူးလေးကြိုလိုက် ဘလော့လေးရေးလိုက်ပဲ လုပ်ပါတော့လား ဆွိတီရေ။
    ဒီလိုကုသိုလ်မျိုးရဘို့မလွယ်ဘူးနော် ပြောသာပြောတာတီတင့်လည်း အလုပ်တစ်ခုခုရှိနေမှ နေတတ်တား))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ပညာတွေနှမြောစရာကောင်းပေမယ့် ကုသိုလ်ကံက အေးဆေးနေရမယ့်ဇာတာမို့ နေပလိုက်စမ်းပါ တီတီဆွိရာ။
    လီယို

    ReplyDelete
  10. Hello TTSweet,

    Thanks for your info for both Ausi & SPR.
    I'm also worry for my wife who is SPR but currently she is unemployed as her company close down and she needs to renew PR next month. She's still hunting new job. One question pls, what is ur bro highest degree? why he got only 1 yr. I was really worry for her. I'm also PR but we both want to be PRs , planning to buy house within this yr as well.
    Do u have any idea/info/news about PR renew for unemployed person? Is there any possibilities related to applicant's degree? She's got M.Sc from NTU, EEE. How do think for this case? This blog really help us a lot. We got downloaded ur post for 'buying house in SG'. TTSweet should stay at home and care for family, as she did a lot for family in past time, just my idea. u r so lucky sis :)

    ReplyDelete
    Replies
    1. Hello Anonymos,

      Allow me to answer on behalf of Sweet.

      At first, I would like to ask you a question. When you (You and your wife)applied SPR, who is the main applicant? Did you (Both) get PR, before married?

      My understanding on REP (Re-entry permit) renewal (Most of people said PR renewal), if you are SPR (main applicant), there is no dependency that your wife has currently working on not working. As long as you have PR (REP) validity, your wife can get extension based on your PR expiry date.

      But, If your wife is main applicant, that is too bad. Your wife need to have shown her past tax return, CPF statement, your current employee status and designations including income. and talk to officer.

      I hope this will help you to clear your worries.

      Regards
      mgchaint

      Delete
    2. Oh, very glad to read your reply U mg chaint (that's why i love this blog although this is my first time to make comment).

      We both got SPR since 2007 before we got married. We just get married last year. So how? who is main applicant?
      We are in same education level. You know she more prefer independent woman that's why she doesn't want to be depend-pass holder and she dare not to make renew unless she get new job.
      here, thanks again for ur reply and let me ask / discuss with you next time, brother :)

      TT Sweet,

      Hope to read new post about your sweet daily life at Ausi. :)
      There are so many posts i like in ur blog

      Delete
  11. This comment has been removed by the author.

    ReplyDelete
  12. အားပေးသွားပါတယ်အသစ်တွေထပ်တင်ပေးပါဦး

    ReplyDelete
  13. a lot of knowlege ..

    very good writer


    So Lucky TTSweet .. you should stay home

    :)

    Kyi Sandar

    ReplyDelete
  14. Dear Anonymous, Thanks for encouraging me and my post. My cousin is only diploma AGTI, but he stayed in S'pore more than 12 years and is currently working in big company. He also got diploma from Singapore Poly. Yes, education wise is not that high. For other questions I have requested U Chaint to answer behalf of me and he already answered. Thanks

    ReplyDelete
  15. အနောနိမတ်စ်မှ ပြန်ထားသော ကွန်မန့် ပေါ်မလာလို့ ဂျီမေးလ်မှ ကူးတင်ပေးလိုက်ပါသည်။


    Anonymous noreply-comment@blogger.com

    11:30 AM (3 hours ago)

    to me
    Anonymous has left a new comment on your post "အလ္လာပ သလ္လာပ":

    Oh, very glad to read your reply U mg chaint (that's why i love this blog although this is my first time to make comment).

