ရှမ်းခေါက်ဆွဲ ချက်နည်းတွေ အမျိုးမျိုးရှိတာ ဒီနည်းလေးကတော့ ဒီရောက်မှ ရှမ်းမ ညီမလေး တစ်ယောက်အိမ်မှာ သွားစားရင်း ကြိုက်လို့ ချက်စားတဲ့ နည်းလေးပါ။ ကျောင်းမှာပါ အလှူလုပ်ဖြစ်လို့ လူ ၄၀ စာလောက် ချက်ဖြစ်ပါတယ်။
လူ ၃၀ စာလောက် လိုတဲ့ ပစ္စည်းတွေကတော့
ဟင်းချက်ရန်
ဝက်သားအကြေ - ၃ ကေဂျီ
ကြက်သွန်နီ - တစ်ကေဂျီခွဲ- chop လုပ် ထားပါ။
ကြက်သွန်ဖြူ - နွှာပြီးသား ၂၀၀ ဂရမ် ခန့် - ညက်နေအောင် ထောင်း/ ကြိတ် ထားပါ။
ခရမ်းချဉ်သီး - တစ်ကေဂျီခွဲ - chop လုပ် ထားပါ။
ဆီ - ၁.၅ လီတာ
ငရုပ်သီး အရောင်တင်မှုန့် - စားပွဲဇွန်း ၃ဇွန်းခန့်
စောကော ပါးကော - နာနတ်ပွင့် ၁၀ပွင့်ခန့် + စောကော ရလုံးခန့် - စောကော အလုံးလေးတွေကို ဘလန်ဒါနဲ့ မုန့်နေအောင် ကြိတ်ထားပါ။
ဟင်းခတ်မှုန့် - ဆား - ပဲငံပြာရည် သင့်သလို
သကြား- စားပွဲဇွန်း ၂ဇွန်းခန့်
![]() |
| စောကော (ပုံကို ထမင်းအိုး ဘလော့ဂ်မှ ယူထားပါသည်) |
ပထမဆုံး ဝက်သားအကြေတွေကို ဟင်းခတ်မှုန့် - ဆား - ပဲငံပြာရည် သကြားတွေနဲ့ နယ်ထားပါ။
မီးအနေတော်မှာ ကြက်သွန်နီတွေကို အိုးထဲဆီထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာရင် စောကောပါးကောတွေ၊ ကြက်သွန်ဖြူတွေထည့် ဆီသတ်ပါ။ မွှေးလာရင် ငရုပ်သီးမှုန့် ၊ ခရမ်းချဉ်သီးတွေထည့်ပြီး ဆီပြန်လာရင် ဝက်သားကို ရေကုန်တဲ့ အထိ ဆီသတ်ပါ။ ဆီပြန်ပြီး ဝက်သားမွှေးလာရင် ရေ အနည်းငယ်ထည့်ပြီး အိုးပေါ်ကချလို့ရပါပြီ။ မချခင် ဆား၊ အချို လိုတာ ပြင်ပါ။
ဝက်ရိုး ဟင်းချိုအတွက်
ဝက်ရိုး ၃ကေဂျီခန့်ကို ဟင်းချို ၂၀ လီတာလောက်ရအောင် စွတ်ပြုတ်လုပ်ထားပါ။ ငရုပ်ကောင်း၊ ဂျင်း၊ ဟင်းခတ်မှုန့် အစရှိသည်တို့ကို သင့်တော်သလို ထည့်ပါ.။ ဂျင်း သတိထားထည့်ပါ။ များသွားရင် ဂျင်းနံ့ကြီးနဲ့ ရှမ်းခေါက်ဆွဲ အရသာ ပျက်တတ်ပါတယ်။
ရှမ်းခေါက်ဆွဲဖတ်အတွက်
ရှမ်းခေါက်ဆွဲ အခြောက် အထုတ်ကြီး ၇ ထုတ်ခန့် ကို ရေပွက်ပွက်ဆူမှာ ပြုတ်ပြီး အိလာရင် ရေစစ်၊ ရေအေးနဲ့ လောင်းချပြီး အအေးခံထားပါ။ အေးလာရင် မကပ်အောင် ဆီလေး အနည်းငယ်လောင်းပြီး ဖွထားပါ။
ရှမ်းချဉ် လုပ်ရန်အတွက်
ရှမ်းချဉ်ရှိရင် ရှမ်းချဉ် ၂ကေဂျီခန့်
(မရှိရင်) မုံညင်းချဉ် အထုတ်လေး ၆ ထုတ်.. ၁.၅ ကေဂျီခန့်နဲ့ မုံလာဥနီ ၃ဥခန့် အားလုံး chop လုပ်ထားတာနဲ့ တွဲနှပ်ထားဖို့ပါ။ သကြား၊ ငရုပ်သီးမှုန့်အရောင် သင့်သလိုထည့်ပြီး မွှေပေးပါ။ ရေခဲသေတ္တာထဲ ၃ရက်လာက် ထားရင် မုံလာဥနီလေးတွေပါ ချဉ်ပါပြီ။
