Tuesday, August 2, 2011

ကြိုက်တယ် ... ကြိုက်ဘူး .. မကြိုက်တကြိုက် ... အရမ်းကြိုက်

မဆွိတီ ဒီတက်ဂ်ပို့စ်လေးကို မရေးခင် "ဂျူဂျူးလေးတို့ စာသင်ကျောင်း" ဆိုပြီး ပို့စ်တစ်ပုဒ် ရေးနေတာ။ မနေ့က တစ်ဝက်၊ ဒီနေ့တော့ အပြီးရေးပြီး တင်တော့မယ်ဆို အင်တိုက်အားတိုက်ရေးနေတာ။ လက်တော့မှာ စာရိုက်နေတာကိုက တစ်ဂျောင်းဂျောင်းနဲ့ အသံထွက်တာ။ ပြီးခါနီးလဲကျရော ဘာခလုပ်မှားနှိပ်မိလဲ သိဘူးဂျာ။ ပို့စ်တစ်ခုလုံး ပျက်သွားတယ်။ ဘလော့ဂ်က auto save ဆိုတော့ ဘာမှမရှိတာကို အော်တိုဆေ့ပ် လိုက်တော့ ရေးထားသမျှ ဘာဆို ဘာ .. ဘာ.. ဘာမှ မကျန်တော့ပါဘူး။ ပြန်ရမလားလို့ ကြိုးစားပေမဲ့ မရတော့ လူလဲ အရုပ်ကြိုးပြတ်ကို ဖြစ်သွားတယ်။ အကြီးအကျယ်ကို စိတ်ပျက်သွားတယ်။ ဘယ့်နှယ်ဗျာ။ ကိုယ် စိတ်အား၊ ဥာဏ်အားနဲ့ ကြိုးစားပမ်းစား ရိုက်ထားတာလေး၊ အစကပြန်ရေးရမှာ ဆိုတော့လေ ...

အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကွန်မန့်မှာ အိမ်မက်စေရာ ဆိုတဲ့ ဘလော့ဂ်က ညီမလေးက ခုပို့စ်လေးကို ရေးပေးဖို့ တက်ဂ်ထားတာတွေ့တော့ စိတ်ညစ်တာလဲ နဲနဲပျောက်သွားအောင် စိတ်ပြေလက်ပျောက်ပို့စ်လေး ရေးလိုက်ပါတယ်။ ကျေးဇူးပါ ညီမလေး။
( အမှန်က မဆွိတီကို သူငယ်ချင်း အန်တီသက်ဝေက တက်ဂ်ထားတာ ကြာပြီခင်ည။ အရင်းကြီးတွေဆိုတော့ စိတ်မဆိုးလောက်ပါဘူးဆိုပြီး မရေးပဲ မသိချင်ထောင် ထောင်နေတာ။ ခုရေးလိုက်ပါပြီ။ ၂ခါပြန်တက်ဂ်ပို့စ်ကိုး))

မကြိုက်ခြင်းကစ ရေးရမယ်ဆိုရင်တော့ အဲ့သလို အဲ့သလို ပို့စ်တွေ ရေးပြီးမှ ပျောက်သွားတာ အလွန်အင်မတန်ကို မုန်းပါတယ် ခင်ည။ မီကြိုက်ပါဘူးခင်ည။


မှတ်မှတ်ရရ မကြိုက်တာတွေ၊ ကြိုက်တာတွေကို စိတ်ထဲ ရှိသလို ချရေးလိုက်ပါတယ်။



လှေခါးထစ်တွေ တက်ရတာကို အင်မတန်မုန်းတယ်။

လေယာဉ်စီးရတာကို မကြိုက်ဘူး။ လေယာဉ်ကြောက်တတ်တဲ့ ရောဂါရှိလို့။ Tour ကားကြီးတွေနဲ့ အိပ်ပြီး ခရီးသွားရတာ အရမ်းကြိုက်။ လမ်းခရီးမှာ ဆိုင်တွေဝင် စားသောက်ရတာ အရမ်းကြိုက်။

