ဂျူဂျူလေးဟာ ၂နှစ်သမီးထဲက Play group လို့ ခေါ်တဲ့ မူကြိုကျောင်းလိုဟာမျိူး တက်ရတယ်။ တစ်နေ့ကို တစ်နာရီသွားပို့ရတာပါ။ အရောင်လေးတွေခြယ်ရတယ်၊ ကဗျာလေးတွေဆိုရတယ်။ လက်မှုပစ္စည်းလေးတွေ လုပ်ရတယ်။ အပျော်ကျောင်းပေါ့။
ကျောင်းစတက်တဲ့နေ့က အမှတ်တရ (၂နှစ်နဲ့ ၂လ )...
ပထမဆုံးတက်တက်ချင်း ပုံလေးတွေကို အရောင်ခြယ်ရတယ်။
" A " တို့ " B " တို့ဆိုတော့ စစတက်ချင်း ခြယ်ထားတာဖြစ်မယ်။ date ကတော့ ၃လပိုင်း ၂၀၀၆။
ပူစီလေး မျက်နှာကို ခြယ်ထားတာများ ခပ်တည်တည်ပဲနော်။
" X " ဆိုတော့ နောက်ပိုင်း ခြယ်တာတွေ ဖြစ်မယ်။ date ကတော့ ၁၀လပိုင်း၊ ၂၀၀၆။ ၇လအတွင်း ပညာရည်တွေ တိုးတက်လာတာပေါ့။
သမီး ၃နှစ်ပြည့်တော့ အိမ်အောက်ထပ်က PAP ကဖွင့်တဲ့ မူကြိုမှာ ဆက်ထားတယ်။ အဲဒီမှာပဲ ကျောင်းကြီး မတက်ခင် မူကြို၊ K1, K2 စုစုပေါင်း ၃နှစ် တက်ခဲ့ရပါတယ်။
ဒီပုံလေးကတော့ မူကြိုမှာ ခြယ်ထားတာပါ။ ၂၀၀ရ- ၁၀လပိုင်းဆိုတော့ တစ်နှစ်အတွင်း ဂျူဂျူတို့ ပညာရည်တိုးတက်မှု ... အဲလေ အရောင်ခြယ် တိုးတက်မှု မှတ်တမ်းက်ို မြင်အောင်သာကြည့်ကြပါတော့။
ခုမှ ပညာရည် တိုးတက်မှုမှတ်တမ်း အစစ်လာပါပြီ။
ဂျူဂျူလေးဟာ P1 (Primary 1) နောက်ဆုံးစာမေးပွဲမှာ သင်္ချာတွေ အများကြီး မှားခဲ့ပါတယ်။ အမေတူသမီး လျှပ်ပြာ၊ လျှပ်ပြာနဲ့ မမှားသင့်ပဲ လျှမ်းပြီး မှားခဲ့တာတွေ အများကြီးပါပဲ။ သင်္ချာကို အမှတ်ပြည့်နီးပါး မှန်းထားတာ၊ နောက်ဆုံးတော့ အမှတ်၉၀ နဲ့ပဲ နှစ်သိမ့်လိုက်ရပါတော့တယ်။ မထင်မှတ်တဲ့ တရုတ်စာကတော့ အမှတ် မဆိုးဘူးဖြစ်နေပါတယ်။ သူက ၇၀ -၈၀ လောက်ပဲ မှန်းထားထာ ၉၆ မှတ်ရပါတယ်။ အင်္ဂလိပ်ကလဲ နောက်ဆုံး comprehension ဖြေတဲ့ထဲက တော်တော်မှားလာတော့ ၉၃ မှတ်ပဲ ရပါတယ်။
အဆုံးသတ်သော် ဂျူဂျူတို့ ဒီနှစ်အတွက် ကျောင်းစာနဲ့ ပတ်သတ်တဲ့ ဆုမချိတ်ပါဘူးခင်ဗျာ။ ဆုပေးပွဲက အတန်းထဲမှာ ပထမရသူတစ်ယောက်တည်းကိုသာ ဆုချီးမျှင့်ပါတယ်။ (ဂျူဂျူက တတိယပါ) ။ ဒါပေမဲ့ ဝမ်းသာစရာတစ်ခုက သမီးဟာ အတန်းထဲမှာ performance ဆုရော၊ best character ဆုပါ ရရှိခဲ့ပါတယ်။ ဂျူဂျူတို့အဖေကတော့ သူ့သမီးအတွက် ဂုဏ်ယူမဆုံးပေါ့။
ဒါကတော့ First Semester တုံးက ပညာရည်တိုးတက်မှု မှတ်တမ်းပါ။့။

ဒါကတော့ P1 တစ်နှစ်လုံး အတွက် ပညာရည်တိုးတက်မှု မှတ်တမ်းပါ။




ဂျူဂျူတို့ ဒီနေ့ကစပြီး ကျောင်းတွေ ပိတ်ပါပြီ။ ဇန်နဝါရီ ၃ရက်နေ့မှ ပြန်တက်ရပါမယ်။ P1 ကျောင်းပိတ်ခါနီး အမှတ်တရ ရိုက်ထားတဲ့ကျောင်းသူကြီး မဂျူဂျူ ပုံပါ။ (၇နှစ် ပြည့်ခါနီး ၁လအလို)
ဂျုးဂျုး တော်တော်ထွားလားတယ်နော်။ အရပ်ရှည်မယ် ထင်တယ်။ ကွန်မန့် မရေးဖြစ်ပေမယ့် တီဆွိ ဘလော့ဂ်ကို အမြဲ ဖတ်ဖြစ်တယ်။