    We both got SPR since 2007 before we got married. We just get married last year. So how? who is main applicant?
    We are in same education level. You know she more prefer independent woman that's why she doesn't want to be depend-pass holder and she dare not to make renew unless she get new job.
    here, thanks again for ur reply and let me ask / discuss with you next time, brother :)

    TT Sweet,

    Hope to read new post about your sweet daily life at Ausi. :)
    There are so many posts i like in ur blog

    ReplyDelete
  16. အစ်မရေ...စလုံးပီအာသက်တမ်းတိုးတဲ့အချိန် ၁နှစ်ပဲပေးတာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက သူငယ်ချင်းတစ်ယောက် ကြုံဖူးတယ်။ သူက ဒီဂရီအတွက် ကျောင်းပြန်တက်လိုက်တော့ ပီအာသက်တမ်း၅နှစ်မကုန်ခင် ကြားထဲမှာ အလုပ်၁နှစ်လောက် မလုပ်ဘဲ gap ဖြစ်သွားတာ။ သူ့ကို ၁နှစ်ပဲတိုးပေးတော့ သူက officer ကို ပြန်မေးတယ်၊ ဘာလို့လဲပေါ့။ ဟိုက ဘာပြန်ပြောလဲဆိုတော့....နင်ကျောင်းတက်တာ နင့်ကိုယ်ကျိုးအတွက်တက်တာ၊ ငါတို့နိုင်ငံကို ဘာမှ အကျိုးမပြုဘူးတဲ့။ နောက်ထပ်ပီအာသက်တမ်း ၅နှစ်လိုချင်ရင် တစ်ရက်မှမပျက်ဘဲ contribute လုပ်ပါလို့ ပြောလိုက်တာ။ ဘယ်လောက် စိတ်တိုဖို့ကောင်းလိုက်သလဲလို့။ အဲဒါကြောင့် သူက ရလာတဲ့ သတ်တမ်းတစ်နှစ်အတွင်း အလုပ်သိပ်အဆင်မပြေပေမယ့် မပြောင်းရဲဘဲ အောင့်အီးသည်းခံပြီး တစ်နှစ်အပြည့် ဆက်လုပ်လိုက်ရတယ်။ အဲဒီတစ်ခေါက် သက်တမ်းကုန်လို့ ပြန်တိုးတော့မှ ၅နှစ် ပြန်ရလာတယ် အစ်မရေ။

    ReplyDelete
  17. I lost my Singapore PR 2 years ago. The loss upset
    me a lot as I could not even go inside Singapore for
    a roasted duck meal, I was in a city where I could
    not eat decent juicy roasted duck for 5 years (not
    every bi-weekly or monthly as I like as I used to
    eat everyday or every two days while I was living
    and working in Singapore for 3 years. So when I was
    stuck in Changi and when I could not go out for a
    roast duck and beer, that made very upset. I don't
    care contributing to Singapore or foreign talents
    but I still upset with that loss of nice meal. They
    are real bastards. Now it is ok as I found a great
    restaurant where I can feast nice roasted duck for
    30 bucks. But thinking about roasted duck made me
    feel angry for the loss of my Singapore residency.

    ReplyDelete
  18. ဗုသုတတွေ ဖတ်သွားဒယ်..

    ReplyDelete
  19. Dear Ma TTSweet,

    I used to read your blog regularly because I am interested in a family who made the move from Singapore to Australia. It gives me some ideas of how to compare Singapore and Australia in terms of work-life balance,income, security, future of the kids, health, retirement, etc.
    To be a bit more specific, my family situation is quite similar to yours. We are from Singapore and also holding QzPR. We got QzPR in 2008, maybe, slightly earlier than you. But we are still stuck here in Singapore due to the consideration of many factors, mainly the income and social security for the kids (we are having the girls.
    As for income, it definitely concerns me because we both are working here just like you did last time. We graduated from NUS as well. I think you can imagine how much one could get in Singapore with more than 10 years of Singapore experience. Simply to compare, our income will be halved when we move to Oz because, most probably, only husband will be working there and wife needs to take care children. One might say that the income in Oz is generally higher than in Singapore.It is true when people are in their twenties or early thirties. When the age comes to late thirties, you probably draw the monthly salary, say 5-6k/monthly at least for M&E engineer with 10yrs experience. Now, M&E engineers are high demand in Singapore. We can't even find good one in our organization. So,here is simple maths, monthly income 5000x1.16(for CPF by employer)x14months (considered 2 months bonus)=81,200 SGD For two=> 162,400SGD. After tax will be approx = 155,400SGD.
    In Oz, a lucky Asian engineer could get 110K/annum (Maybe more. This is from my friend who is working in NSW). Let's add superannuation 9% = 119,900AUD. After tax will be approx=91K AUD. I won't multiply it with exchange rate AUD vs SGD because, if we compare apple to apple, Oz is not cheap as well, e.g one train trip fare in is Oz more than 1.3times in Singapore. The difference is quite significant.

