Monday, November 30, 2020

စင်္ကာပူစတိုင် Fried fish soup

 


စင်္ကာပူစတိုင် Fried fish soup အတွက် လိုတဲ့ ပစ္စည်းတွေက (လူ ၅ယောက်စာ အတွက်)

Ling fish  fillet (သို့) Basa fillet  (ငါးအသားချည်း )  - ၅၀၀ ဂရမ်

အကြော် မှုန့် - စားပွဲဇွန်း ၃ဇွန်းခ့န်

ငရုပ်ကောင်းမှုန့် (white pepper) အနည်းငယ်

ပဲပြား (soft tofu) - ၂ခုခန့်

ခရမ်းချဉ်သီး - ၂လုံး

ဆလတ်ရွက် တစ်ထုတ် (Iceberg lettuce )

မုန်ညင်းဖြူရွက် တစ်စည်း (Choy Sum)

ကြက်ဟင်းခါးသီး အထူသီး တစ်လုံး- အစေ့ ထုတ် ပါးပါးလှီး

ကြက်သွန်မြိတ် (Spring Onion)

နံနံ (Coriander) 

ကြက်သွန်နီကြော် 

‌ရေညှိ ခြောက်

 နန်းလတ် မုန့် တီ အစို (မရှိရင်) အခြောက် တစ်ထုပ် (jiangxi rice stick)  

ကြိုက်တတ်ရင် ငနီတူငါးခြောက်ကြော် ကိုလည်း အဆင်သ့ ပြင်ဆင်ထားပါ။

-----------------------------------------

ဟင်းချို အတွက်

ငါးရိုး ၅၀၀ ဂရမ် (မရလျှင်) ဆယ်လ်မွန် ငါးရိုး - 1 kg

ငါးနီတူငါးခြောက်  ၂၀ ကောင်ခန့်  (ikan bilis )

ပဲပိစပ် (Soy bean) -1 cup

ဂျင်း အနည်းငယ်

နွားနိူ့ အနည်းငယ်

-----------------------------------------------























မုန့်ဖတ် ပြုတ်ရန်

မုန့်ဖတ်အခြောက်ဆို ပြုတ်ပြီး ရေစစ်၊ အဆင်သင့်ဖြစ်အောင် အအေးခံထားပါ။


ဟင်းချို ပြင်ဆင်ခြင်း

ပထမ ဆုံး ငါးရိုးနဲ့ ငါးခေါင်း တွေကို အညှိ အချွဲတွေပျောက်အောင် ဆားနဲ့ နယ်ပြီး ရေ ၃-၄ ခါလောက် ဆေးချပါ။

အညှိတွေ ပျောက်သွားရင် ငါးနီတူ၊ ပဲပိစပ်၊ ဆား ၊ ဂျင်း ပါးပါးလှီးထားတာ ၃-၄ ပြားလောက်ထည့်ပြီး ရေမြုတ်အောင် ၄၅ မိနစ်ခန့်ပြုတ်ပြီး အချိုရည်ရအောင် ယူထားပါ။ 

ပြီးရင် နွားနို့ အနည်းငယ် ရော၊ ဆူပွက်နေအောင် ပြန်ကျိုပြီး ဟင်းချိုကို အပေါ့ အငံ အချို အနေတော်် ဖြစ်အောင်ပြင်ထားပါ။


အခြား ingredient များ ပြင်ဆင်ထားရန် 

ငါးအသားကို လက်တစ်လုံးခန့် အထူလေးတွေ လှီးပြီး ဆား (အနည််းငယ်သာ) ငရုပ်ကောင်း မှုန့်တို့နှင့် နယ်ထားပါ။

ပြီးရင် အကြော် မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ငါးအသားလွှာ တစ်ခုလုံးနစ်အောင် နှစ်ပြီးမှ  ကြွပ်‌ ‌နေအောင် ကြော်ပြီး ဆီစစ်ထားပါ။

