Friday, October 21, 2011

ဦးထုပ်ကတော့ ၀ယ်... ဦး... မှာ ....

ဟိုတစ်လောဆီက Spring ရောက်ပြီဆိုသောအခါ ရာသီဥတုမှာ သိသာလှသည်။ နေ့ခင်းဖက်တွင် အနည်းငယ်ပူနွေးလာပြီး နေကိုတစ်နေကုန်မြင်နေရရာ စလုံးမှလာသူက  ကျိတ်ကာ ပျော်လေသည်။ အိမ်မှ ဦးခြိမ့်၏ နာမည်ကျော် quilt စောင်ကြီးကို ခေါက်သိမ်းကာ အနည်းငယ်ပါးသော သိုးမွှေးစောင်တစ်ထည် ထုတ်ထားလိုက်သည်။ အနွေးထည်အထူတစ်ချို့လဲ ကြွပ်ကြွပ်အိပ်များနှင့်ထုတ်ခါ ဘီရိုအပေါ်ထပ် တင်ထားလိုက်သည်။ သိမ်းဆည်းပြီး ဖုတ်ဖက်ခါကာ ထမည်ကြံကာရှိသေး၊ တကတည်း မိုးက ရွာလိုက်သည်မှာ ၂ပတ်ဆက်တိုက်၊ ဆောင်းတွင်းထက်ပင် အေးနေသေးတော့သည်။ ဒီတော့မှ သိမ်းထားသည့်စောင်တွေ၊ အနွေးထည်တွေ ကမန်းကတန်းပြန်ထုတ်ရသည်။ "ဟမလေးဟဲ့ ဘုရားစူး Spring ..." ဆိုကာ ဦးခြိမ့်နှင့်ပင် အပြန်အလှန် မျက်မှောင်ကြုတ်ခဲ့ရသော ဇာတ်လမ်းများပင် ဖြစ်ပွားခဲ့လေသည်။ ဒီအပတ်တော့ မိုးလဲသိပ်မရွာတော့။ နေပြန်ပူပြီဖြစ်ရာ နေ့အပူချိန်မှာ ၂၀ ၀န်းကျင်ခန့်၊ အတော်ပင် နေလို့ ကောင်းလာပါပြီ။

အရှင်နေမင်းကို မျှော်နေရသောနေ့များမှ အကျွန်ုပ် ကင်းလွတ်ပြီထင်သည်။ (အ၀တ်တွေ မခြောက်မှာ စိုးသောကြောင့် )း)

နေပူသောတစ်ရက် သမီးကျောင်းသွားအကြို သမီးသူငယ်ချင်း၏အမေ စလုံးသူ ကင်န်ဂျိုးသည်  ဦးထုပ်လှလှဆောင်းကာ ရှိုးစမိုးနှင့်ဖြစ်နေသည်။ အော်ဇီမှာ ရာသီဥတုသာအေးသည်။ နေပူပြီဆိုလျင်ဖြင့် နေအပူရှိန်က အလွန်ပင်ပြင်းလေသည်။ နိုင်ငံကကျယ်သည့်အပြင် စလုံးအစိုးရလို ပြည်သူလူထုအား အလိုလိုက်ကာ  အမိုးအကာများလည်း မရှိရကား တစ်နေရာမှ တစ်နေရာ လမ်းလျှောက်လျှင် နေအပူဒါဏ်ကို မခံနိုင်။ ပိုဆိုးသည်မှာ အန်တီဆွိငယ်စဉ်က နေပူထဲ နှင်းဆီပန်းတွေခူးရာက မျက်နှာတွင် မှည့်ခြောက်များ ဘလပွဖြစ်နေရာ နေပူခံလို့ကတော့ မျက်နှာတစ်ခုလုံး မည်းမည်းတုတ်လုမတတ် ဖြစ်တော့သည်။ ဤသည်ကို ကာကွယ်ရန် စလုံးမှ ပါလာသော ရှိစုမဲ့စု ထီးစုတ်လေးသာ ထုတ်ဆောင်းရလေသည်။ ထီးကလဲ စလုံးမှ လေဒါဏ်၊ ရေဒါဏ်၊ နေဒါဏ်များ နှစ်ရှည်ခံခဲ့ရသော ထီးဖြစ်လေရာ ထီးရွက်များမှာ လေတိုက်တိုင်း တဘတ်တဘတ်နှင့် ဘတ်လဘိုင်လိုက်နေသည်။ ထို့အပြင်  နေပူထဲ ထီးဆောင်းသူ အလွန်ရှားရာ ထီးစုတ်ကြီးနှင့် အန်တီဆွိမှာ အလွန်ရှိုးပဲ့သည်ဟု ထင်နေသည်။ ထိုနေ့က အနှီစလုံးအမျိုးသမီး ဦးထုပ်ဆောင်းလာတာ တွေ့တော့မှ အကြံရသွားသည်။ အင်း ...  ဦးထုပ်တစ်လုံးတော့ ၀ယ်..ဦး...မှ...ပါလေ။


