Wednesday, February 17, 2010

Singapore Universal Studio သို့ တစ်ခေါက် - (အပိုင်း -၁)

ဟိုနေ့က သူငယ်ချင်း တစ်ယောက်က လက်မှတ်ဝယ်ပေးလို့ Singapore Universal Studio ကို သူငယ်ချင်းတွေနဲ့ ဒီနေ့ပဲ ရောက်ခဲ့ပါတယ်။ တရုပ်နှစ်သစ်ကူးအတွက် အစမ်းဖွင့်ပြတဲ့ပွဲဖြစ်ပြီး လက်မှတ်က တစ်ယောက်ကို စလုံး၁၀ ပဲ ပေးရပါတယ်။ တကယ်ဖွင့်မှာက ၂၀၁၀ရဲ့ ပထမကွာတားလို့ပဲ ပြောထားပါတယ်။ အဲဒီအချိန်ကျရင် လက်မှတ်က တစ်စောင် ၄၀ -၅၀ လောက်ရှိမှာမှို့ ခု ၁၀ နဲ့က သူ့ဟာနဲ့သူတော့ တန်တယ်ပြောလို့ရပါတယ်။ တစ်ချို့ ရှိုးပွဲတွေ၊ roller coaster အစရှိသဖြင့် မဖွင့်သေးပါဘူး။

Singapore Universal Studio ဟာ အာရှမှာ ဒုတိယမြောက်ဖြစ်ပြီး အရှေ့တောင်အာရှမှာတော့ ပထမဆုံးဖွင့်တာဖြစ်ပါတယ်။
အခုအသစ်ဖွင့်တော့မဲ့ ဆန်တိုစာကျွန်းမှာဆောက်ထားတဲ့ ကာစီနိုတွေ ဘာတွေ ကစားတဲ့ Resort World Sentosa ရဲ့ Theme park ပါ။
အင်တာနက်ထဲမှာကြည့်ချင်ရင်တော့ ဒီလင့် လေးကို နှိပ်ကြည့်ပါ။

Universal Studio က ၅နာရီမှ စဖွင့်မှာဆိုတော့ အထဲမ၀င်ခင် ကာစီနိုဘက်ရောက်ပါတယ်။ ကာစီနိုကစားဖို့ (သို့) လျှောက်ကြည့်ဘို့ တန်းစီနေတဲ့ လူအုပ်ပါ။ နိုင်ငံသားနဲ့ PR ဆို ၀င်ကြေးငွေပေးရပြီး နိုင်ငံခြားသားဆို ၀င်ကြေးမပေးရပါ။ နိုင်ငံခြားသားဆီကငွေ အလကားရိတ်မယ်ဆိုတဲ့ သဘော။
တကယ်က လိုကယ်တွေ ၀င်ကြေးမပေးရအလကားဆို သွားကစားနေမှာစိုးလို့ လိုကယ်တွေကို ၀င်ကြေးနဲ့ ထိန်းထားတဲ့သဘောပါ။ ဖောရိန်နာဆို ကြိုက်သလောက် ၀င်ကစားပေါ့။ ရိတ်မယ် လှီးမယ် ... ဆိုသလိုပဲ။ သူ့ rule က ရယ်ရတယ်။



ဟိုဟိုဒီဒီ ဆက်လျှောက်ရင်း ဒီလို မျက်စိပသာဒဖြစ်စရာလေးတွေလဲ တွေ့ပါတယ်။


ဒီပုံကတော့ တစ်ချို့နေရာလေးတွေ အမြင်မတော် ရှောင်ကြည့်ပေါ့ကွယ်။



Universal Studio အ၀င်ဝ




ပထမဆုံး ဟောလိဝုဒ် လမ်းကြားကို အရင်ရောက်သွားတယ်။


ဟောလီးဝုဒ် လမ်းကြားမှ မာရီလင်မွန်ရိုး၊ ( မှတ်ချက် ... ဘေးက အန်တီဆွိမဟုတ်ပါ။ အန်တီဆွိတီက အက်ထက် ... နဲနဲ ပိုလှ ...အဲ ... ပို ၀ ပါသည် ခင်ညား။းဝ)