ပဲပြားကို လက်မဝက်ပတ်လည် အတုံးလေးတွေ တုံးထားပါ။

ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ။

ဆလတ်ရွက်ကို အရွက်လေးတွေ ခွါထားပါ။

မုန်ညင်းရွက်ကို နှစ်လက်မ အရှည်လေးတွေ ဖြတ်၊ ကြက်ဟင်းခါးသီးကိုလည်း အစိမ်းရောင် မပြတ် ‌ရေ‌နွေး ဖျောပြီး စစ်ထားပါ။

ကြက်သွန်မြိတ် နံနံပင်ကို ပါးပါးလှီးထားပါ၊


ပွဲပြင်ရန်အတွက်

ပထမဆုံး ဇလုံခပ်ကြီးကြီးထဲကို ဆလတ်ရွက်အလွှာတွေ ကို ခင်းလိုက်ပါ။

အပေါ် ကနေ မုန့်ဖတ် ကို သင့်တော် သလိုထည့်ပါ။

 ပဲပြား၊ ခရမ်းချဉ်သီး၊  ရေညှိ၊  မုန်ညင်းရွက်၊ ကြက်ဟင်းခါးသီး ငါးကြော် အစရှိသည်တို့ကို မုန့်ဖတ်ပေါ်ကနေ လှအောင် စီထည့်ပြီး ဟင်းချို ပွက်ပွက်ဆူကို ဇွန်းနဲ့ လောင်းထည့်ပါ။

အပေါ်ကနေ နံနံ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီကြော်ဖြူးပြီး စားနိူင်ပါပြီ။

ကြိုက်တတ်ရင် ငနီတူကြော်ကိုလည်း ထည့်စားနိူင်ပါတယ်။

အလွန် အရသာရှိတဲ့ fried fish soup ဖြစ်ပါတယ်။





(ပုံအချို့ကို google မှ ယူပါတယ်၊ credit to original uploader)

Thursday, November 5, 2020

Singapore စတိုင် Carrot cake လုပ်နည်း



စင်္ကာပူမှာ fried carrot cake ဆိုတာ သိပ်နာမည်ကြီးပြီး စားလို့လဲ သိပ်ကောင်းတာ။ အိမ်က ဂျူဂျူလေးက သိပ်ကြိုက်လို့ ဒီရောက်မှ ခဏခဏ လုပ်စားဖြစ်နေတာ။ Carrot cake ဆိုပေမဲ့ မုန်လာဥနီလုံးဝ မပါပဲ radish - မုန်လာဥ အဖြူနဲ့ ပဲ လုပ်တာသာဖြစ်ပြီး မြန်မာပြည်က အော်််််််််််််််််််််််ကေ့ကြည်လုပ်နည်းနဲ့ တူတူပါပဲ။
လုပ်နည်းလေး အမှတ်တရဖြစ်အောင် မှတ်တမ်းလေး ရေးထားပါမယ်။
Fried Carrot cake ၆ ပွဲစာလောက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတေ့ာ့့ ...
မုန်လာဥ ၆၅၀ ဂရမ်
ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ၆ မွှာခန့် နုတ်နုတ်စင်းထားပါ
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
--------------
မုန့် အနှစ်အတွက်
300 gm rice flour
60 gm corn starch
1 ½ cup (350 ml) chicken broth
½ cup water (125 ml)
1 tsp sugar
1 tsp salt
------------
ရေနွေးငွေ့နဲ့ ပေါင်းဖို့ အတွက် အဆင်သင့် ပြင်ရန်
- ဆီသုပ်ထားသော လေးထောင့် ဖန်လင်ပန်း (သို့) စတီးလင်ပန်းကို အဆင်သင့်ပြင်ထားပါ။
- အိုးစောက်နက်နက်ထဲကို ရေ ၄လက်မလောက်ထည့်ဆူအောင်တည်ပြီး အပေါ်က သံစကာတင်ထားပါ။
------------
ပထမဆုံး မုန်လာဥနီ ကို အခွံခွါ ခြစ်နဲ့ ခြစ်ထားပါ။
မုန့်အနှစ်ကိုလည်း အားလုံးရောပြီး ဖျော်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ရင်၊
ဒယ်အိုးအကြီး တစ်လုံးကို မီး အနေတော်နဲ့ အပူပေး ဆီထည့် ပူလာရင် ကြက်သွန်ဖြူနဲ့ ဆီသတ်ပါ။
ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာရင် ပုဇွန်ခြောက်မှုန့်ထည့်မွှေပါ။
ပြီးရင် မုန်လာဥခြစ်ထားတာတွေ ထည့်ကြော်လိုက်ပါ။
မုန်လာဥက အရည်တွေ ထွက်လာရင်လည်း အသာလေး မွှေပေးနေပါ။
၄မိနစ်လောက် မွှေပြီးသွားရင် စောနက ဖျော်ထားတဲ့ မုန့် အနှစ်ကို ထည့်ပြီးး အဆက်မပြတ်မွှေပေးပါ။
မုန့်နှစ်တွေ အရမ်းကိုပျစ်ပြီး ခဲလုနီးပါးဖြစ်သွားပါလိမ့်မယ်။
အဲဒီအချိန်မှာ မုန့်တွေကို စောနက ဆီသုပ်ထားတဲ့ ဖန် လင်ပန်းဇောက်နက်နက်ထဲ လောင်းထည့်ပြီး အပေါ်က ဆီနဲ့ အချောသတ်ပေးပါ။
----
ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းဖို့ စောနက ဆူအောင်တည်ထားတဲ့ ပေါင်းအိုးထဲထည့် ပေါင်းအိုးကို အဖုံးအုပ်ပြီး မိနစ် ၂၀ ကနေ ၂၅ မိနစ်လောက် မီးအနေတော်နဲ့ တည်လိုက်ရင် carrot cake ကျက်ပါပြီ။
(သေချာကျက်မကျက် စစ်ချင်ရင် တူတစ်ချောင်းကို မုန့်ထဲထိုးစစ်ကြည့်လို့ မုန့်နှစ်တွေ ကပ်ပါမလာတော့ဘူးဆို ရပါပြီ)
carrot cake ကို ပေါင််းအိုးထဲက ထုတ်ပြီး အပြင်မှာ အအေးခံထား ရင် carrot cake ကြော်စားဖို့ အဆင်သင့်ဖြစ်ပါပြီ။
--------------