ထိုနေ့မှစ၍ အန်တီဆွိသည်ကား ဆိုင်တွေရောက်တိုင်း ဦးထုပ်များကို ကြည့်လေသည်။ Spring ရောက်ပြီဆိုကတည်းက ရှော့ပင်စင်တာတွေမှာလည်း ဦးထုပ်အမျိုးမျိုး တင်ထားရာ ဒီဇိုင်းကလဲ မျိုးစုံ၊ ဦးထုပ်များ အလွန်ပေါပါသည်။ ငယ်ငယ်က မဂ္ဂဇင်းတွေထဲတွင်သာ မြင်ဖူးသည့် အဟမ်း အဟမ်း လေဒီဒိုင်ယာနာတို့၊ မာဂရက်သက်ချာတို့ ဆောင်းသည့် ဦးထုပ်မျိုး ခပ်လှလှတွေလဲ ရှိသည်။  ဟိုတစ်လောဆီက မင်းသားဝီလျံ မင်္ဂလာပွဲတွင် အင်ဒရူးမင်းသားရဲ့သမီးတွေ ဆောင်းသော ဦးထုပ်လို ရှယ်အဆန်းတွေပင် ရှိလေသည်။

ဝီလျံတို့ မင်္ဂလာပွဲမှာ အင်ဒရူးနဲ့ ဆာရာတို့ရဲ့ သမီး Princess Beatrice  အဲ့ ဦးထုပ်ကြီးဆောင်းထွက်လာတော့ ရယ်လိုက်ရတာ အူတောင်နာသည်။ (နောက်တော့ အဲ့ဦးထုပ်က ပြောင်စရာကြီးကို ဖြစ်လို့။ အဲဒီအချိန်လောက်က အိုဘားမားတို့ ဘင်လာဒင်ကို ၀င်တိုက်တဲ့ အချိန်လောက်ဖြစ်နေတော့ အခန်းထဲမှာ  ကွန်ပြူတာတွေနဲ့ စစ်ဆင်ရေးလုပ်နေတဲ့ အချိန်၊ တကယ့် စီးရီးယက်စ်အချိန်ကြီးမှာ အဲ့ဦးထုပ်ကြီးတွေကိုယ်စီဆောင်းပြီး ဖိုတိုရှော့သမားတွေက  ပြောင်ထားတာ။ ရယ်လိုက်ရတာ။)  

