Tuesday, February 11, 2020

Egg and cheese tortilla

Image may contain: food
ဂျူဂျူ လုပ်ကျွေးတာ စားလို့ကောင်းသား၊
သူလုပ်တာကြည့်တာ လုပ်ရတာလဲ ပျော်စရာကြီး။
ပထမဆုံး ကြက်ဥ ၂ လုံးကို ဆား၊ ငရုပ်ကောင်းနဲ့ ရော ခေါက်ပြီး မီးအေးအေးနဲ့ ဒယ်အိုးအပြည့် အပြားလိုက်လေးဖြစ်အောင် ကြော်လိုက်တယ်၊
ကြက်ဥမကျက်တကျက်မှာ wrap လေးကို အပေါ်က အုပ်လိုက်တယ်၊
ကြက်ဥနဲ့ wrap နဲ့ကပ်သွားရင် wrap ကို အောက်ရောက်အောင် (flip) လှည့်လိုက်တယ်၊
ပြီးတော့ shredded cheese ကို ကြက်ဥပေါ်မှာ အပြည့်ဖြူးလိုက်ပြီး မုန့်ကို တစ်ဝက်ခေါက်ချ လိုက်တယ်၊
ခေါက်ပြီး ဟိုဖက်ဒီဖက် မီးလေးကျွမ်းအောင် မီးအေးအေးလေးနဲ့ ထပ်တည်လိုက်ပြန်တယ်၊
Cheese လေးတွေ ပျော်ပြီး ကော်ကပ်သလို ဖြစ်သွားရင် ချပြီး လှီးလို့ရပါပြီ။
BBQ sauce လေးနဲ့စား ၊
အားပါး ကောင်းမှကောင်း၊
...
ဘေးသဝိုင်း
BBQ sauce လေး တင်တာ အမေ့လက်ရာ။ ဟင်း .. ဟင်း ဘာရမလဲ။ 😁

Image may contain: foodImage may contain: food and indoor

Image may contain: food


Image may contain: food


Image may contain: food

Thursday, February 6, 2020

ကြက်ကချင်ချက်


Image may contain: food























ကြက်ကချင်ချက် ချက်နည်း ကို ရေးပြီးသားမှတ်လို့ facebook မှာ memory ပေါ်လာတော့ ဒီဘလော့ဂ်ထဲ လိုက်ရှာမိတယ်၊ ရှာမတွေ့မှ မရေးရသေးဖူးပဲဆို ဒီထဲမှာ လာမှတ်သားပါတယ်၊

ကြက်ကချင်ချက် ချက်ဖို့ရာ အိမ်မှာ ပင်စိမ်းတွေကလဲ တော်တော်ရင့်နေတော့ အတော်ပဲ၊ မျှစ်ကလဲ တစ်ဗူး အိမ်မှာ အဆင်သင့်၊ ကြက်ပေါင်တွေကလဲ တစ်ကေဂျီ ဝယ်ထားတော့ ချက်ရုံပဲ။

လူ ၃-၄ ယောက်စာခန့် ကြက်ကချင်ချက် အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့

ကြက်တစ်ခြမ်း (သို့) ကြက်ပေါင် တစ်ကေဂျီ
မျှစ် တစ်ဗူး (၄၀၀  ဂရမ်ခန့်)
ပင်စိမ်းရွက် လက်တွင်း တစ်ဆုတ်
နံနံ ပင် တစ်စီး
ငရုပ်သီးစိမ်း ၅ တောင့်ခန့်
ငရုပ်သီးခြောက်အပွ ၈ တောင့်ခန့်
ကြက်သွန်ဖြူ ၈ မွှာ
ဂျင်း လက်တစ်ဆစ်ခန့်
ဆီ စားပွဲဇွန်း ၆ ဇွန်းခန့်
ချဉ်စော်ခါးသီးခြောက် အနည်းငယ်
(မရှိတော့ မုန်ညင်းချဉ်ထဲက အချဉ်ရေထည့်ပါတယ်၊ ရှာလကာရည်၊ သံပုရာရည် ချဉ်တာ ထည့်နိူင်ပါတယ်)

