Wednesday, September 14, 2011

ညက်ခုံးမွှေးဇာတ်လမ်း

မဆွိတီတို့ ဆရာမလုပ်တုံးက အဆောင်မှာနေရတာ သိပ်ပျော်တာ။ ပျော်မှာပေါ့၊ အဆောင်မှာ same batch သူငယ်ချင်းတွေရော၊ အတန်းကြီးတဲ့ အစ်မ ဆရာမတွေရော အတူနေတော့ အရမ်းခင်ပြီး ညီအစ်မအရင်းတွေလို ပြောမနာဆိုမနာတွေ ဖြစ်လို့။ အိမ်မှာဆိုရင်တော့ မိန်းခလေးတစ်ယောက်တည်းဆိုတော့ ပျင်းစရာကြီးကိုး။

အဲဒီမှာ အစ်မတွေထဲက တစ်ယောက်ပေါ့ဗျာ။ သူက သွားလေးတွေ မလှရှာဘူး။ စကားပြောတာတော့ သိပ်ချစ်ဖို့ကောင်းတယ်။ ခင်တတ်တယ်။ စတတ်၊ နောက်တတ်တယ်။ လူချစ်လူခင်ကလဲ သိပ်ပေါတာ။ သူက မဆွိတီရှေ့သွားလေးတွေကြည့်ပြီး အမြဲပြောတယ်။ ဆွိကြီးသွားလေးတွေက လှလိုက်တာ။ သူသိပ်အားကျတယ်ဆို တွေ့တိုင်းပြောနေတော့တာပဲ။ အဲဒီအစ်မ အိမ်ထောင်ကျတော့ဗျာ ကျောင်းသားထဲကပဲ တော်တော်ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ အဲဒီကောင်လေး သွားလေးတွေက ပုလဲလုံးလေးတွေလိုစီလို့ သိပ်လှတာ။ အဲဒီမှာ ကောက်ချက်ချတာက လူတွေက သူတို့မှာရှိတဲ့ အားနည်းချက်ကို ကိုယ့်ရဲ့ နံရိုးပိုင်ရှင် အိမ်ထောင်ဖက်ဆီမှာ ရှာယူကြပါကလားဆိုတာပါပဲ။

နောက်တစ်ခုက သူ့မှာ မျက်ခုံးမွှေးကလဲ အရမ်းပါးတာ။ မပါကို မပါသလောက်ပဲ။ အဲဒီတော့ အဲဒီအစ်မက သွားလေရာ မျက်ခုံးမွှေးဆွဲ ခဲတံဆောင်ထားရတယ်။ မနက်မိုးလင်း မျက်နှာသစ်ပြီးရင် ပထမဆုံးစလုပ်ရတဲ့ အလုပ်ကတော့ အဲဒီမျက်ခုံးမွှေးဆွဲဖို့ပဲ။ မျက်ခုံးမွှေးသာ မရှိတာ၊ သူ့မျက်ခုံးမွှေး ရှိစုမဲ့စုကိုလဲ နှုတ်ထားသေးတယ်။ ရှိတာလေးကိုပဲ ၃ရက်လ ဖြစ်အောင်နှုတ်ပြီး အဲဒီပေါ်ကမှ မျက်ခုံးမွှေးဆွဲခဲတံနဲ့ ထပ်လိုက်တာပေါ့။ တစ်ကြောင်းတည်းနော်။