    The other concerns are like children education, their security etc.
    So, in short, if you got some times to share you thinking and your observation before migration and after migration, I would love to read your blog about this.

    Cheers,

    Htwe

    ReplyDelete
  20. Dear Htwe,

    I really understand what you have concerned. I will try to tell you honest answer without exaggerated.
    ကျွန်တော်တို့ နှစ်ယောက်အနေနဲ့ ဒီကိုမလာခင်မှာ အဲဒီအခြေအနေတွေအားလုံးကို အမှတ်တကယ်ကိုတွေးခဲ့ပါတယ်။ တစ်ခုတော့ ပြောမယ်နော်။ အော်စီမှာ လာလို့ ကျွန်တော်တို့ သူဌေး မဖြစ်ပါဘူး။ အခုလက်ရှိ တနှစ်ကျော်ကျော်လေး နေရတဲ့ ကာလလေးကိုပဲ ကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်အနေနဲ့ မိသားစုဘ၀ကို ပိုပြီးရခဲ့တယ်။ တချိန်လုံး အလုပ်လို့ခေါင်းထဲမှာထည့်ပြီး ပရက်ရှာနဲ့ နေရတဲ့ ဘ၀ကနေ အိမ်ရောက်ရင် အလုပ်တွေကိုမေ့ပြီး သမီးနဲ့ ဇနီးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ဘ၀ကို ရတယ်။ ကျွန်တော့်သမီးက စင်္ကာပူမှာ ည၇နာရီခွဲကနေ ည၁၁နာရီအထိ နေ့တိုင်းစာလုပ်ရတဲ့ ဘ၀၊ ကျောင်းပိတ်ချိန်မချန် နေ့တိုင်း စာနဲ့လုံးထွေးနေတဲ့ ဘ၀ကနေ ဒီမှာ အိမ်စာနည်းနည်းနဲ့ ပြင်ပကစားမှုတွေမှာ ပိုပြီး လုပ်ဖြစ်တယ်။ အဲဒါကတော့ စလုံးနဲ့ဒီမှာနေရတဲ့ အဓိက ကွာခြားမှုပဲ။

    နောက်ပြီး ကို/မထွေးအနေနဲ့ ဒီကလစာတွက်တာမှာ မှားနေတယ်။ ကို/မထွေး ပြောသလို Superannuation အပြီးအစီ Gross salary 120K /year ရတဲ့ လူအတွက် after tax will be approximate = 79K လောက်ပဲ အိမ်ကို ရောက်ပါမယ်။ တစ်လ ၆၆၀၀ ပေါ့ဗျာ။ အမျိုးသမီးက အိမ်မှာနေပြီး ချက်ပြုတ်မယ်ဆိုရင်၊ အိမ်မှာ ကားလည်း အကြွေးနဲ့ မဟုတ်ပဲ လက်ငင်း ၂၀ ၀၀၀ တန်လောက် ၀ယ်ထားမယ်ဆိုရင် အိမ်အသုံးစရိတ် ဓါတ်ဆီခ အပါအ၀င် တပတ် ၂၅၀ ကနေ ၄၀၀ အများဆုံးလောက်ပဲ ကုန်ပါတယ်။ ကလေး ကျောင်းစရိတ်ကတော့ ကလေးရဲ့ အတန်းပေါ်မှာ မူတည်တာပေါ့။ အိမ်လခက တစ်လကို ၂၀၀၀ လောက် ၀န်ကျင်းရှိပါတယ်။ တခြား shopping ထွက်တာတွေ တခါတရံ သာရေးနာရေး Restaurant မှာ စားသောက်တာရယ်။ မြန်မာပြည်က မိဘတွေကို တစ်လကို ၇၀၀-၈၀၀ လောက် ပြန်ပို့တာတွေပါ ထည့်တွက်လိုက်မယ်ဆိုရင် ကျွန်တော်တွက်ပြတဲ့ တစ်လ ၀င်ငွေ က ကောင်းကောင်း လောက်ငှတဲ့ အပြင် ပိုပါတယ်။
    သို့သော်လည်း စင်္ကာပူမှာ ရတဲ့ ၀င်ငွေ ကိုတော့ ပြန်မှီချင်မှ မှီပါလိမ့်မယ်။ စင်္ကာပူက လင်မယားနှစ်ယောက် ရှာလို့ ရတဲ့ ငွေကို ဒီမှာ ရချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောနိုင်တာ တစ်ခုပဲ ရှိတယ်။ မရနိုင်ပါဘူး။ သို့သော်လည်း စင်္ကာပူမှာ မရနိုင်တဲ့ ပရက်ရှာ နည်းနည်းနဲ့ မိသားစု ဘ၀၊ အိမ်နဲ့ယာနဲ့ ကိုယ်စားချင်တာလေးတွေ စားပင် သီးပင်စိုက်လို့ အေးဆေးနေချင်တယ်ဆိုရင်တော့ ဒီမှာ ရနိုင်ပါတယ်။

