Wow!!! တကယ် စားကောင်းပါတယ်။
ချိုချဉ်စပ်လေး။ healthy လဲ ဖြစ်တယ်။
ဘော်ဘော်တွေကို healthy food လေး စားဖြစ်အောင် သုပ်နည်းလေး ပြောပြမယ်။
..
ပထမဆုံး အသားတွေ ပြင်ပါမယ်။
ဝက်သား အကြေကို ကြက်သွန်ဖြူထောင်းထားတာလေးနဲ့နယ် ဆီလေး နဲနဲ နဲ့ကျက်ရုံလေး ကြော်ထားပါ။
ပုဇွန်ကို အကုန်အခွံချွတ်ပြီး ပြုတ်ထားပါ။ ထပ်ခြမ်းခြမ်းထားပါ။
အသီးအရွက်တွေ ပြင်ပါမယ်။
ဂေါ်ဖီ ၊ မုံလာဥနီ ကို ခြစ်နဲ့ သေးသေးလေးတွေခြစ်ထား၊ ကြက်သွန်နီ၊ သခွားသီးကို ပါးပါးလေးတွေလှီးထား၊ ခရမ်းချဉ်သီး ရှစ်စိတ်စိတ်ထား၊ နံနံပင် လှီးထားပါ။
Sauce ပြင်ပါမယ်။
သကြား ၃ဇွန်း၊ ငါးငံပြာရည် ၃ဇွန်း၊ ကြက်သွန်ဖြူ ၅ မွှာလောက်နုတ်နုတ်စင်း၊ သံပုရာသီး တစ်လုံးခန့် အရည်ညှစ်ထည့်၊ သုံးတတ်ရင် အချိုမှုန့် အနည်းငယ် ထည့်ပြီး မွှေပေးပါ။ (ဇွန်း= table spoon)
ဆီနီ
အရောင်လှအောင် ဆီအိုးတည် ငရုပ်သီး အရောင်တင်မှုန့် နဲနဲထည့် ပြီး ဆီနီရ အောင် ဆီသတ်ထားပါ။
ပြီးရင် အားလုံးပေါင်းပြီး လက်အိတ်စွတ်ထားတဲ့ လက်နှစ်ဖက်နဲ့ ဇလုံခပ်ကြီးကြီးထဲ ထည့်နယ်ပါ။ စားလို့ရပါပြီ။
..
အိမ်မှာတော့ အများကြီးမှို့ ထမင်းလွတ်စားပါတယ်။
အချိုးသိချင်ရင် ဟင်းသီးဟင်းရွက် တွေ နဲ့ ပဲကြာဆံက volume ဆတူလောက်ပါပဲ။
sauce ကိုတော့ နဲနဲချင်း ထည့်သုပ်ပါ။ မိမိ စိတ်ကြိုက် အပေါ့ အငံအချဉ် အချိုရအောင် ချင့်ချိန်ထည့်ပါ။
No comments:
Post a Comment