Thursday, November 10, 2011

သူ့ဖက်ကကြည့်တော့ ကိုယ်က စတုပစ်

မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး ပြည်ကြီးတရုတ်က လူတွေ တကိုယ်ကောင်းဆန်တာ၊ ကိုယ့်ဖို့ပဲ သိတာတွေ၊ ပစ္စည်းအတုတွေလုပ်ပြီး လူတွေဒုက္ခရောက်ရတာတွေ ဟိုဒီရေးနေတာ ဖတ်ခဲ့ရတယ်။ အန်တီဆွိလဲ စလုံးမှာ အလုပ်လုပ်တုံးက ပြည်ကြီး တရုတ်အချို့နဲ့ ပေါင်းဖူးတယ်။ ဟုတ်တယ်။ အများအားဖြင့် ရုပ်ဝထ္ထုဆန်တာ၊ တကိုယ်ကောင်းဆန်တာတွေက များတယ်။ ကွန်မြူနစ်စနစ်ကြောင့်အပြင် ဘာသာတရား ဆုံးမမှုမရှိ၊ လူဦးရေပေါက်ကွဲမှုကနေ ရလာတဲ့ အကျိုးဆက်၊ သူ့ထက်ငါသာမှ နေရာရမှာမှို့ အပြိုင်အဆိုင်များမှုတွေကနေရလာတဲ့ ဆိုးကျိုးတွေလို့ ထင်ပါတယ်။

စလုံးတရုတ်တွေဆိုလည်း ပြည်ကြီးကဆို သူတို့အရမ်းအထင်သေးတယ်။ ပြီးခဲ့တဲ့ အလုပ်မှာတုံးကဆို လုပ်ဖော်ကိုင်ဖက် ပြည်ကြီးတရုတ်ကောင်လေးတစ်ယောက်။ ကိုယ်ကတော့ သူ့ကို တခြားပြည်ကြီးတွေနဲ့ စာရင် တော်တော်ပေါင်းလို့ကောင်းတယ်လို့ထင်တယ်။ သူကလဲ မဆိုးပါဘူး။ တစ်ဖွဲ့ထဲ အတူတူသွားလာကြတာမယ် ကြုံဖူးတာ lady first တွေ ဘာတွေ သိတယ်။ အလုပ်မှာ အမျိုးသမီးလုပ်လို့ ခက်ခဲတဲ့ တစ်ချို့နေရာတွေ ကူညီညာလုပ်ပေးတယ်။ သူ့မှာ လူလူချင်း ညှာတာရမယ်၊ ထောက်ထားရမယ်၊ ရိုင်းပင်းရမယ်ဆိုတဲ့ စိတ်ကလေးတော့ရှိနေတော့ မဆိုးဘူးပေါ့။ ကိုယ်ကတော့ သူ့အပေါ် အကောင်းမြင် ဆက်ဆံပါတယ်။

ဒါပေမဲ့ဗျာ စလုံးတရုတ်တွေကတော့ ပြည်ကြီးဆို ၀ါးလုံးချီးသုတ် နှိမ်တော့တာပဲ။ ကင်တင်းသွားတာကအစ စားတာသောက်တာ ကြည့်ပြီး နှိမ်လိုနှိမ်၊ အလုပ်မှာလဲ အလုပ်တကယ်မရှိလို့ ဒီတိုင်းနေတာကို ပြောလိုပြောနဲ့ တော်တော်ကို အဆင်မပြေဘူး။ ဒါတောင် အဲဒီကောင်လေးက NTU မှာ ဘက်ချလာကို စကော်လာနဲ့တက်၊ အဲ့မှာပဲ မာစတာ ပြီးခဲ့တာ။ နောက်ဆုံးတော့ သူလဲ အလုပ်ထွက်သွားတယ်။ ထားပါတော့။ စလုံးတရုတ်တွေရဲ့ ပြည်ကြီးတွေအပေါ် သဘောထားကိုပြောပြတာပါ။