တစ်ညတော့ ဗရုပ်ဗရက် မဆွိတီက ထုံးစံအတိုင်း နောက်ချင်တာနဲ့ အဲဒီအစ်မ မရှိတုံး သူ့အခန်းထဲဝင်ပြီး ရှိသမျှ မျက်ခုံးမွှေးဆွဲတံတွေ ယူပြီးဖွက်ထားလိုက်ပါရော။ မနက်မိုးလင်းတော့ သူ့မှာ တစ်ယောက်တည်း တခြောက်ခြောက် တချက်ချက်နဲ့  မျက်ခုံးမွှေးခဲတံ ကြိတ်ရှာနေတာ၊ ရယ်ရတယ်။ နောက်တော့ သူ့အခန်းထဲလာပြီး စပ်ဖြဲဖြဲလုပ်နေတဲ့ မဆွိတီကို ရိပ်မိသွားပြီး ဆဲပါလေရော။ အဲဒီအစ်မက စာတွေလဲရေးတယ်ဗျ။

မန်းလေးဘက် တစ်နှစ်သွားတုံးကလဲ သူနဲ့တစ်ဖွဲ့ထဲ။ အဲသမှာ မဆွိတီတို့ ရည်းစားနဲ့ပြတ်ပြီးအသဲကွဲလို့ တငိုငို တရီရီဖြစ်နေတော့ သူက ဆွိကြီးဇာတ်လမ်းကို ၀ထ္ထုရေးဦးမယ်ဆို ခဏခဏပြောနေတာ။ ခုတော့ သူလဲမန်းလေးက ပြန်ရောက်ရုံမက စင်္ကာပူတောင် တစ်ခေါက်ရောက်ပြီး ဒေါက်တာဘွဲ့ယူ၊  ခလေးတစ်ယောက်အမေတောင်ဖြစ်နေပြီ။ ခုချိန်ထိ မရေးပေးသေးဘူးဂျာ။ သူက ဟိုးအရင်က အပျိုစင်လို မဂ္ဂဇင်းတွေမှာ စာတွေရေးရေး နေတဲ့ စာရေးဆရာမေx (စက်မှုတက္ကသိုလ်) ဆိုတာပါပဲ။ သူ့အကြောင်းတွေဖွတာ သိရင်တော့ စိတ်ဆိုးတော့မှာပဲဂျာ။ ခုတော့ အစိုးရဌာနတစ်ခုမှာ လူကြီးဖြစ်နေပြီ။

အမ်မယ် ... သူများတွေသာနောက်တာ  တကယ်တော့ မဆွိတီမလဲ မျက်ခုံးမွှေးက စောနက အစ်မထက်သာရုံလေး၊ ပါရုံလေးသာပါတာပါ။ သူ့လိုပဲသွားလေရာ မျက်ခုံးမွှေးဆွဲတံ ဆောင်ထားရတာပါပဲ။ ငယ်ငယ်တုံးကတော့ သိပ်မသိပေမဲ့ သိတတ်တဲ့အချိန်၊  လှချင်တဲ့ အချိန်ကစပြီး မျက်ခုံးမွှေးကို ဆွဲလာလိုက်တာ တစ်ချို့ရင်းနှီးသူတွေတောင် မဆွိတီကို မျက်ခုံးမွှေး မဆွဲပဲနဲ့ မမြင်ဖူးဘူးဗျ။ မျက်ခုံးမွှေးက နည်းရတဲ့ အထဲ အပြားလိုက်ကြီး ပေါက်နေတော့ အလယ်လောက်က ခဲတံလေးနဲ့ လိုက်မှ လူက နဲနဲကြည့်ကောင်းသွားတာ။ ခုနေများ အသက်နည်းနည်းကြီးလာတော့ လူက ဘာရယ်မဟုတ်၊ တစ်ခါတစ်လေ ပျင်းပြီး မျက်ခုံးမွှေးများ မဆွဲမိတဲ့နေ့ဆို ဘယ်လိုပုံများ ပေါက်နေတယ်မသိ။ အစ်မ နေမကောင်းဘူးလားချည်း အမေးခံရတော့တာပဲ။