မင်းသမီးတွေ အကြောင်းပြောတာနဲ့ ဘယ်ရောက်သွားပြီလဲမသိ။
အဲ ...  အဲဒီမှာ မြက်ဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ပလပ်စတစ်ကို မြက်လို ရက်ထားသော ဦးထုပ်မျိုးစုံ၊ အရောင်စုံရှိပါသည်။ ဒါပေသိ ဦးထုပ်လေးတွေ သူ့ဟာသူနေတာ လှပါသည်။ ကိုယ်ဆောင်းလိုက်သောအခါ မည်သို့မှ မလိုက်ဖက်။ လှလဲမလှတော့ပါ။ ဦးထုပ်ကပဲ ကားနေသလို၊ ခေါင်းကပဲ ချောင်ကာ ဦးထုပ်ကပဲ အောက်ကျနေသလို၊ ခေါင်းကြီးပဲ ပုဝပ်ဝပ်ဖြစ်သွားသလိုလို၊ ဘယ်လို ဘယ်လိုမှ ကြည့်မကောင်းပါပေ။ တစ်ခါ ဦးထုပ်လေး တစ်ခု အဆင်ပြေပြန်တော့ ဈေးက ၄၀ ကျပ်တဲ့။ ဦးထုပ်တစ်လုံး အတွက် အော်ဇီ ဖွတ်ကလိဒင်္ဂါး ၄၀ တော့လဲ မတတ်နိုင်ပါ။ ဈေးမြင်တာနှင့် ချကာ ပြေးလေသည်။ စိတ်ကြိုက်လေးတွေ့တုံး အားပေးမလားလို့ ဦးခြိမ့်ဖက်လှည့်ကာ " ဦးထုပ်လေး လှတော့လှတယ် ၄၀ တဲ့ တော့" ဆိုတော့  မကြားသည်လား၊ မကြားချင်ယောင်ဆောင်သည်လားမသိ။  ဘာမျှတုန့်ပြန်သံမကြားရပြီ။ သို့နှင့်ထိုနေ့က ဦးထုပ်မ၀ယ်ဖြစ်ခဲ့ပါ။

 သားအမိ၂ယောက် Myer မှာ ဦးထုပ်တွေ try ရင်း အပျော် ဓာတ်ပုံရိုက်ထားကြသည်။ ဦးခြိမ့်က သူ့တယ်လီဖုန်းလေးဖြင့် မှတ်တမ်းတင်ပေးထားခြင်းဖြစ်သည်။
"ဒါလေးဆောင်းလိုက်တော့ များက လေဒီဒိုင်ယာနာနဲ့ မတူဘူးလားဟင်" ဟုနောက်သလိုလိုနှင့်ပြောတော့ ဦးခြိမ့်က လေဒီဒိုင်ယာနာနှင့်တော့မတူ "အဲလစ်ဇဘက် ဘုရင်မကြီး"နဲ့ တူသည်ဆိုလေသည်။ ဂျူဂျူက တခစ်ခစ်ရယ်လေသည်။
အဟမ်း အဟမ်း။ ဒါကလဲ ဆိုင်က ပစ္စည်းတွေနဲ့ ဂိုက်ပေးကြမ်းနေတာ။ တုတ်ကောက်လေးပါရင် ပိုတူမယ်။ ဟီးဟီးး)


တစ်နေ့ကတော့ ဘီရိုတွေ ရှင်းရင်းနှင့်  ဦးထုပ်အဟောင်းလေး တစ်လုံး ထွက်လာရာ ၀မ်းသာသွားသည်။ ဟိုးစင်္ကာပူမှာတုံးက Orchid garden မှာ ဂျူဂျူ မရမက ပူစာ၍ ၀ယ်ပေးလိုက်ရသောဦးထုပ်ဖြစ်သည်။ ယခုတော့သူက အဲဒီဦးထုပ်က တောကျသည်၊ ပုံတုံးသည်ထင်ပုံရသည်၊ မဆောင်းတော့။ ဦးထုပ်အငမ်းမရ လိုချင်နေသော အန်တီဆွိမှာ သမီးအကျ အမေရတာပေါ့ဆို  ဆောင်းကြည့်လိုက်တော့ ကိုယ်နှင့် အနေတော်ဖြစ်နေသည်။ 

