Friday, June 19, 2009

စင်္ကာပူစတိုင် ငါးခေါင်းဟင်း




























လာပြီလာပြီ ဒေါ်ဆွိတီ။

မသက်ဝေရေ ... မအားတဲ့ကြားက ပရိတ်သတ်က တောင်းဆိုလို့ ... တင်ပေးလိုက်ပြီနော်။

ဟိုနေ့က ငါးခေါင်းတွေ တွေ့လို့ ၀ယ်လာခဲ့တယ်။ စင်ကာပူစတိုင် ငါးခေါင်းဟင်းချက်စားချင်လို့ပါ။ ငါးခေါင်းတစ်ခြမ်းကို စလုံး၇ကျပ်ပေးရပါတယ်။

လိုတဲ့ပစ္စည်းတွေက လူ ၃-၄ ယောက်စာလောက်
၁။ ငါးခေါင်း တစ်ခြမ်း (၈၀၀ ဂရမ်လောက်)။ဆား၊နနွင်း၊ အချိုမှုန့် နယ်ထားပါ။ငါးခေါင်း ဘယ်လောက်ကြီးကြီး မခုတ်ပစ်ပါနဲ့.။ အခြမ်းလိုက်ချက်တာကောင်းပါတယ်။ ခုတ်လိုက်ရင် အရိုးတွေနဲ့ ကြေကုန်မစိုးလို့ပါ။ အမြင်လည်းမလှပါဘူး။ အဲနေ့က ချက်တော့ ကြီးလွန်းလို့ဆို ခုတ်လိုက်မိလို့ပါ။
၂။ ကြက်သွန်နီ အလုံးကြီးတစ်လုံး၊ အဖြူ ၁၀မွှာလောက်၊ ဂျင်း လက်၂ဆစ်လောက်၊ စပါးလင် ၁ချောင်းပါးပါးလှီးထားတာ၊ အားလုံးကို တစ်ခုစီကြိတ်ထားပါ။
၃။ ငါးမဆလာ ၃ဇွန်းခန့် (NTUC, Super market တွေမှာ ဒါမှမဟုတ် wet market တွေမှာ ရပါတယ်။ နနွင်းရောင်လေးနဲ့ မဆလာပါ။)
၎။ ခရမ်းသီး အရွယ်တော် ၁လုံး၊ရှစ်စိတ်စိတ်ထားပါ။
၅။ ခရမ်းချဉ်သီး ၂ လုံးလောက်ကို ၄စိတ်စီ စိတ်ထားပါ။
၆။ ရုံးပတီသီး ၃-၄တောင့်၊ခပ်ရွှေရွှေ အပိုင်းလေးတွေ လှီးဖြတ်ထားပါ။
၇။ပျဉ်းတော်သိမ်ရွက် (Curry leaf) ၂ခက် ၃ခက်လောက်ကို အရွက်ချွေထားပါ။
၈။ငရုပ်သီးစိမ်း ၄-၅တောင့်ကို ထပ်ခြမ်းခြမ်းထားပါ။
၉။ ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်း၊
၁၀။ မန်ကျည်းရေ လက်တစ်ဆုတ်ဖျော်စာလောက်။ရေများများနဲ့ဖျော်ထားပါ။
၁၁။ နို့စိမ်း (Unsweetened condensed milk or evaporated milk) ၆ ဇွန်းခန့်။
၁၂။ အုန်းနို့ ခပ်ပျစ်ပျစ်၂ဇွန်း၊
၁၃။ သကြား ၂ဇွန်း၊
၁၄။ဆီ ၅ဇွန်း၊
၁၅။ သံပုရာသီး တစ်လုံး၊ ညှစ်ရလွယ်အောင် လှီးပြီး အစေ့ထုတ်ထားပါ။