ပထမဆုံး အနှစ်အတွက် ငရုပ်သီး ကြက်သွန်ဖြူ ၊ ဂျင်းတွေကို ထောင်းထားပါ။ ငရုပ်သီးက ခွဲခြမ်း မညက်တညက်ဆို ပိုကောင်းပါတယ်၊
ကြက်သားကို ပုံမှန်ထက် အတုံးအနည်းငယ် သေးတုံးပြီး ဆနွင်းမှုန့်အနည်းငယ် ၊ ဆားသင့်ရုံ၊ ငရုပ်သီးထောင်းထားတဲ့ အနှစ်နဲ့နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ပင်စိမ်းရွက်၊ နံနံ၊ မျှစ် ၊ ငရုပ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ၊

ဆီကို အိုးဇောက်နက်နက်ထဲ ထည့်တည်၊ ဆီပူလာရင် ကြက်သားနယ်ထားတာကို ဆီသတ်ပါတယ်၊ ကြက်သားရေကုန်ရင် ရေမြုတ် အောင်ထည့်ပြီး မျှစ်ပါထည့်တည်လိုက်ပါတယ်၊
ကြက်သားကျက်ပြီဆိုတာနဲ့ အချဉ်ရည်ထည့်၊ ပင်စိမ်း၊ နံနံ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာထည့်ပါ၊
 ဆား ၊အချဉ်၊အချို ညှိ ဟင်းကို ပြင် ၊ ရေလိုရင်ထပ်ထည့်ပြီး ရေဆူတဲ့ အထိ ထပ်တည်လိုက်ရင် ချက်ရလဲလွယ်၊ စားလို့လဲ အင်မတန် ခံတွင်းတွေ့တဲ့ ကြက်ကချင်ချက် ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေး ရပါပြီ။

Image may contain: food


Monday, August 5, 2019

ယနေ့ နံနက်စာ မုန့်ပြားသလက်

Image may contain: food
မုန့်ပြားသလက် လုပ်မယ်ဆို ဘလော့ထဲ အရင်ရှာတာ၊ ရေးပြီးသားများ ရှိမလားလို့။
 မတွေ့တော့မှ မရေးရသေးပါလားဆို သတိရ။ ခုတော့ ကမန်းကတမ်းလေး ရေးလိုက်ပါပြီ။
မုန့်ပြားသလက်လုပ်နည်း (၁၀ခုစာခန့်)
100 Gram Rice Flour - Free Postage - Quality Made

Image result for dry yeast


ဆန်မှုန့် ဆန်ချင်ခွက် ၅ဗူး ကို ရေ ကြက်သီးနွေး ၆ဗူး (ဆန်မှုန့်ကို ချင်ရင် ခွက်ထဲကို သိပ် မထည့်ပါနဲ့)

Dry yeast လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်ဥ တစ်လုံးတို့ကို ရောပြီး နှံ့အောင် ကြက်ဥခေါက်တံနဲ့ နာနာမွှေပေးပါ။ ပြီးရင် တစ်ည သိပ်ထားပါ။ ချက်ချင်းစားရင်လဲ ရပေမဲ့မုန့်က သိပ်မပွပဲ နေပါ့မယ်။
နောက်နေ့မနက်ကျမှ non-sticker ဒယ်အိုး (သို့) ဆီ၀နေတဲ့ သံဒယ်အိုးထဲကို ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဆီနှံ့သွားအောင် ဒယ်အိုးကို စောင်းပြီး လှည့်လိုက်ပါ။
မီး medium အနေတော်မှာ ဆီက မီးခိုးတွေထွက်လာပြီး ဆီကျက်သွားရင် ယောက်ချိုဇွန်းခပ်လတ်လတ်နဲ့ မုန့်နှစ်ကို မွှေခပ်လိုက်ပြီး စောနက ဆီထဲ လောင်းထည့်ပါ။ မုန့်ပစ်သလက် တစ်ခုစာလောက် မှန်းထည့်ပါ။ 
ပဲပြုတ်နဲ့ နံနံ ကြက်သွန်မြိတ် ပါးပါးလှီးထားတာလေးတွေ အပေါ်က ဖြူးပြီး အဖုံးအုပ်ထားလိုက်ပါ။


