Tuesday, November 29, 2011

နီညိုရောင် တရားခံ ...

အန်တီဆွိငယ်ငယ်က အသားညိုတော့ အင်္ကျီ၊ထမီလေးတွေဆို အရောင်ရင့်တာလေးတွေ ရွေးဝတ်တယ်။ နီညိုရောင်၊ နက်ပြာရောင်၊ အနက်ရောင် အစရှိသဖြင့်ပေါ့။ အဲဒီအရောင်လေးတွေက အသားဆောင်တယ်ပေါ့။ အဲဒီခေတ်ကပေါ်တဲ့ ကြောင်ခြစ်တို့၊ ဘီဘဲလ်ထမီတို့ဆို နီညိုရောင်၊ နက်ပြာရောင်ကတော့ မပါမဖြစ်ပဲ။ ထမီတိုတိုဝတ်၊ အဲဒီထမီအနားလေးတွေအောက်က ပေါ်နေတဲ့ ခြေသလုံးသားလေးတွေက ၀င်းနေတာလို့ ကိုယ့်ကိုကိုယ် ထင်နေတတ်သေး။ ပါတိတ်တွေ ဘာတွေဆိုလဲ အဲဒီအရောင်လေးတွေပါတာပဲ ၀ယ်ဖြစ်တယ်။

ကိုယ့်အိမ်ကလူကတော့ ငယ်ငယ်က အိမ်မှာလဲ အငယ်ဆုံးလဲ ဖြစ်ပြန်၊ အကိုတွေကလဲ ၂ယောက်တောင်ရှိတော့ သူ့မှာ အကိုတွေအကျပဲ ၀တ်ရသတဲ့။ အကျဆိုတော့ ဘာအရောင်၊ ဘာအဆင် ရွေးပိုင်ခွင့်မရှိ၊ ကျတာယူပဲပေါ့။ အဲ ရွေးပိုင်ခွင့်ရှိပြီဆိုတော့လဲ သူတို့ အိမ်က အထည်ဆိုင်ဖွင့်ထားတော့ ဆိုင်ကျအထည်လေးတွေပဲ ရွေးရတယ်။ ဆိုင်ကျဆိုတော့လဲ အရောင်မလှ၊ အဆင်မလှတာတွေပဲ ကျန်မှာပေါ့။ အဲဒါသူငယ်ငယ်က "ဟဲ့ အငယ်ကောင်လေး ကြိုက်တာတစ်ထည်ယူ"ဆို ဘာအရောင်ရွေးလေ့ရှိလဲဆိုတော့ "ဖက်ဖူးစိမ်းရောင်" တဲ့ဗျား။ ခလေးမျက်စေ့ထဲ ဖက်ဖူးရောင်လေးက တခြားအရောင်တွေနဲ့စာရင် လှနေပါလိမ့်မယ်။ ခုခေတ်မတော့ အဲဒီအရောင်က ထင်သာမြင်သာ တောက်ပလွန်းလို့ လမ်းလုပ်သားတွေ၊ ညဖက် ရောင်ပြန်ပြားတွေမှာပဲ ကပ်တဲ့ အရောင်ပေါ့။ အဲဒီအကြောင်း အိမ်က ကြီးတော်က ပြောပြတော့ ရယ်လိုက်ရတာ။ ဖက်ဖူးရောင်ကြိုက်တဲ့ လူကြီးဆိုပြီး။ သူကတော့ ထုံးစံအတိုင်း "အိုးးးး ..... "ဆိုပြီး  ရှက်ပြုံးကြီးနဲ့ပေါ့။

ဟိုနေ့က အပြင်သွားတော့ သူက တီရှပ် နီညိုရောင် လေးနဲ့ဗျ။ တစ်နေ့ကလဲ အိမ်နေရင်း တီဗီကြည့်နေတဲ့ သူ့ကိုကြည့်လိုက်တာ နီညိုရောင် တီရှပ်လေးပဲ ၀တ်ထားတာ။ အမယ် ငါ့ယောက်ျားက နီညိုရောင်လေးနဲ့ အတော်ကြည့်ကောင်းသပေါ့တွေး။ မနေ့ကလဲ ဈေးဝယ်ကြမယ်ဆို အင်္ကျီလေးလဲပြီး ထွက်လာတာ ကြည့်လိုက်တော့ နီညိုရောင် တီရှပ်နဲ့ပဲ။ ဘယ့်နှာကြောင့် အင်္ကျီတစ်ထည်တည်းကို ခဏခဏ ၀တ်နေပါလိမ့်ပေါ့။ ဒါနဲ့ ...