Carrot cake ကြော်််််နည်း (တစ်ပွဲစာအတွက်)
ကြက်ဥ ၃လုံး ကို ငရုပ်ကောင်း၊ ဆား အနည်းငယ်ထည့် နှံ့အောင် ခေါက်ထားပါ။
Carrot cake ကို တစ်စင်တီမီတာ ပတ်လည် အတုံးလေးတွေ ဖြစ်အောင် လှီီးထားပါ။
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
ကြက်သွန်ဖြူ တစ်မွှာ နှုတ်နှုတ်စင်းထားပါ။
ကြက်သွန်မြိတ််််််အနည်းငယ် ပါးပါးလှီးထားပါ။
ငါးငံပြာရည်် အနည််းငယ်
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် 1/2 tsp

---------------
ပထမဆုံး မီးပြင်းပြင်းမှာ ဒယ်အိုး တည် ဆီထည့် carrot cake ရယ် ကြက်သွန် ဖြူနုတ်နုတ်စင်းထားတာရယ်ထည့် ပြီး carrot cake လေးတွေ မီးအနည်းငယ် ကျွမ်းသည်အထိ ဆီ ပူကပ်ထားပါ။


၃မိနစ်လောက်ကြာရင် ခေါက်ထားတဲ့့ ကြက်ဥ ထည့်ကြေ်ပါ။
ကြက်ဥ ကျက်လို့ ခဲလာရင် ပြန် မွှေ ပြီး ငါးငံပြာရည်၊ ပဲငံပြာရည် အကြည် အနောက်တို့ကို မိမိ စိတ်ကြိုက်အရသာရအောင် ကြိုက်သလို ထည့်၊ ကြက်သွန်မြိတ် လေး ဖြူးလိုက်ရင် အနံ့ အရသာနဲ့ပြည့့််် စုံတဲ့ Fried carrot cake ရပါပြီ။