Image may contain: food
No photo description available.
ခဏနေရင် ဆီသုပ်ရအောင် ဆီခွက်လေး ဘေးမှာချပြီး ဇွန်းလေးနဲ့ မုန့်ပြားသလက် ဘေး၊ အပေါ်ကနေ ဆီသုပ်ပေးပြီး ပြန်အဖုံးအုပ်ထားပါ။ ဆီ ၀၀ သုပ်ပေးရပါတယ်။ တစ်ခုကို ဆီ လဖက်ရည်ဇွန်း ၃ဇွန်းလောက် ရှိမယ်။
မုန့်သားလေးတွေ ပွလာပြီ။ အဖြူရောင်ပျောက်ပြီဆိုချပြီး စားလို့ရပါပြီ။
(မုန့်နှစ် ပျစ်နေတယ်ထင်ရင် ရေထပ်ရောနိူင်ပါတယ်။ ဆန်မှုန့် အနေအထားပေါ်မူတည်ပြီး မုန့်နှစ်က အတိအကျ မရလို့ပါ။) 
Image may contain: food
အပေါ်က နှမ်းနဲ့ ဆားရောထောင်းထားတာလေး ဖြူးဖို့ မမေ့နဲ့ ဦးနော်။


Image may contain: food
Image may contain: food



Monday, July 29, 2019

Takoyaki လုပ်စားရအောင်

Image may contain: food
Takoyaki လူ ၃ယောက်စာ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

မုန်နှစ်ဖျော်ရန်အတွက်
၁) ဂျုံမှုန့် Wheat Plain flour - 2 cup
၂)  ရေ  ကြက်သီးနွေး  - Luke warm water- 720 ml
၃) ကြက်ဥ - Egg - 4 - ၄ လုံး
၄) ပဲငံပြာရည် အကြည်ရေ လဖက်ရည်ဇွန်း - Light  soy sauce - 2 tea spoon
၅) Dried bonito flakes - 1 gm (ညက်နေအောင်ချေထားပါ)
၆) Yeast - 1/4 tea spoon - လဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
၇) ဆား - salt - 1/2 tea spoon - လဖက်ရည်ဇွန်း တစ်ဝက်
အထက်ပါ  ပစ္စည်းအားလုံးကို ရောပြီး ကြက်ဥမွှေတံနှင့် နာနာခေါက်ထားပါ။ Mix well above all ingredient.
 
မုန့်လုပ်ရန်အတွက်, to make Takoyaki
၁) Octopus - 500 gm (ပြုတ်ပြီး  တစ်စင်တီမီတာပတ်လည် အတုံးလေးတွေ တုံးထားပါ။) dice small pieces
၂) ကြက်သွန်မြိတ် Spring onion - 3 pcs - ၃ ပင်ခန့် (ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ) small slice
၃) Pickled red ginger - 2 table spoon (ဂျင်းလေးတွေကို ပုံမှာပြထားတဲ့အတိုင်း သေးသေးလေးတွေ လှီးထားပါ)
၄) ဆီ - oil - စားပွဲဇွန်း ၅ဇွန်းခန့် - 5 table spoon
sausage ကြိုက်တတ်ရင် ထည့်လို့ရပါတယ်။  ပုံထဲက Octopus က ဟိုနေ့က လက်ကျန်လေးပါ။

Image may contain: food

ပွဲပြင်ရန်အတွက်, for preparation 
၁) Dried bonito flakes - 4 gm
၂)  Takoyaki Sauce (Tonkatsu sauce/Okonomi sauce)
3) Japanese mayonnaise
No photo description available.
Image may contain: drink


