ညက ဖိုရမ်ထဲ လမ်းသလားနေစဉ် သူတို့တွေ ကောက်ညှင်း ဆီထမင်း အကြောင်း မစားရ ဝခမန်း ပြောနေကြသည်။ စိတ်ကြီးသော အန်တီဆွိမှာကား မနေနိူင်။ ချက်ချင်း ထကာ ကောက်ညှင်း တစ်ခွက်ခွဲ ရေစိမ်ထားလိုက်သည်။
------------------------------------------------------------------------------------------------------------
မနက် အိမ်ရာနိူးတော့ ဒီနေ့ သမီး ပီယာနိူသင်တန်း ပို့ရမှာမှို့ စောစောထရန်သတိရသည်။
ကွန်ပြူတာက နာရီကြည့်လိုက်တော့ 8:14 ဟုပြနေရာ ဝုန်းကနဲ ထမိမလိုဖြစ်သွားသည်။ မျက်လုံးကို သေချာ ပွတ်ကြည့်မှ 6:14 ဖြစ်နေ၍ တော်ပေသေးသည်။
မျက်နှာသစ် ညက်ခုံးမွှေးဆွဲ၊ မီးဖိုထဲရောက်မှ ကောက်ညှင်းရေစိမ်တွေ့ရာ ဆီထမင်းထိုးရန် သတိရသွားသည်။
ကြက်သွန်နီလှီးသည်။ ဆီအိုးတည်သည်။ ဆနွမ်းထည့်သည်။ ကြက်သွန်နီထည့်သည်။ ကြက်သွန်ကြော်နေတုံး ကြက်သွန်ဖြူလေးတွေ ထောင်းထားသည်။
မန်းလေးပဲကြော်အတွက် ပဲတွေ ရေခဲသေတ္တာထဲကထုတ်၊ ပြန်နွှေးနေတုံး ကြက်သွန်နီတွေ နဲနဲကျက်ကုန်တာနဲ့ ကြက်သွန်ဖြူဆီချက်လေးကိုပဲ ကမန်းကတန်း ထည့်ရတော့သည်။ ပုဇွန်ခြောက်မှုန့် တစ်ဇွန်းထည့်သည်။ မွှေသည်။
ကောက်ညှင်းရေစိမ်ကို ရေတွေစစ်ကာထည့်သည်။ မွှေသည်။ ဖြူဖတ်ဖြူရော်ဖြစ်နေသည်နှင့် ဆနွင်းထပ်ထည့်သည်။ ဆား၊ ဟင်းခတ်မှုန့် ထည့်မွှေသည်။ စောနက မထည့်လိုက်ရသည့် ကြက်သွန်ဖြူထောင်းလေးတွေပါ ရောထည့်လိုက်သည်။
မွှေနေရာကနေ ကောက်ညှင်းအနည်းငယ်စေးလာတော့ ရေ ခွက်တစ်ဝက်ခန့် ဖြန်းကာ အဖုံးအုပ်ထားလိုက်သည်။
ကောက်ညှင်းနပ်ပြီလား စမ်းကြည့် မနပ်မချင်း ရေအနည်းငယ်တောက်ကာ မွှေပြီး၊ မီးအေးအေးနှင့် အဖုံးအုပ်ထားသည်။
ကောက်ညှင်းနပ်ပြီဆိုမှ အောက်က ဂျိုးတူးအောင် မီးအေးအေးနှင့် လှည့်ပေးရသည်။
ဟိုညက်ခုံးမွှေးလူကြီးသောက်ဖို့ ကော်ဖီဖျော်၊ မန်းလေးပဲကြော်လေး၄-၅ခုကြော်ပြီး ယနေ့နံနက်စာ အဆင်သင့်ဖြစ်ပါပြီ။
မန်းလေးပဲကြော်ကတော့ မနက် ကမန်းကတန်းနဲ့ ဓာတ်ပုံရိုက်ဖို့ အချိန်မရလို့ မရိုက်လိုက်ရပါ။ အရင် လုပ်ဖူးတာလေး တွေ့လို့ တင်ပေးလိုက်ပါသည်။ Red bean ကို တစ်ညရေစိမ်ပြီး rice cooker နှင့်ပေါင်းပါ။ (rice cooker အပေါ်မှ ပေါင်းအိုးနှင့် ကောက်ညှင်းပေါင်းသလို ပေါင်းပါ)။ ပြီးရင်လိုချင်သောအချိန် ထုတ်သုံးလို့ရအောင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါသည်။
ပဲ၊ ကောက်ညှင်းမှုန့် ကို ၂း၁ ရောပါသည်။ ပဲကို ချေပါသည်။ ဆား အနည်းငယ်၊ ဂျင်း များများ မီးအေးအေးနှင့်ကြော်ပါသည်။
