Wednesday, October 19, 2011

မြက်လှည့်၊ မျက်လှည့် weed၊ Shuffle

မြက်လှည့်၊ မျက်လှည့်

အရင်ကတော့ သမီးကျောင်းလိုက်ပို့ရင် အုတ်ခင်းထားတဲ့ လမ်းလေးကပဲသွားနေကျ။ ဒီနေ့တော့ ပီယာနိုသင်တန်းရှိတာနဲ့ ဖြတ်လမ်း မြက်ခင်းကျယ်ကြီးကို ထောင့်ဖြတ်ဖြတ်ပြီးသွားရတယ်။ နောက်မှို့ဆို သမီးကျောင်းရှိတဲ့ တောင်ကုန်းလေးကိုတက် ပြီးမှ ပီယာနိုသင်တဲ့အိမ်ရှိရာ တောင်အောက်ကို ပြန်ဆင်းသလိုဖြစ်နေတာကိုး။ မြက်ခင်းကဖြတ်တော့ ခရီးကတစ်ဝက်လောက် သက်သာတဲ့အပြင် အပေါ်လဲမတက်ရတော့ဘူးပေါ့။ 

အဲဒီမြက်ခင်းက သမီးတို့ ကျောင်းဘေး အထက်တန်းကျောင်းက ဘောလုံးကွင်းပဲ။ မြက်ခင်းဖြတ်ရင်းနဲ့ ဘေးနားက မရိပ်ပဲ ရှည်နေတဲ့မြက်တွေက မြက်ပန်းလေးအချို့ ကဗျာဆန်လွန်းလို့ ခူးလာခဲ့သေးတယ်။ မြက်တွေကလဲ မျိုးစုံရှိတော့ မြက်ပန်းတွေကလည်း မျိုးစုံ။ အဲ့ဒီမြက်ပန်းလေးတော့တစ်ခါမှ မတွေ့ဖူးဘူးရယ်။ မြက်ကိုင်းလေးကို ကိုင်ထားရင် မြက်ပန်းလေးတွေက တွဲလောင်းလေး လှုတ်လီလှုတ်လဲ့နဲ့ ကြည့်လိုတောင့်ကောင်းသေးတယ်။ သမီးကတော့ မေမေ့ဟာက Cocoon တွေနဲ့ တူတယ်လို့ ပြောနေတယ်။

အပြန် မြက်တောထဲ တစ်ယောက်ထဲ ဖြတ်မိတော့ စိတ်ကဟိုရောက်၊ ဒီရောက်၊ ဘာတွေးမိလဲဆိုတော့ ငယ်ငယ်က ဒီလိုမြက်တောမျိုးဖြတ်သွားဖူးတာ သတိရတယ်။ မဆွိတီတို့ငယ်ငယ်က နေတဲ့ကျောင်းက အင်းစိန်ပြည်လမ်းဘေးက နာမည်ကျော် ကိုးလောင်းကွေ့ မရောက်ခင် မထင်မရှား အလယ်တန်းကျောင်းလေးပေါ့။ လေယာဉ်ကွင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး ပြည်လမ်းရဲ့တစ်ဖက်ခြမ်းကတော့ သံဆူးကြိုးတွေ ကာထားတဲ့  လေယာဉ်ကွင်းပဲ။ ပုံမှန်အားဖြင့်တော့ အိမ်ကနေကျောင်းကိုသွားရင် ကျောင်းကားနဲ့သွားရတာ။ ညနေကျောင်းဆင်းချိန်ဆို ကျောင်းအ၀၊ လမ်းမနားကမြက်တွေနဲ့ တောင်ကုန်းလေးကနေ စောင့်ရတယ်။  ကျောင်းကားစောင့်နေတုံးလဲ တောင်ကုန်းပေါ်ကနေ လှိမ့်ချ၊ လှဲချကြပေါ့။ အင်္ကျီတွေ၊ စကတ်တွေမှာလဲ မျက်သီးအချွန်တွေ၊ ကပ်စေးနဲသီးတွေကပ်လို့ အိမ်ပြန်ရောက်တော့ ခွါရတာက အလုပ်တစ်ခုပဲ။
တစ်ခါတစ်ရံ ကျောင်းမှာ အချိန်ပိုသင်တဲ့ စနေ၊တနင်္ဂနွေလိုနေ့မျိုးဆို ကျောင်းကားကမရှိဘူး။ ကိုယ်တွေနေတဲ့ ၀န်ထမ်းတန်းလျားနဲ့ ၁၀မိုင်ကုန်း-နံပတ် ၉ ဘတ်စ်ကားဂိတ်ကတင် တစ်မိုင်လောက်လမ်းလျှောက်ရတာဆိုတော့ မဆွိတီတို့တွေ ဖြတ်လမ်းကပဲ သွားကြတယ်။ အဲဒီဖြတ်လမ်းကတော့ လေယာဉ်ကွင်း သံဆူးကြိုးကို ကျော်ဝင်ပြီး လေယာဉ်ကွင်းထဲက မြင်ပင်တွေ ခြုံပင်တွေ ကြားထဲက ဖြတ်သွားရတာပဲ။