မနက်ကျောင်းလိုက်ပို့တော့ နေကအတော်ပူရာ ထိုဦးထုပ်လေး ဆောင်းသွားလိုက်သည်။ မျက်နှာကို နေပူအတော်သက်သာရာ ရလဲ့ တယ်ဟုတ်ပါလား ဆိုကာ အလွန်ပင် သဘောကျနေသည်။ ဦးထုပ်လေးဆောင်းကာဖြင့် လမ်းလျှောက်လာရာ ရှေ့မှာလဲ ဦးထုပ်လှလှနှင့် အမျိုးသမီးတစ်ယောက် ခလေးလက်ဆွဲကာ သွားနေတာ မြင်ရသည်။ မျက်လုံးက ဦးထုပ်ဆီသာရောက်သွားသည်။ အပြာနုရောင်လေးမှာ ပန်းပွင့်လေးတစ်ပွင့်နှင့် အတော်လှသည်။ သူတို့က နှေးနေတာနှင့် ကျော်တက်တော့ ကြည့်လိုက်ရာ ဦးထုပ်ပိုင်ရှင်မှာ အသက်၆၀ကျော် အဖွားကြီးဖြစ်နေလေသတည်း။  မြေးဖြစ်သူကျောင်းလာပို့တာဖြစ်မည်။  သူ့ကိုကြည့်ကာ ကိုယ့်မှာတော့ ဦးထုပ်အစုတ်ကလေး နှင့် သိမ်ငယ်လှသည် ထင်နေသည်။

အပြန်ကျ မျက်နှာချင်းဆိုင်က အမျိုးသမီးတစ်ယောက် အညိုရောင် မြက်ဦးထုပ် လှလှ၊ ခပ်ကားကားလေးဆောင်းကာ ရှိုးစမိုးနှင့် ခလေးကျောင်းလာပို့သည်။ နောက်တစ်ယောက်ကလည်း အဖြူရောင်လေး။ နောက်တစ်ယောက်ကလည်း နက်ပြာရောင် မြက်ဦးထုပ်လိုမျိုး ခပ်လှလှ။ မနက်နေပူပူတွင် ကျောင်းလာပို့သော အနှီအမျိုးသမီးကြီးငယ်တို့သည် ဦးထုပ်ရောင်စုံဆောင်းကာဖြင့် ဦးထုပ်ဖက်ရှင် အလှပြိုင်နေကြလေပြီတကား။

ဘေးမှ သမီးအကျ ဦးထုပ်ကြီးဆောင်းကာ ငိုက်စိုက်ငိုက်စိုက်နှင့် လမ်းလျှောက်နေသော အန်တီကြီးမှာလည်း မိန်းမတို့ သဘာဝ အားကျမခံ တွေးနေလေသည်။

ဟင်း ... မဖြစ်ချေဘူး ...    ငါလဲ ဦးထုပ်လှလှတစ်လုံးတော့  အမြန်ဝယ်ဦးမှပါလေ .. ...။


26 comments:

  1. ပို.စ်နဲ.တော့မဆိုင်၊ ဓါတ်ပုံတင်တော့လည်း မန်.ရတာပေါ့

    စိတ်ဓါတ်ကျစေမဲ့ စာတကြောင်းတော့ရေးချင်တယ်၊ ဒါပေမဲ့ အမှန်ပြောတာနော်

    မဆွိ အရမ်းဝလာတယ်၊

    ReplyDelete
  2. Don't take dinner (just eat fruit or fruit juice instead of rice). For face: flour 2tsp, plain yogurt 1 tsp, honey 1 tsp, egg white 1 tsp combine all together & apply to face. Keep for 30min then wash away. You can feel smooth immediately. Pls do once or twice a week regularly, your face will be brighter.
    WD

    ReplyDelete
  3. Oh TT,
    You must buy a new hat :))
    I think it is my husband's nature that whenever I am about to enter a store, he will say,"Hey, see only and not to buy anything!" ha ha ha....

