Monday, November 2, 2009

ကမ္ဘာပျက်ရန် တစ်လအလို ...

သူငယ်ချင်း မသက်ဝေနဲ့ ဖိုရမ်မှာကတည်းက ခင်ခဲ့တဲ့ မောင်လေး တင်မင်းထက် (ကိုကိုထက်) မှ တက်ဂ် လာလို့ ရေးပါတယ်ရှင်။

ကမ္ဘာပျက်တော့မတဲ့။ ဒါကို စ ကြားခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ... ဖိုရမ်ထဲမှာ။ ဒီအကြောင်း တစ်ယောက်ပြီး တစ်ယောက် ပို့စ်တွေ တင်လာခဲ့တယ်။ တချို့ကလဲ သွေးရူးသွေးတန်းနဲ့။ တကယ်ပျက်မှာလား။ ဒါဆိုကမ္ဘာက သိပ္ပံပညာရှင်တွေ၊ ကမ္ဘာခေါင်းဆောင်တွေ ဘာလို့ ငြိမ်နေကြသလဲ။ ဘာမှ မလုပ်ကြတော့ဘူးလား ... ဆို ... ရေးလာတော့ ကိုယ်လဲ လန့်ဖြတ်ပြီး အင်တာနက်ထဲ လျောက်မွှေ။ လျောက်ဖတ်ပေါ့။ အင်တာနက်ထဲမှာ၂၀၁၂, end of the world လို့ ရိုက်ရှာလိုက်ရင် အဲဒီသတင်းနဲ့ ပတ်သတ်လို့ မဖတ်ချင်မှအဆုံး။

မဖတ်ချင်မှ အဆုံးဆိုပေမဲ့လည်း ပုထုစင်ပီပီ ကြောက်စိတ်ကလေးက ရှိလေတော့ တကယ်လား။ ဘယ်လိုပုံနဲ့ ပျက်မှာလဲဆို မဖတ်တတ်ဖတ်တတ် ယင်းဂလိပ်စာလေးနဲ့ ကြိုးစားပြီင်္း ဖတ်လိုက်တော့ အကျိုးအကြောင်း အတန်အသင့်တော့ သိလိုက်ရသပေါ့။ ဖိုရမ်ထဲမလဲ တော့ပစ်ကြီးတစ်ခုဖွင့်ပြီး ကိုယ့်ထက်နားလည်သူတွေ စိတ်ဝင်စားသူတွေက ဗမာလို သေချာ ရှင်းပြထားတာလဲ ဖတ်ခဲ့ဘူးပါတယ်။

နောက်တော့လဲ ကမ္ဘာပျက်တာ၊ ကိုယ်တစ်ယောက်တည်းလဲမဟုတ် ... လူတိုင်း သေကြေ ပျက်စီးကြမဲ့ ကိစ္စ ပျက်ကာမှ ပျက်ရောဆို (မယုံတာလဲ ပါပါတယ်) မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ ခုတော့ ဘလော့ဂ်တွေမှာပါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့အမြင် ကိုယ့်အမြင်လေးတွေ ရေးထားတာ ဖတ်ရတော့ အတော်လဲ ဗဟုသုတရ အတွေးအမြင်လေးတွေလဲ ဖလှယ်ခွင့် ရခဲ့ပါတယ်။ တကယ် ကမ္ဘာမပျက်ခဲ့ရင်တောင်မှ လူသားအချင်းချင်း အပြုသဘောဆောင် အတွေးအမြင်လေးတွေ ဖတ်ရတာ အကျိုးရှိလှပါတယ်။

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ပထမတော့ စဉ်းစားမိတာ ... ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူ ရှိချင်တယ်။ သေချာပြန်တွေးတော့ ကိုယ်ချစ်ခင်သူတွေ ကိုယ့်ရှေ့တင် ဝေနာတွေ ခံစားနေရတာမျိုးဆိုရင်တော့ မမြင်ချင်ဘူးကွယ်။ အထူးသဖြင့် သမီးလေး။ မိုးခြိမ်းရင်တောင် မေမေဆို အော်ဟစ်ပြီးရင်ခွင်ထဲ ပြေးဝင်လာတတ်တဲ့ သမီးလေး။ ဝေဒနာတွေ ခံစားရမယ်ဆိုရင်တော့ အမေကြည့်ရက်မယ်မထင်ဘူး။

(၂) ဘာတွေ ခံစားနေရမလဲ...