အဲဒီဖြတ်လမ်းကို အကြီးတန်း အကိုကြီးတစ်ယောက်နေ ပြခဲ့တာ။ သူငယ်ချင်းတွေ ၁၀ယောက်တစ်ဖွဲ့လောက်ရှိမယ် သွားကြတာ ပျော်စရာကြီး။ သွားရင်းနဲ့တောထဲ အလေ့ကျပေါက်နေတဲ့ ပန်းတွေ၊ အရွက်တွေ၊ အပင်တွေလဲ ခူးကြသေးတယ်။ ကြိမ်သီးဆိုတာ စားဖူးကြလားတော့မသိဘူး။ ထန်းပင်လို ခပ်ဆင်ဆင် အပင်က အသီးသေးသေးလေးတွေ၊ အစေ့က ထန်းသီးလိုပဲ ဆတ်တောက်တောက်နဲ့ ၀ါးလို့သိပ်ကောင်း။ အခွံကတော့ ဖန်ချက်၊ နောက် ခြင်းကြားသီးခေါ်တဲ့ ခပ်ချဉ်ချဉ်အသီးလေးတွေလဲ ခူးစားကြတယ်။ ပါးစပ်တွေ ခရမ်းရောင်ဖြစ်စေတဲ့ အိုးပုတ်သီးအမှည့်တွေလဲ စားတာပဲ။

အဲဒီမှာ သွားရင်းနဲ့ တစ်ယောက်က မျက်လှည့်ပြမယ်နော်ဆို မြက်ပင်လေးတစ်ပင်ကို ခူးလိုက်တယ်။ ပြီးတော့ တံတွေးလေးဆွတ်ပြီး လက်မနဲ့ လက်ညှိုးလေးနဲ့ ဖွကိုင်ထားတာ မြက်ကလေးက လက်ထဲမှာတင် လည်နေတယ်။ အမှန်က မြက်ပန်းလေးဗျ။ ပန်လေးကကလဲ လိမ်ပြီးကောက်နေတာ။ သိခါစကတော့ အတော်ထူုးဆန်းတယ်ပေါ့။ မြက်က သူ့အလိုလို လည်နေတာ။ ကိုယ်တိုင်လုပ်ကြည့်တော့လဲ လည်တာပဲ ။ ငယ်ငယ်က အဲဒီမြက်ကလေးတွေ  ခူးပြီး အိမ်ရောက်တော့ မျက်လှည့်ပြရတာ အမောပဲ။