    တစ်ခုရှိတာ ကို/မထွေး တစ်ယောက် ဒီမှာ အလုပ်ရဖို့ အဓိကပါပဲ။ အလုပ်ရဖို့ အလွန်ခက်ခဲပါတယ်။ အဆက်အသွယ် network က အလွန်အင်မတန် အရေးကြီးပါတယ်။ 2008 ခုနှစ်ကတည်းက ပီအာ ရတဲ့ သူဆိုရင် ဒီအချိန်မှာ ပီအာ သက်တမ်းတိုးဖို့ နီးလာပါပြီ။ ဆုံးဖြတ်ချက် ချရမဲ့ အချိန်ရောက်ပါပြီ။ သေသေချာချာ စဉ်းစားပြီး တဖက်ကို ပြတ်ပြတ်သားသားလုပ်ရမဲ့ အချိန်ရောက်နေပါပြီ။ လိုအပ်ရင် ဆွိတီကို ဖြစ်ဖြစ် ကျွန်တော်ကို ဖြစ်ဖြစ် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။ ကိုယ်စား မဆုံးဖြတ်ပေးနိုင်ပေမဲ့ သိလိုတာတွေကို အကောင်းဆုံး ဖြေကြားပေးနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ မိတ်ဆွေကောင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရိုးသားစွာ ဖေးမတာက မင်္ဂလာတရားပါ။ ကျွန်တော်တို့ကို ဖုန်းဆက်နိုင်ပါတယ်။

    မောင်ခြိမ့်

    ReplyDelete
    Replies
    1. Great reply from Ko mg chaint.

      It is true Htwe....

      Me & family similar situation moving from SG to Oz a few years back. Worked in major projects at different states so far, very little stress from work & people, more family time, bit of traveling and so on.

      Htwe......I am sure you have enough thoughts, facts & figures to compare btw SG & Oz. Do you think you need 4 years (2008 to 2012) or more time to make such a decision?

      Delete
  21. I think for an engineer (even chief or principal engineer) is still an engineer who still cannot make it to senior management roles (engineering manager or program manager or general manager as project manager is still
    a senior engineer), Singapore is not a very good place to live and work
    for long term because there is ageism. Some managers in Singapore will even accept manager jobs for less than 5000 dollars a month and so if you were an engineer who makes more than 5000 dollars month then you risk getting fired especially when you can be replaced with someone younger, cheaper and hungrier and easier to be controlled. Like Brazil, America, Singapore is very good if you are making millions but IMHO Australia and Canada are greatest places to live when you don't make a lot of money.
    I think another risk in Singapore if you have kids is that your children may end up in polytechnic or ITE as Singapore has only 4 universities and combined intake is less than 4000 students per year for native and immigrant population of 5 millions. Australia has 20 millions population but 40 public universities and about 100 campuses as each university has more than one campus, each campus can easily compete with some specialist Singapore university like Singapore Management as SMU is just a faculty. And there is always second chances for an Australian. You screw up at high school (year 12) then it is ok as you can go to TAFE for academic certificates (TAFEs are like Polytechnics and they have academic oriented certificate programmes those can be transferred to university) so any Singaporean who can get into Polytechnic, they can get into respectable university in Australia for some majors (in Ausi, people go for majors and not the universities, that means a student will choose to pursue engineering at NTU than Social Science at more prestigious NUS) and so anyone who can get into polytechnic programme in Singapore can get into engineering in 100 campuses of 40 Australian public university and he can easily make a living with the degree. He or she can earn a degree in 3 or 4 years after year 12 studies at the age of 23 or 24. Even if someone mess up in year 12, they can still go to TAFEs and join back universities and they will not waste years. However, if a kid screws up in Singapore, if he has to study Polytechnic then after 3 years of Poly, he will have to study 3 more years in university (2 years of NS for male) so he can earn a living only after he is 28 years old. In Australia, you can start working as an engineer even if you graduated at age 40, you can start PhD with scholarship even if you are 50 (you cannot do that in Singapore, you can study medicine after your engineering degree at age 40). So I think Ausi is better than Singapore if your child is just above-average and not a prodigy. Because all your savings will be gone if your kid can only get into a polytechnic then you have to send for overseas university that will cost you 1000000 to 200000 dollars for 4 to 5 years of education or your sons or daughters will become a second class citizen in their own country if he cannot get into university. That is not the case in Ozi as there is always second chance.

