Wednesday, November 2, 2011

P plate =/ bully plate

မဆွိတီ ဒီရောက်တော့ စင်္ကာပူက ကားလိုင်စင်ကို ဒီမှာ transfer လုပ်ရတယ်။ ဒီမှာ ကားလိုင်စင်က သိပ်အရေးကြီးတယ်။ အော်ဇီမှာ စလုံးလို IC ကဒ်မရှိတော့ ကားလိုင်စင်ကို IC ကဒ်လိုပဲ သဘောထားကြတယ်။ ဘယ်နေရာသွားသွား ပြစရာရှိ ကားလိုင်စင်လေးပြရတယ်။ ဒါပေမဲ့ ကားမောင်းတာကျ  စလုံးက လိုင်စင်နဲ့မောင်းလဲရတာပဲ။  အဲဒါဦးခြိမ့်က ဒီက လိုင်စင်ကဒ်ပြားလေးရအောင် ပြောင်းလိုက်ပါဆိုလို့ ပြောင်းလိုက်တာမှာ ကိုယ်က စလုံးမှာ မောင်းသက်က ၂နှစ်ပဲ ရှိသေးလို့ Probation လိုင်စင်ပဲရတယ်ဂျာ။ P2 လိုင်စင်လို့ ခေါ်ပါတယ်။ အစိမ်းရောင် P လေး ကပ်ရတာ။ နောက်ပြီး အများဆုံး တစ်နာရီ ကီလို ၁၀၀လမ်းတွေပဲ မောင်းလို့ရတယ်။ နောက်တစ်နှစ်နေမှ ကွန်ပြူတာနဲ့ စာမေးပွဲတစ်ခုဖြေပြီးမှ Permanent လိုင်စင်ရမယ်တဲ့။ ဒီတိုင်း စလုံးက လိုင်စင်နဲ့ မောင်းနေအကောင်းသား။ ခုပြောင်းမိမှာ P plate လေးတွေ ရှေ့ရော နောက်မှာ ကပ်နေရပြီ။

စလုံးမှာတုံးကလဲ အဲဒီ P plate ကို တစ်နှစ်တိတိကပ်ခဲ့ပြီးပြီ။ P plate တပ်ထားရင် လူတွေက bully လုပ်တယ်ထင်လို့ အောက်က ပို့စ်လေးတောင် ရေးခဲ့ဖူးတယ်။ ခု ဒီ P plate ထပ်ကပ်ရဦးမယ်ဂျာ။

အော်ဇီက P1 Plate, သူကတော့ L တပ်ပြီး စာမေးပွဲ အောင်အောင်ချင်း တစ်နှစ် ကပ်ရတယ်။ ဒီမှာ P plate တောင် အညိုးညိုးပဲဂျာရေ့။



-----------------------------------------------------------------------------------------------------
စင်္ကာပူက P Plate

 မနေ့ကပဲ ကိုယ့်ရဲ့ လိုင်စင်လေး သက်တန်းတစ်နှစ်ပြည့်လို့ ကားမှာကပ်ထားတဲ့ P Plate (Probation plate) လေးကို ဖြုတ်လိုက်တယ်။ စင်္ကာပူ rule   အရ အဲဒီ P plate လေးကို ကားလိုင်စင်ရပြီးပြီးချင်း တစ်နှစ်အတွင်း မဖြစ်မနေ ကပ်ရတာပါ။ မကပ်လို့ ပထမအကြိမ်မိရင် ဒါဏ်ငွေ ၁၂၀၊ ဒုတိယအကြိမ်မိရင် လိုင်စင်သိမ်းပါတယ်။ တစ်ခြားနိုင်ငံတွေမှာလဲ ဒီ  rule  ရှိပါတယ်။