ခုနောက်ပိုင်းတော့ ပင်နစူးလားက ဆိုင်တစ်ဆိုင်မှာ တစ်လတစ်ခါ၊ ၂လတစ်ခါလောက် မျက်ခုံးသွားသွားရိတ်ရတယ်။ သူတို့က မဆွိတီရဲ့ ရှိစုမဲ့စုကို ဇင်ယော်ပုံလိုလေး ဖော်ပေးလိုက်တော့ အပေါ်က ခဲနဲ့ ထပ်ဆွဲရတာ လွယ်သွားတာပေါ့။ ဆွဲရတာလဲ ညီသွားတယ်။ အဲဒါကလည်း အကြောင်းရှိတယ်။ တစ်ခါတစ်လေ မနက် ရုံးချိန်နောက်ကျပြီဆို ကမန်းကတန်းနဲ့ နဂိုအပြားကြီးကို ဒီတိုင်းဆွဲရတော့ မျက်ခုံးမွှေး ၂ဖက်ကမညီဘူးဗျာ။ တဖက်ကထူ၊ တစ်ဖက်ကပါး၊ တစ်ဖက်က အပေါ်ရောက်၊ တစ်ဖက်က အောက်ရောက်နဲ့ မျိုးစုံပဲ။ မဆွိတီတို့ရုံးကလူတွေ တော်တော်သည်းခံရှာတယ်။ မျက်ခုံးမွှေးကို ဘယ်လို ဘယ်ပုံ ဆွဲလာဆွဲလာ တစ်ယောက်မှ ကွန်ပလိန့်မတက်ကြဘူး။ ကိုယ့်ဟာကိုယ် အိမ်သာထဲဝင်ကြည့်မှ ဟယ် နာ့မျက်ခုံးမွှေးတွေ ဘယ့်နှာဖြစ်နေပါလိမ့်ဆို ပြန်ပြင်ဆွဲရတာချည်းပဲ။  (အမှန်က မဆွိတီတို့ဌာနမှာ ကောင်လေးတွေ၊ အငယ် ယောက်ျားလေးတွေချည်း ရှိတော့ ဘယ်သူက စိတ်ဝင်စားမှာတုံး။ ဒီအဒေါ်ကြီးရဲ့ ညက်ခုံးမွှေးတွေကို ...း))

အိမ်မှာလဲ မျက်ခုံးမွှေးဆွဲ ခဲတံတွေ အများကြီးပဲ။ အဲဒီထဲမှာမှ ကိုယ်ကြိုက်တဲ့ အညိုရောင်လေးကိုပဲ ဆိုးဖြစ်တာများတယ်။ တစ်ခါတစ်လေ ခဲတံက ဆိုးရင်းဆိုးရင်းနဲ့ တိုပြီး တုံးတုံးသွားရင် မဆွိတီ မျက်ခုံးမွှေးလဲ ပြားပြားသွားတယ်။ ဇင်ယော်တောင်ပံကနေ ဇင်ယော်တစ်ကောင်လုံးပုံဖြစ်ဖြစ်သွားတယ်။ မနက် ကမန်းကတမ်းဆိုတော့ ချွန်ဖို့ရာလဲ အချိန်မပေးနိုင်ဘူးလေ။ အရင်က မှန်တင်ခုံအံဆွဲထဲမှာ ခဲတံချွန်စက်လေးထည့်ထားတာ၊ ဂျူဂျူယူသလား၊ သူ့အဒေါ်ပဲယူသလားတော့ မသိဘူး။ မတွေ့တော့ဘူး။ အလွယ်တစ်ကူ မရှိတော့ မချွန်ဖြစ်တော့ဘူးပေါ့။

