Sunday, October 3, 2010

Artist ဂျူဂျူ မှ မေမေသို့ ...

ဂျူဂျူလေးဟာ ခုတလော သမီးကြီးရင် ဘာလုပ်မလဲဆို Artist ဖြစ်ချင်တယ်ချည်း ပြောနေတော့တယ်။ မူကြို ၃-၄ နှစ်အရွယ်လောက်ကတော့ သူကြီးလာရင် Princess ဖြစ်ချင်သတဲ့။ သူငယ်တန်းကျတော့ စာသင်တဲ့ ဆရာမတွေ ကြည့်ပြီး သူကြီးရင် Teacher လုပ်မယ်ဆိုတာလဲ ပြောဖူးတယ်။

ဟိုနေ့ကလဲ ကစားရရင် မျက်နှာလေးကရွှင်ကြည်၊ စကားသံလေးတွေကလဲ စိမ့်စမ်းရေကျသံလေးလို ကြည်လင်နေတတ်တဲ့ သူက စာကြည့်ရလို့ နဲနဲကြာသွားပြီဆို အသံတွေက ဆူဆောင့်သံတွေ ပါလာတယ်။ မျက်နှာကလဲ လငပုပ်လို ဖြစ်လာတော့ အမေလုပ်သူက ဆုံးမဖို့ ပြင်ရတော့တယ်။ သမီးရေ ... မေမေလဲ အလုပ်က ပြန်လာရင် အရမ်းပင်ပမ်းတယ်။ ဒါပေမဲ့ အမေ့သမီးလေးကို တော်စေချင်၊ တတ်စေချင်လွန်းလို့ မနားပဲ အပင်ပမ်းခံပြီး သင်ပေးနေရတာ။ စာမတတ်ရင်၊ စာမတော်ရင် အိမ်ရှေ့မှာ မနက်တိုင်း တံမျက်စည်းလှည်းနေတဲ့ ဦးဦးလို အညစ်အကြေးတွေကိုင်ရမယ်၊ အမှိုက်သိမ်းတဲ့ အလုပ်တွေ လုပ်ရလိမ့်မယ်။ သမီးစာတတ်တယ်၊ စာတော်တယ်ဆို ကြီးလာရင် ဆရာဝန်လုပ်မလား၊ ရှေ့နေလုပ်မလား၊ အင်ဂျင်နီယာလုပ်မလား ... ကြိုက်တာရွေးလို့ရတယ်ဆို အရှိန်နဲ့ ပြောနေတုံး တန်းလန်းရှိသေး မဂျူဂျူတို့ ရုတ်တရက်ကြီး ၀င်ပြောလိုက်တာက ...

"မေမေ ဂျူဂျူကြီးလာရင် Artist လုပ်မှာလေ ... " တဲ့။

ဆုံးမနေတဲ့ အမေတောင် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ဘယ်လိုကနေ ဘယ်လို အဲဒီ Artist ဆိုတဲ့စကား တတ်လာမှန်းလဲ မသိဘူး။ သမီးရယ် Artist ဆိုတာ ပန်းချီတွေ၊ ပုံတွေ ဆွဲတတ်ရတယ်။ သမီးမှ သိပ်မဆွဲတတ်ပဲ Artist မဖြစ်နိုင်ဘူးနဲ့ တူတယ်နော်ဆိုတော့ သူအခု ကောင်းကောင်းဆွဲတတ်နေပါပြီတဲ့။ ပြီးတော့ စာရွက်တွေကို ညှပ်၊ ကော်နဲ့ကပ်ပြီး သူ့စိတ်ကူးတည့်ရာတွေလဲ လုပ်ပါတယ်။

ဂျူဂျူ ရဲ့လက်ရာ မိသားစုပုံပါ။


အောက်ကပုံလေးကတော့ Akia က ကြော်ငြာစာရွက်ကို ညှပ်ပြီး စိတ်ကူးတည့်ရာ ပုံဖော်ထားတာပါ။ ကပ်ကြေးတစ်လက်၊ ကော်တစ်ဘူးနဲ့ ငြိမ်ကျသွားလို့ ကြည့်လိုက်တော့ သူ့ရဲ့ creation က ပြီးလုနီးနေပါပြီ။ ပြီးတော့ အမေကိုလာပြတယ်။ အမေလုပ်သူက Woh ... you do it your self ? So nice. So creative !!! ဆိုပြောလိုက်တော့ သူအတော်ပျော်သွားပါတယ်။ ဒါနဲ့ သမီးဟာကဘာလဲ ကြော်ငြာလားဆိုတော့ အဲဒါ arts ပါတဲ့ဗျား။


မနေ့ကလဲ သူ့ကျောင်းကပေးတဲ့ စာအုပ်ပုံးရှင်းရင်း ဆီဆေးအခဲလေးတွေနဲ့ Art စာအုပ်လေး ထွက်လာတော့ အဲဒါတွေယူပြီး အိမ်ရှေ့မှာ တကုတ်ကုတ်နဲ့ ငြိမ်ချက်သား ကောင်းနေတယ်။ ခဏနေတော့ အမေ့အခန်းထဲ ၀င်လာပြီး မေမေ့အတွက် ဂျူဂျူ လုပ်ထားတာဆိုပြီး ပို့စ်ကတ်လေးလို လုပ်ထားတာလေး လာပေးတယ်။




