စီဘောက်စ်မှာ ပဲပြုတ်အကြောင်းမေးထားတာနဲ့ ဒီပို့စ်လေးတင်ဖို့ သတိရသွားတယ်။
ပြီးခဲ့တဲ့ အပတ်က မနက်စာ အိမ်မှာ ကောက်ညှင်းပေါင်း စားကြတယ်။
စားတော်ပဲကို တစ်ညရေစိမ်ပါတယ်။ မနက်ကျတော့ ရေစစ်ပြီး အညှောက်ကလေးတွေ ထွက်လာတဲ့ အထိ ၃-၄ ရက်လောက် ရေစိုဝတ်လေး အပေါ်ကနေ အုပ်ထားလိုက်တယ်။ ရေလဲ နဲနဲ စွတ်စွတ် ပေးရပါတယ်။
အပ်ချလောင်း ... အညှောင့်လေးတွေ ထွက်လာပါပြီ ခင်ညာ။
ပဲကို မပြုတ်မီရေဆေးရပါတယ်။ အိမ်မှာတော့ အရင်က Slow cooker နဲ့ ပြုတ်ပါတယ်။ ရေကို ပဲနဲ့ ရေပြင်ညီထည့်၊ ဆိုဒါ၊ဆား နဲနဲထည့်၊ ထန်းလျက်ခဲလေး ၂ခဲထည့်ပြီး ပြုတ်တယ်လို့ ကြီးတော်က ပြောပါတယ်။ နာရီဝက်တစ်နာရီလောက် ပြုတ်ရပါသတဲ့။
ပြီးခဲ့တဲ့ အပတ်ကတော့ ထမင်းပေါင်းအိုးအပေါ်က ပေါင်းချောင်နဲ့ ပေါင်းပါတယ်။ သကြား၊ဆား၊ ဆိုဒါထည့်ပေါင်းပါတယ်။ ထမင်းပေါင်းအိုးက အငွေ့လုံလို့ နာရီဝက်လောက်ပဲပေါင်းရပါတယ်။
ပဲပြုတ်ကို ပထမတစ်ရက် ကြိုပေါင်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။
ကောက်ညှင်းကိုလဲ တစ်ညရေစိမ်ပါတယ်။
မနက်ရောက်တော့ ဖက်ကလေးခင်းပြီး ထမင်းပေါင်းအိုးက ပေါင်းချောင်နဲ့ပဲ ပေါင်းပါတယ်။ အပေါက်တွေက ကောက်ညှင်းဆန်တွေ ထွက်ကျမှာကြောက်လို့ ခင်းရတာပါ။ ကောက်ညှင်းလဲ ဖက်နံ့လေး မွှေးသွားတာပေါ့။
ကောက်ညှင်းနဲနဲကျက်သွားပြီဆို အငွေ့ဝင်အောင် အပေါက်လေးတွေကို တူလေးနဲ့ ထိုးပေးရသေးတယ်။
အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်း ပူပူနွေးနွေးရပါပြီ ခင်ညာ။ နာရီဝက်လောက်ပဲ ပေါင်းလိုက်ရပါတယ်။
အိမ်မှာရှိတဲ့ ငါးခြောက် အာဗြဲခြောက်ကို မီးကင်၊ နှမ်ထောင်းကိုဆားနဲ့ရော၊ ပဲပြုတ်ပူပူနဲ့ ဆီရွှဲရွှဲ ကောက်ညှင်းပေါင်း မနက်စာကတော့ နတ်သုဓါနဲ့တောင် မလဲနိူင်ပါဘူးဗျာ။
မနက်စာကောက်ညှင်းပေါင်း ပူပူနွေးနွေး စားကြပါဦးရှင်။