    ReplyDelete
  4. ၀ယ်ပစ်လိုက်.. ညီမလဲ ဦးထုပ်ဝယ်မလို့ စိတ်တိုင်းကျတာကိုမရသေးဘူး..း)

    ReplyDelete
  5. တီဆွိ... William မင်္ဂလာဆောင်လုပ်ပါ။ ဘယ်နှယ့် Prince
    Henry က မိန်းမမှမရသေးတာ...

    ReplyDelete
  6. မှားတဲ့ အခါလဲ မှားပေမပေါ့။ အသက်ကကြီးလာတော့ အဲလိုပဲ မေ့တတ်လာတယ်။ မှားနေရင်ထောက်ပေးကြပါ အရပ်ကတို့။း) ပြင်လိုက်ဦးမယ်။ ကျေးဇူးပါ အနောနိမတ်စ်ရေ။

    မြူးမြူးရေ ... ၀ယ်ဦးမှာ။

    Mo all Men are the same in this topic ;)
    We, all women are also same in this case too.Hee...Hee.

    Thanks for your advice WD. I thought you no longer read my blog. Because I seldom see your comments recently.
    Now I am using some skin care product from Korea and there is improvement on my face. Anyway thanks again for your advice.

    ကိုဇီ တက်လာတာဟုတ်တာပဲကို။ ခုပြန်ချနေတယ်။ နေ့ခင်းစာလုံးဝမစားပဲချတာ တစ်ကေဂျီပြန်ကျနေပြီ။ ဦးခြိမ့်က အဲလိုချတာ လုံးဝမကြိုက်ဘူးဗျ။ မနေ့က၀မ်းသာအားရ တစ်ကေဂျီကျသွားပြီ၊ ချနေတာဆိုတော့ ဘာမှမစားပဲ သေနေဦးမယ်တဲ့။ ကဲ။

    ReplyDelete
  7. အမေနဲ့ သမီးနှစ်ယောက်လုံး ဦးထုတ်လေးတွေနဲ့ လှနေပါလား။ အယ်လီဇဘက်ဘုရင်မကြီးလို့ပြောတာ အားမငယ်နဲ့နော် အစ်မဆွိ။ သူက သက်ရှိထင်ရှား တန်ခိုးထွားနေတုန်းလေ။ မြသွေးတောင် သားအကျ ကက်ပ်ဦးထုတ်လေး သီလရှင်ထွက်တုန်းက ယူဆောင်းရသေးတယ်။ ညက်ခုံးရှုံ့ရှုံ့ကြီးကို ဦးထုတ်လှလှလေးတစ်လုံးလောက် ပူဆာလိုက်လေနော်။

    ReplyDelete
  8. မဆွိ‌ရေ...ဦးထုပ်ဝယ်မယ်ဆိုလို့အား‌ပေးတယ်ဗျို့..ဝယ်သာဝယ်..
    လှလဲလှ..အနားပြားကြီးကြီးမျက်နှာလုံတဲ့ဟာမျိုး‌‌ကောင်းတယ်..
    ထီး‌ဆောင်းတာနဲ့ပတ်သက်ပြီးကိုယ်‌တွေ့တခုေ ပြာရရင်..တို့‌တွေပြင်သစ်
    မှာ‌နေတုန်းက‌နွေရာသီဆိုသူတို့ကကိုယ်တုံးလုံးနဲ့‌နေလှန်းတာ..ကိုယ်
    လိုအာရှသူကနဂိုညိုတဲ့အသား မဲမှာစိုးတာရယ်..အဲဒီစူးရှတဲ့‌နေ‌ရောင်
    ကိုမခံနိုင်တာရယ်ေ ကြာင့်ထီး‌ဆောင်းမိပါတယ်..ပြင်သစ်မကြီးတ‌ယောက်
    ကကိုယ့်ကိုလိုက်‌ကောတာခံရဖူးတယ်..ကိုယ်ကလဲထီးကြီးတကားကားနဲ့
    ဆို‌တော့သူတို့ကိုရွဲ့သလြိုဖစ်‌နေသလားမှမသိတာ‌နော်...။