ရည်ရွယ်ချက်ကတော့ ကျွန်တော်၊ ကျွန်မတို့သည် ကားမောင်းတတ်ခါစ အသစ်ကလေးတွေပါ။ တစ်ခုခုများ လမ်းမှာ အမှားအယွင်းရှိခဲ့ရင် ခွင့်လွှတ်တော်မူကြပါ၊ အလျှော့ပေးကြပါ၊ ညှာတာကြပါလို့ ဆိုလိုတာပါ။ ဒါပေမဲ့လေ ကိုယ်မောင်းတဲ့ တစ်နှစ်သက်တန်းတစ်လျောက်လုံးတော့ လမ်းပေါ်မှာ အဲဒီပလိပ်လေးတွေ့လိုက်ရင် လူတွေက အချဉ်မှတ်တယ်။ ကြာကူလီ ၀င်းမြင့်လို ခပ်ညစ်ညစ် အပြုံးမျိုးနဲ့ အဟက် ... အဟက် ... အသစ်လေးပါကွာ ... လာထား ဆို နဲနဲလေးအခွင့်အရေးရတာနဲ့ ရှေ့ကနေ ဖြတ်ကျော်တော့တာပဲ။

ကိုယ်ကများ တစ်ခါတစ်လေ လမ်းကူးစရာရှိလို့ လမ်းတောင်းရင်လဲ အလျော့မပေးဘူးဗျာ။ လမ်းတောင်းနေတာကို နောက်ကနေ ဇွတ်ဝင်တော့တာပဲ။ ကိုယ်ကတစ်ခါတစ်ရံမှားဝင်မိရင်လဲ P plate လေးမှို့ ခွင့်လွှတ်မယ်မရှိဘူး ... ဟွန်းကို တတီတီ တပွမ်ပွမ်နဲ့တီးတော့တာပဲ ... ဒါမျိုးတွေဖြစ်နေတာဟာ သူတို့ကို bully လုပ်ဖို့ အခွင့်အရေး ပေးထားသလိုမျိုး P plate လေးကြောင့်လို့ပဲ စိတ်ကထင်နေတာကိုး ....

ဒီတော့ လိုင်စင်တစ်နှစ်တိတိပြည့်တဲ့ မနေ့ညနေကပဲ အိမ်ပြန်ရောက်ရောက်ချင်း ကားရှေ့မှန်ရော နောက်မှန်ရောမှာ ကပ်ထားတဲ့ P Plate လေးတွေ ဖြုတ်ပလိုက်တယ်။ ဒီတစ်ခါတော့ ကိုယ်တိုင် ကြာကူလီဝင်းမြင့်အပြုံးမျိုး တစ်ချက်ပြုံးလိုက်တယ်။ ဟင်းဟင်း ... bully လုပ်ချင်သူတွေ လုပ်လို့မရတော့ဘူးကွ ငှဲငှဲ ... ဆိုပြီးတော့ ...

ဒါနဲ့ ဒီနေ့မနက်ကားမောင်းတော့ ကားလမ်းကထုံးစံအတိုင်း traffic ဖြစ်နေတယ်။ B plate( Bully plate) လေးမပါတော့ ဘယ်သူမှ bully မလုပ်လောက်ဘူးထင်တာ။ ဘယ်ဟုတ်မလဲ အရပ်ကတို့ရေ ... ကားလမ်းကကျပ်နေတော့ ဘေးအလယ်လမ်းက ကားတွေ ကိုယ့်ရှေ့ဖြတ်ဝင်လိုက်သမှ ခါတိုင်းထက်ကို ဆိုးနေသေး။ တက္ကစီတွေလဲ ၂စီးလောက်ကို တစ်ပြိုင်တည်းကို ၀င်တာဗျား။ ခါတိုင်းလမ်းဘေးကပ်မောင်းတဲ့ ဆိုင်ကယ် ၃-၄ စီးတောင် မခန့်လေးစား ကိုယ့်ရှေ့ကျော်မောင်းသွားသေး ... ဟေးဟေး ...