ဒီနေ့မနက်တော့ မဆွိတီရဲ့ မျက်ခုံးမွှေးဆွဲတံဟာ ဆိုးလို့မရလောက်အောင်ကို တုံးနေပါပြီ။ ဖိဆိုးတာတောင် အရာမထင်ချင်တော့ပါ။  ဖိလိုက်ရင်ကို ခဲတံက သစ်သားအချွန်နဲ့ ခြစ်မိတဲ့အထိကို ဖြစ်နေပါပြီ။ ဒီတော့မှ မဖြစ်တော့ချေ ဆိုပြီး ဂျူဂျူး ကွန်ပါဘူးထဲက ချွန်စက်ကို သွားယူပြီးချွန်လိုက်တာ ၅စက္ကန့်တောင်မကြာပါဘူးဗျာ။ မျက်ခုံးမွှေးခဲတံချွန်ချွန်လေးနဲ့ ဆွဲလိုက်တာ အရင်နေ့လို မျက်ခုံးပြားပြားကြီး မဟုတ်တော့ပဲ ဇင်ယော်တောင်လေးဖော်လို့၊ စိတ်ရှည်လက်ရှည်နဲ့ အလှတွေပြင် ကိုယ့်ဟာကိုယ်တောင် လှတယ်ထင်နေသေး။ (အဟမ်း အဟမ်း ...  ပေါချက်တော့း)

အော် ငါ့နှယ် လူကငပျင်းထူပြီး မျက်ခုံးမွှေးခဲတံ တုံးတုံးကြီးနဲ့ နေ့တိုင်းဆွဲနေတာ။ ချွန်လိုက်တော့ လဲ ခဏပဲဟာကို။ ပျက်အစဉ် ပြင်ခဏဆိုတာတွေ ဘာတွေတောင် တွေးနေတာ။ ဒီနေ့တော့ ရုံးမှာ အိမ်သာထဲဝင် မျက်ခုံးမွှေး ပြင်စရာမလိုဘူးပေါ့။
 မျက်ခုံးမွှေးတွေမလှဘူး။ မထူဘူးဆိုလို့ စောနက ဇာတ်လမ်းပြန်ဆက်ရရင် အိမ်ကလူကတော့ ညက်ခုံးမွှေးလှချက်တော့ ယောက်ျားလေးတန်မဲ့ ဇင်ယော်တောင် ညက်ခုံးမွှေးထူထူနဲ့ပါဗျား။  တကယ်တော့ ဟိုအစ်မကို ကောက်ချက်ချသလိုမျိုး ကိုယ့်ရဲ့ အားနည်းချက်ကို သူ့ဆီမှာ ရှာယူခဲ့တာတော့ မဟုတ်ဘူးဗျ။ သူ့ဟာသူ ဖူးစာ ပါတယ် ထင်တာပါပဲဂျာ။  ။




(အန်တီဆွိ ဒီပို့စ်ကို စလုံးမှာ အလုပ်လုပ်တုံးက ရုံးမှာ အားနေတုံးရေးထားတာ။ ခုမှ draft ထဲ ပြန်တွေ့လို့ တင်လိုက်တာ)

47 comments:

  1. ဓာတ်ပုံအရင်ကြည့်လိုက်တယ်။ ဦးခြိမ့်က တော်တော် သန့်တာဘဲ။ ခန့်လဲခန့်တယ်။ ယောက်ျားပီသတယ်။

    အန်တီဆွိကလဲ တော်တော်နုတယ်။ စာတော်တာတွေလဲ အားကျတယ်။
    အဆင်းရော အချင်းပါ ပြည့်စုံတယ်။

    ဂျူဂျူချောတာ နှစ်ဖက်လုံးတူလို့ပေါ့လေ။
    (စကားနိုင်မလုအောင် ပြောသွားသည်။)

    ReplyDelete
  2. ဂျူဂျူလေးရဲ့ချစ်စရာကောင်းတာ ဘာကြောင့်လဲဆိုတာသိပြီ။
    Mon Petit Avatar

    ReplyDelete
  3. TT sweet...you look a lot younger than i thought..i always read your posts...