    ReplyDelete
  9. I'm your fan. I reach your blog everyday (except Sat & Sunday) cos I use PC at work only. No time for blogging at home. :))
    WD

    ReplyDelete
  10. ကိုယ်လည်း ဦးထုပ်တွေတွေ့ရင် သဘောတကျ ကြည့်မိတယ်... ဒါမယ့် မျက်နှာကသေးသေး ဒီကြားထဲ မျက်မှန်က တပ်ရသေး...
    ဒီတော့ ဦးထုပ်ဆောင်းလိုက်ရင် ဘယ်လိုမှ အဆင်မပြေလို့ လက်လျှော့ထားရတယ်...း(((

    သူငယ်ချင်း... ဖဘမှာ Diet Plan ရေးထားတယ်... လာဖတ်လှည့်ပါ...
    ဘာမှမစားပဲ ချတာ သိပ်အဆင်မပြေဘူး...း)))
    စားရင်းနဲ့ ချရအောင်လေ...

    ReplyDelete
  11. ဝယ်ပါ . . ဝယ်ပါဗျာ . . .
    စိတ်ချမ်းသာဖို့ အဓိက မဟုတ်လား။
    အဓိက က ပျော်ဖို့. . . .

    ReplyDelete
  12. တီဆွိ ဦးထုပ်အနက်ရောင်လေးနဲ့ လိုက်တယ် :)

    ReplyDelete
  13. တီဆွိ .. ဦးထုတ်ဝယ်ရင် ဘေးကားကားလေးဝယ် မျက်နှာသေးသွားတယ်ထင်ရတာပေါ. .. သေးသေးနဲ.ဆို မျက်နှာပျဲသွားမယ်ထင်တယ်နော်.. စလုံးမှာတော. မဆောင်းကြဘူးနော် . ဟုတ်ပ.. မိုးကတချိန်လုံးရွာနေတာကို ထီးပဲဆောင်နေရတာ

    ReplyDelete
  14. တီဆွိ blog ဖတ်ရင်း ကျွန်မလဲသမီးလေးကိုသတိရတယ်.
    သမီးကလဲ ဂျူးဂျူးလေးအရွယ်ပဲ. ကျွန်မက တနိုင်ငံမှာ သမီးကရန်ကုန်မှာလေ... ဦးထုပ်နဲတော့ဘာမှမဆိုင်ဘူးနော် :)
    တီဆွိက နာမယ်ရေးပါဆိုလို့ နေ့တိုင်းအသစ်တင်တာမျှော်နေတဲလူနော်..

    မေ

    ReplyDelete
  15. အို မတ်စိရယ် ဒါမှန်းသိ စလုံးကနေ ဝယ်ပေးလိုက်ပါတယ်ကွာ၊ ဝယ်သာ ဝယ် ပိုက်ဆံက မသေမချင်း ရှာနေရမှာ :P

    CKA

    ReplyDelete
  16. တီတီဆွိ
    ဂျူးဂျူးလေးကကြီးလေ.....ပိုလှလေ။ ငယ်ငယ်က.....အမေလိုမလှဘူးထင်တာ...။

    Theint

    ReplyDelete
  17. တီဆွိကို ဝ တယ်ပြောလို့ အိမ်မက်ကရယ်ချင်လိုက်တာ.. ဂျာမနီက အမျိုးသမီးတွေကို ခေါ်ပြလိုက်ချင်တယ်.. ဗိုက်မှာ အဆီတွေအရစ်ရစ်နဲ့..
    ဦးထုပ်ဝယ်မယ်ဆိုရင်ဝယ်သာဝယ် တီဆွိရေ ဒီအချိန်လေးပဲဆောင်းရတာကိုနော့..ဝယ်မယ်ဆို ဘယ်အဝတ်အစားဝတ်ဝတ်လိုက်မယ့် အရောင်ဝယ်.မဟုတ်ရင်ကြည့်ရတာ ဟာသဖြစ်နေမှာ.
    ခင်တဲ့
    အိမ်မက်.

