အန်တီဆွိလဲ အိမ်မှာ ပျင်းပျင်းရှိလှနဲ့ ချက်စားပါတယ်ခင်ည။ မျိုးစုံပါပဲ။ အင်တာနက်ထဲမွှေလိုက်၊ ချက်လိုက်၊ ဓာတ်ပုံတွေလဲ ရိုက်တာပဲ။ ရိုက်ပြီး မတင်ဖြစ်တာတွေက ပိုများတယ်။ အကြောင်းအမျိုးမျိုးပါပဲ။ တင်မယ်ဆို နေ့တိုင်းဟင်းချက်နည်းချည်းတင် တစ်လစာလောက်ကို ဖူဖူလုံလုံရှိပါတယ်ခင်ည။ နေ့တိုင်းတင်တော့လဲ ပျင်းစရာကြီးဖြစ်မယ်ဆိုပြီး တင်ဖို့ရက်ရွေးရင်းနဲ့ ဟင်းချက်နည်းတွေ အကြွေးကျန်နေတာ။ ခုတစ်လော စလုံးမှာ စားဖူးတဲ့အစားအသောက်တွေ ငတ်လို့ ချက်စားဖြစ်နေတယ်။ မဆွိတီတို့လဲ ကျွန်းလေးရောက်တော့ မြန်မာစာတွေ ငတ်လို့ လွမ်းလို့ဆို ချက်စား၊ ခုကျွန်းကြီးရောက်တော့လဲ ကျွန်းလေးက အစားအသောက်တွေ လွမ်းပြန်ကော။
မဆွိတီတို့ စလုံးမှာတုံးက အလုပ်က NUS နဲ့ နီးတော့ နေ့ခင်းဖက်ဆို NUS ထဲမှာ သွားစားလေ့ရှိတယ်။ Engineering, Medical, Law, Science and arts ကင်တင်း အစုံပါပဲ လှည့်သွားနေတာ။ အများအားဖြင့်တော့ ရုံးနဲ့ ပိုနီးတဲ့ Science and arts ကို သွားတာများတယ်။ NUS ကဆိုင်တွေက ကျောင်းသားတွေအတွက်ဆိုတော့ ဈေးကတော့ အင်မတန်သက်သာတယ်။ အပြင်မှာ ဂျပန်စာတစ်ပွဲ ၇ကျပ်-၈ကျပ်ပေးရတဲ့ အချိန်မှာ အဲဒီကင်တင်းမှာ ၄ကျပ်-၄ကျပ်ခွဲကို အရသာလဲ မဆိုးပါဘူ။ set menu တွေဆို ပုဇွန်တန်ပူရာတွေရော၊ ဆယ်မွန်တွေရော၊ ငါးတန်ပူရာတွေရော၊ အသီးအနှံတန်ပူရာတွေ၊ အချိုပွဲ အသီးတွေရော စုံနေတာပဲ။ ကိုယ့်ဟာကိုယ်ဆို မကုန်လို့ ဘေးကကောင်လေးတွေထဲ ထည့်ပေးနေရတယ်။ ကုလားစာဆိုရင်တော့ Engineering ကင်တင်းမှာ အလွန်ကောင်း။ မဆွိတီတို့လင်မယားဆို သူ့အဖေရုံးမသွားတဲ့နေ့ဆို ကျောင်းကင်တင်းမှာချိန်းပြီး ကုလားစာအတူစားကြတာဗျ။
ကဲအပေါ်က မြေအိုး ကြက်တောင်ပံပေါင်းအကြောင်းဆက်ရရင် အဲဒီ Science and Arts ကင်တင်းမှာ Clay pot ဆိုင်တစ်ဆိုင်ရှိသဗျ။ အဲဒီမှာ Clay pot နဲ့ချက်တဲ့ ဟင်းအမယ်ပေါင်း ၂၀လောက်ကို ရောင်းတာ။ အမဲသား၊ ဝက်နံရိုး၊ ဝက်သားအာလူး၊ ကြက်တောင်ပံ၊ ကြက်သား ငရုပ်သီး၊ ငါး၊ Squish အစုံပါပဲ။ နေ့ခင်း ထမင်းစားချိန်ဆို တန်းကလဲ အမြဲမပြတ်ဘူးဗျ။ ဒါပေမဲ့ သူတို့လုပ်တာလဲ အရမ်းမြန်တယ်။ ဈေးကလဲ ၂ကျပ်-၃ကျပ်ဆိုတော့ စားရတာလဲ တန်တာကိုးဗျ။ မဆွိတီတို့ အဖွဲ့ဆို အများအားဖြင့် အဲဒီမှာပဲ စားလေ့ရှိတယ်။ အဲဒီဆိုင်က Clay pot sesame chicken က တော်တော်ကောင်းသကိုး။
ဒီရောက်တော့ တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစား။ စားချင်တာတွေကလဲ စလုံးက ဘာကူးတေတို့၊ ကွေ့ချပ်တို့၊ ဟုတ်ကင့်မြီးတို့၊ Chicken rice တို့ အဲဒီ Clay pot sesame chicken တို့တွေ ဖြစ်နေတာနဲ့ပဲ အဲဒါတွေ တစ်နေ့တစ်မျိုး ချက်စားနေတော့တာပဲ။
