ဒါနဲ့ စွန်တွေဘယ်က၀ယ်ရလဲ စုံစမ်းပြီးတော့ Gek Poh Shopping Centre မှာ သွားဝယ်ကြပါတယ်။ အရုပ်ပုံလှလှပါတဲ့ အကောင်ကြီးတွေက ၁၂ကျပ်။ ရိုးရိုးစွန်တွေက ၄ကျပ်ခွဲ ။ ၅ကျပ်လောက်ပဲရှိပါတယ်။ ရစ်ဘီးနဲ့ ကြိုးက ၃ကျပ်တန်ကနေ ၆ကျပ်တန် အမျိုးမျိုးပါပဲ။ ကိုယ်တွေလဲ တစ်ခါမှ မလွှတ်ဘူးတော့ တက်မှန်းမသိ မတက်မှန်းမသိ အကာင်ကြီးတွေ မ၀ယ်ရဲပါဘူး။ စမ်းလွှတ်ရအောင်ဆို ရစ်ဘီးတစ်ခုရယ် ရိုးရိုး အရောင်စုံ စွန်လေးတစ်ကောင်ပဲ ၀ယ်ခဲ့ပါတယ်။ နာမည်က Rainbow တဲ့။
သားအဖ၂ယောက် ပန်းခြံထဲမှာ စွန်လွှတ်ဖို့ ချီအတက်။

Park ထဲရောက်တော့ ညနေ၅နာရီလောက်။ လေကမတိုက်တော့ စွန်လွှတ်တဲ့သူတွေ သိပ်မရှိသေးပါဘူး။ ဘေးက စက်ဘီးနဲ့ သားအဖ၂ယောက်ကတော့ လွှတ်နေတာ လေကမတိုက်တော့ အပေါ်ရောက်လိုက် ပြုတ်ကျလိုက်ပဲ။ စွန်ကသစ်ပင်ပေါ်တင်သွားလို့ အဖေလုပ်သူက သစ်ပင်ပေါ် ထန်းတက်သမားတက်နည်းတက်ပြီး ယူနေလို့ ရယ်နေရသေးတယ်။ အနောက်က သစ်ပင်လေးမှာ ငြိနေတာပါ။

မဂျူဂျူက စွန်ကို လွှတ်ပေးပါတယ်ချင်ဗျ။


စွန်နဲ့အတူ မဂျူဂျူပါ ပျံတက်တော့မယ့်အလား။

ဂျူဂျူ့ အဖေဟာ ခလေးဘ၀က တစ်ခါမှ စွန်လွှတ်ဘူးသူ မဟုတ်ပါဘူး။ သူ့သမီးအလှည့်ကျမှ သမီးအလိုကျ လွှတ်ပေးရတာပါ။ လေကငြိမ်နေတော့ သူဘယ်လိုကြိုးစားပေမဲ့ စွန်က အပေါ်ရောက်ပြီးမှ အောက်ပြုတ်ပြုတ်ကျတာ ၁၀ခါလောက်ရှိနေပါပြီ။ ကိုယ်ကတော့ စိတ်လျော့ပြီး ပြန်မလို့ဟာ။ ဂျူဂျူ့ အဖေ ကတော့ ယောကျားတို့ လုံ့လ သေခါမှ လျော့မယ်ဆိုလား ကြိုးစားရင်းနဲ့ လေနဲနဲ တိုက်လာတဲ့ အခါ စွန်လဲ အပေါ်တက်သွားပါတယ်။ စိတ်လျော့ပြီး ဘေးကတောတွေထဲ ပန်းတွေ လိုက်ရှာနေတဲ့ သားအမိ ပျော်လွန်းလို့ လက်ခုတ်လက်ဝါးတီးကြပါတယ်။ စွန်လွှတ်တဲ့သူတွေထဲ ဂျူဂျူတို့အဖေက ပထမဆုံး စတက်တာပါ။
သားအဖ၂ယောက် စွန်လွှတ်ရင်း ဂိုက်ပေးကြမ်းနေပုံတွေပါ။
စွန်ဆိုတာ အပေါ်အမြင့်မရောက်ခင်သာ ကြိုးစားပန်းစားလွှတ်ရတာ ။ အပေါ်အမြင့်တစ်နေရာက လေထုဖိအားကို ကျော်တာနဲ့ သူ့အလိုလိုသူ တက်တော့တာပါပဲ။ ရစ်လုံးကြိုးလေး ထိန်းကိုင်ထားရုံပါပဲ။
ညနေ၆နာရီခွဲလောက်ရှိပါပြီ။ လေစတိုက်လာပြီမှို့ စွန်လွှတ်တဲ့သူတွေ စွန်ရောင်စုံတွေ ကိုင်ပြီး အစီအရီ ရောက်လာပြီး လွှတ်ကြပါပြီ။ ပျားပုံလေးလွှတ်တဲ့ အမျိုးသမီးက တစ်ခါထဲနဲ့ကို တက်သွားပါတယ်။
>

