Sunday, September 11, 2011

နှင်းဆီရောင် လောင်းကြေး

(ရလဲ့... ခေါင်းစဉ်က မြန်မာဗီဒီယိုခွေနဲ့တောင်တူသေးး)

မဆွိတီတို့အိမ်တွင် လွန်ခဲ့သော ၃လခန့်က စိုက်ခဲ့သော နှင်းဆီပင်၂ပင်ရှိရာ တစ်ပင်က အဖူးလေး ၃ဖူးထွက်နေပြီ။ ပန်းချစ်တတ်သော မဆွိတီမှာ အပင်လေးကို အရိပ်တကြည့်ကြည့်နှင့် အလွန်ပင်ပျော်နေပါသည်။ အပင်တွေ စိုက်တုံးက အမှတ်တမဲ့ စိုက်လိုက်ရာ အပင်၂ပင်မှာ ဘယ်အပင်က အ၀ါရောင်၊ ဘယ်အပင်က အနီရောင် မခွဲတတ်တော့ပါ။ သို့ပေမဲ့ ငယ်ငယ်က နှင်းဆီပင်စိုက်ဖူးသည်ဖြစ်ရာ အတွေ့အကြုံအရ (အဟွတ် ... အဟွတ်း) အရွက်ကလေးများထွက်လာပြီးနောက်ပိုင်း ယခုဖူးနေသော အပင်သည် အ၀ါရောင် ဖြစ်သည်ဟု မှတ်သားထားသည်။ ဟိုနေ့ကတော့ ဂျူဂျူကသွားကြည့်ပြီး အဖူးတစ်ဖူးမှာ အနီရောင်လေး နဲနဲစွန်းနေရာ သူကတော့ အနီရောင်ဆိုသည်။ သူ့အဖေကလည်း သမီးနည်းတူ အနီရောင်လေးထွက်နေတာ မြင်ပြီး အနီရောင်ဆိုသည်။ မဆွိတီကားခုထိ အ၀ါရောင် တပြားသားမှ မလျှော့သေး။ ပွင့်မှသာ ကြည့်ရတော့မည်။ ဂျူဂျူနှင့် သားအမိ၂ယောက် လောင်းကြေးထပ်ထားရာ လောင်းကြေးကား မှားသူက မှန်သူကို ၇၅ခါ မွှေးမွှေးပေးကြေးဖြစ်လေသတည်း။

သောကြာနေ့က ဂျူဂျူကျောင်းကပြန်လာတော့ နှင်းဆီပင်ကိုကြည့်ရင်း အမေကို ၇၅ခါ နမ်းလေသည်။ ဟဲ့ဟဲ့ အဖြေမသိရသေးပဲ ဘာလို့ လူကိုလိုက်နမ်းနေရသလဲပြောသောအခါ နောင်သူရှုံးလျင် နမ်းစရာမလိုတော။့ ကြိုတင်နမ်းထားတာဖြစ်ကြောင်းပြောလေရာ အမေလုပ်သူမှာ တဟားဟားရယ်လေတော့သည်။

ဂျူဂျူသည် ဤသို့ အနမ်းသန်သောသူဖြစ်ရာ ဤအကျင့်ဘယ်က ရသလဲမေးသော် သူ့အဖေထံက ရသည်ဟုဖြေရမည်။ သူ့အဖေသည်လည်း အလွန်အနမ်းသန်သူဖြစ်ရကား သူငယ်စဉ်က အိမ်မှာရှိသော တူတွေကို အားတိုင်းနမ်းနေရာ သူ့အမေက နင်ဒီလိုနမ်းနေတာ ကြာရင် နင့်နှာခေါင်းပြတ်ကျလိမ့်မယ်ဆိုမှ နမ်းတာရပ်သွားတယ်ဆိုပါသတဲ့။ ယခင်က သူတို့အိမ်မှာ အတူနေဖူးသော ကြီးတော်က ပြောခြင်းဖြစ်ပါသည်။ မဆွိတီမှာကား တော်ပေသေးသည်။ ယခုလောင်းကြေးထပ်ရာတွင် သူတို့အဖေမပါကြေးဟု ကြိုတင်ပြောထား၍ဖြစ်ပါသည်။ တော်နေ ကိုယ်ရှုံးပါက သူတို့သားအဖ၂ယောက် ၁၅၀ + ဂျူဂျူကြိုတင်နမ်းတာ အကြွေးဆပ် ၇၅ = စုစုပေါင်း ၂၂၅ခါ နမ်းရလျင် အသက်ထွက်ရချေရဲ့။ တော်နေ ကိုယ်နိုင်ပါကလည်း ... ... ... ... ... ... ... ... ... ... ... ... ... ... ... ...း((။