    ReplyDelete
  4. နေ့တိုင်းလာလည်နေကျ စာဖတ်ပရိသတ်ပါ။ ၀င်းဒိုးပြုတ်ကျလို့ ပြန်တင်ပြီးတာနဲ့ Bookmarks ထဲ အသည်းအသန် အရင်ဆုံးပြန်ထည့်တဲ့ ဘလော့ဂါစာရင်းထဲမှာ အစ်မအပါအ၀င်ပါ။ ခုလိုလှတပတအစ်မက ရယ်စရာတွေရေးတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး :D (အဲ .. ဂျူးဂျူးလေးအကြောင်းတွေရေးပါဦးခင်ဗျ)
    လီယို
    (နံမည်နဲ့ မန့်ရင်ပျောက်ပျောက်သွားလို့ အမည်မသိနဲ့ပဲ မန့်သွားတယ်အစ်မရေ။)

    ReplyDelete
  5. ဂျူဂျူလေးရဲ့ချစ်စရာကောင်းတာ ဘာကြောင့်လဲဆိုတာသိပြီ။
    Mon Petit Avatar
    ==========================

    Hi Mon Petit Avatar,


    Now you know why Ju Ju is lovely!!! :)

    ReplyDelete
  6. တီဆွိက နုလိုက်တာ.. ဦးခြိမ့်ကလဲ ခန့်ချောကြီးကိုး.. အရမ်းလိုက်ဖက်ညီတာပဲ..း) ညီမလဲ ညက်ခုံးကောင်းဘူးရယ်.. ဆွဲလဲမဆွဲတတ်ဘူး..

    ReplyDelete
  7. အပေါ်က ဦးခြိမ့်ကွန်မန့်ကိုဖတ်ပြီး ရယ်ရတာ အသက်ထွက်တော့မယ်။ သူကလဲ ဇွတ်ပဲဂျာ။ ရယ်ရချက်း)

    ReplyDelete
  8. ၀ါး ခန့်ခန့်ကြီး... (ဟင်းကောင်းကောင်း ချက်တင်ပေးတော့ :D )ဟိုတစ်ခါ မီးလှုံနေတဲ့ ဓါတ်ပုံ မြင်ဖူးကတည်းက မှန်းထားတဲ့ တီတီဆွိရုပ်နဲ့က တထေရာတည်းပါပဲ.. :P ဂျူးဂျူးက မျက်မှောင်ကြီး အမြဲတမ်းကျုံ့နေတာပဲ...ဟားဟား ဆရာတော် ဦးသုပီယကျောင်းက ဓါတ်ပုံမှာလည်း ဒီအတိုင်းပဲ ကျုံ့ကျုံ့ကြီး :P

    ReplyDelete
  9. ကြည်နူးစရာမိသားစု ဓါတ်ပုံလေး ..
    ဂျူဂျူလေး က မပြုံးဘဲ တည်တည်လေးတော့..
    မမဆွိ စလုံးကနေပြောင်းခါနီးပုံက ပိုပိန်သလိုနော်..
    ချောတဲ့ တော်တဲ့ ဒီမိဘ နှစ်ပါးက မွေးတဲ့ သမီးလေး ဂျူဂျူ ချောမှာတော်မှာတော့ မြေကြီးလက်ခတ်မလွဲပေါ့နော့်။

    ReplyDelete
  10. အဲဒီ ကလောင်နာမည်ကို သိနေတယ် အစ်မ။ အစက အဲဒီကလောင်က မတန်ခူး များလားလို့ တွေးနေမိတာ။ ဗမာအတော်ဆန်သော နာမည်လို့ ထင်တယ်။ =)

    ReplyDelete
  11. ဓါတ်ပုံလေးတွေ ကြည့်ပြီး ကိုယ်တောင် အဲဒီလို မြန်မာလိုလေး ဝတ်ချင်စိတ် ပေါက်လာတယ်... သားအမိ သားအဖ သုံးယောက်စလုံး လှလှ...း)))

    ReplyDelete
  12. တီတီဆွိလို့ ခေါ်တာ လွန်တာပေါ့ .. တကယ်ဆို မမဆွိပဲ ဖြစ်ရမှာ .. :D

    ဘာကျွေးမရဲ .. စားဖို့လည်း နီးနီး နားနား မရှိ .. :P

    သများလဲ ညက်ခုံးမွှေး မကောင်း ..

