ဆောင်းအကုန် နွေအကူးရာသီမယ် အင်္ကျီအထူတွေသိမ်းရင်းနဲ့ ဘီရိုထောင့်က ကပ်ပုံးလေးတစ်ပုံးတွေ့တော့ ဖွင့်အကြည့် ကျွန်မရဲ့ ချိတ်လုံချည်လေး ထွက်လာတယ်။ အပြာရောင်နောက်ခံပိုးစမှာ ရောင်စုံချိတ်အကွေ့အကောက်တွေနဲ့ လှတော့ လှသားလို့ထင်မိရဲ့။ ကျွန်မ ဘွဲ့ယူတုန်းက ၀တ်ခဲ့တဲ့ တစ်ထည်တည်းသော ပိုးလွန်းချိတ်ကလေးပေါ့။
ဒါလေးတွေ့တော့ ကျွန်မတို့ ငယ်ငယ်က အဘွားရဲ့ ချိတ်ထမီလေးကို သွားသတိရတယ်။ အဘွားရဲ့ ချိတ်ထမီကလေးကတော့ ပန်းရောင် ဖျော့ဖျော့နဲ့အရင့် ၂ရောင်တွဲ ဖောက်ထားတဲ့ ပိုးချိတ်ကလေးပေါ့။ အရောင်စပ်ထားပုံ၊ ပန်းလေးတွေ၊ ချိတ်ကလေးတွေ ဖောက်ထားပုံက အတော်လေးကို လှတယ်ပြောရမယ်။ အဘွားမှာ အဲလို ပွဲသွားလမ်းလာ ချိတ်ထမီလှလှတွေ သုံး-လေးထည် ရှိပေမဲ့ အဲဒါလေးကတော့ အလှဆုံး။ ခလေးမျက်စိထဲ အ၀င်ဆုံး။ ငယ်ငယ်က ဒါမျိုး လှတပတ မမြင်ဖူးလေတော့ အဘွားရဲ့ ချိတ်ထမီလေးတွေ့ရင် လိုချင်တပ်မက်စိတ် ဖြစ်မိတာချည်းပါပဲ။
အပျိုအရွယ်လေးရောက်လာတော့ ပွဲသွားလမ်းလာရှိတယ်ဆို အဘွားချိတ်လုံချည် မျက်စောင်းတထိုးထိုးနဲ့ပေါ့။ အမေတို့ကလဲ လှတပတ ၀ယ်ပေးနိုင်တာမှ မဟုတ်တာကိုး။ အဲလိုဆို တစ်ခါတစ်လေ ထုတ်ဝတ်ခွင့်ပေးပေမဲ့ အပိုင်တော့မပေးဘူးရယ်ဗျ။ အဲလိုတောင်းတိုင်း အဘွားက ဘာပြောလေ့ရှိလဲဆို " ဟဲ့ ငါသေရင် လွှမ်းဖို့ ဒါလေးတော့ ချန်ထားပါအေ ... " ဆို ပြောလေ့ရှိတယ်။ ဟိုးငယ်ငယ်ခလေးဘ၀ကတော့ "ငါသေရင်လွှမ်းဖို့ .. " ဆိုတဲ့ စကား ကြားဖူးလွန်းလို့ ရိုးနေပေမဲ့ အဓိပါယ်ရယ် သေချာ သိလှတယ် မဟုတ်။ ဒီလိုပဲ အဘွားပြောတဲ့ စကားတွေနဲ့ ရင်းနှီးခဲ့တာ အဓိပါယ်မသိတာတွေ အများသားလား။
ခု ကြီးမှ ဒါကို သေချာပြန်စဉ်းစားကြည့်တော့ အဘွားပြောချင်တာက သူ့မှာ သေရင် အပေါ်ကနေလွှားဖို့ သူ့ရဲ့ အဖိုးအတန်ဆုံး အလှဆုံးလို့ထင်တဲ့ ချိတ်လုံချည်လေးကို သိမ်းထားချင်တာ။ သူသေရင်ဒါလေး လှတပတ ၀တ်ပြီးမှ သေချင်တာ၊ သေတာတောင် လှချင်နေသေးတာ။ အော် လူတွေက သေရင်လဲ နောက်ဘ၀မကူးခင် ၀တ်ကောင်းစားလှလေးတွေနဲ့ လှလှပပ ၊ အသုဘ လာရှုသူတွေရှေ့မှာ လှလှပပ ဖြစ်ချင်ကြတာပါကလားလို့ တွေးနေမိတယ်။