ဟိုတစ်ပတ်က ရိုက်သောပုံဖြစ်ပါသည်။


ယခုလေးတွင် ရိုက်သောပုံ။ အနီရောင်လေး တော်တော်စွန်းနေရာ အန်တီဆွိတီတို့ လောင်းကြေးရှုံးတော့မည်ထင်သည်။(ရှုံးပလေ့စေ။ ရှုံးပလေ့စေး)။ အဖြေကို ပို့စ်တစ်ပုဒ်တင်ကာ ဖြေပေးပါမည်။

15 comments:

  1. ဟိ
    တတ်လည်းတတ်နိုင်တယ်

    ReplyDelete
  2. ဂျူဂျူသည် ဤသို့ အနမ်းသန်သောသူဖြစ်ရာ ဤအကျင့်ဘယ်က ရသလဲမေးသော် သူ့အဖေထံက ရသည်ဟုဖြေရမည်။ သူ့အဖေသည်လည်း အလွန်အနမ်းသန်သူဖြစ်ရကား
    %%%##$$$%%%%%%%
    TTSweet နဲ့ ရည်းစားဘ၀တုန်းက ရော မကြောက်ခဲ့ဘူးလား)))))
    လူရွှင်တော်တွေပြောသလို )) ဟေ့ဂျီးပေဂြီး ဟေ့ဂျီးပေဂြီး

    ReplyDelete
  3. ဟဟ
    ပိုစ့်နာမည်လေးကြားတာနဲ့ စိတ်ဝင်စားပြီးပြေးလားတာ
    တကယ်မိုက်တယ် တော်ကြာ ဒါရိုက်တာတွေ တွေ့သွားရင် နာမည်ကို ကော်ပီယူသွားဦးမယ်။
    ဂျူးဂျူးလေးရော သူ့အဖေပါ အနမ်းသန်တယ်ဆိုတော့ တစ်ဆက်တည်း စဉ်းစားမိတာ အစ်မဆွိ ပါးတွေများ ပိန်နေမလားလို့ ..း)
    သဘောတကျ ဖတ်ပြီး ပြုံးမိတယ်

    ReplyDelete
  4. နှင်းဆီအရောင်အကြောင်း ပြောချင်တာ ဦးခြိမ့်အကြောင်းကို ဖွသလို ဖြစ်နေပါကလား... ဟီးဟီး...း))

    ReplyDelete
  5. ဟိုက်
    နှံပြီစုတ်တော့ ဖြစ်ရချေသေးရဲ့
    ဂျူးဂျူးလေးးးးးးးးးရေ နှံပြီစုတ်မလုပ်နဲ့ကွ

    ခင်မင်တဲ့
    seesein

    ReplyDelete
  6. အရောင်က ဂျူးဂျူးလေးလို အမေရော အဖေရောတူနေရင် ဘယ်လိုလုပ်မလဲ အ၀ါလဲ မဟုတ် အနီလဲ မဟုတ် ကြားရောင် လေ ဂျီနတစ်နီးအရ တွေးကြည့်တာ အရှုံးအနိုင် မရှိ သရေဖြစ်ရင်တော့ ဂျူးဂျူးလေး ကြိုတင်ပေးထားတာ ရှုံးနေပြီကွ

    ReplyDelete
  7. အဟိ ၊ ဦးခြိမ့်က အနမ်းသန်တယ်တဲ့

    ဦးခြိမ့်က သူတူတွေတောင်မှ အားတိုင်းနမ်းတယ်ဆိုတော့ သူ.ရဲ့ ချစ်ချစ်ကြီး မဆွိဆိုရင်တော့ မတွေးရဲအောင်ပါပဲလား