ပထမဆုံး မီးကို အနေတော် (Medium) နဲ့ Takoyaki မုန့်လုပ်မည့်အိုးကို ပူအောင်တည်လိုက်ပါ။ (Takoyaki အိုးက မြန်မာတွေ လုပ်တဲ့ မုန့်လင်မယား အိုးနဲ့ တူတူပါပဲ။)
ဆီလေးတွေ အနည်းငယ်စီ မုန့်ခွက်ကလေးတွေထဲကို လောင်းထည့်ပါ။
မုန့်နှစ်တွေကို မုန့်ခွက်လေးတွေအပြင် အပေါ်တွေပါ ပြည့်သွားအောင် အသာလောင်းထည့်ပါ။
မီးကို နဲနဲအေးအောင် ထားလိုက်ပါ။ မုန့်ခွက်ထဲက မုန့်တွေ အရမ်းကျက်ပြီး တူးသွားမစိုးလို့ပါ။
မီးအေးပြီးမှ မုန့်ခွက် တစ်ခုချင်းဆီထဲကို Octopus လှီးထားတာလေးတွေ တစ်ခုစီ (သို့) ၂ခုစီလောက်ထည့်ပါ။
pickle ginger နဲ့ ကြက်သွန်မြိတ်လှီးထားတာလေးတွေကို မုန့်တစ်အိုးလုံး အနှံ့ဖြူးပါ။
Pickle ginger က အချဉ်ဓာတ်ပါလို့ အနည်းငယ်သာထည့်ပါ။

မုန့်လေးတွေ မုန့်ခွက်လေးထဲက အောက်ခြေမှာ ကျက်ပြီဆို တူလေးနဲ့ အသာထိုးကော်ပြီး တစ်စောင်းလေးတွေ အရင်ထားပြီး လုံးလာအောင် တဖြေးဖြေး ကျက်တဲ့ဖက်ကို လှည့်ပေးပါ။ တူ၂ချောင်းကိုသုံးပြီး လှည့်ပေးတာ အလွယ်ဆုံးနည်းပါ။

မုန့်တွေ ခြောက်ပြီး ကပ်လာလို့ ဆီအနည်းငယ်ကိုလဲ လောင်းပေးပါ။
နောက်ဆုံးမှာ မုန့်လေးတွေလဲ လုံးလာပြီး ကြွပ်လာပြီ ရွှေဝါရောင်လေး ဖြစ်လာပြီဆို ချလို့ရပါပြီ။
အိမ်က အိုးလေးက တစ်ခါလုပ် ၁၂လုံး ရပါတယ်။
Image may contain: food

Image may contain: food
ပွဲပြင်ဖို့အတွက် Takiyaki ball လေးတွေကို ပန်းကန်ပြားထဲမှာ စီထည့်လိုက်ပါ။
အပေါ်ကနေ takiyaki sauce နဲ့ Japanese mayonnaise တွေကို လှအောင် လေးထောင့် အကွက်ပုံလေးဖော်ပြီး ဖြူးလိုက်ပါ။
နောက်ဆုံး  Dried bonito flakes လေးတွေ ဖြူးလိုက်ရင် စားချင့်စဖွယ် Takoyaki Ball လေးတွေ ဖြစ်သွားပါပြီ။

Image may contain: food


Sunday, March 24, 2019

တရုတ် စတိုင် ဝက်သား မှို အချိုချက်

Image may contain: food
ဒီနေ့ ညနေ ချက်စား ဖြစ်တဲ့ ဟင်းလေးပါ။ ဆီလဲမပါပဲ စားလို့အရမ်းကောင်းလို့ နောက်ချက်ရင် မှတ်မိအောင်  ချက်နည်းလေး လာမှတ်ထားပါတယ်။

လူ ၅ယောက်စာခန့် လိုအပ်တဲ့ ပစ္စည်းတွေက
ဝက်သား အဆီ အသား - တစ်ကေဂျီ
ကြွက်နားရွက်မှို - ၁၅ ခုခန့်
Shiite mushroom - ၅ပွင့်ကို ရေစိမ်ပြီး ထပ်ခြမ်းခြမ်းထားပါ။
ပဲလိပ် - ၂ချောင်းခန့် ၄ပိုင်းချိုးပြီး ရေစိမ်ထားပါ။
ကြက်ဥ ၆ လုံး - ရေ မြုတ်အောင်ထည့်ပြီး မိနစ် ၂၀ခန့်ပြုတ်ပြီး ခွာထးပါ။
ကြက်သွန် ဥသေး - ၆ဥခန့် - အခွံနွှာထားပါ။