ကျွန်မမယ် ကံကောင်းသည်လား ကံဆိုးသည်လား မဆိုသာ။ လူမှုရေးပဲ ခေါင်းပါးခဲ့သည်လား ပြန်စဉ်းစားနေရတယ်။ ခုအသက်အရွယ်အထိ အသုဘ တို့ ၊ သုသာန်တို့ ပို့ဖူးတယ်မရှိ။ အမျိုးထဲကဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေ နီးနီးစပ်စပ် ကွယ်လွန်ဖူးသူမရှိလို့လား။ ဒီလိုလဲမဟုတ်။ ရှိနေရင်လဲ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတော့ မသွားဖြစ်တာမျိုး ဖြစ်မယ်ထင်ပါရဲ့။ အဲလိုဆိုတော့ ကျွန်မမှာ အဲလို တွေ မမြင်ဖူးတော့ သေတဲ့သူတွေက လှတပတ ၀တ်ကောင်းစားလှတွေနဲ့ လား။ အပြင်မှာ ကျွန်မ မသိဖူး မမြင်ဖူးဘူး ဖြစ်နေတာ။
အဲဒီ ငါသေရင် လွှမ်းဖို့ဆိုတဲ့ အဘွားလဲ အခုအသက်ကြီးကာမှ
သူ့ရပ်သူ့ရွာပြန်ခေါင်းချမယ်ဆိုပြီး အမေတို့နဲ့ တစ်သက်လုံးအတူနေရာကနေ သူ့ရွာသူ
ပြန်သွားတာ ဦးလေးနဲ့ ညီမ၀မ်းကွဲ မြေးမတွေက စောင့်ရှောက်နေရတယ်။ အဘွားအသက်က
၉၀ ကျော်ပြီ။ အဘွားရဲ့ ချိတ်လုံချည်လေးကရော အဘွားလောက် သက်ဆိုးရှည်ပါ့မလား
။ ပိုးတွေပေါက် ဆွေးမြေ့နေလောက်ပြီပေါ့။ အကောင်းပကတိရှိနေသေးရင်တောင်
အဲဒါလေးရော အဘွားယူသွားဖို့ သတိရပါရဲ့လား။ အသက်ကြီးတော့ သတိတွေလဲ မေ့လျော့ ခဲ့ပြီ မဟုတ်လား။
ဘာပဲဖြစ်ဖြစ်ပေါ့နော်
.. ..။ ကျွန်မသေရင်ရော အဲလိုလှပချင်နေသေးလား။ ခုချိန်ထိတော့ စဉ်းစားလို့
မရသေးဘူး။ မနက်က ချိတ်လုံချည်လေးကိုင်ပြီး စဉ်းစားပြီး ပြုံးနေမိတယ်။ အဘွားပြောသလိုပြောရရင်ဖြင့် ကျွန်မမှာလဲ
သေရင် လွှားဖို့ ချိတ်လုံချည်လေး တစ်ထည်တော့ အဆင်သင့်ရှိနေပြီမဟုတ်လား။ ဂျူဂျူ
လာတောင်းရင်တော့ "အမေသေရင်လွှားဖို့ ဒါလေးတော့ မယူပါနဲ့အေ... " ဆို အဘွားလေသံ
ငှါးပြောရဦးတော့မလို။ ။
Long time no see ...aunty sweet
ReplyDeleteJasmine
Glad that u r back TTSweet.
ReplyDeleteT.G
I'm so happy to see your post.
ReplyDeleteLong time no see. Looking forward to the new posts.
ReplyDeleteွှThanks guys, sorry for disappearing without any message. Thanks again for coming back my blog and still reading my post. I hope I can write new posts in future. I will try.
ReplyDeleteThanks for writing back.. :)
ReplyDeleteI always come & your blog hopefully new post....
Long time no see. I always come to ur blog and glad to see you again.
ReplyDeleteတီဆွီ...ပျောက်နေတာကြာပေါ့။ဘာသံမှ မကြားလို့..ခုလိုကျပြန်တော့ ဖတ်သွားပြီနော်
ReplyDeleteတီဆွိရေ
ReplyDeleteပျောက်နေလို့ သတိရနေတာ.. အရင်လို စာတွေ ပြန်ရေးပါအုံး အားပေးနေပါတယ်ဗျာ
ပေတူး
We missed a lot your blog. Thanks for writing back.