 အဲ့လိုမြက်မျိုးလေးခပ်ဆင်ဆင်ပဲ။ ဟိုကတော့ လိမ်နေတာ။

 ဓာတ်ပုံမူရင်းလင့်ခ်

နောက်ကြီးလာမှ သိလာရတာ။ အဲဒီမြက်ကလေးတွေက ပန်းပွင့်တော့ သဘာဝအလျှောက် လိမ်ပြီး ပွင့်ကြတာ။ သူ့ပန်းလေးတွေက စပါးတို့ဘာတို့လို ခပ်ရှည်ရှည်လေးတွေအပြင် ကောက်နေသေးတယ်။ အဲလိုတစ်ချိန်လုံး လိမ်ထားရာကနေ ခူးပြီး တံတွေးဆွတ်လိုက်တော့ အလိမ်တွေက သူ့အလိုအလျှောက် တဖြေးဖြေးပြေပြီး မြက်ကလေးက လည်နေတာ။ မသိရင်တော့ အတော်ဆန်းတာပေါ့။ အမှန်က အဲဒါ မျက်လှည့် မဟုတ်ဘူးဗျ။ မြက်လှည့်။ မြက်က သူ့အလိုလို လည်နေတဲ့ မြက်လှည့်ပေါ့။ နောက်ပိုင်းတော့ အဲလိုမြက်တွေ အလွယ်တကူမရှိတဲ့ အိမ်နားမှာ မျက်လှည့်ပြချင်တော့ လူလည်ကျကြသေးတယ်။ မလည်တဲ့ မြက်တွေကိုခူး၊ လက်မနဲ့ လက်ညှိုးကြားညှပ်၊ လက်ကမသိမသာလှည့်ပြီး မြက်ကိုလည်အောင်လုပ် မျက်လှည့်ပြကြသေးတာ။ အဲဒါကျ တကယ့်မျက်လှည့်ဗျ။ 

ဘာရယ်မဟုတ်ပါဘူး။ မြက်ခင်းထဲ ဖြတ်ရင်းနဲ့ ငယ်ငယ်က အကြောင်းလေးတွေ သတိရသွားလို့ပါဂျာ။

Weed

မဆွိတီတို့ရောက်ကာစက အိမ်ဘေးမှာ မျက်ခင်းသေးသေးလေးတွေ့တော့ သဘောကျသွားတယ်။ သိပ်လဲ မကျယ်တော့ မြက်တွေလဲ အများကြီး မရိပ်ရဘူးပေါ့။ ဟော ... ပြောနေတုံးရှိသေး ဦးခြိမ့်က မြက်ခင်းထဲမှာ weed တွေရှိတယ်တဲ့။ weed ဆိုတာကတော့ မြက်မဟုတ်ပဲ တခြား အလေ့ကျပင် အရိုင်းပင်တစ်မျိုးပေါ့။ သူပြောတာက weed တွေက မြက်တွေကို ဒုက္ခပေးသတဲ့။ မြေဆီသြဇာကိုလဲ စုတ်ယူသတဲ့။ ကြည့်လိုက်တော့ မြက်ခင်းက တစ်ခုလုံးစိမ်းနေတော့ လှတယ်လို့ထင်နေတာ။ weed တွေပါ ရောပြီးစိမ်းနေတာကိုး၊ ဒါနဲ့သူက weed တွေ သတ်မယ်ဆိုပြီး အပင်သတ်ဆေးတစ်မျိုးဝယ်ပြီး ဖြန်းလိုက်တာ weed တွေတင်မက မြက်တချို့ပါသေကုန်လို့ မြက်ခင်းကလဲ မစိမ်းတော့ဘူး။ weed တွေကလဲ အကုန် ဘယ်သတ်နိုင်မလဲ။ ကျန်နေသေးတော့ ပွားနေသေးတးတာပဲ။ ခုတော့ကွက်တိကွက်ကျားနဲ့  အတော်ရုပ်ဆိုးသွားတယ်။ မသတ်ခင်ကပြောပါတယ်။ အဲလိုစိမ်းစိမ်းလေးလဲ လှပေသားပဲ weed ကို မြက်လို့သဘောထားလိုက်ပေါ့ဆို မရဘူး။ သူကလဲ စိတ်ကြီးချက်။ ပြီးတော့ မြက်ခင်းကွက်တိကွက်ကျားဖြစ်မှ သတ်မိတာ သူ နောင်တရသတဲ့။