" အဖေရေ ... အဖေ့ကို  ခုတစ်လော ကြည့်လိုက်ရင် အဲဒီနီညိုရောင် အင်္ကျီချည်းပဲ ၀တ်နေတာ ... နီညိုရောင် သိပ်ကြိုက်နေတာပေါ့လေ....ဟုတ်လား ..."

" အမယ်လေးဗျာ ... အဲဒီနီညိုရောင်က တစ်ထည်တည်း မဟုတ်ရပေါင်ဗျာ ... ပြီးတော့ အဲဒါတွေအကုန်လုံး အမေပဲ ၀ယ်ပေးထားတာပဲလေ ... ဘယ်တုံးကများ ကိုယ့်ဟာကိုယ် ၀ယ်ဖူးလို့လဲ ... အမေဆင်တာတွေပဲ ၀တ်နေတာပဲကို ... "

" ဟင် ... ဟုတ်လား သေချာတောင် မမှတ်မိတော့ဘူး ... အဲဒါတွေအားလုံး  ဆွိလေးဝယ်ပေးထားတာ ဟုတ်လား ... ဟားဟား ..."

ခုမှ ပြန်တွေးကြည့်တော့ သူက အင်္ကျီအ၀တ်အစား အင်မတန် ၀ယ်ခဲတယ်။ ၀ယ်ပေးရင်လဲ အတိုက်အခံလုပ်ပြီး ၀ယ်ပေးမှရတာ။ အင်္ကျီတွေ လှတယ်၊ မလှဘူး။ လိုက်တယ်၊ ကောင်းတယ်။ ဘာရယ်မှလဲ အာသီသရှိတာမဟုတ်ပါဘူး။ အပြင်သွားရင်လဲ ဖြစ်သလိုပဲ။ ဘီရိုထဲ အပေါ်ဆုံးက တွေ့တာ ကောက်စွပ်တာချည်းပဲ။ အဲဒါသူ့ကို တီရှပ်လေးတွေနဲ့ လိုက်တယ်ဆို တီရှပ်လေးတွေတော့ တွေ့တိုင်းဝယ်ပေးထားတာ။ ဟိုးအရင်ကထဲက နီညိုရောင်ကြိုက်တဲ့ ဓာတ်ခံကရှိတော့ အသားညိုတဲ့ယောက်ျားကို အသားဆောင်အောင် နီညိုရောင်လေးတွေချည်းပဲ ၀ယ်ပေးဖြစ်နေတာ။ တစ်ခါနဲ့တစ်ခါ ၀ယ်တဲ့ အချိန်တွေက မတူတော့ အဲလို နီညိုရောင်တွေ အဲလောက်များနေမှန်းလဲ မသိပါဘူး။ နောက် အင်္ကျီအကွက်ဆို နက်ပြာရောင် အကွက်တွေများတယ်။ နောက် နီညိုရောင်ကြိုက်ဆို အိမ်မှာလဲ ပထမဆုံးဝယ်တဲ့ ကားက နီညိုရောင်၊ ခုလက်ရှိကားလဲ နီညိုရောင်ပဲ ...

နောက်ဆုံးတော့ နီညိုရောင်တွေချည်း ၀တ်လှချေရဲ့ဆို တရားခံက ကိုယ်ကိုယ်တိုင်ဖြစ်နေပါရောလား ...း)

23 comments:

  1. ခုတော့ တီဆွိ အသားကဖွေးဖြူနေတော့ မလိုတော့ဘူးပေါ့လေ .. ဦးညက်မှောင်ကျုံကြီးကိုပဲ အနီညိုတွေ ဆင်နေတယ်ပေါ့ ဟိ

    ReplyDelete
  2. I also like maroon colour for clothing..Phat Phu Yaung is trendy now. If I'm not mistaken, Eindra Kyaw Zin wore Phat Phu Yaung in her wedding at monestry. At Zaw Win Htut's grandson naming ceremony, Etoe wore Phat Phu Sein Tike Pone & his wife is also same color dress.
    WD

    ReplyDelete
  3. "ရှက်ပြုံးကြီး" ပြုံးတာ နောက်ကြုံခဲ့ရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါအစ်မ.. မြင်ဖူးချင်လို့ ..