အပြင်မျက်နှာဖုံးမှာတော့ အသည်းပုံနီနီရဲရဲ ... ဒါကတော့ သူက ချစ်တယ်လို့ ဆိုလိုဟန်တူပါတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာလဲ သူပေးချင်တဲ့ message ကိုလဲ မအေကို ပေးထားသေးတယ်။ မဆွိတီဟာ တစ်ခါတစ်လေ စာသင်ရင်း သမီးကို စိတ်မရှည်တာလေးတွေ ရှိတော့ အော်မိ၊ ငေါက်မိတော့ သူက မအေကို သူဖြစ်ချင်တာလေး ပြန်အသိပေးလိုဟန်တူပါတယ်။ ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး
" Am I not kind to you? " ဆိုတော့

" Some times, you are not." တဲ့။

သမီးရေးထားတာလေး ဖတ်ပြီး အမေလဲ သူ့ကိုသနားလို့ ခုတလော တော်တော်လေးကို စိတ်ရှည်ရှည်ထား၊ သမီးနဲ့ ပျော်အောင်နေနေရပါတယ်။ သမီးလေးကိုလဲ သနားသွားတယ်။


ပြီးခဲ့တဲ့ အပတ် မီးထွန်းပွဲနေ့က Chinese garden ထဲမှာ ရိုက်ထားတဲ့ပုံလေးပါ။

13 comments:

  1. ဝက်ဝံလေးOctober 5, 2010 at 3:08 AM

    ဒါပဲလေ အဲဒါပဲ ကလေးတွေက အဲလိုလေးတွေနဲ့လုပ်စားနေတာ ဟိ များလဲ အဲဂလိုပဲ အိမ်ကို စာတချက်ရေးလိုက်တာ မျက်ရည်တောင် တောက်တောက်ကျလယ်ဆိုပဲ ဟက် အပီအပြင်ချွဲထားတာကိုး ဟားဟားးးးးးးးးးးး ဒါပေမယ့်လဲနော် ရင်ထဲက လာတာပါ ဟိ

    ReplyDelete
  2. ဂျူဂျူလေးက ထွားတယ်နော်.. လူကြီးမျက်နှာလေးနဲ့.. ပြုံးနေပုံကိုက အပျိုကြီးစတိုင်.. အသည်းယားစရာလေး..

    ReplyDelete
  3. သမီးလေးက ကြီးလာရင်တကယ်ချောမှာ... Artist ရော... Princess ရော ဖြစ်နိုင်ပါတယ်ရှင်... သူကမြန်မာလိုနားမလည်ဘူးပေါ့နော်.. :(

    ReplyDelete
  4. ဂျူဂျူးလေး မြန်မာလို ကောင်းကောင်းပြောတတ်ပါတယ်။ နားလဲ နားလည်ပါတယ်။ သူတို့က ကျောင်းမှာ အင်္ဂလိပ်လိုပြောနေကျဆိုတော့ တစ်ခါတရံတော့ အင်္ဂလိပ်လို ပြောပါတယ်။
    ကွန့်မန့်အတွက်ကျေးဇူးနော်။

    ReplyDelete
  5. ကောင်းရောဗျာ...
    အမေကို ပေးချင်တဲ့ message ကတော့ တဲ့ ပဲ...

    ဂျူဂျူ့ကို ပြောလိုက်ပါ...
    အန်တီသက်ဝေက Bravo လို့ ပြောသွားတယ်လို့...း))

    ReplyDelete
  6. ဒါမှ ဂျူဂျူလေးကွ !

    ReplyDelete
  7. မေမေ ပြောသလိုပဲ So nice. So creative !!!
    မေမေကြီးအတွက် message ဖတ်ပြီး၊ အဟိ လို့ပဲ အသံထွက်နိုင်တော့တယ်

    ReplyDelete
  8. ဂျူဂျူ့ မာမီ ဒီဇိုင်းက လန်းလှချည့်လား..
    ဂါဝန်အနီနဲ့ ငှက်သိုက်ကို မှောက်လျက်ဆောင်းလို့...

    ReplyDelete
  9. Her aunty hair style is more nicer!

    ReplyDelete
  10. သမီးချောဗျ အဖေနဲ.တူလို့ လား အမေနဲ့ တူလို့ လား ????

    ReplyDelete
  11. ကလေးကတော်လိုက်တာ။ သူ့ရဲ့ wish ကိုတော့ အရမ်း သဘောကျတယ်။ u should b kind n helpful to her :)

    ReplyDelete
  12. ဟီးဟီး ... ဂျူဂျူးအမေနဲ့ အဒေါ်ပုံကြည့်ပြီး အပေါ်က ကိုကြီးကျောက်တို့ ကြွေနေကြပြီ။ ရယ်ရတယ်။

    သမီးက အဖေနဲ့တူပါတယ် ကိုဇီးရေ ... ဒါပေမဲ့ သူ့အဖေငယ်ငယ်က ရုပ်ဆိုးတယ်ဗျ။

    လာလည်၊ လာမန့်သူတွေအားလုံး ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete
  13. ဂျူဂျူးလေးကို သနားမိတယ်။ သူ့ခမျာ ဒီ message ပေးချင်လွန်းလို့ ပို့စကဒ်ကို အပင်ပန်းခံ လုပ်ရရှာတယ်။ :D
    ဂျူးဂျူးလေး တကယ်တော်ပါတယ်။

    ReplyDelete