ဆီသတ်ရန်အတွက်
ဂျင်း - ပါးပါး ၆လွှာခန့်
ကြက်သွန်ဖြူ - ၁၀ မွှာခန့် - ဓားပြားရိုက်ထားပါ။
နာနတ်ပွင့် - star anise - ၃ပွင့်ခန့်
သကြား - 2 table spoon
ဆီ -  2 table spoon

sauce အတွက်
တရုတ် မဆလာ - 5 spice powder - 1 tea spoon
ငရုပ်ကောင်း မှုန့် - white pepper - 1  tea spoon
ပဲငံပြာရည် - အကြည်ရည် - 6 table spoon
ပဲငံပြာရည် - အနောက်ရည် - 2 table spoon
သကြား - 2 table spoon
ခရုဆီ - oyster sauce - 2 table spoon
တရုတ်ဟင်းချက်ဝိုင် - 2 table spoon
--------------------------------------------------------------
 ပထမဆုံး ဝက်သားကို သန့်စင်ပြီး အိုးတစ်လုံးထဲ  ရေအေး မြုတ်အောင်ထည့်၊ မီးအနေတော်နဲ့ ရေဆူလာအောင်တည်လိုက်ပါ။
ရေ စ ဆူတာနဲ့ ဝက်သားကို ထုတ်လိုက်ပြီး ရေခပ်အေးအေးနဲ့ဆေးချပါ။
ပြီးရင် တစ်လက်မခွဲ ပတ်လည် အတုံးခပ်ကြီးကြီတွေ တွုံးထားပါ။
ဆီသတ်မဲ့ ဒယ်အိုးထဲကို ဆီထည့် ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်တွေ ထည့်ပြီး ဆီသတ်ပါ။
အနံ့ အနည်းငယ်သင်းလာရင် သကြား ၂ဇွန်းထည့်ပြီး မွှေပေးပါ။
နီညိုရောင်သန်းလာရင် ဝက်သားထည့်ပြီး မွှေပေးပါ။
ဝက်သားတွေ အရည်ကုန်သွားရင် အပေါ်က ဆော့စ် ဖောျ်ထားတာထည့်မွှေပေးပါ။
ရေ ဝက်သားမြှုတ်အောင်ထည့်ပြီး ဆူပွက်သည်အထိ တည်ပေးပါ။

ပြီးရင် slow cooker ထဲ ပြောင်းထည့်ပြီး  တည်ရပါမယ်။
slow cooker တစ်နာရီခန့်ကြာရင် မှိုတွေ၊ ကြက်ဥတွေ၊ ပဲလိပ်တွေ အားလုံးကို အရည်ထဲ အားလုံးမြုတ်အောင် ထည့်ပြီး နောက်ထပ် ၂နာရီခန့်တည်ရပါမယ်။
ချခါနီး စိတ်ကြိုက် အပေါ့ အငံအချို ပြင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ တရုတ် ဝက်သားမှိုဟင်း ရပါပြီ။




မုန့်လင်မယား

Image may contain: food
ဆရာ Eric ရဲ့ နည်းနဲ့လုပ်ထားတာ။
ဆရာရဲ့ video က ရှည်လွန်းလို့ အမြန်နည်း ရေးပေးလိုက်ပါတယ်။
အချိုမှုန့်မပါ၊ ဆော်ဒါမပါတာ ကြိုက်လို့ သူ့နည်းအတိုင်း လုပ်ကြည့်တာပါ။