ငယ်ငယ်က ဒီဇင်ဘာ အားကစားလတွေမှာ ပြေးလွှားလို့ မောနေတဲ့အချိန် လာဝေတဲ့ ကောင်ညှင်းပေါင်းနဲ့ ငါးခြောက်ကြော်ကို သတိရသွားတယ်။ ငှက်ပျောဖတ်နဲ့ ထုတ်ပြီး လိုက်ဝေတာဗျာ။ အဲဒီတုံးက ကောက်ညှင်းပေါင်းကလဲ ဆာဆာနဲ့ စားလို့ကောင်းလိုက်တာ ... တစ်သက်မမေ့ဘူး။
---------------------------------------------------------------------------------------------------------------------------------------------------
ကိုအနောနိမတ်စ်မှ မေးလာလို့ ကောက်ညှင်းထဲ ထည့်ပြုတ်တဲ့ ပဲ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ကောက်ညှင်းပေါင်းထဲ တစ်ခါထဲ ထည့်ပေါင်းတဲ့ ပဲက ပဲလွမ်းပါ။ ပဲလွမ်းက နီညိုရောင်ရယ် အဖြူညစ်ညစ်လေးရယ် ၂မျိုးရှိပါတယ်။ အင်္ဂလိပ်လို cow peas လို့ ခြုံငုံပြီးခေါ်ပါတယ်။ အနီလေးကို red cow peas, အဖြူလေးကို black eye peas လို့လဲ ခေါ်ပါတယ်။
အဲလိုတော့ တစ်ခါမှ ပေါင်းမပြုတ်ဖူးသေးဘူး။ နောက်မှ စမ်းကြည့်ဦးမယ် အနောနိမတ်စ်ရေ။
ရက်စက်ပါပေ့ မမဆွိရယ်.. မနက်ရုံးရောက်ရောက်ချင်း ကြည့်မိလိုက်တာ.. ခုတော့ သွားရည်တွေ မနည်းထိန်းနေရတယ်.. :)
ReplyDeleteWow!!!!!!!!!!!!Want to have alllllllllllllllof ur breakfast.Where can i get complete course in GENEVA?
ReplyDeleteတီဆွိလက်ရာက ကောက်ညင်းမကြိုက်တဲ့လူတောင် စားချင်သွားတယ်
ReplyDeleteမြန်မာပြည်မှာတောင် ကောက်ညင်းကိုတစ်ခါတစ်လေပဲစားတယ်
အုန်းပြန်ပေါင်းလား အဲလိုခေါ်တာမှန်လားမသိ အဲဒါတော့ကြိုက်တယ် အုန်းသီးနဲ့ လေ ..
မ ထမင်းပေါင်းအိုးထဲမှာရေထည့်လား ဘယ်လောက်ထည့်လည်း ပြောပြပေးပါလားဟင်
ReplyDeleteမ လုပ်တာကြည့်တာ ရှင်းတယ်နော် ကျေးဇူးတင်လိုက်တာ..
ရေကိုဆူပွက်နေအောင် အပြင်မှာ အရင်တည်ပြီး ထမင်းပေါင်းအိုးထဲထည့်ပါတယ်။ အပေါ်က ပေါင်းချောင်ကို ရေမထိစေပါနဲ့။ ပေါင်းအိုးနဲ့ တစ်ဝက်လောက်ဆို ရေငွေ့တော်တော်ရပါတယ်။ ရေငွေ့များလေ ပေါင်းရတာမြန်လေပါပဲ။
ReplyDeleteကောင်းလိုက်တာာာာာာာာာာာာာာာာ
ReplyDeleteစားချင်လိုက်တာ...
ReplyDeleteရက်စက်တာတွေ သိပ်များနေပြီနော်....