ဒီဖက်ရောက်တော့လဲ ဒီမှာလဲ တရုတ်တွေအများကြီးပဲ။ ပြည်ကြီး၊ ထိုင်ဝမ်၊ ဟောင်ကီး၊ စလုံး အစုံပဲ။ ရုပ်ဝထ္ထုဆန်တာတွေကတော့ အားလုံးအတူတူပါပဲ။ ငွေသာလျင်အဓိက၊ လူလူချင်းညှာတာ ထောက်ထားမယ်၊ အနင့်နာခံမယ်ဆိုတာလဲ မရှိကြဘူး။  အန်တီဆွိ ဒီရောက်မှ ပေါင်းမိတဲ့ တရုတ်မတစ်ယောက်နဲ့ စကားစမည်ပြောကြရင်း အိမ်မှာဘာလုပ်လဲ၊ ဘာဝါသနာပါလဲမေးဖြစ်ကြတယ်။ ကိုယ်က အားရင် ဘလော့ဂ်ရေးတယ် ဖိုရမ်ထဲဝင်တယ် ဖတ်တယ်ဆိုတော့ ဘာပြောတယ်ထင်လဲ၊ အဲဒါတွေရေးတာ ပိုက်ဆံရသလားတဲ့။ ဘလော့ဂ်ကနေကြော်ငြာတွေ ဘာတွေ ရလားမေးတယ်။ ဆိုလိုချင်တာကတော့ ငွေမရပဲ ဘာလို့ ဒါတွေလုပ်နေလဲ ဆိုတဲ့ သဘောပြောတယ်။ အန်တီဆွိကလဲ အစကထဲက အခြေတင်တွေ ပြောတာ ၀ါသနာမပါတော့ ဘာမှတော့ မပြောလိုက်ပါဘူး။ ငွေမရလဲ ငါဝါသနာပါရာ လုပ်တာ။ အပျင်းပြေတယ်လို့ပဲ ပြောလိုက်တယ်။

တစ်ခါသား ကမ်ဘာရာဖက်ရောက်တုံး ပါလီမန်ကိုဝင်ကြည့်တာ၊ ကိုယ်တွေက အေးအေးဆေးဆေးထိုင် ဓာတ်ပုံလေးဘာလေးရိုက်နေတုံး ဟမ်မလေး ပြည်ကြီးတရုတ် တိုးလ်အဖွဲ့တစ်ခုနဲ့ ဆုံတာ၊ ၅ပါးကိုမှောက်ရော။ ဓာတ်ပုံရိုက်ပြီးလို့ ပြန်အထွက်မယ်၊ အေးအေးဆေးဆေးမရှိ၊ အတင်းတွန်းကျိတ်တိုးပြီး ၀ရုန်းသုန်းကားဝင်လာကြတာ။ လူကိုဝင်တိုက်လိုတိုက်။ တောင်းပန်ရမှန်းလဲ မသိ။ နည်းနည်းမှကို ယဉ်ကျေးမှုမရှိကြဘူး။ ပါလာတဲ့ မြန်မာအဖော်ဆို ပြောတာ ရစရာကိုမရှိဘူး။ အဲလို အတွေ့အကြုံတွေက အများကြီးပဲ။

ဒီနေ့မနက် သမီးကျောင်းပို့မယ်ကြံတော့ ကိုရွှေမိုးက ပြိုမယောင် တစ်မိုးလုံး အုံ့မှိုင်းလို့နေတယ်။ မိုးမရွာခင် သားအမိ၂ယောက်ကျောင်းကို ပြေးကြတာပေါ့။ ဒါပေမဲ့ မနေပါဘူး။ သမီးကျောင်းလဲရောက်ရော မိုးက ရွာပါလေရော။ သမီးကတော့ မိုးမမိဘူး။ အမေတော့ မိုးမိတော့မယ်ဆို ပြောပြောနဲ့ အိမ်ပြန်လျှောက်လာ။ လမ်းရောက်တော့ ထီးအကြီးကြီးနဲ့ မီးပွှိုင့်လမ်းကူးအပြီး၊ အိမ်ဖက်လျှောက်အလာ လမ်းဘေး ပလက်ဖောင်းလေးက လူ၂ယောက်လျှောက်ရုံစာလေးရယ်။ ကားလမ်းမကြီးကလည်း ရုံးချိန်မှို့ ကားကြီးကားငယ် ဥဒဟိုသွားနေကြတာ။ မိုးတဖွဲဖွဲ ပလက်ဖောင်း လမ်းကျဉ်းလေး ထီးအကြီးကြီးဆောင်းလို့ အလျှောက်၊ ရှေ့မှာ ပြည်ကြီးတရုတ်မတစ်ယောက်လို့ ထင်တာတာပဲ၊ ခလေး ကျောင်းလိုက်ပို့တာ ဖြစ်မယ်။ ခလေးကတော့ မိုးကာအကျီအလုံနဲ့ ထီးမဆောင်းဘူး။ ရှေ့ကလျှောက်တယ်။ အမေကတော့ နောက်က၊ ကိုယ့်လို ဧရာမထီးကြီးဆောင်းထားတယ်။ ဘေးတစ်ဖက်က ခြံစည်းရိုးက အပင်တွေကလဲ ပလက်ဖောင်းပေါ်အထိရောက်နေတော့ တစ်ချို့နေရာတွေမှာ ၂ယောက်သွားလမ်းဟာ တစ်ယောက်သွားစာ သာသာလောက်ပဲရှိတယ်။ ဘေးတစ်ဖက်ကလဲ ကားကြီးကားငယ် ဥဒဟိုသွားနေတဲ့ လမ်းမကြီး။ ဟိုးငယ်ငယ်က မေးဖူးတဲ့ ပဟေဠိလို ထီးဧရာမကြီးနဲ့ အမျိုးသမီး၂ယောက် မျက်နှာချင်းဆိုင် လမ်းကျဉ်းလေးမယ် ဘယ်လိုလျှောက်ကြမည်လဲ ????????