ဒီတော့မှ အခုလိုဖြစ်နေတာတွေက P plate ကိုချည်း အပြစ်ပုံလို့မရတော့ဘူးဆိုတာ သဘောပေါက်တယ်။ ပြန်စမ်းစစ်ကြည့်တော့ ကိုယ့်ရဲ့ ခပ်ခွာခွာလေးနေပါ့မယ်ဆိုတဲ့ အမှားကြောင့် ဖြစ်မယ်။ အရင်က ကိုယ့်ကားကို နောက်က၀င်တိုက်ထားဖူးတော့ ကားမောင်းရင် ရှေ့ကကားနဲ့ ခပ်ခွာခွာလေးမောင်းပါတယ်။ ရုပ်တရက် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိမ်းနိုင်ပဲ ရှေ့ကားကို ၀င်ဆောင့်မှာ စိုးလို့ပါ။ အဲဒီတော့ ကိုယ့်ရှေ့မှာ အကျယ်ကြီး လွတ်နေတော့ ဘေးကကားတွေက လမ်းကူးဖို့ဆို အခွင့်အရေးရတာနဲ့ ကိုယ့်ရှေ့ကပဲ ပျော်ပျော်ကြီး ဖြတ်ဝင်နေကြတာပါလားလို့ သဘောပေါက်ပါတော့တယ်။
P plate  သည် Bully plate မဟုတ် ... ;)

13 comments:

  1. မဆွိ..ကြာကူလီဝင်းမြင့်အပြုံးမမြင်ဖူးလို့..ပြုံးပုံ‌လေးတင်‌ပေးပါ..းD

    ReplyDelete
  2. ဟုတ်တယ် ကြာကူလီဝင်းမြင့်အပြုံးနဲ့ ပုံတင်ပါ တီဆွိ

    ReplyDelete
  3. ဟမ် ))))ကြာကူလီဝင်းမြင့် အပြုံး ... ဘယ်လိုပြုံးရမှာလဲ။ သူကအဲလို အရေးကြုံမှ သူ့အလိုလိုဖြစ်တာကို ... မစုတို့ ဗစ်တာတို့ရက်စက်ချက် ...
    အဟော် ... သိပြီ ... သိပြီ ဒီတစ်ခါ P Plate ဖြုတ်လို့ ပြုံးမိရင် ဦးခြိမ့်ကို ရိုက်ခိုင်းထားလိုက်မယ် ... တစ်နှစ်စောင့်ကြ။း)

    ReplyDelete
  4. အဟက်... ဟက်... ဟက်...

    တွေ့ကြသေးတာပေါ့ကွာ.....
    =================
    အဲဒီလိုကို ပြုံးပြီး ပြောကြည့်လိုက် အဲဒီအပြုံးရလိမ့်မယ်...

    မောင်ခြိမ့်

    ReplyDelete
  5. အဲ... P Plate ပိုစ့်ကနေ အပြုံးပိုစ့် ဖြစ်နေပါကလား...

    တီဆွီရေးမှပဲ P Plate နဲ့ မောင်းခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရသွားတယ်... ကိုယ်ကတော့ ကားလိုင်စင်ကြောင့်သာ P Plate တပ်ရတာ... ကားမောင်းသက်က P Plate မဟုတ်တော့ ဘယ်သူ bully လာလုပ်လုပ် လုံးဝ အလျှော့မပေးဘူး... စိတ်လိုက်မန်ပါတွေလုပ်လို့ ဘေးကကားတွေက P Plate သမား မထော်မနန်းလေးပဲလေ... အမိုက်အမဲလေးပဲလေ ဆိုပြီး သူတို့တွေ ကြောက်ကြောက်နဲ့ ရှောင်ပေးသွားကြတာ သတိရပြီး ရယ်ချင်နေတယ်...