အန်တီဆွိ... စင်္ကာပူအနောက်ပိုင်းမှာ ဆိုင်ဖွင့်ရောင်းချမယ်ဆိုရင် ဝယ်ယူ အားပေးမယ့် ပရိတ်သတ်ရှိတယ်ဗျိုး။း-)
ReplyDeleteဒါထက် ဦးရှိမ့်ရဲ့ ရှစ်ရှစ်က တူကိုယ်တိုင်ရဲ ဂျကားအပီဘူးနဲ့ တူရယ်။
စလုံးနဲ့ ဆလိမ်လေ။
ကျနော်သိသလောက်တော့.... လူကပြုလုပ်တာကို ပြတဲ့ ကြိယာအနေနဲ့ဆိုရင် ဆွတ်ဖြန်းသည်။ ရာသီဥတု၊ စိုထိုင်းဆ စသည်ရဲ့ အနေအထားကို ပြောမယ်ဆိုရင် စွတ်စိုသည်။ ..........။
ပဲပြုတ်နဲ့ငါးခြောက်ပဲစားလို့ရမလားဟင် :)
ReplyDeleteပဲမပြုတ်တတ်ဘူး...တခါပဲစမ်းကြည့်ဖူးတယ်...ကြာပါပြီ...ရေလည်းမစိမ်ပဲဒီတိုင်းပြုတ်တာတော်တော်နဲ့မနူးလို့သွန်ပစ်လိုက်တယ်
ခုတော့သိပြီ
စူးနွယ်လေး
တီဆွိ နည်းလေးနဲ့ပေါင်းစားဦးမှဘဲ။ ညီမက ပေါင်းအိုးထဲထည့်ချက်တော့ ကောက်ညင်းချက်ဖြစ်နေရှာတယ် :)
ReplyDeleteပဲကို အဲ့ဒီလို ၃ ရက်လောက်စိမ်လိုက်တာ အနံ့တွေ ဆိုးသွားလို့ ဗျာ၊ ရေခဏခဏ လဲ ပေးရသေးလား။
ReplyDeleteပဲပြုတ်ကောက်ညှင်းပေါင်း...လာပါအုန်းဗျို့
ReplyDeleteကိုကြီးကျောက် ဘယ်လောက်ဖိုးထည့်ရမတုံးတော့ ...း))
ReplyDeleteကိုညီမူယာ ဟုတ်တယ် ၂ခါလားမသိဘူးပြုတ်တာ နံဖူးတယ်။ လုပ်နည်းက အကုန်အတူတူပဲကို။ ပဲကို လက်မသန့်တာနဲ့ ကိုင်မိလို့ အချဉ်ပေါက်ချင်တာလားမသိဘူးနော်။ ပဲကို ရေစိမ်ပြီး ရေစစ်၊ရေဆေးရသေးတယ်နော်။ မေ့နေလို့ အပေါ်မှာပြန်ပြင်ပေးထားပါတယ်။
ကိုပေါပြောမှပဲ စာလုံးပေါင်းမှားနေတာ သိတော့တယ်။ သတိကို မထားမိဘူးဗျာ။
လာလည်သူများအားလုံး ကျေးဇူးတင်ပါတယ်ရှင်။
အန်တီသက်ဝေကတော့ တွေ့ရင်ချောင်းရိုက်မယ်တဲ့။ ဗလတောင့်တဲ့ အန်တီကွန်းကို အားကိုးနေရတယ်း))
စားချင်စရာဗျာ.......။
ReplyDeleteမစားဖြစ်တာ....အရမ်းကြာသွားခဲ့ပြီ.....။
(ကောက်ညှင်းကို အဲ့ဒီအပေါ်မှာထပ်မှာတင်ပြီး....အဖုံးပိတ်ထားရုံပဲလားခင်ဗျာ....။ လုပ်စားချင်စိတ်ပေါက်သွားလို့......း))
ပုံလေးတွေကြည့်ရလို့......ကျေးဇူး..........း))
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
အလုပ်တွေတအားနဲ့ များနေတာနဲ့ မရောက်ဖြစ်တာ။ အခုတော့ မဆွိကို လွမ်းလို့ လာချောင်းတာလေ၊ ကောက်ညှင်းပေါင်းနဲ့ တည့်တည်းတိုးလို့ စားသွားပြီ..း))
ReplyDeleteဘယ်သူလဲ သိတယ်ဟုတ် _(*0^)_
အပေါ်က အနောနိမတ်ရေ ... မဆွိ၊ မဆွိနဲ့ ခေါ်တာ လသာလား၊ အကြည်လား မသိဘူးတော်။ လေသံတွေကတူနေတော့ ခွဲရခက်တယ်။
ReplyDeleteလာသာညဆိုရင်တော့ ၀ရမ်းပြေးကို ဖမ်းရမယ်။ ဘလော့ကို ရှာလို့ကို မရတော့ဘူး။
