Sunday, March 24, 2019

တရုတ် စတိုင် ဝက်သား မှို အချိုချက်

Image may contain: food
ဒီနေ့ ညနေ ချက်စား ဖြစ်တဲ့ ဟင်းလေးပါ။ ဆီလဲမပါပဲ စားလို့အရမ်းကောင်းလို့ နောက်ချက်ရင် မှတ်မိအောင်  ချက်နည်းလေး လာမှတ်ထားပါတယ်။

လူ ၅ယောက်စာခန့် လိုအပ်တဲ့ ပစ္စည်းတွေက
ဝက်သား အဆီ အသား - တစ်ကေဂျီ
ကြွက်နားရွက်မှို - ၁၅ ခုခန့်
Shiite mushroom - ၅ပွင့်ကို ရေစိမ်ပြီး ထပ်ခြမ်းခြမ်းထားပါ။
ပဲလိပ် - ၂ချောင်းခန့် ၄ပိုင်းချိုးပြီး ရေစိမ်ထားပါ။
ကြက်ဥ ၆ လုံး - ရေ မြုတ်အောင်ထည့်ပြီး မိနစ် ၂၀ခန့်ပြုတ်ပြီး ခွာထးပါ။
ကြက်သွန် ဥသေး - ၆ဥခန့် - အခွံနွှာထားပါ။

ဆီသတ်ရန်အတွက်
ဂျင်း - ပါးပါး ၆လွှာခန့်
ကြက်သွန်ဖြူ - ၁၀ မွှာခန့် - ဓားပြားရိုက်ထားပါ။
နာနတ်ပွင့် - star anise - ၃ပွင့်ခန့်
သကြား - 2 table spoon
ဆီ -  2 table spoon

sauce အတွက်
တရုတ် မဆလာ - 5 spice powder - 1 tea spoon
ငရုပ်ကောင်း မှုန့် - white pepper - 1  tea spoon
ပဲငံပြာရည် - အကြည်ရည် - 6 table spoon
ပဲငံပြာရည် - အနောက်ရည် - 2 table spoon
သကြား - 2 table spoon
ခရုဆီ - oyster sauce - 2 table spoon
တရုတ်ဟင်းချက်ဝိုင် - 2 table spoon
--------------------------------------------------------------
 ပထမဆုံး ဝက်သားကို သန့်စင်ပြီး အိုးတစ်လုံးထဲ  ရေအေး မြုတ်အောင်ထည့်၊ မီးအနေတော်နဲ့ ရေဆူလာအောင်တည်လိုက်ပါ။
ရေ စ ဆူတာနဲ့ ဝက်သားကို ထုတ်လိုက်ပြီး ရေခပ်အေးအေးနဲ့ဆေးချပါ။
ပြီးရင် တစ်လက်မခွဲ ပတ်လည် အတုံးခပ်ကြီးကြီတွေ တွုံးထားပါ။
ဆီသတ်မဲ့ ဒယ်အိုးထဲကို ဆီထည့် ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်တွေ ထည့်ပြီး ဆီသတ်ပါ။
အနံ့ အနည်းငယ်သင်းလာရင် သကြား ၂ဇွန်းထည့်ပြီး မွှေပေးပါ။
နီညိုရောင်သန်းလာရင် ဝက်သားထည့်ပြီး မွှေပေးပါ။
ဝက်သားတွေ အရည်ကုန်သွားရင် အပေါ်က ဆော့စ် ဖောျ်ထားတာထည့်မွှေပေးပါ။
ရေ ဝက်သားမြှုတ်အောင်ထည့်ပြီး ဆူပွက်သည်အထိ တည်ပေးပါ။

ပြီးရင် slow cooker ထဲ ပြောင်းထည့်ပြီး  တည်ရပါမယ်။
slow cooker တစ်နာရီခန့်ကြာရင် မှိုတွေ၊ ကြက်ဥတွေ၊ ပဲလိပ်တွေ အားလုံးကို အရည်ထဲ အားလုံးမြုတ်အောင် ထည့်ပြီး နောက်ထပ် ၂နာရီခန့်တည်ရပါမယ်။
ချခါနီး စိတ်ကြိုက် အပေါ့ အငံအချို ပြင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ တရုတ် ဝက်သားမှိုဟင်း ရပါပြီ။




No comments:

Post a Comment