    ဒါနဲ့ သိချင်တာလေးတခု မေးပါရစေ...
    အဲဒီမှာ IC မရှိဘူး... ကားလိုင်စင်ကို IC လိုပဲ သဘောထားကြတယ်ဆိုတော့ ကားလိုင်စင်မရှိတဲ့ နိုင်ငံသားတယောက်ဟာ ဘယ်လို document အထောက်အထားနဲ့ နေပါသလဲ ဆိုတာလေး ပြောပြပါ... IC နံပါတ်ရော ရှိလား...

    ပုံ /

    သိချင်သူ အန်တီ စပ်စု

    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)November 3, 2011 at 9:39 AM

    ဟုတ်တယ်၊ ကျနော်တို့ဖက်မှာလည်း ကားလိုင်စင်က ပတ်စ်ပို့ထက် အသုံးဝင်တယ် ...

    ReplyDelete
  7. အန်တီသက်ဝေမေးမှပဲ ဂူဂဲလ်မှာ ပြန်ရှာကြည့်တာ။ လိုင်စင်မရှိသေးတဲ့သူတွေအတွက် အထူးစပါယ်ရှယ် photo card တို့ age card တို့ လုပ်ပေးပါတယ်တဲ့။ လိုင်စင်ရှိရင်တော့ အဲဒီကဒ်တွေလုပ်ဖို့ မလိုဘူးတဲ့။ သူက အသက်၁၈ မပြည့်ပဲ အရက်တို့ဘာတို့ သောက်တာ ကာကွယ်ဖို့ ထုတ်ပေးတာတဲ့။ အောက်ကဆိုဒ်တွေမှာ သွားကြည့်ထားတာ။

    http://answers.yahoo.com/question/index?qid=20090611203230AAgc4kl

    http://www.rta.nsw.gov.au/licensing/photocard.html

    ReplyDelete
  8. ပါးကင်ကို ကပေါက်ထိ ကပေါက်ချာ ထိုးထားရင် အဲဒါ သင်မောင်းတွေ ပါကင်းထားတာဆိုပြီး လက်ညှိုးထိုးကာ ရယ်သဗျား..ကိုယ်တိုင်လည်း သူတို့ နဲ့  ထူးမခြားနား ပါကင်ထိုးတော့ ငါ့ ပါကင်းစကေး improve မဖြစ်သေးဘူးဆိုပြီး မချိပြုံး ပြုံးတယ် ခင်ည

    ReplyDelete
  9. ဒီလိုဆိုရင်ဖြင့် လူတိုင်းက အသက်ပြည့်တာနဲ့ ကားမောင်းလိုင်စင်လျှောက်ကြရတဲ့ သဘောဘဲထင်ရဲ့နော်..
    သြဇီနဲ့ စလုံးရဲ့ ယာဉ်မောင်းစနစ်လေး ဗဟုသုတရပါတယ်.
    ကြာကူလီအပြုံးလေးမြင်ယောင်ရင်း ကိုယ့်ကိုယ်ကို ပြုံးလိုက်မိတာ ကြာကူလီအပြုံးများ ပြုံးလိုက်မိသလား အလန့်တကြား မှန်ပြေးကြည့်ရသေး :)

    ReplyDelete
  10. Majority of P(red) and (green) licence holders 17 to 25 yrs old. No doubt their accident rate are higher than normal holder. Thus car insurance is 2.5 to 3 times higher than above 25. You may see some advertisement on TV saying P(red) = Please slow down.
    From teenager point of view, they do not want to change from P (green) to normal cause they looks older.

    ReplyDelete
  11. ဗဟုသုတရပါတယ်... ဘယ်လိုပြုံးပြုံး လှနေမှာတော့သေချာတယ်...

    ReplyDelete
  12. ပြုံးချင်သလိုပြုံးးလှပြီးသားနေမှာပါ ကားမောင်းတာ ကတော့ သြဇီတွေ စလုံးတွေ လုပ်ပါနဲ့လေ မန်းမှာမောင်းပြရင် ကျေနပ်ပြီ
း))
    ခင်မင်တဲ့

    ReplyDelete
  13. :P :P :P
    P Plate မဟုတ်ပါ။

    ReplyDelete