ကြောက်ရွံ့ပြီး သွေးရူးသွေးတန်းများ ဖြစ်နေမလားပဲ။ တိုက်တန်းနစ် ရုပ်ရှင်ထဲက သင်္ဘောမြုတ်ခါနီး အသက်ကယ်ဘုတ်ပေါ်
တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို မြင်ယောင်မိတယ်။ သွေးပူတတ်တယ် ပြာလောင်ခတ်တတ်တဲ့ ကိုယ်ဟာ တစ်ခါတရံလဲ အရေးတကြီး အချိန်တွေမှာ သွေးအေးနေတတ်ပြန်တော့ ဒီတစ်ခါရော သွေးအေးအေးနိုင်ပါ့မလားလို့ သံတယရှိမိရဲ့။ (မထင် ... ဟင် ... ဟင် ...)

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

သေတတ်၊ နေတတ်အောင် ဘ၀ကူးကောင်းအောင် ၀ိပတ်ဿနာ ကမ္မဋ္ဌာန်း၊ ဘာဝနာတရားကို စတင်လေ့ကျင့် ပွါးများသင့်ပြီ။ ဒါပေမဲ့ တစ်လတည်းရှိတော့တာဆိုတော့ အချိန်မှ မီပါဦးမလား။

(၄) ၀မ်းနည်းမိမှာက…

မိမိနဲ့အတူ မိသားစုဆွေမျိုး ချစ်ခင်သူတွေ အပါအ၀င် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံး ပျောက်သုံးတော့မှာ။ ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲရတော့မှာ။

(၅) ကြောက်လန့်မိတာက...

ဘယ်လိုပုံစံ ဘယ်လိုနာကျင်မှုတွေ ၊ ဘယ်လိုပူလောင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့သေရမလဲ။ အဲလိုတော့ မသေချင်တာ အမှန်။


(၆) ဆောင်ထားချင်တာ...

ကမ္ဘာပျက်ပြီဆိုတဲ့ နောက်တော့ ဆောင်ထားလဲ အသုံးကျမယ်မထင်။ (ဒါပေမဲ့ စလုံးမှာနေတာကြာတော့ လူက kiasu အကျင့်က ပါနေပြီဆိုတော့ ကမ္ဘာကြီးတကယ်မပျက်ပဲ ထိခိုက်မိရုံလေးဆို လိုရမယ်ရ သုံးရအောင် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာ အခြောက်တွေများ ဆောင်မိလေမလားပဲ။ ဒေါ်သက်ဝေတို့ အဲဒီကျမှ သူများဆီက လာမချေးကြနဲ့နော် ... ဒါပဲး)

(၇) ဘာတွေ ရေးမိမလဲ…

စိတ်ထဲမှာ ကြောက်ရွံ့မှုနဲ့ ပြာလောင်ခတ်နေလောက်ပြီ ဆိုတော့ စာရေးဘို့ဆိုတာ သတိရမယ်မထင်။ (အဲဒီအချိန်ဘလော့ဝင်ရေးရင်းနဲ့ သေမယ်ဆိုတဲ့ လူတွေလဲ ရှိချင်ရှိမှာပါ။ မီးမီးကတော့ ကြောက်ကြောက်း))

