Wednesday, August 11, 2010

Sky park ပေါ်မှ ခြင်္သေ့ကျွန်းအား ငုံ့ကြည့်ခြင်း ...

တိမ်တွေထဲက မြို့လေးအကြောင်း မဆက်မီ မနေ့က ဂျူဂျူရော သူ့ ဒယ်ဒီ၊မာမီပါ ရုံးတွေ၊ ကျောင်းတွေ ပိတ်ကြလို့ Singapore Sky Park ဖက် အလည်သွားခဲ့တာလေး ဖောက်သည်ချပါရစေဦး။

Singapore Sky Park ကို Marina Bay Sands hotel က tower ကြီး ၃ခုပေါ်မှာ တည်ထားလို့ "The Marina Bay Sands SkyPark " လို့လဲ ခေါ်ပါတယ်။ အမြင့်မီတာ ၂၀၀ကျော် (ပေ၆၀၀ကျော်လောက်)ရှိပြီး အပေါ်မှာလူ ၃၉၀၀လောက်ဆန့်တဲ့ အကျယ်ရှိပါတယ်။

နည်းပညာပိုင်းအရ ပြောမယ်ဆို မြေဆွဲအားကို အန်တုတည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Cantilever beam တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီသင်္ဘောံပုံအဆောက်အဦကြီးမှာ Main view point လုပ်ထားတဲ့ ရှေ့ဦးခေါင်းပိုင်းက အထောက်အပံ့မပါတဲ့ နေရာကCantilever beam ပါပဲ။



Double-helix bridge ကိုလဲ တစ်ခါမှ မရောက်ဘူးတာနဲ့ Marina square မှာ ကားပတ်ပြီး Double-helix bridge ပေါ်ကနေ ဖြတ်လျှောက်ကြတယ်။




တံတားနားမှာ Youth Olympic အတွက် ပြင်ဆင်နေကြတာပါ။




တည်ဆောက်နေဆဲ လက်၅ချောင်းပုံအဆောက်အဦ။


တံတားကျော်တော့ construction site တွေနားက ဖြတ်လျှောက်ခဲ့ရတယ်။ Shopping Mall နားအထိ လျှောက်ခဲ့ကြတယ်။



Shopping mall ရှေ့က ရေပန်းလုပ်ဖို့ ပြင်ထားတဲ့ မိုးပြဲဒယ်ပုံ ဖန်အ၀ိုင်းကြီးနားရောက်တော့ ဖန်သားထုကို တိုင်းကြည့်ကြတယ်။ ၃-၄ လက်မထုလောက်တော့ရှိမယ်။


Shopping Mall ထဲရောက်ပါပြီ။



အောက်ဆုံးထပ်မှာ လှေစီးလို့လဲရတယ်။


လှေဆိပ်။


ဂျူဂျူတို့ ထုံးစံအတိုင်း ပူဆာလို့ တစ်ယောက် ၅ကျပ်နဲ့ စီးခဲ့ပါတယ်။ လှေတစ်စီး၂ယောက်ပဲ စီးရတယ်။


လှေစီးပြီးတော့ sky park အတွက် လက်မှတ်ဝယ်ပြီး အပေါ်တက်ကြတယ်။ ၅၆ ထပ်ကို တက်ရမှာပါ။ လက်မှတ်က လူကြီး ၂၀၊ ခလေး ၁၄ကျပ်ဖြစ်ပါတယ်။ ဓာတ်လှေခါးက sky park အတွက် သီးသန့်ဖြစ်ပုံရတယ်။ ၁ထပ်နဲ့ ၅၆၊ ၅၇ ထပ်တွေ အတွက်ပဲ ခလုပ်ပါတယ်။


sky park ပေါ် ရောက်ပါပြီ ခင်ဗျား။


သင်္ဘောံဦးပိုင်းက Mian view point ဖြစ်ပါတယ်။ မိုးပျံတိုက်တွေ ထိုးထိုးထောင်ထောင်နဲ့ စင်္ကာပူ တစ်နိုင်ငံလုံးကို မြင်နေရပါတယ်။ view ကကြည့်လို့ သိပ်ကောင်းပါတယ်။


Sky park ပေါ် မှ စင်္ကာံပူ ရှုခင်းများ။ (နေရာက မြင့်လွန်းတဲ့အပြင် မှန်တွေပဲ ကာထားတော့ ဓာတ်ပုံရိုက်ရင်း ပြုတ်ကျမှာစိုးလို့ ဒူးပဲတုန်ချင်သလိုလို အူတွေယားလိုက်တာ။ အမြင့်ကြောက်သူများ တက်လို့ရမည် မထင်။ ကင်မရာက မှန်တွေပေါ်က သံကြိုးရိပ်တွေမပါအောင် အပေါက်နား ကပ်ရိုက်မှရတာကိုး ...ဒါတောင် အပေါ်ဆုံးပုံက ကြိုးရိပ်ပါသွားသေးတယ် ... ဟမ် )








Mian view point နောက်မှာ အပေါ့စား စားလို့ရတဲ့ ဆိုင်လေးရှိပါတယ်။ ဂျုဂျူတို့အကြိုက် မွန်းလိုက်ပေါ့ကွယ်။ ဟော့ဒေါ့တစ်ခု ၆ကျပ်၊ ရေ၊ အအေး တစ်ဘူး ၄ကျပ်နဲ့ ရောင်းပါတယ်။ ရက်စ်တောရန့်အကြီးကြီးတွေ ဖွင့်ဖို့ အစီအစဉ်ရှိပေမဲ့ ခုထိတော့ မဖွင့်သေးပါဘူး။ (ဖွင့်ရင် ခုပဲ ၀င်စားတော့မယ့်ပုံ ..း))