၂ယောက်ဆုံခါနီးကျ ကိုယ့်စိတ်ထဲမှာ တွေးတာ ... ဟိုက ခလေးလဲပါတယ်။ ကားလမ်းဖက် အန္တရာယ်များလှတယ်၊ ကိုယ်က လူလွတ်ပဲ၊ အနင့်နာခံစရာရှိ၊ ငါခံမယ်ဆို၊ သိပ်တောင်မစဉ်းစားနေပါဘူး။ ဟီးရိုးတီတီဆွိက ထီးအကြီးကြီးနဲ့ ကားလမ်းဖက်ကို ကပ်ရှောင်ပေးလိုက်တယ်။ ဟိုအမျိုးသမီးကတော့ ဘေးကင်းရာ ခြံစည်းရိုးဖက်ကပ်၊ ထီးကြီးဆောင်းပြီး ရပ်စောင့်နေတယ်။ အစကတည်းက ပြည်ကြီးတရုတ်မဆိုတော့ သူ့ဖက်က အနင့်နာခံ ကားလမ်းဖက်တော့ ကပ်ရှောင်ပေးမယ်မဟုတ်ဘူးဆိုတာတော့ ခန့်မှန်းပြီးသားပါ။ ဒါတင်မက သူက ကားလမ်းဖက် ကပ်ရှောင်နေတဲ့ ကိုယ်ကို ကြည့်နေတယ်။

သူ့ကိုယ့်ကိုကြည့်တဲ့ပုံစံက stupid  ဆိုတဲ့ အချိုးနဲ့ပါဗျား။


(အန်တီဆွိ ဒီပို့စ်ကို ရေးတာ Mainland Chinese တွေကို racist လုပ်ချင်လို့ ဟုတ်ဝူးနော်။ ကိုယ့်လူမျိုးမှာလဲ အားနည်းချက်တွေ အများကြီးရှိတာပဲ။ မြင်တာတွေ့တာတွေကို ပြောပြတာပါ။ ပြောသာပြောတာ အန်တီဆွိကိုယ်တိုင်လဲ ပြည်ကြီးတရုတ်သွေး ပါသဗျ။ ဟိုးအဘီကြီးတွေက ပြည်ကြီးကလာတဲ့ တရုတ်အစစ်တွေ။ ဗမာတွေနဲ့ သွေးနှောရင်းနဲ့ ခုတော့ အန်တီဆွိမှာ ၁၂ပြားခွဲဘိုးလား၊ ၆.၂၅ပြားလား မသေချာ၊ ဗမာသွေးကတော့  ၉၀%ကျော်တော့ သေချာပါပါသဗျာ )

10 comments:

  1. For more infos from Bluesky Bread with comprehensive writing:

    တရုတ်ပြည်မှာခေတ်စားတဲ့ အယူအဆတခုကလည်း ကြောင်ဖြူ
    ချင်ဖြူမည်းချင်မည်း ၊ ကြွက်မိဖို့ သာ အဓိကပဲလို့ ဆိုသကိုး။
    http://blueskyforest.blogspot.com/2010/02/blog-post_6759.html

    ReplyDelete
  2. ကျနော်လည်း တရုတ်သွေး တမတ်တောင်မှ ပါတာပါပဲ။
    ဒါပေမဲ့ သူတို့ရဲ့ အတ္တ ၊ မာန်တွေကို ကြည့်ရ မြင်ရတာ တော်တော်ကို ရွံတယ်။ အစ်မ နဲ့ ကျနော် Facebook မှာ Friend မဖြစ်လို့ အစ်မ မသိတာ နေမယ်။ ကျနော် တင်ပေး ရှယ်ပေးထားတဲ့ အထဲမှာ ကလေးတွေကို ကားနဲ့ ကြိတ်တာတွေ တရုတ်မှာ အများကြီးပဲဗျာ။ သစ်တုံး တစ်တုံးကို ကြိတ်သလောက်တောင်မှ ဂရုတစိုက် မရှိဘူး။ အံ့သြမိတယ်။