Shuffle
အဲဒီမြက်ခင်းကွက်ကြားပေါ်မှာ ဂျူဂျူတို့ Shuffle လုပ်နေတာပါခင်ည။ ဂျူဂျူတို့ ယူကျူ့ထဲကနေကြည့်ပြီး အတတ်တွေ စုံနေတာလေ။မနိုင်ဘူးဗျာ။

သူကတော့ shuffle လို့ပြောတာပဲ။ မျက်စိထဲတော့ ပရွက်ဆိတ်ကိုက်လို့ ခြေထောက်ကို ခါနေသလိုပဲ။


13 comments:

  1. မိုက်တယ်ကွာ.. ဂျုဂျုက.
    အဲ.ဒီ hula hoop ကိုလုံးဝလှည်.လို.မရဘူး။ဂျုဂျုလှည်.တတ်တာ တော်လိုက်တာ။

    ReplyDelete
  2. အစ်မဆွိရေ...
    ပုံလေးတွေက ပြတ်ပြတ်သားသားနဲ့ ကောင်းလိုက်တာ။
    မြက်စိမ်းစိမ်းတွေကြားမှာ အရောင်တူ တခြား အပင်တွေ ခိုနေတတ်တာ သတိပြုရမယ်။
    ဂျူးဂျူးလေးက တယ်ဟုတ်ပါလား အစ်မရေ...။

    ReplyDelete
  3. ဂျူးဂျူးလေးက တော်လိုက်တာ။ ဖိနပ်ကနည်းနည်းကြီးနေတာတောင် ပေါ့ပါးသွက်လက်နေတာပဲး)
    ကွင်းလှည့်ကစားတာ တီတင့်လည်းငယ်ငယ်က အရမ်းသဘောကျတာ။
    ရှုခင်းလေးတွေက ကြည့်လို့ကောင်းလိုက်တာ။ စပါးပင်နဲ့တူတဲ့ပန်းလေးး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဂျုးဂျူးလေက ချစ်ဖို့ကောင်းလိုက်တာ.

    ReplyDelete
  5. ဓာတ်ပုံရိုက်တာ တော်ချက်
    မြက်ပန်းလေးတွေကတောင် ကဗျာဆန်ဆန် လှနေပါရောလား။
    ဒီလို မြက်ခင်းစိမ်းစိမ်းနဲ့ လမ်းမျိုးဆို နေ့တိုင်းလျှောက်ရလည်း လျှောက်ပါတယ်။ မောမယ်လို့တောင် မထင်မိဘူး။
    မဆွိတို့ အိမ်ဘေးပတ်ဝန်းကျင် သိပ်သာယာတာဘဲနော်။ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ ။
    မြက်သီး၊ မြက်ပန်းလေးတွေ လှလိုက်တာ သဘောကျသွားတယ် တကယ်။။

    ReplyDelete
  6. မချောနဲ့ တီတင့် မှားနေပြီဂျ။ အဲဒီအလယ်က မြက်ပန်း ၂ပုံက အင်တာနက်က ရှာထားတာခင်ည။ အဲလောက်လှအောင် မရိုက်တတ်ပါဘူးဂျာ။ ဓာတ်ပုံတွေရှာပြီး လင့်ခ်တွေ မှတ်မထားလို့။ ခုပြန်ရှာနေတယ်။ ဓာတ်ပုံမူရင်းလင့်ခ်ကို ပေးချင်လို့ပါ။
    မချောရေ ဒီမှာတော့ အဲလို မြက်ခင်းတွေ အရမ်းပေါတယ်။ အိမ်ကမြက်ခင်းကတော့ ပိစိလေးပါ။ အဲလိုမြက်ခင်းကျယ်ကျယ်နဲ့ အိမ်လိုချင်တယ်။ ကျေးဇူးမချော။