၁။ပထမ ငါးခေါင်းကို အိုးတစ်ခုထဲထည့်ပြီး ၅ မိနစ်လောက် Steam လုပ်ထားပါ။ ရေနဲနဲနဲ့ ပြုတ်ရင်လဲ ရပါတယ်။
၂။ဒယ်အိုးဇောက်နက်နက်ကို မီးအနေတော်ထား၊ ဆီထည့် ၊ ဆီကျက်ရင် ဂျင်း၊ကြက်သွန်ဖြူ၊နီ၊ စပါးလင်ထောင်းထားတာကို ထည့်မွှေပါ။
၃။ ကြက်သွန်တွေနွမ်းလာရင်ပျဉ်းတော်သိမ်ထည့်၊ မဆလာထည့်ပြီး ဆက်မွှေပါ။ အရောင် နဲနဲညိုလာလိမ့်မယ်။ ငရုပ်သီးအရောင်တင်မှုန့်ပါ ထပ်ထည့်ပြီး မွှေပေးပါ။မတူးပါစေနှင့်။
၎။ ဆီသတ်လို့ အတော်မွှေးလာပြီဆို နို့စိမ်းထည့်၊အုန်းနို့ထည့်ပြီး မွှေပေးပါ။
၅။ ရေ အနည်းငယ်ထည့်ပြီး ခရမ်းသီးထည့်ပါ။ ပွက်လာရင် မန်ကျည်းရေလောင်းထည့်ပါ။ အဖုံးပိတ်ထားပါ။
၆။ ခရမ်းသီး နပ်ခါနီးလောက်တဲ့အချိန်ကျရင် ရုံးပတီသီးရယ် ၊ငါးခေါင်း steam လုပ်ထားတာရယ်၊ ခရမ်းချဉ်သီးရယ်၊ ငရုပ်သီးစိမ်းရယ် ထည့်။ အပေါ့အငံမြည်း၊ သကြားထည့်၊ဆားထည့် ပြီး အဖုံးဆက်အုပ်ထားပါ။မွှေးအောင် သံပုရာရည်လေး ညှစ်ထည့်ပါဦး။ ငါးခေါင်းမကြေအောင် ဂရုစိုက်ထည့်ပါ။
၇။ ၃-၄မိနစ်လောက်ကြာရင် ချပြီး စားလို့ရပါပြီ။ မချခင် မြည်းကြည့်ပြီး အငံ၊အချို လိုတာထပ်ထည့်ပါ။အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ Curry Fish Head ဟင်းရပါပြီ။ သူက အနှစ်ကိုက မွှေးပြီး အလွန်အရသာရှိပါတယ်။ ကန်ဇွန်းရွက်ကြော်၊ဒါမှမဟုတ် ကိုက်လံရွက်ကြော်စိမ်းစိမ်းလေးနဲ့ ထမင်းနဲ့ အလွန်လိုက်ဖက်ပါတယ်ရှင်။

မြန်မာကျူးပစ်တွင်ဖော်ပြပြီး ...

11 comments:

  1. နောက်ကလူတွေ မနာလိုဖြစ်အောင် ထိပ်ဆုံးက ရေးပစ်လိုက်တယ်...

    တီတီဆွိက မေ့တတ်တယ်နော်...

    ReplyDelete
  2. မမရေ.. စားချင်တယ်

    ReplyDelete
  3. လုပ်ပြီ တီတီဆွိရေ ဗိုက်ဆာတယ် ဗျိုးးး ဟိုးးဟိုးး

    ReplyDelete
  4. စားချင်တယ်။ ဟီးးးးးးးး အစားအသောက်မီးလိုတောက်ဆိုတော့ အကုန်စားတယ်။ နည်းရပြီ လုပ်စားကြည့်အုံးမယ်။

    ReplyDelete
  5. စားချင်စရာ ..ထောပတ်သီးကတော့ချက်စားလို့ရဘူး အဟင့်

    ReplyDelete
  6. တီရေးးးးးးးးးးးးးးးးးးးးးးးး

    အဲလိုဟင်းတွေ အ၇မ်းကြိုတ်တယ်

    ကျေးဇူးပါ

    ReplyDelete
  7. လာငေးမောသွားသည်။

    ReplyDelete
  8. လာလည်လို့ကျေးဇူးပါ တီဆွိရယ်... ငါ့ခေါင်းဟင်း ကျန်သေးရင် နဲနဲချန်ထားဦးနော်းဝ)

    ReplyDelete
  9. ကိုယ် တောင်းဆိုလို့ အသစ်တင်ပေးတယ် ဆိုတာလေးကို ချစ်လိုက်တာ...
    နောက်ကိုလဲ ကိုယ်တောင်းတာရှိရင် ပေးနော်...
    အော်... အရှည်ကြီး မတွေးပါနဲ့... မုန့်ဝယ်ကျွေးခိုင်းတာတို့... ဟင်းချက်ကျွေးခိုင်းတာတို့ကို ပြောတာပါ...
ှSingapore Style Curry Fish Head ကတော့ ဘယ်တော့ စားစား မရိုးနိုင်ပါ...

    ReplyDelete
  10. တီတီတို့ကတော့လေ....

    တခါတခါချက်ပြီးရင်လဲ ဘယ်နှရက်များ စားတယ် မသိပါဘူ...

    ဟိုးးးးး ကျူးပစ်မှာတုန်းက ချက်တဲ့ ဟင်းတွေတောင် ခုထက်ထိ ကျန်သေးတယ်...

းဝ)

    (မအားပဲနဲ့လဲ ကမန်းကတမ်း အသစ်ချက်ဖို့မလိုပါဘူး... ကိုလူထွေးက ပျင်းလို့ ကလိသွားတာပါးP)

    ReplyDelete
  11. လုပ်စား ကြည့်အုံးမယ်

    ReplyDelete