    ReplyDelete
  4. အစ်မဆွိ နီညိုရောင် ကြိုက်တာယုံတယ်...။ ပို့စ်တောင် နီညိုရောင်ဖောင့်လေးနဲ့ ရေးထားတာ... :)

    အိမ်မှာတော့ နှစ်ယောက်လုံး အဖြူနဲ့ အနက်က မထွက်တော့ဘူး...။

    ReplyDelete
  5. မိုးမိုးNovember 29, 2011 at 8:11 PM

    အင်း။။။။။။။ များရဲ့မေမေလဲ များက အသားညိုတယ်ဆိုပြီး တချိန်လုံး နက်ပြာနဲ့ နီညိုပဲဆင်နေတာနဲ့ သူငယ်ချင်းတွေကတောင် လမ်းမှာ နက်ပြာပြာနဲ့ နီညိုညိုဆို နင်ပဲ သေချာတယ်လို့ ပြောရတဲ့ အထိ။။။။။။။။။

    ReplyDelete
  6. မဆွိ ။။

    ချစ်စရာုကည်နူးစရာ မိသားစုလေးပိုင်ဆိုင်ထားတာကို မဆွိပိုစ့် တွေမှာ အမြဲမြင်ရတယ်၊
    လေးစားလျက်
    မြရီ

    ReplyDelete
  7. အိမ်က ယောက်ကျားလဲ အသားညိုတယ် မဆွိအတိုင်း နီညိုရောင်ဆင်ဦးမှ.. ဟိဟိ.. စိတ်ထဲမယ် အပုတ်ရောင်ဆို အသားပိုမှောင်သွားသလားလို. အသားရောင်တို. ဘာတို. light color ပဲဝယ်ပေးဖြစ်တယ်

    ReplyDelete
  8. ဟုတ်ပ မမြသွေးပြောမှ သတိထားမိတော့တယ်. ဖောင့်တောင် နီညိုရောင်သုံးတဲ့ မမဆွိး)
    မမဆွိတို့မိသားစုက ပျော်ဖို့ကောင်းတယ်.. ပိုစ့်တွေလာဖတ်ရင် ကြည်နူးစရာလေးတွေ ခံစားရတယ်..

    ReplyDelete
  9. မကြီးဆွိရေ
    ညီမကတော့ အေ၇ာင်ဖျော့တာလေးတွေပိုကြိုက်တယ်
    မကြီးတို့မိသားစုလေးကပျော်စရာနော်..

    ReplyDelete
  10. ကိုယ်လည်း အဲဒီအုပ်စုထဲကအရောင်တွေကြိုက်တယ်။ ဒါပေမဲ့ခရမ်းဘက်သန်းတာမျိုးကိုပိုကြိုက်တယ်။ တီဆွိပြောသလိုဘဲအသားဆောင်တယ်ထင်လို့ လား မသိပါဘူး။ ကိုယ်မြန်မာပြည်မှာတုန်းကဆို ပွဲရှိရင် ရုံးကအဖွဲ့ တွေက ကိုယ်မလာခင်ဘာရောင်ဝတ်လာမယ်ဆိုတာလောင်းကြတယ်။ သပြေသီးရောင်တို့ နီညိုရောင်တို့ ပြေးမလွတ်မှန်း ချာတိတ်တွေကသိကြတယ်လေ။ အဲလောက်ကြိုက်တာ။

    ReplyDelete
  11.ှုIora ပြောမှ သတိရတယ်။ ဟုတ်တယ် ခရမ်းရောင်ဘက်သန်းတဲ့ သပြေသီးမှည့်ရောင်ခေါ်မလား။ အဲဒီအရောင်တွေ တစ်နှစ်က စလုံးမှာတော်တော်ခေတ်စားလိုက်သေးတယ်။ အဲလို အရောင်လဲကြိုက်တယ်။ အဲဒီအရောင်နဲ့ အကျီတွေအများကြီးပဲ။

    blackroze အရောင်ဖျော့တာကျတော့ တစ်ချို့ အသားရောင်ဖျော့တာလေးတွေ ကြိုက်တယ်။ ပန်းရောင်အဖျော့တို့၊ အဖြူရောင်တို့တော့ ကြိုက်ဝူးဂျ။ ၀တ်လိုက်ရင် အသားပိုမဲသွားလို့။