ထန်းလျက်ရည် အတွက်
ထန်းလျက် ၂၅၀ ၈ရမ်ခန့်ကို ပျစ်ပျစ်လေး ကြိုထားပါ။
ငရုပ်သီးလှော်အတွက်
ငရုပ်သီးခွဲခြမ်းကို တူးတဲ့အထိမရောက်အောင် ဆီလေးနဲ့ ကျော်ထားပါ။

ဝက်ခေါက်ကြော် ၃ ထုတ်ခန့်
ပဲရွက် ကြိုက်တတ်ရင် သင့်တော်သလို ထည့်ပါ။
ကော်ရည်လေးကိုလဲ မပျစ်မကြဲ ကျိုထားပါ။
ပွဲပြင်ရန်အတွက်
အိမ်မှာ ဆိုရင်တော့ ရှမ်းခေါက်ဆွဲဖတ် ရေအေးနဲ့ စိမ်ထားတာကို ဝက်ရိုးပြုတ်အိုးထဲ တစ်ခါစားစီ ဇကာနဲ့ထည့်ပြုတ်ပါတယ်။ ခုဟာက ဘုန်းကြီးကျောင်းမှာ အလှူဆိုတော့ စောနက ပြုတ်ထားတဲ့ ရှမ်းခေါက်ဆွဲဖတ်တွေကို တစ်ခါစားစာ ပန်းကန် လုံးထဲထည့်၊ အပေါ်ကနေ ဝက်သားချက်ထားတာကို ၃ဇွန်းလောက်ထည့်၊ ပဲငပိ (အရည်ရော အဖတ်ပါ) လဖက်စားဇွန်း တစ်ဇွန်း၊ ထန်းလျှက်ရည် လဖက်စားဇွန်းတစ်ဝက်၊ ရှမ်းချဉ် စားပွဲဇွန်း တစ်ဇွန်းမောက်မာက်၊ နှမ်း လဖက်စားဇွန်း တစ်ဇွန်း၊ ကော်ရည် တစ်ဇွန်း၊ ကြက်သွန်မြိတ်၊ နံနံပင်များထည့်ပြီး ပွဲပြင်ပါလေ။ (ပြောထားတဲ့ အချိုး မသင့်တော်ရင် ကိုယ့်ဟာကိုယ် လိုတိုးပိုလျှော့ ပါ)
စောကောပါးကောနံ့လေး သင်းတဲ့ ရှမ်းခေါက်ဆွဲ အသုပ်လေး ရပါပြီ။ ဟင်းချိုပူပူလေးလဲ ကြက်သွန်မြိတ်လေး ခပ်ပြီး ချပါဦး။
အရည်သောက်ကြိုက်ရင်တော့ အဲဒီဟင်းချိုကို အသုပ်ထဲ ရောထည့်လိုက်
ပါ။ ရှမ်းခေါက်ဆွဲ အရည်သောက်က ပိုချိိုပြီး သိပ်လဲ မအီပဲနဲ့ တော်တော် စားကာင်းပါတယ်။

ဈေးရောင်းပွဲမှာ ရှမ်းခေါက်ဆွဲ ပွဲ၁၀၀ ချက်တုံးက အတိုင်းအဆလေးတွေပါ။
ရှမ်းခေါက်ဆွဲ ၁၆ ထုတ်
ဟင်းအတွက်
ဝက်သားအကြေ ၅ ကေဂျီ
ခရမ်းချဉ်သီး ၄ ကေဂျီ
ကြက်သွန်နီ ၄ ကေဂျီ
ကြက်သွန်ဖြူ အခွံနွှာပြီး ၃၀၀ gm ခန့်
ဆီ ၂ လီတာ
ရှမ်းချဉ်အတွက်
Pickle marstad ၈ထုတ်
မုံလာဥနီ ၈ ဥခန့်
နံနံစေ့ အနည်းငယ် ကြိတ်ထားပါ
cumin အနည်းငယ်ကြိတ်ထားပါ
ငရုပ်သီးမှုန့် အရောင်တင်
ငရုပ်ခွဲကြမ်း သင့်သလို
သကြား သင့်သလို
ပဲငပိဗူးသေး တစ်ဗူးခွဲ
ပဲငံပြာရည် တစ်ပုလင်း
နှမ်း အထုတ်သေး ၄ထုတ်
ဆီချက် တစ်ဗူး
water cress ၃စီး
နံနံ အစည်းခပ်ကြီးကြီး ၃စီး
ကြက်သွန်မြိတ် တစ်စီး
ကြက်အရိုး ၄ကေဂျီခန့်
ငရုပ်သီးကြော်တစ်ဗူး
တစ်ဗူး - ကြက်ဥပုံ Ikea box with blue lid
---------------------------------------------------------------------------------------------------
ယနေ့ 4th August 2019 ဈေးရောင်းပွဲ
လူ ၇၀ စာခန့် အတွက် အတ်ိုင်းအဆများ
ရှမ်းခေါက်ဆွဲ ၁၅ ထုတ်
ဟင်းအတွက်
ဝက်သား lean meat - 1 kg တစ်စင်တီမီတာ ပတ်လည်လေးတွေ တုံးထားပါ