ReplyDeleteဂျူဂျူးလေးက ငယ်ငယ်လေးတုန်းကတည်းက ချစ်စရာလေးနော်.. အခုကျတော့လည်း တကယ့်ကျောင်းသူကြီးစတိုင်နဲ့.. စာမေးပွဲပြီးကျောင်းအများကြီးပိတ်ထားတာ ရှယ်ပဲ.. :)
ReplyDeleteအကြီးမြန်လိုက်တာ
ReplyDeleteBest character ရတာ အင်မတန် ဂုဏ်ယူစရာပါ။ တရုတ်စာ တော်တယ်နော်။ ဂျူဂျူက တော်တော်ထွားလာတယ်။
ReplyDeleteဆုမချိတ်ပေမယ့် ၃ ဘာသာလုံး Band 1 ဆို တော်ပါတယ် တီတီဆွိရဲ့။
ReplyDeleteဦးကျောက်ကတော့ ဂျူဂျူးဆရာမ တရတ်မလေးကို လာကြည့်တာ ထင်ပါရဲ့ :P
သမီးလေးက ညိုချောလေး.. သွယ်သွယ်ရှည်ရှည်လေး..ချစ်စရာ..
ReplyDeleteတီဆွိရေ.. မနေ့ပေါ့...အိမ်နားက သားငယ်နဲ့ ရွယ်တူ P1 ကျောင်းတော့မတူတဲ့ သမီးလေးက သူဆုယူရမယ် Second Prize ဆိုတော့ ရေစင်က ဟင် Silver ကြီး၊ သားကမှ Gold Medal ရတာလို့..ခပ်တည်တည်နဲ့ပြောနေတာ။ သမီးလေး အမေက သားလည်း ဆုရတယ် ဟုတ်လားလို့ မေးတော့မှ...သားတို့ တတန်းလုံးရတာလေ..Sport Day တုန်းကတဲ့
ReplyDelete(အိမ်က သားတွေကတော့ အဲ့သလို...:D)
၃ ဘာသာလုံး အမှတ် ၉၀ ကျော်တွေချည်းပဲ...
ReplyDeleteတော်တဲ့ သမီးလေး... တခုခု ဆုချလိုက်နော်...း))
မသီတာရဲ့ ကော်မန့်ကို ဖတ်ပြီး ရယ်လိုက်ရတာ.....
အဖေရော အမေပါ စာတော်တော့ သမီးဂျူဂျူးလည်း စာတော်မှာပေါ့ ၊ ကိုယ့်ဘာသာမဟုတ်တဲ့ တရုတ်စာအမှတ်ကောင်းတာတော့ တကယ့်ကိုဂုဏ်ယူစရာပါ ၊ Band 1 က မလျော့အောင် အတန်းကြီးတဲ့အထိ ဆက်ကြိုးစားပါ ၊ ကျွန်တော်သားလည်း P1, P2 တုန်းက တရုပ်စာကို Band 1, တဖြေးဖြေးနဲ.ကျလာလိုက်တာ P5 မှာ အောင်ရုံလေးပဲ ၊ ကျန်တဲ့ဘာသာတွေကတော့ကောင်းပါတယ်၊ ဘာသာစုံကျူရှင် ယူလို.ထင်ပါ့ရဲ့ ၊ အဲဒါ ပညာရေးတိုးတက်မူ မှတ်တမ်းမှာ သချာင်္ ၁၅မှတ်ပဲရလို. အမေလုပ်သူက ကျောင်းကိုလိုက်ပြီး အရင်က အဖြေလွှာတွေနဲ.သွားရှင်းရသေးတယ်၊ ကျွန်မသားသချာင်္တစ်ခါမှ မကျဖူးဆိုပြီး ၊ နောက်ဆုံးတော့ အခြားကျောင်းသားအမည် (first name) နဲ.မှား လို.တဲ့ ၊ ကောင်းရော ၊ ဒီမှာလည်း အံသြစရာကောင်းအောင် မှားတတ်လို. လတ်တလော အတွေ.အကြုံကို ရှယ်လုပ်တဲ့သဘောပါ ၊
ReplyDeleteဒီနေ.က ဒီနှစ်အတွက် ကျောင်းနောက်ဆုံးနေ.မို. ဒီဇင်ဘာလကုန် အထိတော့ အိပ်ရာကမနက် ၅နာရီမထရဖူး ဆိုတာတွေးပြီးပျော်မိသေး ၊ အခြားမိဘတွေလည်း ပျော်လိမ့်မယ်လို. ထင်မိပါတယ်၊
ဂုဏ်ယူစရာပဲနော်....မြန်မာ ကလေးလေးတွေ တော်တယ်...ကြားရင် အရမ်းပျော်တာပါပဲ။
ReplyDeletehi titisweet,
ReplyDeleteI would like to know diffrent of playgroup and prenursery. Kindly write for me detail. Thanks
ဂျူဂျူလေးက တော်လိုက်တာ.. အမှတ်တွေက ကောင်းမှကောင်းပဲ.. အိမ်ကသားသားကိုလဲ Play Group ပို့တော့မလို့.. ၂နှစ်ပြည့်တော့မယ်ဆိုတော့လေ..
