မြီးရှည်ကို ဘယ်တုံးကစ ကြားဖူးတာလဲဆို အန်တီဆွိတီတို့ ဟိုးငယ်ငယ်လေးထဲက စစ်ကိုင်းက အဘွား ရန်ကုန်လာလည်ရင် အဘွားက အမြဲ လုပ်ကျွေးတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အရမ်းငယ်သေးတော့မြီးရှည်လိုဟာမျိူး စားရကောင်းမှန်း၊ ကြိုက်ရကောင်းမှန်းလဲ မသိသေးပါဘူး။ အဲဒီအချိန်ိကတည်းက မြီးရှည်ဆိုတာ ကြားဖူးနေခဲ့ပေမဲ့ အိမ်မှာတော့ တစ်ခါမှ လုပ်မစားဖြစ်ပါဘူး။ စင်္ကာပူမှာနေတော့လဲ မြီးရှည်ဆိုတာ ဘယ်လိုဟာမျိုးမှန်း အစပင် ဖော်မရပါ။ စိတ်ထဲမှာ မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲလိုလား၊ ရှမ်းခေါက်ဆွဲ ချက်ရတာနဲ့ တူတူပဲလား မသဲကွဲခဲ့ပါဘူး။
ဒီဖက်ပြောင်းလာတော့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲမှာ အသိ အန်တီတစ်ယောက်ရောင်းတာ စားဖူးမှ မြီးရှည်ဆိုတာကို သဲသဲကွဲကွဲ သိရပါတော့တယ်။ အဲဒီတုံးက မြီးရှည်ကောင်းလွန်းလို့ အမြဲအမှတ်ရနေပြီး အိမ်မှာ လုပ်စားဦးမယ်ဆို တေးထားခဲ့တာပါ။
မြီးရှည်လုပ်ရတာ ingredient တွေက အရမ်းများပါတယ်။
ဟိုးအရင် ပထမတစ်ခါ လုပ်ကထဲက နောက်လုပ်ရင်မှတ်မိအောင် လုပ်နည်းလေးရေးချင်တာ။ မရေးဖြစ်ခဲ့ဘူး။ ခုတစ်ခါတော့ မနေ့ကပဲ ဘုန်းကြီးကျောင်းမှာ လုပ်အားပေးတွေအတွက် လူ ၃၀ စာလောက် ချက်ပြီးလှူခဲ့လို့ ပူပူနွေး မှတ်မိတာလေးတွေ ချရေးပေးပါ့မယ်။ သတိမေ့တတ်တဲ့ အန်တီဆွိအတွက်တော့ နောက်တစ်ခါ လုပ်ရင်တော့ အလွယ်တကူ လာကြည့်ရုံပဲ။
မြီးရှည်အတွက် လိုတဲ့ ပစ္စည်းတွေကတော့ ...
.................................
နန်းလတ်အဖတ် အစို (သို့့) အခြောက်ကို ပြုတ်ပြီး ရေစစ်ထားပါ။
ဝက်သား သို့ ကြက်သား ကို ပဲငံပြာရည်၊ ဆား၊ တရုတ်မဆလာ၊တို့နဲ့နယ်၊ ဂျင်းထည့် ပြုတ်ပြီး ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူုကို ကြိတ်ပြီး ဆီချက်ချက်ထားပါ။ ( ရှမ်းစာမှို့ ဆနွင်းမှုန့် လုံးဝမထည့်ပါနှင့်)
မြေပဲဆံကို ကြော်ပြီး ခွဲကြမ်း ကြိတ်ထားပါ။
နှမ်းလှော်ကိုလည်း ပြင်ထားပါ။
ငရုပ်သီးခွဲခြမ်းကို ဆီများများနှင့်ထည့်ကြော်ထားပါ။
ပဲငပိ အချိုဗူးကို ပြင်ထားပါ။ (တစ်ချို့ကလဲ ဆီတို့ဟူးကို ရေဖျော်ထည့်ပါတယ်။)
ရှမ်းချဉ် (သို့) မုန်ညင်းချဉ်ကို ပါးပါးလှီးထားပါ။
ပလောပီနံမှုန့် (Tapioca starch) ကို ခပ်ကျဲကျဲဖျော်ပြီး ကော်ကျိူထားပါ။ ကျိူနေစဉ် ပဲငံပြာရည်၊ဆား၊ ကြက်သားမှုန့်ထည့်ပြီး မွှေပေးပါ။
ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ရှာလကာရည်၊ ရေနွေးတို့နဲ့ ပျစ်ပျစ်လေး ဖျော်ထားပါ။
ပဲပင်ပေါက်နဲ့ မုံညင်းရွက်တွေကို ရေနွေးဖျောထားပါ။
ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ပါးပါးလှီးထားပါ။
ဝက်ရိုး (သို့) ကြက်ရိုးဟင်းချိုကို ပြင်ထားပါ။
ကြိုက်တတ်ရင် ဝက်ခေါက်ကြော်ကို လဲ အဆင်သင့်ပြင်ထားပါ။
ပွဲ ပြင်ရန်အတွက် မုန့်ဖတ်တွေကို ဝက်ရိုးပြုတ်ရည်ထဲ စကာနဲ့စစ်ပြီး ပွဲပြင်မည့် ပန်းကန်ထဲ ထည့်ပါ။
ပြီးရင် အပေါ်က ingredient တွေကို ထည့်ပြီး စားရင် အရသာရှိလှတဲ့ မြီးရှည်ရပါပြီ။ ဝက်ရိုး ဟင်းချို ပူပူလေးနဲ့ အင်မတန်မှ လိုက်ဖက်လှပါတယ်။
![]() |
![]() |
ဓာတ်ပုံရိုက်ဖို့ မေ့နေလို့ ဦးခြိမ့် နောက်တစ်ပွဲစားတာကို အတင်းလုပြီး ဓာတ်ပုံရိုက်ထားရတာပါ။
![]() |
| ဝက်သားပြုတ်ရာမှာ ထည့်တဲ့ five spice power တရုတ်မဆလာပါ။ သုံးဖူးသမျှထဲမှာတော့ fresh အဖြစ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ |
![]() |
အန်တီဆွိ သုံးတဲ့ တရုတ်ပဲငပ်ိပါ။ salted soya bean တွေထက် အငံပေါ့ပြီး အချိုလေးပါတယ်။
![]() |
| ဦးခြိမ့် အလုပ်အတွက်ပါ ထုပ်ပေးရပါတယ်။ |






Nice...:)
ReplyDeleteညီမကတော့ ပဲငပိပါထည့်ပြီး ကြက်သားကိုချက်လိုက်တယ်။ ကော်ရည်တို့၊ ရှာလကာရည်တို့လည်း မပါဘူး။ စားလို့တော့ ကောင်းသား။
ReplyDeleteနောက်မှ အမနည်းအတိုင်း ထပ်လုပ်စားကြည့်ဦးမယ်။ အမချက်တာ တော်တော်စုံစုံလင်လင်နဲ့ ရှယ်ပဲ။
စားချင်စရာကြီး။အလုပ်မအားတဲ့ကြားထဲကချက်နည်းလေးတင်ပေးတာကျေးဇူးတင်ပါတယ်။
ReplyDeleteဒီတစ်ပတ် ဆွိတီရဲ့ နည်းလေးအတိုင်း မြီးရှည်လုပ်စားမယ် သိုင်းကျူး ♥
ReplyDeleteချက်နည်း ဖတ်ပြီး သွားရည် ကျသွားပါတယ်...
ReplyDelete=)
-m