Tuesday, April 21, 2020

မြန်မာ အကြိုက် မဆလာ ကြိတ်နည်း

မြန်မာ အကြိုက် မဆလာကြိတ်နည်း
မဆလာဆိုတော့ ဟိုးအရင် စင်္ကာပူမှာနေတုံးက ကုလားလေး မဆလာသုံးတယ်။ နောက် အဲဒါ သုံးရင်း ဟင်းချက်တိုင်း ဒီအနံ့ဆိုတော့ အနံ့က ငြီးငွေ့လာရော။ အဲဒီတော့ wet market တွေက မလေးဆိုင်တွေမှာ ရောင်းနေတဲ့ မဆလာ အစိုတွေ အရမ်းမွှေးတာ အဲဒါလေးတွေ ဝယ်သုံးတာ အဆင်ပြေလို့ပေါ့။ မျိုးစုံပဲ ဝယ်လို့ရတယ် လတ်လတ်ဆတ်ဆတ်တွေ။
...
ဒီဖက်ရောက်တော့ မဆလာလိုရင် ကုလားဆိုင်က လေးထောင့် စက္ကူဗူးလေးတွေနဲ့ ရောင်းတဲ့ နာမည်ကြီး Shan မဆလာဆိုတာဝယ်တယ်။ သူက ကံစမ်းမဲနှိုက်ရသလိုပဲ။ အစုံပဲ အမျိုးပေါင်း ၃၀ လောက်ကနေ ရွေးရတာ။ ကိုယ်နဲ့ကိုက်မယ်ထင်လို့ ကြက်သားမဆလာတို့၊ ပဲဟင်းမဆလာတို့၊ ဒန်ပေါက်မဆလာ အစရှိသဖြင့် ဝယ်လာ၊ ကြိုက်ပြီဆို မှတ်ထား၊ နောက်တစ်ခေါက်ကျ တွေ့ချင်မှတွေ့တာကိုး။ မတွေ့တော့ ဆင်တူမယ်ထင်လို့ ဝယ်ထားတာတွေက စပ်တဲ့ဟာက အရမ်းစပ်၊ အနံ့တွေကလဲ မကြိုက်နဲ့ အတော်ကို အဆင်မပြေလှဘူး။
...
မနှစ်က ဘုန်းကြီးကျောင်း ဈေးရောင်းပွဲအတွက် မုန့်ရေပါး လုပ်တော့ ဗမာမဆလာလိုတာနဲ့ အသိညီမတစ်ယောက်ဆီက သူမြန်မာပြည်က ယူလာတာဆို ခွဲပေးလာတာ၊ တော်တော်များတယ်။ နောက်အသိ ဆရာဆီကလဲ သူကြိတ်ထားတာဆို ပေးတာရော ၊ နောက် မလေးဆိုင်ကလဲ ဗမာမဆလာနဲ့ အတော်တူတဲ့ curry chicken မဆလာ ဝယ်သေးတယ်။ ဒါနဲ့ ဗမာ မဆလာနဲ့ မပြတ်ဘူး။
...
ဟိုနေ့က ဗယာကြော်လေးတွေ တော်တော်များများ ကြော်လိုက်တာနဲ့ ရှိတဲ့ ဗမာ မဆလာ လက်ကျန်လေးလဲကုန်၊ ကုလားမဆလာ တွေလည်း အရောင်တွေက အနီအဝါတွေ၊ စပ်ကလဲ စပ်လိုက်တာ၊ ဟင်းထဲ ဘယ်လိုမှ ထည့်ချက်လို့ မဖြစ်နိူင်တာနဲ့ ဒီနေ့ ပန်းသေးခေါက်ဆွဲလေး ချက်ဖို့ရာ ကိုယ့်တိုင် စမ်းကြိတ်ကြည့်ဦးမယ်ဆို ကြိတ်ဖြစ်သွားတာ။
....
အိမ်မှာ ဒန်ပေါက်က မကြာခဏ ချက်နေတော့ ဝယ်ထားတဲ့ spice တွေကလဲ အသုံးဝင်လာတယ်။ ရှမ်းခေါက်ဆွဲအတွက် ရှောက်ကော ၊ ပါးကောတွေကြိတ်ဖို့ ဝယ်ထားတဲ့ coffee grinder လေးကလဲ မထင်မှတ်ပဲ မဆလာကြိတ်ဖို့အတွက် အဆင်သင့်ဖြစ်နေတော့တယ်။