    ReplyDelete
  18. Princess Beatrice ဦးထုပ်ကြီးကြည့်ပြီး ရယ်ချင်လိုက်တာ
    အောက်ကပုံတွေ့လိုက်တော့မှ အော်ရယ်ပစ်လိုက်တော့တယ်..
    ဒီလိုဆို ဒီဦးထုပ်ဒီဇိုင်က ကမ္ဘာကျော်သွားပုံရတယ်။။
    တစ်လုံးလောက် လိုက်ဆောင်းကြည့်မလား စဉ်းစားမိတယ်။။ ဟိဟိ
    သူတို့တော်ဝင်ပွဲတွေမှာ အမျိုးသမီးတိုင်း ဦးထုပ်ဆောင်းကြတယ်နော်..
    အဲဒီနေ့က ဦးထုပ်ဒီဇိုင်းကို အစုံတွေ့ရတယ်။။ လှလဲလှကြပါတယ်.
    သို့သော် မဆွိတီတို့ သားအမိကို မမီပါလေ

    ReplyDelete
  19. ဦးထုပ်အနက်လေးနဲ့လှတယ်။ ၀ယ်ပလိုက်ပါ။ ဂျူဂျူးလေးလည်းလှတယ်။

    ReplyDelete
  20. ဦးထုပ် ဝယ်ပြီးရင်လည်း ပို့ စ်တင်ပါဦးဗျို့ ...

    ReplyDelete
  21. ဂျူဂျူ ဦးထုပ် အ၀ါလေးပုံ သိပ်လိုက်တယ် လှတယ်

    ReplyDelete
  22. ဗဟုသုတလေးအတွက် ကျေးဇူးပါ စွိတီရေ။
    ရင်ထဲကဆန္ဒကို ဘယ်သူ့အတွက်မှ ထိခိုက်မှုမရှိဘူးဆိုရင် လုပ်သာလုပ်ပစ်လိုက် တီတင့်လည်း အဲဒီခံယူချက်ရှိတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  23. တီဆွိ လှတယ်။ ၀ယ် ၀ယ် ညန် ညန်..။ အနက်ရောင်နဲ့ပုံက ဟော့ရှော့ပဲ ။ မိုက်တယ်..။

    ReplyDelete
  24. လှပြီးသားဘဲဟာ...ဘယ်လိုဦးထုပ်ဆောင်းဆောင်းလှနေမှာပါဘဲ....
    လိုချင်တဲ့ဦးထုပ်လေးအမြန်ရပါစေနော်.....

    ReplyDelete
  25. သားအမိနှစ်ယောက်စလုံးလှကြပါသည်။ ဦးထုပ်အသစ်ဝယ်ဆောင်းပါး)
    ဂျုးဂျုးလေးကချစ်စရာအလွန်ကောင်းပါသည်

    မောင်ဘကြိုင်

    ReplyDelete
  26. မမဦးထုပ်အသစ်လှလှလေးနဲ့ အမြန်ဆုံးပျော်ရွှင်ပါစေ...
    တစ်နပ်စာလွှတ်တာကို မယ်တော့ ဗိုက်အဆီစုစေတယ်လို့ ဖတ်ဖူးပါတယ်။
    ဘာဖြစ်လို့လဲဆို အဲဒီအချိန်မှာလိုမယ့် စွမ်းအင်တွေကို အဆီအဖြစ် ဝမ်းဗိုက်မှာ စုထားတယ်လို့ ဖတ်ဖူးလို့ပါ။
    မမသက်ဝေရေးတဲ့ diet လေး ကြိုက်ပါတယ်။
    နောက် ထောပတ်သီးဖျော်ရည်ကလည်း အဆီကျစေတယ်လို့ ဖတ်ဖူးပါတယ်..
    ဘာပဲဖြစ်ဖြစ် မမ ပြည့်ပြည့်လေးမို့ အမြဲလှနေပါတယ် ...တကယ်ပါး)

    ReplyDelete