မနေ့ကတော့ အိမ်မှာလဲ Chicken wing တွေ ရှိနေတာနဲ့ စိတ်ကူးရသွားတာ။ ချက်ရတာလဲ သိပ်မခက်ပါဘူး။ မဆွိတီကတော့ ဝါသနာပါလို့လား မသိဘူး၊ အဲလိုချက်ရတာ အလွန်ပျော်သဗျ။ ချက်ပြီး ဆိုင်ကဟာနဲ့ တူမတူ စားကြည့်၊ မြည်းကြည့်ရတာလဲ အမော။
မြေအိုးကြက်တောင်ပံပေါင်းအတွက် လိုတဲ့ပစ္စည်းတွေက
ကြက်တောင်ပံ ကီလိုဝက် (ကြက်သားနဲ့ ချက်လဲကောင်းပါတယ်၊ ကြက်သားကို တစ်လမခွဲလောက် အတုံးတွေတုံးပါ)
ပဲငံပြာရည်အနောက်ရည် စားပွဲဇွန်း၂ဇွန်း
ပဲငံပြာရည် အကြည်(အချို)ရည် စားပွဲဇွန်း တစ်ဇွန်း
ခရုဆီ (Oyster sauce ) စားပွဲဇွန်း ၂ဇွန်း
တရုတ် ဟင်းချက်ဝိုင် စားပွဲဇွန်း ၄ဇွန်း (တရုတ်စာတွေကြိုက်တတ်တယ်ဆို အိမ်မှာ တရုတ်ဟင်းချက်ဝိုင် ဝယ်ထားပါ။ အင်မတန် အသုံးဝင်ပါတယ်)
ဂျင်း ပါးပါးလှီထားတာ ၁၀ခုလောက်၊
ကြက်သွန်ဖြူ ၆မွှာခန့် (အခွံခွါစရာမလိုပါ)
ကြက်သွန်ဖြူ အနှစ် လဖက်ရည်ဇွန်း တစ်ဇွန်း (မရှိလျင် ကြက်သွန်ဖြူကို ထောင်းပါ)
ငရုပ်သီးခြောက် ၆တောင့်ခန့်
နှမ်းဆီ စားပွဲဇွန်း ၅ဇွန်းခန့်
သကြား စားပွဲဇွန်း ၂ဇွန်းခန့်
ကြက်သွန်မြိတ် ကြီးကြီးတစ်ခု (တစ်လက်မလောက်စီ လှီးဖြတ်ထားပါ)
ကြက်သွန်နီ တစ်လုံး ၈စိတ်စိတ်ပါ။
ငရုပ်ကောင်း လဖက်ရည်ဇွန်းတစ်ဝက်ခန့်
ပြောင်းဖူးမှုန့် (Corn flour)(သို့)ကော်မှုန့် စားပွဲဇွန်းတစ်ဇွန်းကို ရေနဲ့ ပျစ်ပျစ် ဖျော်ထားပါ။
ကြက်သားမှုန့် သင့်သလို
မဆွိတီ သုံးတဲ့ brand တွေပါ။ အများအားဖြင့် စင်္ကာပူ ဘရန်း Lee Kum Kee ကို သုံးတယ်။
ပထမဆုံး ကြက်တောင်ပံတွေကို ရေဆေးပြီး ကြက်သားမှုန့်၊ ငရုပ်ကောင်းတို့နဲ့ နယ်ထားပါ။
ဒယ်အိုး (သို့) ဒန်အိုးထဲ မှာ နှမ်းဆီကို ထည့်ပါ။ ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ အနှစ်၊ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်ပြီး မွှေးနေအောင် ဆီသတ်ပါ။
မွှေးလာရင် ငရုပ်သီးထည့် ပြီး ကြက်တောင်ပံကိုလည်းထည့် မွှေပေးပါ။ အဲဒီမှာ နှမ်းဆီနဲ့ ဆီသတ်ထားတော့ ဂျင်း၊ ကြက်သွန်ဖြူနံ့လေးရောပြီး ကြက်သားက တော်တော်ကို မွှေးနေပြီဗျ။
ကြက်တောင်ပံတွေ ကျက်လာပြီး ဆီသတ်တာ ကပ်လာပြီဆို ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ သကြား အစရှိသည်တို့ကို ရောထည့်ပြီး ခဏလုံးလိုက်ပါ။(မွှေလိုက်ပါ)။ အရမ်းကပ်နေရင်တော့ ရေလေးပါ နဲနဲထည့်ပါ။ တူးနံ့နံသွားရင်လဲ မကောင်းဘူးလေ။
ပြီးတော့ မြေအိုးထဲကိုပြောင်းထည့်၊ ရေကို ကြက်သားမြုတ်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ်။ မြေအိုးဆိုတော့လဲ မြေအိုးရအောင် မနဲရှာရတယ်။ Slow cooker ကတော့ သူ့အိုးပျောက်လို့ လိုက်ရှာနေရောပေါ့ဂျား)။
(မြေအိုးမရှိလဲ စောနက အိုးနဲ့ ပေါင်းလဲ ရပါတယ်။ မြေအိုးနဲ့က ပို နူးလွယ်သဗျ။)