    မချောနဲ့ မမြသွေး ပြောမှ ကိုယ့်ဖောင့်ကို သေချာကြည့်မိတယ်။ ၀ုတ်တယ်။ ၊နီညိုရောင်ပဲ။ အဲဒီအရောင်ရွေးတာတောင် အမှတ်တမဲ့ပဲ။ မသိစိတ်ကကို ကြိုက်တာနေမယ်း) အနက်၊ အညိုလဲ ကြိုက်တာပဲ။

    အနောနိမတ်စ်
    အသားမဲ အရဲဆင်တဲ့ ကြားဖူးတာပဲ။ အနီရဲတော့ ကောင်းဘူး။ အဲလို နီညိုရောင်ပုပ်ပုပ်လေးတို့ နက်ပြာရောင်အရင့်တို့ဆင်။ အသားဖြူလာတယ်ထင်ရတယ်။ ကိုယ်တွေ့း)အသားရောင်လဲ ဆင်ဖြစ်ပါတယ်။ သူလဲ မဆိုးဘူးထင်တာပဲ။

    မမြရီ
    ကွန့်မန့်အတွက် ကျေးဇူးပါပဲ။ ဒါပေမဲ့ အထင်မကြီးပါနဲ့ဂျာ။ ရန်ဖြစ်ပြီး မခေါ်တဲ့ နေ့တွေ၊ စိတ်ဆိုးတာတွေလဲ ရှိတာပဲ။ ဒီပို့စ် မတိုင်မီလေးတင် စိတ်ကောက်ထားကြလို့ စိတ်ကောက်ပြေမှ ပို့စ်ကိုတင်ရတယ်း) အဲလိုတွေလဲရှိပါ့ ။

    မိုးမိုးနဲ့ တီဆွိတို့လဲ တစ်ဂိုဏ်းတည်းပေါ့။ နီညို၊ နက်ပြာ၊ ခရမ်းပုပ်ရောင်ကော မပါဘူးလား ။

    နေနေနိုင်
    ရှက်ပြုံး ကြုံရင်တင်ပေးမယ်လေ။ ဟိုတစ်ခါ ကြာကူလီ ၀င်းမြင့်အပြုံးဆိုတာတောင် အကြွေးတင်နေသေး ဘယ်သူ့ကိုလဲတော့မသိ။း) အပြုံးတွေစုပြီး ဓာတ်ပုံရိုက် ပို့စ်တပုဒ်တင်ရမလိုပဲနော်း)

    Yes, WD Thanks for your long comment. I have noticed Eaindra Kyaw Zin wedding dress was this colour. She is quite pretty and much suit in this colour since her skin tone is quite fair.


    ဗစ်တာ တီဆွိအသားက မဖြူဖွေးပါဘူးနော်။ ငယ်ငယ်ကနဲ့စာရင်တော့ ပိုfair ဖြစ်လာပါတယ်။ ငယ်ငယ်ကတော့ နေပူထဲ နှင်းဆီပန်းတွေခူးရလွန်းလို့ရော၊ ကမြင်းကြောလွန်းလို့ရော အတော်ညိုတယ်ပြောရမယ်။ Thanks for comment.

    ReplyDelete
  12. မဆွိ..နီညို‌ရောင်ဆို‌တော့.‌ယောဂီ‌ရောင်‌လေး‌ပေါ့‌နော်..ဦးရှိမ့်ကို
    ‌ဝမ်းဆက်‌လေးဆင်‌ပေးလိုက်ပါလားဟင်..ငင်ငင်...။းP

    ReplyDelete
  13. မေ့တတ်တယ်ပေါ့နော်...း)) ကျမလဲအဲလိုဘဲ သိပ်မေ့တတ်လို့... ဒါကြီးတွေမဝတ်ဘဲနဲ့ဘာလို့လျှောက်ဝယ်ထားတာလဲဆိုပြီး အိမ်ရှင်းတိုင်းပြသနာရှာမိရင် တရားခံက ကိုယ်ဝယ်ပေးထားပြီး သူသုံးလို့မရတာတွေဖြစ်နေရော....