...
ကိုယ်တိုင်ကြိတ်တာဆိုတော့ မဆလာက လတ်ဆတ်လို့လား၊ တခြားအမှုန့်တွေ ဘာမှ ထပ်မရောလို့လား မသိ၊ ဆိုင်က မဆလာတွေထက် ပိုမွှေးတာကတော့ အမှန်ပဲ။
အဲဒီမဆလာနဲ့ ချက်တဲ့ ကြက်သားဟင်းကလဲ ငယ်ငယ်က အိမ်မှာ အမေချက်တဲ့ ကြက်သားဟင်းနံ့လေး ထွက်လာတော့ ငယ်ဘဝကိုတောင် သတိရသွားတယ်။
...
ကဲ ...အချီးလေးပြီးတော့ ကြိတ်နည်းလေးလာပါပြီ။
လိုတဲ့ ပစ္စည်းများ
- Coffee grinder
- Cumin seeds (ဇီယာ) - 2 table spoon
- Coriander seeds (နံနံစေ့) - 2 table spoon
- Green cardamons (ဖာလာ) - 1 tea spoon
- Pepper corn ( ငရုပ်ကောင်း) - ၅ စေ့ခန့်
- Cinnamon ( သစ်ဂျပိုးခေါက်) - အသေး ၂ချောင်း
- Cloves ( လေးညှင်း) - 1 tea spoon
- Star Anise ( နာနတ်ပွင့်) - ၂ပွင့်
- Black cardamons ( စောကော) - တစ်လုံး (အကြီး)
- Bay leaf ( ကရဝေးရွက်) - ၂ရွက်
- Mustard Seeds ( မုံညင်းစေ့) - 1 tea spoon
...
- မကြိတ်ခင် အထက်ပါ ပစ္စည်းတွေကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်လောက်နဲ အရင် မွှေးအောင် လှော်လိုက်ပါ။ (မုံညင်းစေ့က အရင်တူးတတ်လို့ ချခါနီး နောက်ဆုံးမှ ထည့်ပါ)
(တချို့လဲ မလှော်ပဲ အစိမ်း ကြိတ်ကြတယ် ၊ မလှော်ရင်လဲ ရပါတယ်။ လှော်လိုက်ရင်တော့ ပိုမွှေးပါတယ်)
...
- လှော်ပြီးအအေးခံပါ။
...
- ပြီးရင် ပထမဆုံး သစ်ဂျပိုးခေါက်နဲ့ စောကောစေ့တို့က မာတော့ သူတို့ကို အရင် ကြိတ်လိုက်ပါ။
အကုန်မညက်ရင် အမှုန်တွေပဲ ယူပြီး ကျန်တဲ့ မညက်တာတွေ မထည့်ပါနှင့်။
...
-နောက်တော့ ကျန်တဲ့ ပစ္စည်းတွေ အကုန်ရောထည့်ပြီး အမှုန့်တွေ ရတဲ့ အထိ ကြိတ်ပါ။
...
အလွန်မွှေးကြိုင်တဲ့ မဆလာ ရပါပြီ။Image may contain: food, possible text that says 'နံနံစေ့ ကရဝေးရွက် ဇီယာ ရှောက်ကောစေ့ ငရုပ်ကောင်း ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက် နာနတ်ပွင့်'Image may contain: text
Image may contain: indoor

