
0riginal picture link
တစ်နေ့က သမီးကျောင်းကနေ ပုံပြင်စာအုပ်လေးတစ်အုပ် ယူလာတယ်။ စာအုပ်လေးနာမည်က" Goldilocks and the 3 Bears " တဲ့။ ကျောင်းမှာ ဆရာမက ခဏခဏ ဖတ်ပြဟန်တူပါရဲ့။ သမီးကလည်း အလွတ်ရနေပြီး ပုံပြင်ကို အစအဆုံး ဖတ်ပြတတ်နေပြီ ...
ပုံပြင်လေးကဒီလိုပါ။ Goldilocks ဆိုတဲ့ ခလေးမလေးက သူ့အမေပြောစကားကို နားမထောင်ပဲနဲ့ လျှောက်သွားတာ တောထဲမှာ လမ်းပျောက်သွားပါတယ်။ တောထဲမှာ အိမ်လေးတစ်အိမ်တွေ့တော့ အိမ်ပိုင်ရှင် ဝက်ဝံမိသားစု အပြင်ထွက်သွားတုံး မနက်စာပြင်ထားတဲ့ ဆန်ပြုတ်ကို ဝင်စားပါတယ်။ ဝက်ဝံအဖေကြီးရဲ့ပန်းကန်ကို စားကြည့်ပြီး too hot ၊ ဝက်ဝံအမေရဲ့ပန်းကန်ကို စားကြည့်ပြီး too cold ၊ ဝက်ဝံခလေးလေးရဲ့ပန်းကန်ကို စားကြည့်ပြီး Just right ဆိုပြီး ဆက်စားပါတယ် ... ကုလားထိုင်၊ ကုတင် အစရှိသဖြင့် တက်အိပ် ၊ ထက်ထိုင်ကြည့်ပြီး too hard, too soft သူနဲ့အတော်ပဲဆို Just ... right လို့ပြောပြီး အိပ်ရာပေါ် တက်အိပ်ပါတယ်။ ဝက်ဝံမိသားစုပြန်လာတော့ သူတို့အိပ်ရာပေါ်မှာ အိပ်နေတာတွေ့တာနဲ့ ဖမ်းမယ်အလုပ်မှာ သူလဲကြောက်လန့်တကြား ထွက်ပြေးပြီး လွတ်သွားပါတယ်။ နောက်ပိုင်း သူ့အမေစကား နားထောင်တော့မယ်လို့ အဆုံးသတ်ထားပါတယ်။
မိဘစကားနားထောင်ဖို့ သင်ခန်းစာအပြင်၊ အင်္ဂလိပ်လို ဆန့်ကျင်ဘက် စကားလုံးတွေနဲ့ " အနေတော်ပဲ " ဆိုတာကို ခလေးတွေ နားလည်အောင် သင်ပေးတဲ့ ပုံပြင်လေးပါ။ သမီးလေးက ကျောင်းက ဆရာမပြောတဲ့ လေသံအတိုင်း " Just " နေရာမှာ သံရှည်လေးဆွဲပြီး ... Just ~.... right လို့ ဆိုပြပါတယ်။ အင်မတန် ချစ်စရာ ကောင်းပါတယ်။ သမီးအသံလေး နားထောင်ကောင်းလွန်းလို့ ခဏခဏဖတ်ခိုင်းရတာလဲ အမောပါပဲ။ ဒါ့အပြင် သမီးက အပြင်ကိစ္စတွေမှာလဲ အဲဒီစကားလုံးကို အသုံးချတတ်ပါသေးတယ်။ ဥပမာ သူ့အဝတ်တွေကို ဝတ်ပြီး too big, too small, Just right အစရှိသဖြင့် ပေါ့၊ နိူင်းယှဉ်စရာ တွေ့တိုင်း သူတတ်သလောက်မှတ်သလောက် ပြောနေတော့တာပါပဲ။
ဟိုတစ်နေ့ကတော့ သမီးလေးဂျူဂျူဟာ မဆွိတီတို့အခန်းထဲ စာဖတ်တဲ့နား လာဆော့ရင်းကနေ ပါးစပ်က အငြိမ်မနေ " Just ~.... right " ... "Just ~.... right " ဆို သူ့အသံရှည်လေးနဲ့ လာပြောနေပါတယ်။ မဆွိတီလဲ သူရှေ့က ဘာပြောသွားတာလဲ သေချာ မကြားလိုက်လို့ သမီး မေမေ့ကို ဘာပြောလိုက်တာလဲ ဆိုတော့ ... သူ ပြန်ပြောလိုက်တာက ...
"ဂျူဂျူ -ီ-ီး ပေါက်လိုက်မိတယ် ... မေမေ ... ဂျူဂျူ့ -ီ-ီးကလေ ... သိပ်လဲ မနံဘူး ... သိပ်လဲမမွှေးဘူး ... Just~ ... Right ..............." တဲ့။
ပထမတော့ ကိုယ်လဲ ကြောင်သွားတယ်။ နောက်မှ သူပြောတာ စေ့စေ့တွေးကြည့်မှ သမီးကြီးတော်ရော မဆွိတီရော ရယ်လိုက်ရတာ ... အူကိုနာရောပဲ ... စဉ်းစားကြည့်ကြပါအုံး ... ပိတ်သတ်ကြီးရယ် ... သိပ်လဲမနံ ... သိပ်လဲမမွှေး ... အနေတော်ဆိုတဲ့ ... -ီ-ီး အနံ့ ဘယ်လို အနံ့ဖြစ်မလဲဆိုတာ ...
အိမ်ကဉာဏ်ကြီးရှင် ဂျူဂျူ နဲ့ မှပဲ ... ..
HAHA... JUJU.. SOOOO CUTE!
ReplyDeleteရီသွားတယ် မမ... :)
ReplyDeletejust ... right
har har...... so funny...
ReplyDeletecute Jue Jueee....lay.
Myatnoe
love ju ju
ReplyDelete:)
ရှူသွား... အဲလေ ဖတ်သွားပါတယ်
ReplyDeleteတီဆွိ.. ဂျူဂျူအကြောင်းတွေ ရေးမှတ်ထားတော့ သူကြီးလာရင် ပြန်ဖတ်လို့ရတယ်...
cute juju. i love her so much.
ReplyDeleteဘလော့ပေါ်လာတာ ကောင်းလိုက်တာ။
ReplyDeleteဒီလိုလေးတွေ မှတ်ထားလို့ ရတယ်။
ကလေးတွေရဲ့ အတွေးဟာ တခါတလေ လူကြီးတွေတောင်လိုက်မမှီဘူး..မယ်ဆွိရေ...ဖတ်ရတာ...just right ပါပဲ....
ReplyDeleteဂျူဂျူးလေး တွေးတတ်လိုက်တာ..
ReplyDeletesooooo sweet!!!