ဟောလီးဝုဒ် လမ်းကြားမှ Frankenstein's monster လူအစစ်နော်။ ဓာတ်ပုံတွဲ၇ိုက်ရင် ကြောက်စရာ အိုက်တင်တွေလုပ်ပြတယ်။ ကိုယ်နဲ့တွဲရိုက်တော့ နောက်ကနေ ဆံပင်တွေ ဆွဲနေလို့ ။


ဟောလီးဝုဒ် လမ်းကြားမှ BeetleJuice သူလဲ တူတူပဲ ... ဓာတ်ပုံရိုက်ရင် လျှာကြီးထုတ်ထုတ်ပြတယ်။ အဲ့မှာ ဟိုက ပြန်ထုတ်ပြလိုက်လို့ သူလန့်သွားတာ။ ရယ်ရတယ်။


ဟောလီးဝုဒ် လမ်းကြားမှ အအေးဘူးရောင်းတဲ့ စတိုင်က ဂလိုလေး။


အဲဒီသစ်ပင်နဲ့ ဓာတ်ပုံရိုက်ရင် အရမ်းလန်းတယ်။ ဘယ်ကားထဲကလဲတော့ မသိ။ အဲဒီသစ်ပင်နဲ့ ပုံလေးတွေ အများကြီးရိုက်ခဲ့တယ်။



Madagascar အင်နီမိတ်တက် ကာတွန်းကားထဲက အကောင်လေးတွေ ရှိတဲ့ဘက် ရောက်သွားတယ်။



Madagascar မှာ ရှိုးပွဲရှိလို့ ကြည့်ခဲ့ရတယ်။ ပင်ဂွင်းလေးတွေ ကတာ အရမ်းချစ်ဘို့ကောင်းတယ်။ I like to move it move it ... သီချင်းနဲ့ ကတာပါ။ ခလေးတွေတောင်မက လူကြီးတွေပါ ကြိုက်ကြတယ်။




Far Far Away ဆိုတဲ့ ဘက် ရောက်ပြန်တယ်။


Jurassic Park - ဒိုင်နိုဆောတွေ ဓာတ်ပုံရိုက်လို့ အလွန်လှ။





ပုံတွေများလွန်းလို့ ဒီနေ့အဖို့ ထပ်မတင်နို်င်တော့ဘူး။ နောက်နေ့မှ အပိုင်း (၂) ဆက်တင်ပါမည်။


ခလေးမိဘများ လိုက်ပြသင့်ပါသည်။ သူတို့ အလွန်ပျော်ကြပါသည်။ ကင်မရာ ကောင်းကောင်းယူသွားကြပါ။ အန်တီသက်ဝေလို ၂ကျပ်ခွဲတန်ဆို ပိုကောင်းပါသည်။

12 comments:

  1. အမ ပုံစံကတော့ အိုဆာကာ ယူနီဗာဆတီလမ်း နဲ့ အတူတူပဲ..အ၀င်လမ်းတွေ ကမ္ဘာလုံးတွေက ..ဒါနဲ့ ၃ဒီ အန်နီမေးရှင်းတွေကော မပြဘူးလား အဲ့အထဲမှာ..။ အဲဒါတွေက ရှူခင်းတွေထက်ပိုကောင်းတယ်။ ရိုရာကိုစတာအကြီးစားတို့ ဘာတို့ရော ရှိဘူးလားဟင်။

    ReplyDelete
  2. 3D အန်နီမေးရှင်းတော့ မတွေ့ခဲ့သေးဘူး။ ရှိုးပွဲတွေ တော်တော်များများက မပြသေးဘူးလေ။ တကယ် ဖွင့်တဲ့အချိန်ကျ ရှိမယ်ထင်ပါတယ်။ ရိုလာကိုစတာ အကြီးစား ရှိပါတယ်။ အပိုင်း (၂) မှ ဆက်တင်ပေးပါ့မယ်။

    ReplyDelete
  3. Universal Studio က ပုံစံအတိုင်း စလုံး ရော တခြားနိုင်ငံတွေက တထေရာတည်း ပုံတူလုပ်ထားပုံရတယ်။ ဟောလီးဝုဒ်ထဲမှာတော့ ဓါတ်ပုံရိုက်ချင် ရင်ပိုက်ပိုက်ပေးရတယ်။