Sunday, April 19, 2020

တရုတ် စတိုင် ဝက်စတူး

တရုတ်စတိုင် ဝက်စတူး ချက်နည်း
ဝက်သား သုံးထပ်သား ၆၀၀ ဂရမ်ခန့်ကို အတုံးလေးတွေ တုံးပြီး တရုတ်မဆလာ၊ ဆား၊ သကြား၊ တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့နှင့် သင့်အောင်နယ်ထားပါ။
ဒန်အိုးထဲ ဆီ စားပွဲဇွန်းတစ်ဇွန်း ထည့်၊ မီး medium နဲ့တည်ပါ။
ဆီကျက်ရင် သကြား စားပွဲဇွန်း ၂ဇွန်းခန့်ထည့်ပြီး သကြားတွေကို ထန်းလျှက်ရည်လို အညိုအရောင်သန်းလာသည်အထိ ပျော်သွားအောင်ထားလိုက်ပါ။
ပြီးရင် ဝက်သားနယ်ထားတာရယ်၊ သစ်ဂျပိုးခေါက် တစ်ခုရယ်၊ နာနတ်ပွင့် ၄ပွင့်လောက်ကို သကြားဆီချက်ထဲထည့်ပြီး ဆီသတ်ပါတယ်။
ဝက်သားတွေ အရည်ကုန်တဲ့အထိ အဆက်မပြတ်မွှေပေးနေပြီး မွှေးနေအောင်ဆီသတ်ပါ။
ရေကုန်သွားရင် ကြက်ဥ ၅လုံး ပြုတ်ပြီး အခွံခွါထားတာကိုထည့်ပါ။
ပြီးရင် ရေနွေးပူပူကို ဝက်သားတွေ၊ ကြက်ဥတွေ ရေမြုတ်တဲ့အထိ ထည့်ပါ။
သကြား စားပွဲဇွန်း၂ဇွန်း၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၃ဇွန်းခန့်၊ ပဲငံပြာရည် အနောက် စားပွဲဇွန်း ၃ဇွန်းခန့် ထည့်ပြီး မီးအနည်းဆုံးနဲ့ ၄၅ မိနစ်ခန့် အဖုံးလုံးဝ မဖွင့်ပဲ တည်ထားပါ။ (slow cooker နဲ့ဆို ၄ နာရီလောက်)
၄၅ မိနစ်ပြည့်လို့ ဟင်းကို ကိုယ်လိုချင်တဲ့ အရသာ အနေအထားရှိမရှိ မြည်းကြည့်ပြီး လိုရင် ဆား၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်ထည့်၊ ကြက်သွန်ဖြူ အခွံမနွှာပဲ အလုံးလိုက် တစ်လုံး ထည့်ကာ၊ နောက်ထပ် ၂၅ မိနစ်လောက်ထပ်တည်ရင် စားချင်စဖွယ် ဝက်စတူး ရပါပြီ။
မှတ်ချက် - ဝက်သားနုရင် ပိုကောင်းပါတယ်။ ဝက်သားရင့်ရင် အချိန်ပိုကြာအောင် တည်ရပါတယ်
..............
(ဟိုနေ့က အိမ်မှာ ဝက်ပေါင်သားတွေ ဝယ်ထားတာ အများကြီးရှိနေလို့ အဲဒါနဲ့ပဲ ဝက်စတူးလိုက်ပါတယ်)
ပထမပုံ ကတော့ Google က ယူပါတယ်။ Credit
Image may contain: food

Tuesday, February 11, 2020

Egg and cheese tortilla

Image may contain: food
ဂျူဂျူ လုပ်ကျွေးတာ စားလို့ကောင်းသား၊
သူလုပ်တာကြည့်တာ လုပ်ရတာလဲ ပျော်စရာကြီး။
ပထမဆုံး ကြက်ဥ ၂ လုံးကို ဆား၊ ငရုပ်ကောင်းနဲ့ ရော ခေါက်ပြီး မီးအေးအေးနဲ့ ဒယ်အိုးအပြည့် အပြားလိုက်လေးဖြစ်အောင် ကြော်လိုက်တယ်၊
ကြက်ဥမကျက်တကျက်မှာ wrap လေးကို အပေါ်က အုပ်လိုက်တယ်၊
ကြက်ဥနဲ့ wrap နဲ့ကပ်သွားရင် wrap ကို အောက်ရောက်အောင် (flip) လှည့်လိုက်တယ်၊
ပြီးတော့ shredded cheese ကို ကြက်ဥပေါ်မှာ အပြည့်ဖြူးလိုက်ပြီး မုန့်ကို တစ်ဝက်ခေါက်ချ လိုက်တယ်၊
ခေါက်ပြီး ဟိုဖက်ဒီဖက် မီးလေးကျွမ်းအောင် မီးအေးအေးလေးနဲ့ ထပ်တည်လိုက်ပြန်တယ်၊
Cheese လေးတွေ ပျော်ပြီး ကော်ကပ်သလို ဖြစ်သွားရင် ချပြီး လှီးလို့ရပါပြီ။
BBQ sauce လေးနဲ့စား ၊
အားပါး ကောင်းမှကောင်း၊
...
ဘေးသဝိုင်း
BBQ sauce လေး တင်တာ အမေ့လက်ရာ။ ဟင်း .. ဟင်း ဘာရမလဲ။ 😁