သစ်ပင်တွေရှိတဲ့ park ဖက်ကို တက်ပါပြီ။ သင်္ဘောံ အလယ်ပိုင်းဖြစ်ပါတယ်။


ထိုင်ပြီးနားလို့ရအောင် ခုံတန်းရှည်တွေ အများကြီး လုပ်ပေးထားပါတယ်။ Park လို့ ခေါ်ရလောက်အောင် အပင်တွေ ပန်းပင်တွေ လှလှပပတော့ လုံးဝ လုံးဝကို မတွေ့ခဲ့ပါဘူး။


ရေကူးကန်ရှိပါတယ်။ ရေကူးကန်ဘက်ဂရောင်းနဲ့ စင်္ကာံပူမြို့ ရှူခင်းက သိပ်လှပါတယ်။ ဟော်တယ်မှာ တည်းသူတွေပဲ ရေကူးခွင့်ရှိပါတယ်။

ဒီပုံလေး အလှဆုံးထင်တာပဲ .... ဘက်ဂရောင်းပြောပါတယ် ..



park ပေါ်မှာ တစ်နာရီလောက်နားပြီး ပြန်ဆင်းကြပါပြီ။


အပြန်နေပူတော့ အရမ်းပင်ပန်းနေတာနဲ့ တက်စီစီးပြီး Car park ရှိရာ Merina Square ကို ပြန်ခဲ့ကြပါတယ်။
တက်ကစီ stand ကနေ အပေါ်မော့ကြည့်တဲ့ မြင်ကွင်း။ (တစ်ခုလုံးပေါ်အောင်ရိုက်လို့မရဘူး။ Mr. Bean နည်းကား စဉ်းစားရင်တော့ တွင်းတူးပြီးရိုက်ရင်တော့ ရလောက်တယ်။ ၂ကျပ်ခွဲတန်တွေမှာများ zoom out လုပ် ရိုက်လို့ရလားမသိဘူး)

10 comments:

  1. $20....not worth it . From the photo what I've seen is nothing much. But for the parents if their children want to go....may be worth it :)
    WD.

    ReplyDelete
  2. စင်ကာပူလာရင် လိုက်ပို့ ဒါဗြဲ ဟဲဟဲ
    ရုံးမသွားမှန်းသိတယ်နော် ဟွင့် ရုံးပြေးး ရုံးပြေး ဟိဟိ

    ReplyDelete
  3. ရုံးပိတ်တာကွ ... မပြေးဘူး ၀က်ဝံလေးရေ့ ။ ၉ရက်တောင်ပိတ်တာ ... ဒီနေ့ဆို ၅ရက် ကုန်သွားပြီ ။ သမြောလိုက်တာ ...။

    ReplyDelete
  4. Sky Park မတက်ရဲဘူး
    အမြင့်ကြီးပဲ ကြောက်တယ်...

    ဒါနဲ့ ရုံးက ဘာလို့ ပိတ်တာလဲ.....................
    ညာမပြောနဲ့နော်... ဟွန်း...

    (ကောင်းကောင်း နေမကောင်းသေး၍ စိတ်ညစ်ညစ်နဲ့ လိုက်ရစ်နေသည်)

    ReplyDelete
  5. ဓါတ်ပုံတွေ လှတဲ့အကြောင်း... ခုနက ပြောဖို့ မေ့သွားလို့ တခေါက်ထပ်လာတယ်...

    အဲဒါတွေက တီတီဆွိလက်ရာလား... ဆရာကြီး လက်ရာလား... မှန်မှန်ပြောနော်...း))

    ReplyDelete
  6. Anonymous said...

    $20....not worth it . From the photo what I've seen is nothing much.

    တကယ်တမ်း ဓါတ်ပုံလေးတွေပဲကြည့်မယ်ဆိုရင် ငွေ၂၀ မတန်ဘူးလို့ ထင်စရာပါ။ ကိုယ်ကိုတိုင် အပေါ်ကိုရောက်တော့မှ တွေ့ကြုံရတဲ့ ခံစားမှုက ငွေ၂၀မက တန်ပါတယ်။ ကျွန်တော့ Singapore Flyer ပေါ်လဲရောက်ဖူးပါတယ်။ ငွေ၂၅ ကျပ်ပေးရတာ။ အခု MBS ပေါ်က ပိုတန်တယ်လို့ထင်တယ်။

    နောက်ပြီး Civil Structure Engineer တစ်ယောက်အနေနဲ့ ရဲရဲတင်းတင်းကို အလွန်အင်မတန်ခက်ခဲတဲ့ Cantilever ဆောက်သွားတာ ချီးကျူးစရာ တစ်ခုပါပဲ။

    မသက်ဝေ ရေ..

    ကျွန်တော်ရိုက်တဲ့ ပုံက နည်းနည်းပါ။ တီဆွိရိုက်တာပါဗျာ။

    မောင်ခြိမ့်

    ReplyDelete
  7. သွပ်ပြားတို့လဲသွားအုံးမှာ...ဘ၀တူတွေစုပြီးတော့..ဒါမျိုးကျတော့..တီဆွိကလက်မတို့ဘူးကွာ..:)

    ReplyDelete
  8. Nice photos! Thanks for sharing.

    ReplyDelete
  9. ပုံတွေက ကောင်းလိုက်တာ။ အဲဒီကို ရောက်သွားရသလိုပါပဲ။ thanks :)

    ReplyDelete
  10. အမြင့် အရမ်းကြောက်တယ်.... Flyer လက်မှတ် အလကား ရတာတောင် မစီးရဲလို့...ခုလဲ လုံးဝ တက်ရဲမှာ မဟုတ်ဘူး... အပေါ်စီးကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကြည့်တာတောင် အသဲတစ်အေးအေး နဲ့...း))

    ReplyDelete