မုန့်လင်မယားလုပ်နည်း (ဆရာ Eric နည်း)
ဆန်မှုန့် တစ်ခွက် ၊ ပဲမှုန့် တစ်ဇွန်း၊ ကောက်ညှင်းမှုန့် တစ်ဇွန်း၊ အကြော်မှုန့် တစ်ဇွန်းကို ရောပြီး စကာ အရင်ချပါ။
ပြီးရင် ရေ ကြက်သီးနွေး တစ်ခွက် နဲ့ အရင်ရောပြီး ကြက်ဥခေါက်တံနဲ့ တစ်ဖက်တည်းကို လှည့် မွှေပေးပါ။
ဆား လက်ဖက်ရည် ဇွန်းဝက်လျော့လျော့ ကိုလည်း ထည့်မွှေပေးပါ။
ကြက်သွန်မြိတ်ကိုလည်း ပါးပါးလေးတွေ လှီးပြီး မုန့်နှစ်ရည်ထဲ ထည့်မွှေပါ။
ရေ အရမ်းပျစ်နေရင် အခြေအနေကြည့်ပြီး ရေအနည်းငယ် ထပ်ထည့်နိူင်ပါတယ်။
မုန့်လုပ်တော့မယ်
မုန့်လင်မယား အိုးကို မီးအနေတော်နဲ့ တည်၊ ဆီအနည်းငယ်စီထည့် ၊ ဆီကျက်လာရင် မုန့်နှစ်ထည့်၊ ပဲပြုတ်ကို အပေါ်က ၄- ၅ စေ့လောက်ဖြူးပြီး ၃မိနစ်ခွဲလောက် စောင့်ရင် မုန့်လင်မယားလေးတွေကို ကော်လို့ရပါပြီ။
ကြွပ်ရွနေတဲ့ မုန့်လေးတွေကို ဆားနဲ့ နှမ်းရော ထောင်းထားတာလေးနဲ့ ဖြူးစားပါတယ်။
အင်မတန်အရသာရှိတဲ့ မြန်မာ့ရိုးရာ မုန့်လေးပါ။
(အန်တီဆွိက မုန့်မကြွပ်မှာ စိုးရိန်လို့ ကြက်ဥ ခေါက်ထားတာ တစ်ဇွန်းရယ် ၊ yeast 1/4 teaspoon ထည့်ထားပါတယ်)
ခွက် = အနောက်တိုင်း အတိုင်းအတာ 1 cup ပါ။
ဆရာ Eric ရဲ့ မူရင်း video file

Monday, March 4, 2019

Hot Plate Tofu (သို႔) Tie Ban Tofu

 Image may contain: food
ပြီးခဲ့တဲ့ အပတ်က စင်္ကာပူမှာတုံးက ကျဲပန်တို့ဟူးဆိုပြီး မှာစားရတဲ့ တို့ဖူးကြော်လေး အိမ်မှာ လုပ်စားတယ်။
ချက်နည်းမေးတဲ့ သူတွေအတွကေ်ရာ နောက်တစ်ခါချက်ရင် မှတ်မိအောင် ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

ကျဲပန်တို့ဟူး ၆ယောက်စာအတွက်
- ဝက်သား အကြေ -  ၃၅၀ ဂရမ် - ပြောင်းဖူးမှုန့်တစ်ဇွန်း ၊နှမ်းဆီ၊ ပဲငံပြာရည် အကြည်ဇွန်းဝက်၊           ငရုပ်ကောင်းမှုန့် အနည်းငယ် တို့နှင့်နယ်ထားပါ။
- ပုဇွန် - အကောင် အလတ် ၁၀ကောင်ခန့် - အခွံတွေ အားလုံးနွှာပြီး ဗိုက်ခွဲ သန့်ရှင်းထားပါ။
- silken egg tofu - ၄ ခု  - ၁ စင်တီလောက်အထူလေးတွေ လှီးထားပါ။
- ကြက်ဥ ၄လုံး - ငရုပ်ကောင်း၊ ဆားအနည်းငယ်ထည့်ပြီး နာနာ ခေါက်ထားပါ။
- ရွှေပဲသီး - ၂၀ တောင့်ခန့် - အတောင့်လိုက်ကို အနား၂ဖက် ဖြတ်ထားပါ။
- baby corn - ၁၀ ခုခန့် -  ထပ်ခြမ်းခြမ်းထားပါ။
- မှို - ၈ ခုခန့် - လေးစိပ်စိပ်ထားပါ။
- မုန်လာဥနီ - နှစ်ဥ - အဝိုင်းလိုက် ပါးပါး လှီးထားပါ။
 - ကြက်သွန်မြိတ် - ၃ ပင်ခန့် - ပါးပါးလေးတွေ လှီးထားပါ။
- ဂျင်း - တစ်စင်တီလောက်အထူ -  ညက်ညက်ထောင်းထားပါ။
- ကြက်သွန်ဖြူ - ၅ မွှာခန့် - ညက်ညက်ထောင်းထားပါ။
 - ကော်မှုန့် တစ်ဇွန်းခွဲ - ရေ တစ်ခွက် နှင့် ဖျော်ထားပါ။