Image may contain: foodImage may contain: food and indoor

Image may contain: food


Image may contain: food


Image may contain: food

Thursday, February 6, 2020

ကြက်ကချင်ချက်


Image may contain: food























ကြက်ကချင်ချက် ချက်နည်း ကို ရေးပြီးသားမှတ်လို့ facebook မှာ memory ပေါ်လာတော့ ဒီဘလော့ဂ်ထဲ လိုက်ရှာမိတယ်၊ ရှာမတွေ့မှ မရေးရသေးဖူးပဲဆို ဒီထဲမှာ လာမှတ်သားပါတယ်၊

ကြက်ကချင်ချက် ချက်ဖို့ရာ အိမ်မှာ ပင်စိမ်းတွေကလဲ တော်တော်ရင့်နေတော့ အတော်ပဲ၊ မျှစ်ကလဲ တစ်ဗူး အိမ်မှာ အဆင်သင့်၊ ကြက်ပေါင်တွေကလဲ တစ်ကေဂျီ ဝယ်ထားတော့ ချက်ရုံပဲ။

လူ ၃-၄ ယောက်စာခန့် ကြက်ကချင်ချက် အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့

ကြက်တစ်ခြမ်း (သို့) ကြက်ပေါင် တစ်ကေဂျီ
မျှစ် တစ်ဗူး (၄၀၀  ဂရမ်ခန့်)
ပင်စိမ်းရွက် လက်တွင်း တစ်ဆုတ်
နံနံ ပင် တစ်စီး
ငရုပ်သီးစိမ်း ၅ တောင့်ခန့်
ငရုပ်သီးခြောက်အပွ ၈ တောင့်ခန့်
ကြက်သွန်ဖြူ ၈ မွှာ
ဂျင်း လက်တစ်ဆစ်ခန့်
ဆီ စားပွဲဇွန်း ၆ ဇွန်းခန့်
ချဉ်စော်ခါးသီးခြောက် အနည်းငယ်
(မရှိတော့ မုန်ညင်းချဉ်ထဲက အချဉ်ရေထည့်ပါတယ်၊ ရှာလကာရည်၊ သံပုရာရည် ချဉ်တာ ထည့်နိူင်ပါတယ်)

ပထမဆုံး အနှစ်အတွက် ငရုပ်သီး ကြက်သွန်ဖြူ ၊ ဂျင်းတွေကို ထောင်းထားပါ။ ငရုပ်သီးက ခွဲခြမ်း မညက်တညက်ဆို ပိုကောင်းပါတယ်၊
ကြက်သားကို ပုံမှန်ထက် အတုံးအနည်းငယ် သေးတုံးပြီး ဆနွင်းမှုန့်အနည်းငယ် ၊ ဆားသင့်ရုံ၊ ငရုပ်သီးထောင်းထားတဲ့ အနှစ်နဲ့နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ပင်စိမ်းရွက်၊ နံနံ၊ မျှစ် ၊ ငရုပ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ၊

ဆီကို အိုးဇောက်နက်နက်ထဲ ထည့်တည်၊ ဆီပူလာရင် ကြက်သားနယ်ထားတာကို ဆီသတ်ပါတယ်၊ ကြက်သားရေကုန်ရင် ရေမြုတ် အောင်ထည့်ပြီး မျှစ်ပါထည့်တည်လိုက်ပါတယ်၊
ကြက်သားကျက်ပြီဆိုတာနဲ့ အချဉ်ရည်ထည့်၊ ပင်စိမ်း၊ နံနံ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာထည့်ပါ၊
 ဆား ၊အချဉ်၊အချို ညှိ ဟင်းကို ပြင် ၊ ရေလိုရင်ထပ်ထည့်ပြီး ရေဆူတဲ့ အထိ ထပ်တည်လိုက်ရင် ချက်ရလဲလွယ်၊ စားလို့လဲ အင်မတန် ခံတွင်းတွေ့တဲ့ ကြက်ကချင်ချက် ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေး ရပါပြီ။