    ReplyDelete
  22. Ageism means discrimination (in work place for getting hired, promoted) if you are old aged. I have seen 3 senior engineers at MNCs fired and all of them have earned MSc or MEng degrees from Singapore universities or Hongkong universities. That time I did not understand and I even bought some of their tools and instruments, one guy quit engineering at age under 40 to become an importer of vegetarian food, another went back to Malaysia and the third one is now doing part-time teaching and he could not even get a full time Mathematics teacher job even after he has been teaching as
    an adjunct lecturer at one of the four public universities in Singapore. He was fired at age 45 and he was making 5500 a month before CPF top-ups. That chap was transferred from Canada but he made the mistake of not returning there
    after his expatriate package expired and when his contract was converted to local (Singapore) contract. Because his work can be replaced by younger and cheaper engineer with more skills.

    ReplyDelete
  23. But Singapore is good if you are/have become a Singaporean, if you already have earned graduate (MSc/MEng) or post graduate (PhD) or business degrees (MBA) and if you are a senior manager with more than 10 to 20 engineers (with degrees and advanced degrees) reporting to you or 20-30 engineers (with diplomas) and if you are making six figures salary. Because at that stage, you have already gained real management experience and your management skill can be transferable (some are not transferable as I know one senior engineer in Sydney who was an engineering manager in top US firm in Singapore. So there in Sydney he started as a senior engineer (that was his role and position in Singapore since 15 years ago before he got promoted to first line manager) and he got a PhD from NTU. So if you are a Singaporean, if you have earned PhD or MSc or MEng plus MBA, if you were in a senior (above front-line manager roles) management role then Singapore is great. Otherwise, I will move to Australia or Canada.

    ReplyDelete
  24.ှုကျေးဇုးအထူးတင်ပါတယ်။ Anonymous ခင်ဗျာ။ ကို/မထွေးခင်ဗျာ သူရေးထားတာ အလွန်အင်မတန်ပြည့်စုံပါတယ်။ ကျွန်တော်မသိသေးတဲ့ အချက်အလက်တော်တော်များများလဲ ပါဝင်တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် ဗဟုသုတ ရရှိပါတယ်။

    Ageism နဲ့ပတ်သက်လို့ ကျွန်တော်စင်္ကာပူမှာတွေ့ဖူးတာကို ပြောရမယ်ဆိုရင်... လွန်ခဲ့တဲ ၃နှစ်က ကျွန်တော် အော်စီက ပြန်လာလာချင်း အလုပ်ရှာပါတယ်။ စင်္ကာပူမှာ အလုပ်ရှာရတာ အဆင်ပြေပါတယ်။ ချက်ခြင်း အင်တာဗျူးဖြေတယ်။ အင်တာဗျုးမှာ ကျွန်တော် လိုအပ်တာတွေ တော်တော်ဖြေနိုင်ပါတယ်။ လစာကို စကားပြောရာမှာ ကျွန်တော်တို့ အဆင်မပြေပါဘူး။ လစာမှာ ကျွန်တော်ရဲ့ နောက်ဆုံးရခဲ့တဲ့ လစာကိုပဲ တောင်းတာပါပဲ။ အဲဒီမှာ အင်တာဗျုးတဲ့သူက မင်းလခက များတာပေါ့။ မင်းလောက် အတွေ့အကြုံမရှိပေမဲ့ မင်းထက် အသက် ငယ်တဲ့သူကို မင်းလောက်မများတဲ့ လစာနဲ့ (၁၀၀၀ လောက်နည်းပြီး ) ခန့်ထားမယ်ဆိုရင်လည်း ဖြစ်တာပဲ။ မင်းက အသက်က ကြီးနေပြီဆိုပြီ ကျွန်တော်ကို ပြောပါတယ်။ စင်္ကာပူမှာ discrimination လုပ်ပါတယ်။ အဲဒီအချိန်တုန်းက ကိုယ်ကလဲ အလုပ်လိုနေတာဖြစ်လို့ ဘာမှပြန်မပြောဖြစ်ပေမဲ့ ကျွန်တော် ခံရတော်တော် ခက်တဲ့ ဘ၀ကို ရောက်ခဲ့ပါတယ်။ စင်္ကာပူမှာ ရေရှည်လုပ်မယ်ဆိုရင်တော့ အဲဒီအချက်ကို မဖြစ်မနေ စဉ်းစားသင့်ပါတယ်။

