
ရွှေထမင်း၊ သာကူပြင်၊ မုန့်ပေါက်စီ။

ရေမုန့်

မုန့်လုံးကြီး

အကြော်စုံ ပူပူလေးရမယ်၊ ရေနွေးကြမ်းနဲ့မြည်းရင် သိပ်ကောင်း။

ကောက်ညှင်းထုတ်

မုန့်ဆီကြော်

မုန့်လက်ကောက်

ခေါပုပ်၊ အိမ်ရောက်မှ ကြော်စားနော်။ နှမ်းထောင်းလေးပါဖြူးစားဖို့မမေ့နဲ့ဦး။

အညာထွက် ထန်းပင်မြစ်ပြုတ်တွေပါတော်။

ဒါလဲအိမ်ရောက်မှ သကြား၊ နို့ဆီနဲ့ ခေါက်စား။ အရမ်းဆိမ့်။

ပဲမြစ်တွေလဲ အိမ်ရောက်မှပြုတ်စားကြပါနော့။

ဝက်သားတုတ်ထိုးအစ်မ၊ တုတ်ချိုးထားတာလေးတွေက နှစ်ရာ။ မချိုးထားတာက တစ်ရာထဲပါ။

စလုံးစတိုင် အဲလိုတုတ်ထိုးမျိုးစုံလဲ ရနေပြီနော်။

အဟီး ... ဒါကတော့ အစ်မတို့ မနေ့က စားချင်တယ်ဆိုလို့ ကျွန်မ အရီးတို့ဗူးစင်က ဆွတ်လာခဲ့တာ။ အဲဒါအလကား၊ အဆစ်ယူသွားပါအစ်မ။

(ဒီတစ်ခေါက်ပြန်ဖြစ်တော့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေပါ ... resolution ကောင်းကောင်းကြည့်ချင်ရင် ပုံကို ကလစ်ကြည့်ကြပါနော် ...ဒီကတော့ ဝက်သားတုတ်ထိုးဗန်းကို ကလစ်မိလို့ မနက်ဖြန် လုပ်စားရင်ကောင်းမလား စဉ်းစားနေပါတယ်)
တော်တော်များများစားချင်တာချည်းပဲ၊ ဗိုက်ဆာနေတာ ပိုဆာသွားပြီ မမ၊
ReplyDeleteလုပ်စားရင်လက်တို့လိုက်ပါ။
ReplyDeleteမရေ.............ပဲမြစ်၊ခေါးပုတ်၊ထန်းမြစ်စားချင်လိုက်တာနော်။
ReplyDeleteမြူးဖို့ ပါစားခဲ့နော်။
ခေါပုတ်စားချင်တယ် မစားရတာကြာလှပြီ
ReplyDeleteဖြေးဖြေး ဖြေးဖြေးနဲ့ နဲနဲချင်း ခွဲတင်ပါလား သူငယ်ချင်းလေးရယ်...
ReplyDeleteခုတော့ အုံလိုက် ကျင်းလိုက် လူကို စုစုစည်းစည်း နှိပ်စက်လိုက်သလိုပါပဲ...
ထန်းပင်မြစ်တို့ ပဲမြစ်တို့ ခေါပုတ်တို့ဆို မတွေ့ဖူးတာ နှစ်ပေါင်းများစွာ ကြာလှပေါ့... မြန်မာဆိုတော့ မြန်မာပီပီပဲနော်... ဘာတွေပဲစားနေရ စားနေရ ကိုယ့်ရိုးရာစာလေးတွေ ရာသီစာလေးတွေကိုတော့ ဘယ်အချိန်တွေ့တွေ့ စားချင်နေတော့တာပါပဲ...
စားချင်စရာတွေချည်းပဲ... ကြိုက်မှ ကြိုက်
ReplyDeleteဒီကို မလာမိရင် အကောင်းသား။ ၀မ်းနည်းလိုက်တာနော်။
ReplyDeleteနဲနဲ နဲနဲ ခွဲစားရမယ်
ReplyDeleteခေါပုတ်ကြော်နဲ့ မုန့်လက်ကောက်ကြော်စားချင်လိုက်တာ...။ အကြော်ဗန်းကြီးကိုလည်း ကြည့်လို့ မ၀ ဖြစ်နေတယ်။
ReplyDeleteအကုန်စားချင်တယ်။ ဘယ်လို လုပ်ရမလဲ၊ :(
ReplyDeletei ya ..ya..
ReplyDeleteရွှေထမင်းစားချင်တယ်ဗျာ
ReplyDelete