စွန်ရုပ်နဲ့ ပုံကတော့ မသိတဲ့သူဆို တကယ့် သက်ရှိစွန် လေထဲမှာ ၀ဲနေဘိအလားပါပဲ။

လှိုင်းကြီးလှေအောက်တဲ့ ... စွန်ကြီး မြေကြီးရောက်တော့ ...


ညနေ နေ၀င်ခါနီးတော့ ဂျူဂျူတို့ သားအဖ၂ယောက်ပြန်ကြပြီ။ သူတို့နောက်မှာတော့ ကင်မရာကြီးတကားကားနဲ့ ဒေါ်ဆွိတီပါပါတယ်။ မြင်အောင်ကြည့်ကြပါ။ ဘလော့ဂါရဲ့ ဒုတ်ခတွေ။ ....


ရောက်လေရာ ကင်မရာတလုံးနဲ့ ဘလော့ဂ်ဂါရဲ့ ဒုက္ခတွေကို မြင်ပါတယ်...
ReplyDeleteဒါပေမယ့် စွန်လွှတ်ရတာကတော့ ပျော်စရာကြီးနော်...
သမီးလေးက ကြီးလာတယ်...း))
အချင်းချင်းဆိုရင်တော့ ပိုမြင်တတ်ကြမှာပါ။ အန်တီသက်ဝေပုံကိုလဲလေ ၂ကျပ်ခွဲကြီးနဲ့ တွဲမြင်နေကျ ... ဟီး ဟီး ... စိတ်ဆိုးနဲ့နော် ...
ReplyDelete:) Looks quite fun!
ReplyDeleteအမ..ဂျူဂျူထွားလာလိုက်တာနော်..
ReplyDeleteမြူးမြူးရေ ... အဲဒီနေ့က တနင်းလာနေ့ ဆိုတော့ ခါတိုင်းလောက်တော့ စွန်တွေ သိပ်မများဘူး။ week end ဆိုပိုများပြီး ပိုပျော်စရာကောင်းပါတယ်။
ReplyDeleteဟုတ်လားမြတ်နိုးရေ ... ဂျူဂျူ ထွားလာတာ ကိုယ်ကနေ့စဉ်မြင်နေကျဆိုတော့ သိပ် မသိပါဘူး။ ရေကူးလို့ဖြစ်လိမ့်မယ်။ လူကတော့ ပိန်ပါတယ်။
စွန်သာ မလွှတ်တတ်တာ၊ စွန်လေးတွေ ပျံနေတာ ကြည့်ရတာ သိပ်ပျော်တာ..။ စွန်တက်သွားတော့ သားအမိနဲ့အတူ လက်ခုပ် လက်ဝါး လိုက်တီးလိုက်ပါတယ်။ ကင်မရာတကားကားနဲ့ အကျီ င်္အနက်ရောင်နဲ့ တွေ့လိုက်ပါတယ်။ :)
ReplyDeleteငယ်ငယ်တုန်းကတည်းက စွန်မလွတ်ဖူးဘူး၊
ReplyDeleteဒါပေမယ့် ပျော်စရာကြီးနေမှာပဲ၊
ဘလော့ဂ်ဂါတွေဟာ စာရေးဖို့ပဲ ကြိုးစားမိနေတာပါပဲနော်။
အန်တီဆွိ သာမီးကိုလည်း မျောက်ပုံ စွန်ကလေး တခုလောက် ဝယ်ပေးပါ....မျောက်ပုံမှ မျောက်ပုံပဲ ယူမယ်...:)
ReplyDeleteအန်တီကြည်ကို ဆင်ရုပ်ဝယ်ပေးမယ်။ အပေါ်မတက်ရင်တော့ များနဲ့ဆိုင်ဘူး။းD
ReplyDeleteတွေ့လိုက်ပါတယ်...
ReplyDeleteတီတီဆွိကို
ကြိုးကတန်းလန်း
လက်ကြီးကိုကားထားပြီး
ကောင်းကင်ထဲမှာ ဝဲလို့...
းဝ)