ကြက်သားနူးအိလာရင် ကော်ရည်ဖျော်ထားတာ လောင်းထည့်၊ ကြက်တောင်ပံတွေ မကြေအောင် အသာလေး မွှေပေးပါ။ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်မြိတ်ထည့်၊ တစ်မိနစ်လောက်ထပ်တည်၊ အပေါ့၊ အငံ၊ အချိုလေးမြည်းပြီး စားလို့ရပါပြီခင်ဗျာ။
နှမ်းဆီနံ့ မွှေးမွှေးလေးနဲ့ ကောင်းမှကောင်း၊ ချိုမှချို၊ မြေအိုး ကြက်တောင်ပံပေါင်းပါ။ ဆိုင်မှာတော့ ထမင်းဖြူလေးကို ပန်းကန်လုံးထဲထည့် တူလေးနဲ့ ဇွန်းလေးနဲ့ စားပါတယ်ခင်ည။ အားပေးကြပါဦး။
စားချင်စရာကြီးတီဆွိရေ
ReplyDeleteမမဆွိ
ReplyDeleteနက်ဖြန် သေချာပေါက် ချက်စားမှာ ဟိ ။
ပိတ်ရက်ကို ဘာချက်စားရမလဲစဉ်းစားနေတာ အတော်ဘဲ ဖြစ်သွားတယ်။
ကျေးဇူးပါနော် ။
မနက်ဖြန်ချက်စားစရာတော့ရပြီ.. ကြက်တောင်ပံတွေလဲ ရှိနေတာနဲ့ အတော်ပဲ..း)
ReplyDeleteSeems so yummy, Ma Ma. As much as I want to try it at home, I have to let go of that thought as I don't have most ingredients, especially the clay pot, hehe.
ReplyDeleteMon Petit Avatar
စားချင်စရာကြီးးး ကြက်တကောင်လုံးမှာ ဖင်စီဗူးပြီးရင် တောင်ပံက အဆီများဆုံးတဲ့အေ့....။ ဟီးဟီး ခဏရှောင်ဦးမယ်....နောက်လ ခရီးသွားဖို့ရှိလို့ မတ်စိရေ...:))
ReplyDeleteDelay to cook according to Ma Chit's comment:)
ReplyDelete(Yummy)3...say looking at my tummy:D
Gyidaw
မြေအိုး ကြက်တောင်ပံပေါင်း နည်းလေးအတွက် ကျေးဇူးပါ စွိတီရေ။
ReplyDeleteအောက်ဆုံးပန်းကန်ကိုကြည့်ပြီး ဗိုက်ဆာသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တူတူဖဲ
ReplyDeleteအလုပ်က NUSနဲ့နီးတော့ နေ့လည်စာသွားစားဖြစ်တယ်။
ကောင်းလဲကောင်း တန်လဲတန်တယ်။
Science And Artsက အဲဒိဆိုင်မှာ သွားတိုင်းစားဖြစ်တာက braised pig trotter၊ ဗန်းထဲက ကြက်ဥမွှေကြော်လေးပါ ထပ်မှာပြီး လွေးတာပ...
ကောင်းမှကောင်းး)
စလုံးမှာမနေဖြစ်တော့ရင် စလုံးအစားအစာတွေ လွမ်းအုံးတော့မှာ အမှန်ပဲ...
Turn On Ideas - TOI
အရောင်လည်းလှတယ်
ReplyDeleteစိတ်ဝင်စားဖို့ အတော်ကောင်းတယ်
ကြည့်ရင်းနဲ့ စားချင်စိတ်တွေ ဖြစ်လာစေတယ်
စားလို့ကောင်းမှာသေချာတယ်နော်
တို့လည်း Lee Kum Kee ပဲ
ReplyDeleteတီဆွိ ဂလု.. ( တံတွေးမြိုချသံ)... စားချင်တယ် စားချင်တယ်..
ReplyDeleteစားလို့  ကောင်းမှာ သေချာတယ်...Business School မှာ စားစရာတွေ မကျန်တော့ရင် စန်းထွန်းတို့ တွေ Art & Science ကို ချီတက်ကြတာပေါ့..သူတို့ လည်း ကုန်းဘောင်ကြီး၊ မာလာကြီးလို့  ခေါ်တယ်...အဲဒီက steam boat က ဈေးလည်း သက်သာပြီး စားလို့ လည်းအရမ်းကောင်းတယ်...း)
ReplyDeleteHello TT,
ReplyDeleteYesterday I bought all the required ingredients and clay pot. Today I tried your recipe.
Oh! Yummy ....Yummy.... Yummy..
Thanks!
just come to visit :)
ReplyDelete