
ဒီနေ့ အိမ်မှာ စင်္ကာပူ အမှတ်တရ prawn mee soup ချက်စားတယ်။
နောက်တစ်ခါချက်ရင် လွယ်အောင် ဒီမှာ လာပြီး မှတ်ထားလိုက်ဦးမယ်။
လူ ၅ယောက်စာအတွက်လိုတဲ့ ပစ္စည်းတွေက
ပုဇွန် အလတ် ၁၅ကောင်ခန့်
ဝက်သား ၃၀၀ gm
ဝက်ရိုး တစ်ကေဂျီ
ပဲပင်ပေါက် တစ်ထုပ်
ကန်စွန်းရွက် တစ်စည်း
ကြက်သွန်ဖြူ ၅မွှာ
နာနတ်ပွင့် ၃ပွင့်
သစ်ဂျပိုးခေါက် တစ်ခု
လေးညှင်း (သိူ့) clove 5 ခုခန့်
ငရုပ်ကောင်း ၁၀ စေ့ခန့်
ထန်းလျှက် ၂လုံးခန့်
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း တစ်ဇွန်း
ငါးငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း
Fish cake တစ်ခု
ပထမဆုံး ဝက်ရိုး တစ်ကေဂျီကို ရေ တစ်လီတာခွဲ ဂျင်းအနည်းငယ်ထည့်ပြီး ပြုတ်လိုက်ပါ။
ဝက်သားကိုလည်း အတုံးကြီးကြီး ၃တုံးခန့်တုံး ဆားနယ်ပြီး ဝက်နံရိုးပြုတ်ထဲ ထည့်ပြုတ်ပါ။
ပုဇွန်တွေကို ခေါင်းဖြတ်ပြီး အသားတွေကို ရေခဲသေတ္တာထဲ သပ်သပ်သိမ်းထားပါ။
ဒယ်အိုးထဲ ဆီအနည်းငယ်ထည့် (လဖက်ရည် နှစ်ဇွန်းခန့်) ကြက်သွန်ဖြူု၊ နာနတ်ပွင့်၊ သစ်ဂျပိုး၊ လေးညှင်း၊ ငရုပ်ကောင်း အစရှိတဲ့ ဟင်းခပ် အမွှေးအကြိုင်တွေကို ဆီသတ်ပါ။ ၂ မိနစ်လောက် သတ်ပြီးရင် ပုဇွန်ခေါင်းတွေ ထည့်လှော်ပြီး ၃မိနစ်လောက်ကြာလို့ ပုဇွန်ခေါင်းတွေ ခြောက်လာရင် စောနက တည်ထားတဲ့ ဝက်ရိုးပြုတ်အိုးထဲ ထည့်ပြီး တစ်နာရီခန့် မီးအေးအေးနဲ့ ပြုတ်ထားလိုက်ပါ။
ဒီကြားထဲ ဝက်သားထည့်ထားတာ နူးပြီဆို ဆယ်ထားပြီး ပါးပါးလေးတွေ လှီးထားပါ။
တစ်နာရီလောက်ကြာလို့ ဟင်းရည်က အချိုရည် ထွက်လာပြီဆို ပဲငံပြာရည် အကြည်၊ အနောက်၊ ထန်းလျှက်၊ ငါးငံပြာရည်တိို့ကို ထည့်ပြီး ဆားလိုက ထပ်ထည့်ကာ အရသာ အနေတော်ဖြစ်သည်အထိ ပြုပြင်ပြီး ၅မိနစ်ခန့် ထပ်တည်ထားပါ။
ဟင်းပွဲပြင်ရန်အတွက်ကတော့
စောနက prawn mee soup ကို အရည်တွေချည်းရအောင် စကာကြဲကြဲနဲ့ စစ်ပြီး ဟင်းအိုးအသေးနဲ့ ခွဲတည်ပါ။
ခေါက်ဆွဲ၊ ကန်ဇွန်းရွက်၊ ပဲပင်ပေါက်တို့ကို စကာနှင့် ထည့်ပြီး prawn mee soup ထဲထည့် ဖျောပြီး
ခေါက်ဆွဲ ပျော့လာရင် စားမည့် ပန်းကန်ထဲ ထည့်ပြင်ပါ။
ပုဇွန်ခွာထားတာ၊ ဝက်သားလှီးထားတာနှင့် fish cake လှီးထားတာတွေကိုလည်း တစ်ခုချင်းစီ စီပြီး လှပအောင်ပြင်ဆင်ထည့်ပါ။
နောက်ဆုံးမှ soup ကို ခေါက်ဆွဲ အသားတွေပေါ်မှ အသာလောင်းချကာ စားချင်စဖွယ် prawn mee ကို အရသာရှိစွာ စားနိူင်ပါပြီ။
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
Delete