    ReplyDelete
  14. 'ငါ့ယောက်ျားက နီညိုရောင်လေးနဲ့ အတော်ကြည့်ကောင်းသပေါ့တွေး' ဆိုတာလေးကို သဘောကျတယ် စွိတီရေ။ မိသားစု ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာလေးတွေဖတ်ရတိုင်း စိတ်ကြည်နူးမှုဖြစ်စေတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. မနေ့ က ဈေးရောင်းပွဲရောက်သေးတယ် ဂျူဂျူလေးနဲ့  တွေရအောင် တီဆွီ တို့  နဲ့  မတွေ့ ခဲ့ ရဘူး ၁၁.၄၅ မှပြန်ခဲ့ တာ နောက်တခေါက်မှဘဲ

    ReplyDelete
  16. ဟုတ်တယ်။ AMK ဒီတစ်ခါပဲ ဈေးရောင်းပွဲသွားတာ ပျက်ဖူးတာ။ ဖြစ်ရမယ်။ အိမ်မှာ ၀ယ်စရာတစ်ခုရှိလို့ ဈေးသွားဝယ်နေတာနဲ့ ဈေးရောင်းပွဲ မသွားဖြစ်တာ။ AMK လာမယ်မှန်းသိရင်တော့ သေချာလာပါတယ်။ ချောတီးနော်။ နောက်လ ဈေးရောင်းပွဲမရှိဘူးတဲ့။ ၂လပိုင်းကျရင်တွေ့ကြတာပေါ့။

    ReplyDelete
  17. သူများတွေအားကျသလို မောင်ဘကြိုင်လည်းအားကျတယ်း)
    အနီရောင်လည်းကြိုက်တယ်း)

    ReplyDelete
  18. တီတီဆွိ

    အားရင် post အသစ်တင်ပါဦး

    နေ့ တိုင်း ၀င် ဖတ် ပါ တယ်

    နီညိုရောင်ပဲ ထိပ်ဆုံးက တွေ့ တွေ့ နေလို့  :)

    ဇွန်ဇွန်

    ReplyDelete
  19. Hello ama,

    e mail address ရှာမတွေ့လို့ ဂျူးဂျူး လေး ကို အိမ်ခေါ်သင်တဲ့ Eng နဲ့ chinese ဆရာမ ဖုံးနံပတ် နဲ့ နာမည်လေးသိလို့ ရမလားဟင်။

    ReplyDelete
  20. တီဆွိရေ နီညိုရောင်အင်ကျီတွေပဲ နေ့တိုင်းကြည့်ခိုင်းနေတယ်ပေါ့လေ။ :D
    (လီယို)

    ReplyDelete
  21. ရေးရမှာပျင်းနေလို့ပါ ပိတ်သတ်ရေ။ လာမယ်ကြာမယ်ပေါ့။း)


    ဂျွန်ဝမ်း
    တရုတ်ဆရာမလေးက မသင်တော့ဘူးနဲ့တူတယ်။ သူက လူနဲနဲရွေးတယ်။ အင်္ဂလိပ်ဆရာမကတော့ ကလင်မန်းတီးမှာနေတာ။ သင်သေးလားတော့မသိဘူး။ sweetee2008@gmail.com ကို မေးလ်ပို့လိုက်။ ဖုံးနံပတ်ပေးလိုက်မယ်။ ၂ယောက်လုံး။ ဆက်ကြည့်ပေါ့နော်။

    ReplyDelete
  22. အိုး. ဟုတ်ပါ့ဆွိရေ. တိုက်ဆိုင်လိုက်တာနော်. ဘလော့နဲ့ ဝေးနေတာကြာတော့ ခုမှဆွိပို့ စ်လေးဖတ်ပြီးပြုံးမိတယ်. တို့ ကတော့ ကိုယ့်မသိစိတ်က အဲဒီအရောင်ပဲရွေးနေမိတာ ပစ္စည်းတွေ တရောင်ထဲဖြစ်နေမှ သတိထားမိတော့တယ်. ဖက်ဖူးစိမ်းရောင်ဆိုတော့ တယောက်ထဲ ခွိကနဲဖြစ်သွားတယ်. တို့ အိမ်ကလူကတော့ အဝါရောင်အကြိုက်ဆုံးတဲ့..ဒါကြောင့်တို့ ကားကြီးက ဆနွင်းဝါရောင်ကြီး....ဆွိလက်ရာ သွက်သွက်လေး မဖတ်ရတာကြာတော့ ဖတ်လို့ ကောင်းလိုက်တာ...

    ReplyDelete