neck meat - 2 kg
ဝက်သားအကြေ - 1kg
ကြက်သား ၅၀၀ gram
ဝက်သား (သို့) ကြက်သားတွေကို ပဲငံပြာရည် အကြည်ရည် ဆား သကြားနဲ့ သင့်သလို နယ်ထားပါ။ ဆားမငံပါစေနှင့်။
ခရမ်းချဉ်သီး အချိုး အဆ (၁း၁)- ဝက်သား တစ်ကေဂျီ - ခရမ်းချဉ်သီး တစ်ကေဂျီ
ဆီ 9 cup = 2.1liter
ကြက်သွန်နီ ၃ ကေဂျီ - ကြိတ်ထားပါ
ကြက်သွန်ဖြူ ၃၀၀ ဂရမ် - ထောင်းထားပါ
ဆနွင်းမှုန့်
ဆား
သကြား
ပါးကော တထုတ်ကို ဘလန်ဒါနဲ့ ကြိတ်ထားပါ။
နာနတ်ပွင့် ၁၅ ပွင့်ခန့်
အမှုနျ့ကွိတျရငျလဲ ပိုကောငျးပါတယျ။ ပဲငံပြာရည် အကြည်ရည်
ငရုပ်သီး အရောင်တင် Sweet Paparica
chilli bean sauce ၅ဇွန်း မောက်မောက်ခန့်
ကွကျသှနျနီ ဆီသတျ၊ စောကော ပါးကောပါ ထညျ့သတျပါ။ ကွကျသှနျဖွူထညျ့ ငရုပျသီးမှုနျ့ထညျ့ ခရမျးခဉြျသီးထညျ့ပွီး ကွရေငျ အသားတှထေညျ့ အသားတှကေကြျပွီး ဆီပြံလာလြှငျ ခလြို့ရပါပွီ. (မှတ်ချက် - ခရမ်းချဉ်သီးက ရေတွေ အများကြီးထွက်လို့ ခရမ်းချဉ်သီး ရေခမ်းမှ ဝက်သားထည့်ချက်ပါရန် - နောက်မှို့ဆို ဝက်သားက အကျက်လွန်)
----------------------------------
နှမ်း ၃၀၀ ဂရမ် ( Ikea ဗူးဝက်)
မြေပဲ ၄ထုတ်ခန့်ကြိတ် ( Ikea ဗူး တစ်ဗူးအပြည့် အမောက်)
ထန်းလျှက်ရည် ၂ကျပ်တန် တစ်ထုတ် ကျို (Ikea ဗူးဝက်)
ရှမ်းချဉ် ၈ထုတ် ( Ikea ဗူး တစ်ဗူးခွဲခန့်)
ငရုပ်သီးခွဲခြမ်းကြော် ( Ikea ဗူးဝက်)
ပဲငပိ ဗူးဝက်
ပဲငံပြာရည် အကြည်ရေ
ရေမုန်ညင်း ၄ စီး
နံနံ ၃စီး (တစ်စီး ၂ကျပ်တန် အစီးကြီး)
ကြက်သွန်မြိတ် ၂စီး
ဝက်ခေါက်ကြော် ၅ကျပ်တန် ၂ထုတ်
ကြက်ရိုး ၃ ကေဂျီ
----------------------------------------
ပွဲပြင်ရန်
ခေါက်ဆွဲ ပြုတ်ပြီးသား + မုန်ညင်းရွက်ပြုတ် - ၂၀၀ ဂရမ်ခန့် (မုန်ညင်းရွက် လက်တွင်း တစ်ဆုပ်ခန့်)
အသားဟင်း - ဟင်းခပ် ဇွန်းကြီးတစ်ဇွန်းအပြည့်
မြေပဲ ထောင်း - စားပွဲဇွန်းတစ်ဇွန်း အပြည့်
နှမ်း စားပွဲဇွန်းဝက်
ထန်းလျှက်ရည် လဖက်ရည် တစ်ဇွန်း
ပဲငံပြာရည် + ပဲငပိ အရော - လဖက်ရည် တစ်ဇွန်း
ရှမ်းချဉ် စားပွဲဇွန်း တစ်ဇွန်းမောက်မောက်
ငရုပ်သီးကြော် - လဖက်ရည်ဇွန်း တစ်ဝက်
ဝက်ခေါက်ကြော် ခြေထားတာ စားပွဲဇွန်း ၂ဇွန်းခန့်
နံနံ + ကြက်သွန်မြိတ် - စားပွဲဇွန်း တစ်ဇွန်း မောက်မောက်






ချက်နည်းလေးအတွက် ကျေးဇူးပါ ဆွိတီ ^_^
ReplyDeleteလာကွန့်မန့်ပေးတဲ့ အတွက်လဲ ကျေးဇူးပါ တီတင့်။ ဘလော့ဂ်လဲပစ်ထား၊ ပိတ်သတ်တွေလဲ ပစ်ထား တာဝန်မကျေခဲ့တာ ကြာပါပြီ တီတင့်ရေ။
Delete