    မောင်ခြိမ့်

    ReplyDelete
    Replies
    1. Hi Anonymus and Ko Maung Chaint,

      Thanks for your time to share all these information. It helps us to make the decision.

      Cheers,

      Delete
    2. This comment has been removed by the author.

      Delete
  25. Dear Ko Htway,
    Please contact us via mgchaint@gmail.com or sweetee2008@gmail.com

    ReplyDelete
  26. The last trip I made to Singapore was for getting
    Australia PR stamp and I saw Singapore has changed
    for worse. MRT was very crowded, and there was rain
    and I was among Bangladesh general workers and with
    rain, the collective smell (from me too I guess) as
    the rain make all of us crowded under the shelter
    and I am glad I left there. And to save some bucks,
    I happened to stay in a cheapest bed and breakfast
    where I faced the other side of Singapore I never
    seen before, I rented an air-condition room, smell
    was real horrible, outside a guy from mainland China
    and I suspect there were girls sleeping in arrays
    of banks and when I sat in the toilet the bum was
    touching the back of the wall and I could not even
    finish what I wanted to release after long flight.
    Next morning I checked out and ran away to plaza
    Peninsular for Mohingkhar and checked into a motel
    in Geylang. The same day I was in Orchard road so
    the contrast was really vivid, rich Singapore for
    expatriates and another Singapore for expatriates
    of different affluence and wealth. So Singapore is
    a great country if you are making 6 figures salary
    and if you are on top of the food chain (that means
    you are the one who is hiring and firing) and when
    you are young and healthy and single. But when you
    are not in above categories, it become not a very
    nice place to stay. But I think if you were a very
    rich guy, Singapore is where you should stay and
    enjoy as you can still have a live-in maid for few
    hundred dollars, you can still be a modern day slave
    owner even if you were a lowly engineer or technie.

    Another class of people who should migrate to Ausi
    are trade people, those who graduate from ITEs are
    trade people and for them Ausi is better as a trade
    guy can make about 60000 dollars in Ausi which is
    higher than a graduate starting pay of 4 to 60000.
    Welders, mechanics, plumbers, electricians should
    think of moving to Ausi too.

    Even for ambitious people, Australia is still not
    a bad place as if you hold an Australian passport,
    if you can speak good English, one day you can go
    to Singapore as an expatriate (a Singaporean can
    also come to Australia as an expatriate for there
    are many Singapore firms investing in Australia
    like Singtel, Singapore Stock Exchange SGX, etc..)
    But for some jobs, Australia has clusters, Sydney
    has more IT jobs while Melbourne has Life Sciences
    and Perth has oil and gas. So it is the good thing
    about Singapore as you don't have to think where to
    live as the whole country is within 1hour drive for
    the longest stretch. But in Australia, you have to
    choose your city or you will find it hard to get a
    relevant job or limited in upward mobility if you
    were in wrong city.