- chilli bean suace -  ၂ ဇွန်း
- ပဲငံပြာရည် အကြည်ရည် - နှစ်ဇွန်း
- တရုတ်ဟင်းချက်ဝိုင် - နှစ်ဇွန်း
- ခရုဆီ - တစ်ဇွန်း
- သကြား -  တစ်ဇွန်းခန့်
- ဆီ - ၂ ဇွန်း ခန့်

( ဇွန်း = စားပွဲဇွန်း)

-ပထမဆုံး ဒယ်အိုးထဲမှာ တို့ဟူးလှီးထားတာကို ဆီမြုတ်အောင် ထည့်ပြီး ကြော်လိုက်ပါ။
 အပေါ်ရံတွေ အနည်းငယ် ကြွပ်ပြီး တင်းလာရင် ဆယ်ပြီး ဆီစစ်ထားပါ။

- ပြီးရင် အသားနဲ့ ဟင်းရွက်တွေကို ကြော်ပါမယ်။
 ဒယ်အိုးထဲကို ဆီတစ်ဇွန်းခန့်ထည့်ပြီး ဂျင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပါ။
အနည်းငယ်အညိုရောင် သန်းလာရင် ဝက်သားအကြေကို ထည့်ပြီး ကြော်ပါ။
 ဝက်သား အရည်တွေကုန်ပြီး အနံ့မွှေးလာရင် ပုဇွန်နဲ့ အသီးအရွက်တွေ ထည့်ကြော်ပါ။
 Black bean chilli sauce၊ ပဲငံပြာရည် အကြည်ရည်၊ သကြား၊ ခရုဆီ အစရှိတာတွေကိုလည်းထည့်ပြီး မွှေပေးပါ။
အသီးအရွက်တွေ ကျက်ရင် ကော်ရည်လောင်းထည့် အပေါ့အငံ အရသာမြည်းကြည့်ပြီး လိုတာ ထပ်ထည့်ပြီး ကိုယ့်စိတ်ကြိုက်ပြင်ပါ။
 
- အသားတွေနဲ့ ဟင်းရွက်တွေ ချက်နေတုံးမှာပဲ တပြိုင်နက်တည်း တခြား မီးဖိုတစ်ခုနဲ့ hot plate ကို ဆီအနည်းငယ် သုပ်ပြီး မီးပြင်းပြင်းမှာ ပူကျက်နေအောင် အပူပေးပါ။
 ပူလာရင် မီးပိတ်ပြီး အပေါ်က ကြက်ဥ  လောင်းထည့်ပါ။
 ကြက်ဥတွေ ပြန့်သွားအောင် ဒယ်အိုးကို လှည့်ပေးပါ။ ကြက်ဥတွေ ကျက်သွားရင် အပေါ်ကနေ တို့ဟူးတွေကို အရင်စီထည့်ပါ။
 ပြီးမှ စောနက ချက်ထားတဲ့ အသီးအရွက်နဲ့ အသားတွေကို အပေါ်ကနေလောင်းချ၊ ကြက်သွန်မြိတ်ပါးပါး လှီးထားတာဖြူးပြီး စားနိူင်ပါပြီ။
တစ်ခါစားပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ အင်မတန်မှ အနံ့အရသာနဲ့ပြည့်စုံတဲ့ Hot plate tofu (သို့့) ကျဲပန်တို့ဟူး ဖြစ်ပါတယ်။