ReplyDeleteဂျူးဂျူး ရေ ကျောင်းပိတ်တုန်းလေး မေတို ဖေတို့ မောသွားအောင် ဗြောင်းဆန်အောင် ဆော့ပေအုန်းဟေ့ နားချိန်မှာ ရှယ်နား ဆော့ချိန်မှာ ရှယ်ဆော့ စာကျက်ချိန်ကျတော့လည်း ရှယ်ကျက်ရတာကိုးနော့
ReplyDeleteရှယ်ပျော်နေပြီ ဟေ့ ဟုတ်တယ်ဟုတ်
ရှယ်မြှောက်ပေးသွားသူ
seesein
ဂျူးဂျူးလေး တော်လိုက်တာ..။
ReplyDeleteဂျူးဂျူးလေး ငယ်ငယ်ကနေ အခုထိ မှတ်တမ်းတွေ အဲလို သိမ်းထားပေးတော့ သူလေးကြီးလာရင် ကြည့်ကြည့်ပြီး တအားပျော်မှာနော်။
သမီးက ဖအေ တူပဲ ဦးမောင်ခြိမ့်နဲ့ တူတယ်နော် ဟုတ်လား ဒေါ်ဆွီတီ
ReplyDeleteအယ် ဂျူဂျူက ထွားလိုက်တာ များကိုတောင် မှီတော့မယ်တော့ ဟဟဟ
နံမည်က Rachel လား ချစ်စရာလေး
ကလေးက တော်တယ်လို့ အပြောတော့ဘူးနော် ပြောစရာမလိုတော့လို့ ဟဲဟဲ
ဂျူဂျူလေးက တယ်တော်ပါလား။ မိဘတွေ သေချာ ဂရုစိုက်လို့ ထင်တယ်။ သမီးလေး တော်တဲ့အထဲပါနေတာကိုက ဂုဏ်ယူ ချီးကျူးရမှာပါ။ ပထမဆုထက် best character ဆုရတာ ပိုဝမ်းသာစရာပေါ့ မဆွိ။ ကလေးကို များများ appreciate လုပ်ပေးနော်.. သူငယ်ငယ်က ခြယ်ထားတဲ့ ပုံလေးတွေက သိပ်ချစ်စရာပဲ။
ReplyDeleteဟိုးအပေါ်က အနောနိမတ်စ် မေးထားတာလေးတွေ့တော့ အင်တာနက်ထဲ လျှောက်မွှေပြီး ရှာကြည့်လိုက်တော့ Play group နဲ့ Pre-nursery က သိပ်တော့ မကွာလှပါဘူးတဲ့။ အသက်ကိုကြည့်ပြီး ပိုင်းထားတော့ Play group က ၁၈လကနေ ၃နှစ်အထိ၊ ပညာရေးပိုင်းကို ဦးစားမပေးပဲ ခလေးတွေ ပျော်ဖို့ အဓိက ထားတဲ့ကျောင်းပေါ့။
ReplyDeletePre-nursery ကျတော့လဲ အသက်အလိုက် ကန့်သတ်ထားတာပဲ။
အစဉ်အတိုင်းပြောရရင်
၃နှစ် -Pre-nursery
၎နှစ်- Nursery
၅နှစ်- Kindergarten 1
၆နှစ် -Kindergarten 2
၇နှစ် - Primary 1 ... အစရှိသဖြင့်ပေါ့။ သတ်မှတ်ထားတာပါ။
ချစ်စရာလေးဂျူဂျူ
ReplyDeleteကွန်မန့် မရေးဖြစ်ပေမယ့် တီဆွိ ဘလော့ဂ်ကို အမြဲ ဖတ်ဖြစ်တယ်။
စာတော်တဲ့ သမီးလေးဆိုတော့ အားကျစရာကောင်းတယ် အမရေ
ReplyDelete