ကိုဏီလင်းညိုရေ ... ထမင်းပေါင်းအိုးထဲ ရေထည့်ပြီး အပေါ်က ပေါင်းချောင်လေးနဲ့ ပေါင်းပါတယ်။ ရေအရင်ဆူအောင် အပြင်မှာတည်ပြီးမှထည့်ရင်တော့ မြန်တာပေါ့ဗျာ။ အဲလိုထမင်းပေါင်းအိုးက ပေါင်းချောင်လေးနဲ့ဆို လုပ်ရတာ အရမ်းလွယ်ပါတယ်။
ပဲစေးငုံ ကို english လို ဘယ်လိုခေါ် လဲ ဟင်၊ ကောက်ညှင်းပေါင်း ထဲ ထည့် ပေါင်း တဲ့ ပဲ က ဘာပဲလဲ ဆိုတာလဲ ပြောပြပေးပါနော်။ ကျေးဇူးပါနော်
ReplyDeleteရှဲ့ရှဲ့ .. တီတီဆွိ
ReplyDeleteပဲကို ထမင်းပေါင်းအိုးက စကာနဲ့ ပေါင်းလို့ရတာကို လုံးဝ စိတ်ကူးမပေါက်ဖူး။ ဒီတိုင်းထည့်ချက်လိုက်တော့ စားလို့တော့ ကောင်းပါတယ်။ မလှတော့ဘူး။ စမ်းကြည့်လိုက်ဦးမယ်။ (စားတော်ပဲက ရန်ကုန်ကို မှာရင် အညှောက်ဖောက်ပြီးသားကို ပြန်ခြောက်ထားတဲ့ အထုတ်လေးတွေရှိတယ်။ ပိုလွယ်တာပေါ့)
မရေ
ReplyDeleteကျေးဇူးပါနော်
ကြိုးစားပြီးလုပ်ကြည့်လိုက်ဦးမယ်
:D
ReplyDeleteကိုကိုထက် ... အဲဒီပေါင်းအိုးက မသိသူကျော်သွား သိသူဖော်စားဗျ။ အိမ်မှာလဲ ၀ယ်ပြီး ၃နှစ်လောက်မှ သိတာ။ မကြာသေးဘူး။
ကိုကျော်နှင်းဆီလွင်ရေ (ဟမလေးမောလိုက်တာ ရေတစ်ခွက်း) )နောက်တာနော်။ ဘလော့ဂ်ရေးတဲ့သူတွေကလဲ ခုလိုလာလည်တာကိုပဲ ကျေးဇူးတင်လှပါပြီ။
hote, thanks a lot ma ma sweet.
ReplyDeleteကောက်ညှင်းပေါင်းလုပ်နည်းကတော့နည်းနည်းမြင့်တယ် ကျွန်တော့်အနေနဲ.တော့မလုပ်တတ်ဖူး အုန်းထမင်းတောင် အလုပ်မအားလို.မချက်ဖြစ်သေးဖူး အကောင်းဆုံးနည်းက ဒေါ်တီတီဆွိတို.မိသားစုနဲ.ခင်အောင်ပေါင်းပြီး အမချက်တာတွေလာစားရင်ကောင်းမလားလို.
ReplyDeleteခင်တဲ့
Z
thank u for pae pyout recipe.i will do it.i miss my home town.
ReplyDeleteသူတို့ လုပ်ပြတော့လဲ လွယ်လိုက်တာ။ ဒီမှာက လုပ်တိုင်းမဖြစ်လို့ ငိုချင်တာပဲ သိတယ်။ ပြုတ်ပြီးသား ပဲပြုတ်တောင် ပူအောင် ပြန်နွှေးတာ ကွဲထွက်သွားလို့.. :(
ReplyDeleteစားတော်ပဲက ဘယ်မှာဝယ်ရမှန်း မသိဘူးခင်ဗျ..။ တီဆွိ ဘယ်မှာဝယ်တာလဲ ခင်ဗျ..။ red cow peas ရော white eye peas ရော ပေါင်းအိုးနဲ့ပြုတ်ဖူးပြီးပြီ..။ အိုကီတယ်..။ နှစ်ခါမြောက်တုံးကတော့ အနံ့ချဉ်သွားဘူးတယ်..။ ရေမဆေးမိလို့..။ ရေဆေးရမယ်မှန်း သိလို့မဟုတ်ဘူး..။ အနံ့မကောင်းတာနဲ့ဆေးလိုက်တာ အိုကီသွားတာ..။
ReplyDeleteအန်တီဆွိ ပဲကို မပေါင်းခင် အရင်ပြုပ်ရသေးလား။ ထန်းညက်၊ ဆား နဲ့ ဆိုဒါကို ဘယ်အချိန်မှာ ထည့်ရတာလဲရှင့်။
ReplyDeleteမပြုတ်ရပါဘူးမနွေရေ။ ဒါရိုက် ပေါင်းတာပါ။ သုံးခုလုံး စပေါင်းကတည်းကထည့်တယ်ထင်တာပဲ။
ReplyDelete