    မဆွိက အဲဒီ့အပိုဒ်ကိုတော့ ချန်ထားခဲ့တယ်၊ စာဖတ်သူတွေက ဆက်စပ်တွေးယူရမယ်ပေါ့

    ReplyDelete
  8. ပန်းတွေ ပွင့်တာ ပျော်စရာနော်၊
    ပန်းတွေနဲ့အနမ်း
    ပြုံးမိရပါတယ်။

    ReplyDelete
  9. ဘယ်သူအနိုင်ရမလဲဆိုတာအသည်းယားစွာနှင့်စောင့်မျှော်နေပါတယ်။

    ReplyDelete
  10. အဖြေကို သိချင်လှပါသည်..

    ReplyDelete
  11. ပုံ‌တွေကြည့်ရတာ‌တော့‌သေချာပြီ..မဆွိတ‌ယောက်နှာ‌ခေါင်းပြတ်‌တော့
    မယ်ဆိုတာ...‌လောင်းေ ကြးဆပ်တဲ့အချိန်ဓာတ်ပုံ‌လေးတင်‌ပေး
    ဖို့မ‌မေ့နဲ့‌နော်..အဟင်း..ဝါသနာ..ဝါသနာ...။

    ReplyDelete
  12. စုစုရေ စောင့်ကြည့်တုံး။ မကြာခင်အဖြေပေါ်မှာပါ။ မနက်အိပ်ရာကထတိုင်း သွားသွားကြည့်ရတာ မောချက်း)။ နှာခေါင်းပြတ်တဲ့ ဓာတ်ပုံလား ..??? ဟား ဟား ...

    ဆုမြတ်က ၇၅ခါတောင်ဆိုတော့ ဂျူဂျူဘယ်လိုနမ်းတယ်ထင်လို့လဲး) စိမ်ပြေနပြေတော့ ဘယ်ဟုတ်မလဲဆုမြတ်ရဲ့။ နှာခေါင်းမှာ ဗိုက်ဗရေတာတပ်ထားသလို နမ်းတာပါဗျား။ နမ်းနည်းမှတ်ထားနော်း)

    အန်တီဦးနဲ့ ကိုစံထွန်း ... လာမည် ... မကြာမီ ... မျှော် ...

    အပြုံးပန်းကလဲ ပန်းသမား ... အဲလေ ပန်းကြိုက်သမားဆိုတော့ ပျော်သွားတာပေါ့ ။

    ကိုဇက်ရေ ... ကိုယ့်ဟာကိုယ်သာ စပ်ဆက်တွေးပေတော့ ဒီမှာ ပြန်အေးနေလို့... အေးလို့ နှာစေးနေပါသည်း)

    အနောနိမတ်စ်ရေ ၀ယ်တုံးကတော့ အ၀ါရောင်တစ်ပင်၊ အနီရောင်တစ်ပင်ပဲ ... တစ်ခုခုတော့ဖြစ်မှာပါ ...

    စည်းစိမ်ပြောတာ နားမလည် ။ ဘာလဲဟင် နှံပြည်စုတ် ????

    အန်တီသက်ဝေပြောမှပဲ ... ကိုယ်လဲ အဲလိုဖွရင်း ဖွရင်း တစ်ဆွေလုံးတစ်မျိုးလုံးလဲ ကုန်ပြီး)

    ချော ဟုတ်တယ် ... နာမည်ကို copy right လုပ်ထားရမယ်း)
    ပါးကတော့ မဖောင်းတော့တာကြာပါပြီကွယ် ... (အသက်ကြီးလာလို့ပါး)

    ReplyDelete
  13. စိတ်ဝင်စားစရာ စောင့်ကြည့်ရတော့မှာပေါ့... ဒီပွဲမှာ ဦးခြိမ့်မပါတာ နာတယ်ဗျာ... သူကမှ အနမ်းသန်သူကြီးဆိုတော့ :D

    ReplyDelete
  14. ဘာအရောင်ပွင့် မလဲ စောင့်နေမယ် အမရေ :)
    ခင်မင်စွာဖြင့်

    ReplyDelete