စင်္ကာပူစတိုင် Fried fish soup အတွက် လိုတဲ့ ပစ္စည်းတွေက (လူ ၅ယောက်စာ အတွက်)
Ling fish fillet (အသားချည်း ) - ၅၀၀ ဂရမ်
အကြော် မှုန့် - စားပွဲဇွန်း ၃ဇွန်းခ့န်
ငရုပ်ကောင်းမှုန့် (white pepper) အနည်းငယ်
ပဲပြား (Tofu) - ၂ခုခန့်
ခရမ်းချဉ်သီး - ၂လုံး
ဆလတ်ရွက် တစ်ထုတ် (Iceberg lettuce )
မုန်ညင်းဖြူရွက် တစ်စည်း (Choy Sum)
ကြက်သွန်မြိတ် (Spring Onion)
နံနံ (Coriander)
ကြက်သွန်နီကြော်
နန်းလတ် မုန့် တီ အစို (မရှိရင်) အခြောက် တစ်ထုပ် (jiangxi rice stick)
ကြိုက်တတ်ရင် ငနီတူကြော်၊ ရေညှိအခြောက်တို့ကိုလည်း အဆင်သင် ပြင်ဆင်ထားပါ။
-----------------------------------------
ဟင်းချို အတွက်
ငါးရိုး ၅၀၀ ဂရမ် (မရလျှင်) ဆယ်လ်မွန် ငါးရိုး - 1 kg
ငါးနီတူငါး ၂၀ ကောင်ခန့် (ikan bilis )
ပဲပိစပ် (Soy bean) -1 cup
ဂျင်း အနည်းငယ်
နွားနိူ့ အနည်းငယ်
-----------------------------------------------
မုန့်ဖတ် ပြုတ်ရန်
မုန့်ဖတ်အခြောက်ဆို ပြုတ်ပြီး ရေစစ်၊ အဆင်သင့်ဖြစ်အောင် အအေးခံထားပါ။
ဟင်းချို ပြင်ဆင်ခြင်း
ပထမ ဆုံး ဆယ် လ် မွန် ငါးရိုးတွေကို အညှိ အချွဲတွေပျောက်အောင် ဆားနဲ့ နယ်ပြီး ရေ ၃-၄ ခါလောက် ဆေးချပါ။
အညှိတွေ ပျောက်သွားရင် ငါးနီတူ၊ ပဲပိစပ်၊ ဆား ၊ ဂျင်း ပါးပါးလှီးထားတာ ၃-၄ ပြားလောက်ထည့်ပြီး ရေမြုတ်အောင် ၄၅ မိနစ်ခန့်ပြုတ်ပြီး အချိုရည်ရအောင် ယူထားပါ။
ပြီးရင် နွားနို့ အနည်းငယ် ရော၊ ဆူပွက်နေအောင် ပြန်ကျိုပြီး ဟင်းချိုကို အပေါ့ အငံ အချို အနေတော်် ဖြစ်အောင်ပြင်ထားပါ။
အခြား ingredient များ ပြင်ဆင်ထားရန်
ငါးကို လက်တစ်လုံးခန့် အထူလေးတွေ လှီးပြီး ဆား (အနည််းငယ်သာ) ငရုပ်ကောင်း မှုန့်တို့နှင့် နယ်ထားပါ။
ပြီးရင် အကြော် မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ငါးအသားလွှာ တစ်ခုလုံးနစ်အောင် နှစ်ပြီးမှ ကြွပ် နေအောင် ကြော်ပြီး ဆီစစ်ထားပါ။
ပဲပြားကို လက်မဝက်ပတ်လည် အတုံးလေးတွေ တုံးထားပါ။
ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ။
ဆလတ်ရွက်ကို အရွက်လေးတွေ ခွါထားပါ။
မုန်ညင်းရွက်ကို နှစ်လက်မ အရှည်လေးတွေ ဖြတ်၊ အစိမ်းရောင် မပြတ် ရေနွေးေဖျာပြီး စစ်ထားပါ။
ကြက်သွန်မြိတ် နံနံပင်ကို ပါးပါးလှီးထားပါ၊
ပွဲပြင်ရန်အတွက်
ပထမဆုံး ဇလုံခပ်ကြီးကြီးထဲကို ဆလတ်ရွက်အလွှာတွေ ကို ခင်းလိုက်ပါ။
အပေါ် ကနေ မုန့်ဖတ် ကို သင့်တော် သလိုထည့်ပါ။
မုန့်ဖတ်ပေ်မှာ ပဲပြား၊ ခရမ်းချဉ်သီး၊ မုန်ညင်းရွက်၊ ငါးကြော် အစရှိသည်တို့ကို လှအောင် စီထည့်ပြီး ဟင်းချို ပွက်ပွက်ဆူကို ဇွန်းနဲ့ လောင်းထည့်ပါ။
အပေါ်ကနေ နံနံ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီကြော်ဖြူးပြီး စားနိူင်ပါပြီ။
ကြိုက်တတ်ရင် ငနီတူကြော်၊ ရေညှိအခြောက်တို့ကိုလည်း ပြင်ဆင်ပြီး ထည့်စားနိူင်ပါတယ်။
အလွန် အရသာရှိတဲ့ fried fish soup ဖြစ်ပါတယ်။
No comments:
Post a Comment