    အနောနိမတ်စ် ကျေးဇူးပါဗျာ။ လာအားပေးတာ။ ဘူသူတွေမှန်းလဲ မသိဘူး။ နာမည်လေးတွေ တပ်ပေးရင်ကောင်းမှာပဲ။

    တီတင့် ဖိနပ်က အိမ်နေရင်းစီးတဲ့ အ၀တ်ဖိနပ်ဗျ။ ဒီမှာအေးတော့ အဲဒါက အိမ်နေရင်းနွေးအောင်ဝတ်ထားရတာ။ အခု Spring ရောက်တာတောင် အေးတုံး။ ကွင်းကတော့ ဂျူဂျူက Expert၊ ကိုယ်တိုင်တော့ တစ်ခါ၊ ၂ခါတောင်ရအောင် မနဲလုပ်ရတယ်၊ တော်ချက်။ အဲဒါကစားတာ ခါးသေးတယ်၊ အဆီကျတယ်ပြောကြတယ်။

    မြသွေးရေ ပုံတွေကတော့ အပေါ်က ကွန်မန့်မှာသာ ဖတ်ပါတော့။


    အနောနိမတ်စ်ကျေးဇူး။ ဂျူဂျူး Hula Hoop အကြာကြီးလှည့်တဲ့ ဗီဒီယိုလေး ထပ်တင်ပေးမယ်။ ခုမှ ယူကျူ့မှာ ဒေါင်းတုံး။ ခဏစောင့်နော်။

    ReplyDelete
  7. ဟိုက်ရှားဘားစ်..အကကလဲ‌ကောင်း..၊မိုက်ခရိုဘီးနဲ့အဆိုကလဲ‌ကောင်း၊
    အဆို‌တော်ဂျူဂျူ‌လေးပါလား..မဆွိတို့‌တော့ဆီးသီးထုတ်‌ပေးဖို့သာပြင်
    ထား‌ပေ‌တော့....။

    ReplyDelete
  8. အို .. ဟုတ်ပါ.။ hoop လှည်.နေတာအကြာကြီးဘဲ။ လှည်.နေရင်းနဲ.ဖင်လေးတောင် လှုပ်ပြီးကလိုက်သေးတယ်။ ချစ်ဖို.ကောင်းတယ်။
    သူတို.ဘယ်လိုများလှည်.လို.ရလဲမသိဘူးနော်။
    အဲ.ဒါလှည်.ရင် လူကြီးတွေမှာခါးနဲ.ဗိုက်နေရာမှာ အဆီကျတယ်ဆိုတာ တကယ်။ အဲ.ဒါကြောင်.လှည်.တတ်ချင်တာ၊ လှည်.ကြည်.လို.ကိုမရဘူး။
    ကလေးတွေက တကယ်အတတ်မြန်တယ်နော်။ အားကျတယ်။

    ReplyDelete
  9. မြက်သီးလေးတွေ အရင်ကသေချာတောင်မကြည့်မိဘူး။
    ဂျူဂျူးလေးက တော်လိုက်တာ။
    ချစ်စရာလေးရယ်

    ReplyDelete
  10. ချစ်ချာလေး...
    မျက်လှည့်ဖတ်ပြီး ခါးလှည့်တာလေး ကြည့်သွားတယ်..
    အိမ်မက်စေရာ

    ReplyDelete
  11. အောင်ညလေး ဂျူးဂျူးတို့ များ တော်ချက်..တို့ များဆို တချက်မှတောင် အလည်ဘူး...း)

    ReplyDelete
  12. သမီးလေးက အရမ်းချစ်စရာကောင်းတယ်နော်။ အရမ်းလည်းတော်တယ်။ သွက်တယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  13. ချစ်ဖို့ ကောင်းလိုက်တဲ့ ဂျူဂျူးလေး သီ ချင်းဆိုတာကလည်း ကောင်းး )

    ReplyDelete