ဂျင်းနံ့သင်းသင်းနှင့် မန္တလေးပဲကြော်၊ ကြီးတော်အခေါ် ကောက်ညှင်းပဲကြော်ရပါပြီ။
ဒါကတော့ ဒီနေ့မနက်ကြော်သော မန်းလေးပဲကြော်။











တီချွိကလည်း ချိတ်ကြီးလိုက်တာ..။ အနော်က ချားချင်နေပေါ့..။ ဘယ်လိုလုပ်မလဲ..။ ကဲ..။
ReplyDeleteဒီတစ်ခါအရေးအသားက ဆရာကြီးမင်းသိင်္ခရဲ့ မနောမယထမင်းဝိုင်းအရေးအသား ခင်ဗျ..။ တီချွိ ပိုပိုတော်လာပြီ..။ ချာကြီး ရွှေဥဒေါင်းလိုရော..၊ ချာကြီး မင်းသိင်္ခလိုရော ရေးတတ်လာပြီ..။ ဟိဟိ..။
ဂျပယ်မ တွေ့မှ အကြွေးရှင်တွေ့သလို သတိရတယ်။ ထမင်းသုတ်အကြောင်းမေးထားတာ အရင်သုတ်တုံးက ပုံလေးတွေ ရိုက်ထားတာရှိတယ်။ အဲဒီ လှည်းတန်းထမင်းသုတ် တော့ မစားဖူးလို့။ တီဆွိ သုတ်တတ်သလို သုတ်ထားတာ။ နောက်ကျရင် တင်ပေးမယ်နော်။
ReplyDelete၀ုတ်တဲ့ ကျေးဂျူး တီချွိ
ReplyDeleteခုနက လာကြည့်တုန်းကဆီထမင်းမရှိသေးပါဘူး :) ခုပြန်လာစားသွားပီ..ကောင်းလိုက်တာတီဆွိရေ … :)
ReplyDeleteသြ......နှိပ်စက်ပါပေ့ တီတီဆွီရေ.......မန်းမှာနေပြီး မစားဖြစ်တာ အတော်ကြာပြီ...စစလဲ စိတ်ကြီးတယ် ခဏနေ သွားဝယ်စားမယ်ဗျို့
ReplyDeleteဒီတခါတော့ ဂျူးဂျူးလေး မပါဘူးလား...
ခင်မင်တဲ့
စစ
ဆီထမင်းရော ပဲကြော်ရော ကောင်းမယ့်ပုံလေး။ မစားရတာကြာပေါ့ တီတီဆွိရေ........။ ဂျူးဂျူးလေးကရော မစားဘူးလား။
ReplyDelete(လီယို)
လီယို ဂျူဂျူးက အရမ်းချေးများတယ်။ မြန်မာ အစားအသောက် တော်တော်များများ သူမစားဘူး။ သူ့အတွက် အမြဲသတ်သတ်လုပ်ပေးရတယ်။ ဒီနေ့မနက် သူ့အတွက် ပန်ကိတ် (ဂျုံ ကြက်ဥကြော်) လုပ်ပေးရတယ်။
ReplyDeleteစစ မန်းလေးပဲကြော်ပြောတာလား။ ငယ်ငယ်က ထမင်းဖြူလေးဆီဆမ်း၊ မန်းလေးပဲကြော်လေးနဲ့ မနက်စာစားရတာ အရမ်းကြိုက်တာ။ ဒီမှာတော့ ဘာမှ ၀ယ်မရတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်စားရတယ် စစရေ။ မုန့်ဗိုင်းထောင့်လေးစားချင်လို့ ရရင် ၀ယ်ခဲ့နော် ...း)
နေခြည် ဦးခြိမ့်ကလဲ ဆီထမင်း အရမ်းကာင်းတယ် ပြောသွားတယ်။ အရင်တစ်ခါလုပ်တာ rice cooker နဲ့ ချက်လိုက်တာ ရေများပြီး ပျက်သွားဖူးတယ်။
တီဆွိ ရက်စက်တယ်. ကောက်ညှင်းပဲကြော် စားချင်နေတာ စိတ်မကြီးတော့ ခုထိမစားရသေးဘူး ဟင့်
ReplyDeleteမန်းလေးပဲကြော်နည်း မှတ်သွားတယ် ကျေးဇူးဘဲအမ
ReplyDeleteဂလုဂလု သွားရည်ယိုတယ်ဂျ
ReplyDeleteအခုလေးတင် ထမင်းစားပြီးတာ
ဒါပေမယ့် ဂလုဂလုဖြစ်သွားတယ်
အစားသောက်ပို့စ်တွေတင်တဲ့ ဘလော့ဂါတွေကိုသိပ်မကျေနပ်ဖူးး)