မပြီးစီးနိုင်သော အိမ်အလုပ်တွေကို နိစ္စဓူဝ လုပ်နေရတာလဲ ကြိုက်ဘူး။
အိမ်မှာလုပ်ပေးမဲ့သူ အဖော်နဲ့နေရတာ ကြိုက်တယ်။

Stress များတဲ့အလုပ် ဘာအလုပ်မဆို မုန်းတယ်။

တစ်ချိန်လုံးကြီး အေးစက်နေတဲ့ ရာသီဥတုကို မကြိုက်ဘူး။

ခြောက်သွေ့တဲ့ ရာသီဥတုကိုလဲ မကြိုက်ဘူး။

မျက်နှာတွေမှာ အသားတွေ ခြောက်ပြီး ရုပ်ဆိုးနေတာ အင်မတန်မုန်းသည်။ (မခြောက်ရင်တော့ ရုပ်က လှသကိုးး))

အင်္ကျီတွေ အထပ်ထပ်ဝတ်နေ ချွတ်နေရတာ မကြိုက်ဘူး။

ဟင်းအဟောင်းတွေ ရေခဲသေတ္တာထဲမှာ စုပြုံနေတာ မကြိုက်ဘူး။
ဟင်းတွေ လတ်လတ်ဆတ်ဆတ် ချက်စားရတာ ပိုကြိုက်တယ်။

အိမ်မှာ အသုံးမလိုတဲ့ ပစ္စည်းတွေ ရှုပ်နေတာလည်း မကြိုက်ဘူး။

မပွင့်မလင်းနဲ့ မြုံစိစိလူတွေကို မကြိုက်ဘူး။
ပွင့်ပွင့်လင်းလင်း စိတ်ရှင်းရှင်းလူတွေကို သဘောကျတယ်။

Sensitive ဖြစ်တဲ့သူတွေကို မကြိုက်ဘူး။

ရယ်စရာပြောတတ်တဲ့ သူတွေကို အရမ်း သဘောကျတယ်။

သရဲကား၊ ထိတ်လန့်သည်းဖိုကား မကြိုက်ဘူး။
ကိုရီးယား ဒရာမာကားလေးတွေ ကြိုက်တယ်။
ဟာသကား ဘာကားဖြစ်ဖြစ်ကြိုက်တယ်။

3D ရုပ်ရှင်တွေ အရမ်းကြိုက်တယ်။


ညစောစောအိပ်ရတာကို မကြိုက်ဘူး။


သမီးလေးနဲ့ နေရတဲ့အချိန်ကို သဘောကျတယ်။

အေးစက်ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို မကြိုက်ဘူး။
လူတွေနဲ့ စည်စည်ကားကား မြို့ပြကို ကြိုက်တယ်။

ရှော့ပင်ထွက်ရတာ အင်မတန်ကြိုက်။ window shopping ပဲဖြစ်ဖြစ်။

ရှော့ပင်ထွက်တိုင်း မ၀ယ်ရမနေနိုင် ၀ယ်မိတာ၊ ပိုက်ပိုက်ကုန်တာမကြိုက်ပါ။

အိမ်မှာ အေးအေးလူလူ ဖိုရမ်လေးဝင်လိုက်၊ ဘလော့ဂ်လေးဖတ်လိုက် အွန်လိုင်းတက်နေရတာလည်း ကြိုက်ပါ၏။

ရေချိုးပျင်းပေမဲ့ ရေမိုးချိုးခေါင်းလျှော်ပြီး သန့်သန့်ရှင်းရှင်း လှလှပပ နေရတာ အလွန်ကြိုက်သည်။