    ReplyDelete
  3. ပြည်ကြီးက တရုပ်တွေနဲ့ ပတ်သက်ပြီး ခံစားရတာချင်း အတူတူပဲတီဆွိရေ။ အကုန်လုံးတော့ မဆိုလိုပါဘူး။ ဒါပေမယ့် အများစုကအဲဒီလိုမျိုး စိတ်ဓာတ်တွေပါဘဲ။

    ReplyDelete
  4. ...စိတ်နာလယ်
    ပေးလိုက်ရတာ ကြည့်ပဲ
    ရတာဆိုလို့ နောင်တပဲရှိတယ်

    ReplyDelete
  5. ဟိုးအရင် ကိုယ်ကကျောင်းတက် (စင်ကျားပူကို ကိုယ်ကနောက်မှရောက်တာ)၊ ကိုယ့်အချစ်က အလုပ်ဝင်နေစဉ်အချိန်တွေတုန်းက သူ ပြည်ကြီးတွေ မကောင်းကြောင်း(အတ္တကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ မိုက်ရိုင်းတာ၊ ကလိန်ကျတာ၊ ညစ်ပတ်တာတွေ) ပြောပြောနေရင် တွေးမိတယ်... အော် သူ.နဲ. ဘာလို. အလကားနေ ဒီပြည်ကြီးတွေကို မျက်စိစပုံမွှေးစူးလည်းပေါ့... ကိုယ်လည်းအလုပ်ခွင်ထဲရောက် သူတို.တစ်တွေနဲ.လည်း နဖူးတွေဒူးတွေ. ရင်ဆိုင်ရရော၊ အိမ်ထောင်ကျကျချင်း လင်မယားနှစ်ယောက် သပ်သပ်နေချင်လို. ပြည်ကြီးတွေပိုင်တဲ့ အိမ်တစ်အိမ်လည်းငှားနေမိရော (ဒါတောင် ပေါင်းနေတာမဟုတ် တစ်အိမ်လုံးငှားနေတာ)... ဟင်း.. ဟင်း.. ကိုယ့်အချစ်က ပြည်ကြီးမကောင်းကြောင်းပြောယုံပြောတာ၊ ကိုယ်က လူသတ်ချင်စိတ်ပါပေါက်ပေါက်သွားတော့မှ ဒင်းတို.အကြောင်းသိတော့တယ်။
    (ပြည်ကြီးတိုင်းကို မဆိုလိုပါ။ ရှိတော့ရှိတယ် ရှားတယ်နေမှာပေါ့။)

    ReplyDelete
  6. Oneof my daughter's friends is also for Mainland Chinese, I usually meet the kid's mun at school and always help to open the entrance door (since the door is auto lock). But I've never heard thank u from her whenever i help her. Finally i realise tt she doesn't really know how to appreciate others help. Btw, i m 75% Chinese from Burma.

    ReplyDelete
  7. တယုတ်‌တွေတကိုယ်‌ကောင်းဆန်တာ,ရိုင်းတာ‌တွေက‌တော့..ကိုယ်‌တွေ့
    အများကြီးမို့လို့ထူးပြီးမေ ပြာ‌တော့ပါဘူးကွယ်..‌အော်..သူတို့ခမျာ‌မွေး
    ကတဲကချက်ကြိုးနဲ့အပြုံးကြိုးမှားဖြတ်ခံထားရသူ‌တွေဆို‌တော့ခံစားချက်မရှိတဲ့
    မျက်နှာ‌သေကြီး‌တွေနဲ့..စက်ရုပ်လူသား‌တွေဖြစ်‌နေကြ‌တော့တာ‌ပေါ့...။

    ReplyDelete
  8. အမှန်ပဲ တီဆွိရေ..

    ReplyDelete
  9. ဒီမှာလည်း အဲလိုဘဲ အမရေ... စကားကိုပြုံးပြုံးလေးနဲ့ပြောရင် ရူးနေလားဆိုတဲ့ အကြည့်မျိုးနဲ့ အကြည့်ခံရသေးတယ်...

    ReplyDelete
  10. Totally Agree with you ma ma ... I hate thier mindset too

    ReplyDelete