    ReplyDelete
  4. လက်မှတ်ကို ဘယ်မှာ ဘယ်လို ၀ယ်ရတာ ဆိုတာကအစ ပြောပြပါ ဆွိတီရယ်
    ပုံ
    ထုံမိသားစု
    Regd. ထုံညီအမများ အဖွဲ့ခွဲ
    PS. တဆယ်နဲ့ ရသေးတယ်ဆိုရင် တကယ် သွားမှာပါ

    ReplyDelete
  5. အန်တီသက်ဝေ
    သားတို့ခရေးတွေကို နှစ်ကျပ်ခွဲကြီးနဲ့လိုက်ပို့ပေးပါ
    ကြော်အောင်ညာတဲ့ အန်တီဆွိက လက်မှတ်ဖိုးစိုက် ပါ
    အန်တီချစ်ကြည်အေးက မုန့်ဝယ်ကျွေးပါ

    ReplyDelete
  6. မသီတာရေ ...လက်မှတ်ဝယ်ပေးတဲ့သူကို ဖုန်းဆက်မေးတာ ဖုန်းမကိုင်လို့ ပြန်တာ နောက်ကျသွားတယ် ... လက်မှတ်က ကုန်သွားပြီလို့ကြားပါတယ် အစ်မ။ သူလဲတိုးတိုးကျိတ်ကျိတ်တန်းစီပြီး ၀ယ်ခဲ့ရတာပါတဲ့။ အခုလို အစမ်းဖွင့်တာ တရုတ်နှစ်သစ်ကူး ဖေဖော်ဝါရီ ၁၄ ကနေ ၂၁ ထိပဲတဲ့။ တကယ်ဖွင့်တဲ့ခါမှ သွားပေါ့အစ်မ။

    ReplyDelete
  7. ရိုက်ခဲ့တဲ့ပုံကလေးတွေထုတ်ပါ။

    ReplyDelete
  8. အမောင်ရွာသား...လက်မှ်တ်ဖိုးစိုက်ရရင်တော့ ... ဂစ် ... ဂစ် ... ဦးကပ်စီး တက်နည်း တက်လိမ့်မယ် ...
    တစ်စောင် ၇၀ လောက်ရှိတယ်ပြောတယ် ... အစိမ်ဖွင့်ရင် ...

    ဟုတ် အစ်မကွန်း ...ထုတ်ပါ့မယ် ... အလိုက်ပေးလဲပါ့မယ် ...း))

    ReplyDelete
  9. ဈေးကြီးတယ်အမ..ဒီမှာလဲ တယောက်ကို ၅၈၀၀ ယန်းပဲ။ ဒါပေမဲ့တခါတလေ ချတာက ကိုယ်ကဒီဘက်ခြမ်းမှာနေရင်၁၀၀၀ သက်သာတယ်။ ကျနော်ကတော့ အန်နီမေးရှင်းတွေ ကြိုက်တယ်။ အမတို့ပြောတဲ့ avature ထက်ပိုကောင်းတယ်လို့ထင်တယ်။ သူက ကွန်ဆက်ပြသလိုပြလို့..။

    ReplyDelete
  10. အီဂျစ်ကိုတအားသွားလည်ချင်တာပဲ။ ပုံတွေတော်တော်ကို ကောင်းတယ်။ လင့်ထားလိုက်ဦးမယ်နော်။

    ReplyDelete
  11. ပျော်စရာကြီး...
    တီဆွိ လိုက်ပို့မယ်ဆို လာကြည့်ချင်ပါသေးတယ်...
    နောက်တော့မှ...

းဝ)

    ReplyDelete
  12. ရွာသား...လူပဲစိုက်ရလို့ အကုန်အကျများနေအုံးမယ်...ဆွိရေ...မရောက်ဖူးသေးဘူးတော့် သွားအုံးမှာ...ကလေးတွေ လိုက်မစိုးလို့ တိတ်တိတ်လေး သွားမှာ...:)

    ReplyDelete