ခေတ်မီမီ ၀တ်စားဆင်ယဉ်ရတာ ကြိုက်တယ်။

ဂျင်းဘောင်းဘီ ၀တ်ရတာ ကြိုက်တယ်။

ခေါင်းမလျှော်တာကြာလို့ ဆံပင်တွေ ကပ်စေး ကပ်စေးဖြစ်နေရင် အလွန်မုန်းသည်။

ဆံပင်တွေ အရွယ်မတိုင်မီ ဖြူနေတာ အလွန်မုန်းသည်။

ဆံပင်ဆေးဆိုးပြီးခါစ ဆံပင်လေးတွေကို ကြိုက်သည်။

ဆံပင်ဆိုးပေးတဲ့ လူကြီးလည်း ကြိုက်သည်။

မိတ်ကပ်လေးလိမ်းပြီး လှတပတနေရတာကို ကြိုက်တယ်။

ခိုင်သင်းကြည်လို 3 step ဆံပင်ပုံစံကို ကြိုက်ပါသည်။

ဆံပင်လုံးဝ နက်မှောင်နေသည်ထက် ဆံပင်ညိုတိုတိုလေးကို ကြိုက်ပါသည်။

အသားဟင်းတွေထက် ငါး၊ အသီးအရွက်ကြော်တွေကို ပိုကြိုက်သည်။

ချိစ်တွေ ထောပတ်တွေနဲ့ချက်ထားတဲ့ ဥရောပအစာတွေကို မကြိုက်ဘူး။

တရုတ်စာကြိုက်တယ်။ ကုလားစာ မကြိုက်တကြိုက်။

solid wood သစ်သားအစစ် ပရိဘောဂတွေ ကြိုက်တယ်။

အင်တာနက်က ဟင်းချက်နည်းတွေကို စမ်းချက်ရတာ ကြိုက်သည်။

ခလေးတွေကို ကျောင်းစာအတွက် pressure ပေးရတာ မကြိုက်ပါ။

လျှာအရိုးမရှိတိုင်း ပြောတတ်သူ၊ လိမ်ညာတတ်သူများကို အလွန်အင်မတန် မုန်းပါသည်။

ထက်မြက်သော မိန်းခလေးများ၊ ထက်မြက်သော အမျိုးသမီးများကို သဘောကျတယ်။ လေးစားတယ်။

လှတဲ့ကောင်မလေးတွေလဲ ကြိုက်တယ်။

ကိုယ်ကိုယ်တိုင်ကတော့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးပဲ နေရတာ ကြိုက်တယ်။

တစ်ဦးတည်းသော သမီးမှို့လားမသိ။ အဆောင်လို မိန်းခလေး၊ သူငယ်ချင်းဖော်များနှင့်အတူနေရသည်ကို အလွန်ကြိုက်ပါသည်။

ဘ၀မှာ လက်တွဲဖော်၊ တိုင်ပင်ဖော်၊ ရန်ဖြစ်ဖော်၊ အနိုင်ကျင့်ဖော်၊ စိတ်ကောက်ဖော် အဖော်တစ်ယောက်ရှိနေတာလဲ ကြိုက်ပါသည်။ (သူငယ်ချင်း အပျိုကြီးများ ငါ့ကိုသာသတ်ကြပါတော့း))


ရေးတာလဲ တော်တော်များသွားပြီ။ ဒီလောက်ပါပဲ။

15 comments:

  1. သူငယ်ချင်း... Word ထဲမှာ အရင် ရိုက်လေ... ပြီးမှ Copy Paste လုပ်ပေါ့.. (ပထမဆုံးစာပိုဒ် ဖတ်အပြီးမှာ မနေနိုင်ပဲ ကော်မန့်အရင်ရေးမိတယ်... အခု စာဆက်ဖတ်လိုက်အုံးမယ်...)

    ReplyDelete
  2. သူငယ်ချင်းအရင်းတွေမို့ ထင်တယ်...
    ကြိုက်တာတွေလဲ တူ... မကြိုက်တာတွေလည်း တူ...း))

    ReplyDelete
  3. အော် တော်တော်များများကိုတူနေပါလား တီတီဆွိရယ်..