ပို့စ်ဖတ်ပြီး ဂလုရလွန်းလို့
ဘူ့မှလဲ ကျွေးကြဖူး
ပုံတွေကိုငမ်းပြီး ဂလုဂလုနေရတယ်
တိန်
ဂလုတတ်သူ
မောင်ဘကြိုင်
အမ..ကောက်ညှင်းမှုန့်ကို အီးလို ဘယ်လိုခေါ်လဲလို့ ပြောပြပေးပါနော်...။ကြော်စားချင်လို့ပါ..။
ReplyDeleteဟယ်..တီဆွိတို့ကတော့လုပ်ပြီ..စောစောစီးစီးညက်နှာသစ်ပြီး
ReplyDeleteတာနဲ့ညက်ခုံးမွေးဆွဲရလားလို့..သူသိပ်လှချင်တာဘဲ..လြှပီးသား
ဟာကို..(ဆီထမင်းကျွေးနော်..ဟဲ..ဟဲ..)၊
စားချင်စရာလေးအမ......
ReplyDeleteတိုက်တိုက်ဆိုင်ဆိုင်ပဲ စွိတီရေ မနက်ကအိမ်မှာလည်း ဆီထမင်းထိုးစားတယ် နှမ်းထောင်းနဲ့ပဲစားခဲ့တာ။
ReplyDeleteစွိတီရဲ့ မန္တလေးပဲကြော် နောက်တစ်ခေါက်လုပ်စားမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ကဲ့ပါ အန်တီတင့်ရေ။ တိုက်တိုက်ဆိုင်ဆိုင်နော်။ မနက်က နှမ်းထောင်းလေးထည့်ဖို့တောင် မေ့သွားတယ်။
ReplyDeleteမိုးငွေ့၊ ခေးကို လုပ်ရတာ သိပ်မခက်ပါဘူး။ လုပ်စားကြည့်လေ။
မစု ညက်ခုံးမွှေးက မနက်တိုင်းဆွဲရတာ ... ကိုယ့်အိမ်ကလူ မမှတ်မိမှာစိုးလို့ ...း) နောက်တာပါ။ ညက်ခုံးမွှေးမပါရင် ဘယ်လိုမှ ကြည့်မကောင်းလို့ ဆွဲနေရတာပါ။ ဆီထမင်းတော့ စားသာသွားပါတော့။
အနောနိမတ်စ် ကောက်ညှင်းမှုန့်ကို glutinous rice flour ခေါ်ပါသဗျာ။
အော် ဒုက္ခ မောင်ဘကြိုင်တို့ ၀ဋ်လဲ မသေးဘူးနော်၊ ဒီဘလော်ဂါတွေ တော်တော်ဆိုးး)
ဝါး.. ဆီထမင်းက မိုက်လိုက်တာ အထူးသဖြင့် ဂျိုးတွေပေါ့ ။။ ပုံကြည့်ပြီး ခွာစားချင်စိတ်တွေပေါက်လာမိတယ်။ ငါးခြောက်ဖုတ်ဆီဆမ်းလေးနဲ့ စားလိုက်ရရင် ဆွေမျိုးမေ့လေမလားဘဲနော်း)
ReplyDeletePancake လုပ်နည်းလေး တင်ပါလား ဆွိရေ
ReplyDeleteဆွိက ပုံတွေနဲ. အတိုင်းအတာ အသေအချာနဲ.ရေးပေးတတ်လို.ပါ။ ကျေးဇူးနော်။
ပန်ကိတ်လုပ်နည်း အရမ်းလွယ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးရင် တင်ပေးပါ့မယ်။ ပြောသာပြောသာ အန်တီဆွိမှာ ဟင်းချက်နည်း အကြွေးတွေ အများကြီးပဲ တင်ဖို့ရာ။ နောက်ဆို တစ်နေ့ ၂ပို့စ်တင်ရမယ်နဲ့တူတယ်။
ReplyDeleteချောရေ ငါးခြောက်ဖုတ်က oven နဲ့ ဖုတ်ရတာဆိုတော့ ကြာလို့ မနက်က ပဲကတ်ကြော်လေးပဲ ကမန်းကတမ်းကြော်လိုက်တာ။ ဟုတ်တယ် ငါးခြောက်ဖုတ်နဲ့ဆို ပိုကောင်းမယ်။ နောက်တစ်ခါ စိတ်ထပ်ကြီးလိုက်ဦးမယ်နော်။း)
ကော်မန့် ပေးလို့မရတာ ကြာပြီ...း(
ReplyDeleteအဲ... ရသွားပဟ...း))
ReplyDeleteတီဆွိရေ... ဘလော့ဂ်မှာ ကော်မန့်ပေးတာ မရဘူး..
