ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork Belly ဝက်သုံးထပ်သား ပေါင်းပေါ့။
အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ လုပ်စားရအောင် လုပ်နည်းလေး ရှယ်ပေးလိုက်မယ်။
..
အိုးကင်းပူတိုက်
ဝက်သုံးထပ်သား ၈၀၀ ဂရမ်ခန့်ကို 1.5 cm အထူလောက်လေးတွေ လှီးပြီး ဒယ်အိုးမှာ အိုးကင်းပူတိုက်ပါ။ ဝက်သား အခေါက်ရော အပြားလိုက်ရော နေရာအားလုံးကို အိုးကင်းပူတိုက်၊ အရောင်လေးတွေ ပြောင်းလာရင် ကော်ထားပါ။
သကြားဆီသတ်
စောနက ဒယ်အိုးထဲကိုပဲ ဆီ တစ်ဇွန်းခန်ထည့် နာနတ်ပွင့် ၃-၄ ပွင့်နဲ့ သကြား တစ်ဇွန်းထည့် ဆီသတ် သကြားပျော််််း ပြီအရောင််နီညိုရောင်လေး ဖြစ်လာရင် စောနက ဝက်သားကိုထည့် ပြီး ၃မိနစ်ခန့် မွှေကြော်ပေးပါ။
ဝက်သားပေါင်း
နောက် ပေါင်းမဲ့ အိုးထဲကို ကြက်သွန်မြိတ် ၄ ချောင်းခန့်ကို ၂လက်မလောက် အရှည် ဖြတ်ပြီး အောက်မှာ ဖြန့်ခင်းထားပါ။ အပေါ်ကနေ ဂျင်း ပြား ၆ပြားခန့် တင်ပါ။ ပြီးရင် စောနက သကြားဆီသတ်ထားတဲ့ ဝက်သားတွေကို အပေါ်က ခင်းလိုက်ပါ။ ကြကိသွန်ဖြူ တစ်လုံးကိုလဲ အခွံ မနွှာပဲ ထည့်လိုက်ပါ။
ပြီးရင် တရုတ် ဟင်းချက်ဝိုင် ၃ဇွန်း၊ ပဲငံပြာရည်အနောက် တစ်ဇွန်း၊ ပဲငံပြာရည် အကြည် ၂ဇွန်း၊ ခရုဆီ ဇွန်း တစ်ဝက်၊ ကြာညို့ တစ်ဇွန်း၊ သကြား တစ်ဇွန်း၊ ဆား ဟင်းခတ်မှုန့် သင့်သလို ထည့်၊ ရေကို ဝက်သားမြုတ်အောင်ထည့်ပြီး ပွက်အောင်တည်၊ ပွက်လာရင် မီးအနည်းဆုံးနဲ့ တစ်နာရီခန့် အဖုံးအုပ်ပြီး ပေါင်းပါ။
ကြက်ဥကြိုက်ရင် ကြက်ဥ ၅လုံးခန့် ကျက်အောင်ပြုတ်ပြီး ဝက်သားပြုတ်ရေထဲ နစ်အောင် ထည့်တည်ပေးပါ။
တစ်နာရီခန့်ကြာလျှင် တရုတ်ဆိုင်တွေကလို စားကောင်းတဲ့ ဝက်သုံးထပ်သားပေါင်း ရပါပြီ။ အရည် အနည်းငယ်ကျန်အောင် ပေါင်းရပါမယ်။
ပွဲပြင်ဖို့ အတွက်က
ဂျပန်ဆန် ခပ်စေးစေးကို အောက်ကခံ အပေါ််က ဝက်သားသုံးထပ်သားကို လှအောင်ထည့်၊ ဟင်းအရည်ကိုလဲ ထမင်းပေါ် ဆမ်း၊
မုံညင်းလေးတွေရေနွေးဖျောထားတာနဲ့ တွဲစားနိူင်ပါတယ်။
No comments:
Post a Comment