(ဂ) တွေးမိတွေးရာ အတွေး…

ကမာကြီး မကြာခင် ပျက်စီးခြင်း အလုံးစုံရောက်တော့မယ်။ ခုချိန်မှာ မကောင်းမှုတွေ အတတ်နိုင်ဆုံးရှောင်၊ ကောင်းမှုတွေလုပ်၊ စိတ်ကိုဖြူအောင်ထား။ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထား။ မိဘဆွေမျိုး သူငယ်ချင်းတွေကို ဆုတောင်းမေတ္တာပို့။


(၉) ဂုဏ်ယူချင်တာက…

အဟင့် ... သေရတော့မှာကို .... ဂုဏ်ယူစရာ ရှာမရသေးဘူး။ မရှိတာဖြစ်မယ်။


(၁၀) ရှာကြံဖြေသိမ့်မိတာက…
မသေခင် မိဘများကို တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ခဲ့တယ်။ သမီးလေးနဲ့ အိမ်ထောင်ဖက်ကို အကြွင်းမဲ့ ချစ်မြတ်နိုးမှုတွေနဲ့ ချစ်ခဲ့တယ်။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
အို အသင်လောက ... လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမှာ မုချ။ မသေခင် အနေတတ်၊ အသေတတ်အောင် ကြိုးစားရဦးမည်ပ။ယနေ့မှ စ၍ ငါအတတ်နိုင်ဆုံး ကြိုးစားမည်။

5 comments:

  1. ဟေးးးးးးးးး
    တီတီဆွိဆိုတဲ့ သူငယ်ချင်းရဲ့ အပြင်က ပြောဆို ပြုမူ နေထိုင်ပုံ ဟန်ပန်တွေကို စာထဲမှာ မြင်နေရတယ်... ရေးပေးတာ ကျေးဇူးနော်... ဟိုဖက်က စုချစ်ဆီ သွားပြီး ရန်လုပ်ရအုံးမယ်... ခုထိ မရေးသေးဘူး..
    တော်နေကြာ မရေးရသေးပဲ အဝှာပြုသွားရင် ဒုက္ခ... ဟီဟိ

    အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာ အခြောက်တွေ ရှိမယ့်နေရာတော့ တွေ့ထားပြီ... မရှိရင်တော့ လာ ချေးရမှာပဲ... နောက်ကမ္ဘာကျရင် ဆက်ဆက် ပြန်ဆပ်ပါ့မယ်လို့ ပြောပြီးတော့... :D

    ReplyDelete
  2. ဟီ...ဟိ.. ဘာရေးရမရဲ မီတိလို့ ကြိတ်ပြီး လိန်ပန်နေသာ...
    ၀ါး.... ဟား......ဟား... ပျင်းလို့ပါ အစ်မသက်ဝေရ...
    ချိုဂျီး တလက်စာထဲ နာ့အတွက်ပါ စားစရာသွေ ပိုစုပေးထားပါနော်...
    ခစ်..
း-)

    ReplyDelete
  3. ကျေးဇူးပါပဲ .. တီတီဆွိ

    အမှတ်တရရေးပေးတာ။ တကယ်ပျက်မယ်ဆိုရင် နီးနီးနားနား ရွှေ့လာခဲ့မယ်။ ဟင်းတခွက် ရလည်း မနည်းဘူး :)

    ReplyDelete
  4. ဟင်း ... ဟင်း .. သများဆီက လာချေးစားမဲ့ သူတွေ သိပ်များနေပြီ ... ရဘူး ... ရဘူး။

    အကျင့်ပါနေလို့ ခုချိန်ထဲက Q လုပ်ထားလိုက်မယ်း)))
    ၁) ဒေါ်သက်ဝေ
    ၂)ကြီးတော်စုချစ်
    ၃)ကိုကိုထက်

    ReplyDelete
  5. သယ်ရင်းရေ… တို့ ကတော့ တို့ ကတော့… တို့ ကတော့ ကြောက်လို့ ဒူးတွေတုန်ပြီး.. စကားတောင်မဟရဲဘူး… ဒါကြောင့်ဝေ့လည်ချောင်ပတ်လေးရေးလိုက်တယ်…

    ReplyDelete