ဧရာဝတီ ပိုစ့်မှာထဲက...း(
ရေးပြီး publish လုပ်လိုက်ရင် ပျောက်ပျောက်သွားတယ်...
သူများတွေတော့ ပေးလို့ရနေတာ တွေ့ရတယ်... (ဝမ်းနည်းလိုက်တာ...)
မန္တလေး ပဲကြော်မှာ နှစ်အချိုး တစ်ဆိုတာ ပဲ နှစ် ကောက်ညှင်း တစ်လားလို့လည်း မေးချင်လို့ပါ... မေမေတို့ကို ကြော်ပေးချင်လို့...း)
အန်တီသက်ဝေ ...facebook မှာတွေ့တယ်။ ခုလေးတင်ပဲ စမ်းကြည့်ပြီး ပြန်ဖြေမလို့ဟာ။ ခုတော့ရသွားပြီဆိုတော့ ပေးတော့ ကွန့်မန့်တွေး)
ReplyDeleteပဲ ၂း ကောက်ညှင်းမှုန့် ၁ ညမလေး အဖြေမှန်ပါတယ်ကွယ်။ အဲလေ အန်တီ့အဖြေ မှန်ပါတယ်ကွယ် ...း)
ကျေးဇူး သူငယ်ချင်း... ဒီတပတ်တော့ ကိုယ့်ကို မတားနဲ့တော့... ကြော်စားပြီပဲ...း))
ReplyDeleteမန်းလေးပဲကြော်ကတော့ အကြိုက်ဆုံး .. ဆီထမင်းကတော့ ကောက်ညှင်းမကြိုက်လို့ မလုပ်စားဖစ်ဘူး
ReplyDeleteWow! wonderful!
ReplyDeleteA really good cook!
U Chaint, you are lucky enough to have such a good house wife.
You should massage her whenever you get home from the office :)))
မန်းလေးပဲကြော်နဲ့ ဆာကာကြီးကြော်က တူတူပဲလားဆိုတာ ခုထိ အဖြေမရသေးဘူး... တူတူပဲလား တိတိဆွိ? :D
ReplyDeleteမန္တလေးပဲကြော်ပူပူကို ငံပြာရည်တို့ပြီး ထမင်းကြမ်းလေးနဲ့ စားချင်တယ်။ ဆီထမင်းကတော့ အိုးကပ်ဂျိုးလေးတွေ ဖဲ့ဖဲ့စားချင်တာ..။
ReplyDeleteတီတီဆွိ စိတ်ကြီးတယ်နော်...ဓာတ်ပုံတွေ ကြည့်ပြီး စားချင်တယ်..စားချင်တယ်..
ReplyDeleteတီဆွိရဲ. ဆီထမင်းကို ပန်ကန်းလိုက်ကြီး IYS Halal Kitchen ဆိုတဲ့ facebook ကြီးမှာတွေ.ခဲ့တယ်။ သူတို.ပဲ ချက်ထားသလိုလို ချက်နည်းတောင် ရေးထားသေး။ :(
ReplyDeleteကျေးဂျုးးးတင်ပါတယ်ရှန့် ..:)
ReplyDeleteစားချင်စရာကောင်းလိုက်တာ အန်တီလုပ်ထားပုံလေးက...နောက်ရက်မှ လုပ်စားမယ်..ကျေးဇူးပါအန်တီ...
ReplyDelete