Image may contain: food


Monday, August 5, 2019

ယနေ့ နံနက်စာ မုန့်ပြားသလက်

Image may contain: food
မုန့်ပြားသလက် လုပ်မယ်ဆို ဘလော့ထဲ အရင်ရှာတာ၊ ရေးပြီးသားများ ရှိမလားလို့။
 မတွေ့တော့မှ မရေးရသေးပါလားဆို သတိရ။ ခုတော့ ကမန်းကတမ်းလေး ရေးလိုက်ပါပြီ။
မုန့်ပြားသလက်လုပ်နည်း (၁၀ခုစာခန့်)
100 Gram Rice Flour - Free Postage - Quality Made

Image result for dry yeast


ဆန်မှုန့် ဆန်ချင်ခွက် ၅ဗူး ကို ရေ ကြက်သီးနွေး ၆ဗူး (ဆန်မှုန့်ကို ချင်ရင် ခွက်ထဲကို သိပ် မထည့်ပါနဲ့)

Dry yeast လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်ဥ တစ်လုံးတို့ကို ရောပြီး နှံ့အောင် ကြက်ဥခေါက်တံနဲ့ နာနာမွှေပေးပါ။ ပြီးရင် တစ်ည သိပ်ထားပါ။ ချက်ချင်းစားရင်လဲ ရပေမဲ့မုန့်က သိပ်မပွပဲ နေပါ့မယ်။
နောက်နေ့မနက်ကျမှ non-sticker ဒယ်အိုး (သို့) ဆီ၀နေတဲ့ သံဒယ်အိုးထဲကို ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဆီနှံ့သွားအောင် ဒယ်အိုးကို စောင်းပြီး လှည့်လိုက်ပါ။
မီး medium အနေတော်မှာ ဆီက မီးခိုးတွေထွက်လာပြီး ဆီကျက်သွားရင် ယောက်ချိုဇွန်းခပ်လတ်လတ်နဲ့ မုန့်နှစ်ကို မွှေခပ်လိုက်ပြီး စောနက ဆီထဲ လောင်းထည့်ပါ။ မုန့်ပစ်သလက် တစ်ခုစာလောက် မှန်းထည့်ပါ။ 
ပဲပြုတ်နဲ့ နံနံ ကြက်သွန်မြိတ် ပါးပါးလှီးထားတာလေးတွေ အပေါ်က ဖြူးပြီး အဖုံးအုပ်ထားလိုက်ပါ။


Image may contain: food
No photo description available.
ခဏနေရင် ဆီသုပ်ရအောင် ဆီခွက်လေး ဘေးမှာချပြီး ဇွန်းလေးနဲ့ မုန့်ပြားသလက် ဘေး၊ အပေါ်ကနေ ဆီသုပ်ပေးပြီး ပြန်အဖုံးအုပ်ထားပါ။ ဆီ ၀၀ သုပ်ပေးရပါတယ်။ တစ်ခုကို ဆီ လဖက်ရည်ဇွန်း ၃ဇွန်းလောက် ရှိမယ်။
မုန့်သားလေးတွေ ပွလာပြီ။ အဖြူရောင်ပျောက်ပြီဆိုချပြီး စားလို့ရပါပြီ။
(မုန့်နှစ် ပျစ်နေတယ်ထင်ရင် ရေထပ်ရောနိူင်ပါတယ်။ ဆန်မှုန့် အနေအထားပေါ်မူတည်ပြီး မုန့်နှစ်က အတိအကျ မရလို့ပါ။) 
Image may contain: food
အပေါ်က နှမ်းနဲ့ ဆားရောထောင်းထားတာလေး ဖြူးဖို့ မမေ့နဲ့ ဦးနော်။


Image may contain: food
Image may contain: food