ReplyDeleteအလုပ်ထဲမှာ အသားကြသွားလို့ စာပြန်ေ၇းတာထင်ပါ၇ဲ့...Keep writing...Cheer !
ReplyDeleteQuoting "Thanks again for coming back my blog"
ReplyDeleteWe often visit your blog even though the host is not there.
Welcome back
Hope to read your new post very frequently
Yayyy...... I'm so glad that u r back mama Sweet.... love to see ur new post always.... although there was no new post for being long time, I was crazily checking so often. Cheers....
ReplyDeleteချိတ်လုံချည်လေးတွေ မြင်ရတာ ကျက်သရေရှိတယ် ဆွိတီရေ...
ReplyDeleteဆွိတီ အဖွားပြောတာလေးကို ဖတ်ရတော့ တီတင့်ဖွားဖွားကို အပြေးလေးသတိရလိုက်တယ်...
သူနှစ်သက်တဲ့ ပဒုမ္မာအင်္ကျီဖြူလေးနဲ့ လုံချည်လေးတစ်စုံကို အလားတူ သိမ်းထားခဲ့ဘူးတယ်...
ရှေးလူကြီးများ စနစ်ကျပုံသဘောကျတယ်... တီတင့်ဖခင်ကြီးဆိုရင် သူ့အတွက် သဂြိုလ်စရိတ်ဆိုပြီး
ကျန်းမာစဉ်ကထဲကဖယ်ပြီး သားသမီးတွေကို မှာထားခဲ့တာလေ... :)
Bravo.Thanks a lot.
ReplyDeleteBravo.Thanks a lot.
ReplyDeleteဘယ်တော့များ ပို့စ်အသစ်တက်မလဲလို့ လာလာကြည့်ရတာ မောတောင်မောတယ် welcome back!
ReplyDeleteမမ စာပြန်ရေးပြီ။
ReplyDeleteWe have a plan to do peaceful demonstration if you do not have a new post for your blog ;)
ReplyDeleteအနောနိမတ်စ်တွေက ဂလောက်တောင် အားပေးနေတော့ အန်တီဆွိမှာ အားတောင်နာတယ်။ ကိုယ်ကလဲ သိပ်မရေးဖြစ်တော့ ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး။ ဓာတ်ပုံတွေ မတင်တော့ဘူးနော်။း))
ReplyDeleteချိတ်ထမီလေးက လှလိုက်တာ တီတီဆွိ...ပျောက်ချက်သား ကောင်းလှချည်လား..Welcome back sister..I love ur blog and writing..း)
ReplyDeleteအဖွားထမီတွေတို့ လဲ အရမ်းသွားရေကျခဲ့တာ သူငယ်ချင်းရေ. အဖွားအတူလာနေတော့ ထမီတွေအများကြီးပေးတာ ပျော်လိုက်တာ မပြောနဲ့  အပြာရောင်တောက်တောက်ပေါ် အနက်ရောင်ဝါးခက်လေးတွေပါတဲ့ ထမီလေးဆို အာအိုင်တီမှာအတော် ဝတ်ဖြစ်လိုက်သေးတယ်. အဖွားအင်္ကျီပွပွတွေလဲ ဝတ်ဖြစ်သေးတာ. ဒီပို့ စ်လေးဖတ်ပြီး အဖွားဆုံးတုန်းက အရမ်းဝမ်းနည်းနေတာနဲ့ ဘာထမီလေးများလွှမ်းထားခဲ့လဲဆိုတာ သတိမထားမိတာ သွားတွေးမိတယ်. သူငယ်ချင်းအဖွားကသက်ရာကျော်ရှည် ကျန်းမာပါစေ
ReplyDeleteTT Sweet ပြန်လာပြီ...
ReplyDelete၀မ်းသာလိုက်တာ..
မျှော်လိုက်ရတာ တီဆွိရာ..
တီဆွိတို့ မိသားစု ကျန်းမာချမ်းသာပါစေ
ရီရီဝင်း
we always visit your blog, welcome to come back.
ReplyDeleteI m so glad to see ya back, TT Sweet..
ReplyDeleteပြန်ရေးတာကို ဝမ်းသာလိုက်တာ
ReplyDelete