    ReplyDelete
  4. လေယာဉ်ကြောက်တာတူတယ်။ ဟင်းတွေစမ်းချက်ချင်တာလဲ တူတာပဲ

    ReplyDelete
  5. မပွင့်မလင်းနဲ့ မြုံစိစိလူတွေကို မကြိုက်ဘူး ဆိုတော့ များကို မကြိုက်ဘူးပေါ့နော်...ကြိုက်ပါ ဆွိရယ်း)

    ReplyDelete
  6. ထက်မြက်သော မိန်းခလေးများ၊ ထက်မြက်သော အမျိုးသမီးများကို သဘောကျတယ်။ လေးစားတယ်။...အဲဒီအချက်လေး သဘောကျတယ် မမ:):)

    ReplyDelete
  7. တရုတ်စာက မြန်မာပြည်က တရုတ်စာကိုပဲ ကြိုက်တယ်။ စလုံးက တရုတ်စာကိုတော့ မကြိုက်ဘူးအမရေ။

    ReplyDelete
  8. နေ့တဓူဝ မဟုတ်ဘဲ နိစ္စဓူဝ ဖြစ်မယ်ထင်ပါတယ် ခင်ဗျ။

    ReplyDelete
  9. I love "Shopping, Online, 3D movie, Make-up, Chinese food" Ma Ma Sweet.

    ReplyDelete
  10. မဆွိရဲ့ ပို.စ်တွေ ဖတ်ရတာကြိုက်တယ်၊ ဒါပေမဲ့ ပို.စ်တစ်ခုနဲ.တစ်ခု အချိန်တော်တော်ကြာအောင် စောင့်ဖတ်ရတာ မကြိုက်ဖူး၊

    ReplyDelete
  11. ကိုဇက် အားပေးမဲ့သူရှိတုံး ကမန်းကတန်း ပို့စ်အသစ်တင်ထားလိုက်င်္ပြီ။ ဘာရမလဲ ... နာကွး))

    အနောနိမစ်စရေ ... ပြင်လိုက်ပြီနော်။ ဖတ်ရတာတော့ နဲနဲထောက်သွားတယ်။ တီဆွိက ပါးစပ်ကထွက်တဲ့ အတိုင်းရေးလိုက်တာ။ ရေးတော့အမှန် ထွက်တော့ အသံ။

    စော (အ၀ါရောင်) စလုံးက seafood restaurant တွေမှာလဲ တရုတ်စာကောင်းပါတယ်။ ဟော်ကာကဆိုင်တွေဆို ဈေးလဲသိပ်မကြီးလှဘူး။
    အစ်မသီတာက ဆန့်ကျင်ဖက်ပြောတာနဲ့တူတယ်။ မြုံစိစိလို့ မထင်ပါဘူးဂျာ။ ချစ်ဖို့ကောင်းပါတယ်။

    အန်တီသက်ဝေ အရင်ကတော့ အဲ့လိုပဲရိုက်တာ။ ပုံလေးတွေပါတင်ပြီး preview ကို ခဏခဏကြည့်နေတော့ တိုက်ရိုက်ပဲရိုက်တော့တာ။ ခုတော့ ရိုက်ပြီး ကော်ပီလုပ်လုပ်ထားတယ်။ အတော် အီစလံဝေသွားတယ်။

    ReplyDelete
  12. Most like and dislike are same as you.
    I don't mind riding airplane.
    Hate many things especially stressful work, never ending house chores, and old food in the fridge.
    Love friends making nice jokes too.

    By the way, I read about green bean with black bean. Looks good.
    Iora

    ReplyDelete
  13. မြို့ င်္ကြီးပြကြီးကြိုက်တဲ့ တီတီဆွိနဲ Australia နဲ့ အဲ့ဒီမှာ စတွေ့ တာပဲ.. တော်သေးတယ်.. တီတီဆွိနေတာ မြို့ ကြီးမှာမို့ လို့ .. ဒါပေမယ့် အနောက်နိုင်ငံတွေက ပျင်းဖို့ ကောင်းတယ် Asia နဲ့ ယှဉ်ရင်.. weekend မှာ mall တွေ ၆နာရီပိတ်တာ အမုန်းဆုံးပဲ.. :(

    ReplyDelete
  14. တော်လိုက်တဲ့ဆွီ...
    Shopping ထွက်ရတာတော့ကြိုက်ပြီး ပိုက်ပိုက်ကုန်မှာတော့မကြိုက်ဘူးတဲ့...
    နုံရှာတယ်နော်....
    ခင်တဲ့
    နွယ်

    ReplyDelete
  15. ဆွိနဲ့အားလုံးနီပါးတူတယ်

    ReplyDelete