    ReplyDelete
  27. When I was in Singapore, my neighbor, the old technician who has ITE certificate can keep an Indonesian maid. I do not think a Canadian or
    an Australian can keep a live-in maid even if they make 100000$ p.a.!
    In UK and Canada some immigrants from third or fourth world countries
    ran into problems for enslaving others, one Asian Indian couple who
    are lawyers or doctors were jailed for keeping an unpaid Indonesian
    maid (that is slavery) and in London, some Cameroonians or Nigerians
    who brought their countrymen and use them there as unpaid maids (that
    is slavery) and they were jailed. So Singapore is the only country
    where a mechanic or electrician or plumber can keep a maid. It is not
    that such live-in maids (or similar) do not exist in UK or US but they
    are expensive and they are called house-mistresses. There are some US
    4 years college educated girls work as nannies in the homes of very
    rich that is more than 250K dollars p.a (that is consider 1% in USA) but if you are making only 150K you can only get an illegal hispanic as your live-in maid(obviously she may not be as curvy or hot as Jenifer Lopez). But in Burma and India, slavery is alive, and in Singapore, slavery is there as you can bring an Indo maid or Burmese maid (some Burmese girls are there for 3 months visa as I heard) but you need to be really rich to practise slavery in 2010s only if you are filthy rich, that is you and your partner (another man or woman depends on your taste) make more than 250,000 dollars a year. So it is more difficult in UK and US to act like a slave owner even if you yourself is a leper. So for those who love slavery, Singapore is not a bad place to live as you can exploit another human being without feeling shame or guilt. I am not blaming Singapore as in Burma, some friends of us, who are lepers in my eyes as they suck and swallow some guys to win contracts. But we heard that our friends even do not light their own cigarettes nor answer own mobile. So Singapore is not as bad as Tamil movies where a boss will slap the face of his brownie as if he is not a human. But Singapore is still a place where modern day slavery is still alive and kicking. So raising a child in Singapore is good in some aspects and bad in some aspects. They think they are rich masters (even if their daddies are no ones, or drones who have to suck their bosses) and they learn to command others, but that is their own short comings as they will not realize their daddies are just leper kings and they are little emperors in leper kingdom. Moving or not moving is your choice but both states have advantages and disadvantages.

    ReplyDelete
  28. အမ တီတီဆွိ...
    ပခုက္ကူမှာ ဆွေမျိုးများ ရှိပါသလား။
    အမရဲ့ ဘလော့ဟောင်းတွေဖတ်ပြီး ကျွန်တော့် အဒေါ်ရဲ့ အမျိုးများ ဖြစ်နေမလားလို့။
    မျိုးထွန်း

    ReplyDelete
  29. အစ်မနဲ့ တော်တော် တူတဲ့သူ ပခုက္ကူမှာ ရှိပုံရတယ်။ ဒါနဲ့ဆို မေးတာ ၂ယောက်ရှိပြီ။ မေးတာလဲ တစ်ပုံစံတည်းပဲ။း)
    အန်တီဆွိ ရန်ကုန်ဇာတိဖြစ်ပြီး ရန်ကုန်မှာပဲ ကြီးပါတယ်ခင်ညာ။ နာမည်တူ လူတူမရှားဆိုတာ မှန်တယ်နော်။ လာအားပေးတဲ့ အတွက် ကျေးဇူးပါ။

    အပေါ်က အနောနိမတ်စ်
    ကွန်မန့်ရှည်ကြီးနဲ့ အားသွန်ခွန်စိုက်ရေးထားတာ ... ကျေးဇူးပါနော်။ တစ်ချို့အချက်တွေလဲ တော်တော် မှန်ပါတယ်။ no offense.

    ReplyDelete
  30. အမ တီတီဆွိ...
    စာပြန်တာ ကျေးဇူးနော်။
    ကျွန်တော့် အဒေါ်ရဲ့ အမျိုးကလည်း YIT မှာ ဆရာမ လုပ်ခဲ့တာ။
    စင်္ကာပူ တိုပါးယိုး ဘုန်းကြီးကျောင်းမှာ တစ်ခါတွေ့တုန်းက စင်္ကာပူမှာ ကျောင်းလာတတ်တယ်ပြောတယ်။
    ပြီးတော့ ကျွန်တော်နဲ့ လုံးဝမတွေ့တော့ဘူး။ ကျွန်တော်လည်း ရုပ်ကော နာမည်ပါမေ့နေလို့ အမဖြစ်နေ မလားလို့ မေးကြည့်တာ။
    အမရဲ့ ဘလော့ဒ်မှာ ဗဟုသုတတွေ အများကြီးပါတယ်။ Comments မရေးဖြစ်ပေမယ့် အမြဲ ဖတ်ဖြစ်ပါတယ်။
    မျိုးထွန်း

    ReplyDelete
  31. တီဆွိ အိမ်လေးက လှတယ်..ကားလေးလည်း မိုက်တယ်..

    ReplyDelete
  32. Southyan Kwai tae a het am shi bu

    ReplyDelete
  33. Even a cleaner can drive better than old mini cooper in Aussie with own house

    ReplyDelete