    ReplyDelete
  13. နေနဲ.လ ရွှေနဲ.မြလိုလိုက်ဖက်တဲ့စုံတွဲလေးပါဘဲ။ဂျူဂျူလေးကလဲချစ်ဖို.
    သိတ်ကောင်းတယ်။တီဆွိပြောတဲ့အတိုင်းဦးခြိမ့်မျက်ခုံးမွှေးကထင်းနေတာဘဲ။
    မသိစိတ်နဲ.ရွေးခဲ့တယ်ထင်တယ်။

    ReplyDelete
  14. မေနဲ့ဖေလို့ ခေါ်ချင်တဲ့သူတွေ ၀ိုင်းဝိုင်းလည်အုံးတော့မှာဘဲ ရုပ်တည်ကြီးနဲ့ရယ်စရာတွေ ရေးတယ်ခည အမြဲလာဖတ်ပါတယ် ခည


    ခင်မင်တဲ့
    seesein

    ReplyDelete
  15. ဦးခြိမ့်ကခန့်ခန့်ကြီးကြည့်လို့ကောင်းသလို တီတီဆွိကလည်းကျက်သရေရှိရှိ ချောချောလေး။ဂျူဂျူလေးကတော့ ချစ်စရာချောစုလေးပေါ့၊ကြည့်ရတာ ကြည်နူးစရာ ပျော်စရာကြီး။

    ReplyDelete
  16. အိုးဟိုး..ဂျူးဂျူးလေးကအဖေတူလေးကိုး..

    ReplyDelete
  17. သိမ်းထားလိုက်ပြီ..မိသားစုပုံလေး..အမှတ်တရပေါ့နော်..ချစ်လို့

    ReplyDelete
  18. အဖေချော၊ အမေချော၊ သမီးလေး ဂျူဂျူလေးက အချောဆုံး ..

    အရင်က RIT ကျောင်းသူတွေက စာဂျပိုးတွေ ၊ သိပ်မလှဖူးလို. ထင်ခဲ့တဲ့ မှတ်ချက်နဲ. တက်တက်စင်အောင် မဆွိက လှပဗျာ

    ကျောင်းထဲက ရှားရှားပါးပါးလှတဲ့ မဆွိရဲ့ အချစ်ကို ရယူခဲ့တဲ့ ဦးခြိမ့်ကြီးရဲ့ အရည်အချင်းကိုလည်း လေးစားဂုဏ်ယူမိ ပါကြောင်း၊ မဆွိနဲ. ဦးခြိမ့်ရဲ့ အချစ်အကြောင်းလေး ဖွပါဦး၊ တစ်ကျောင်းတည်းလား၊ အိမ်နီးချင်းတွေလား၊ ဘယ်လိုတွေ.ကြ တာလဲ ဆိုတာတွေပေါ့

    ကဲ စလုံးက ဘာလောဂါများဖြစ်တဲ့ မသက်ဝေ ၊ တန်ခူး၊ စုချစ်သူ၊ မခင်ဦးမေ တို.လဲ ဓါတ်ပုံတွေတင်နော်၊ စာဖတ်ပရိတ်သတ်ကြီး ကိုယ်စားတောင်း ဆိုလိုက်ပါတယ်၊

    ReplyDelete
  19.း) ကျွန်တော်လည်း မျက်ခုံးလှလှကောင်မလေးဆို သဘောတကျ ငေးငေးမိသဗျာ့း)

    နေနဲ့လပမာ တင့်ယဉ်လှသော စုံတွဲမောင်နှံ ဖြစ်ပါ၏
    ကလေးလေးလည်းချစ်စရာကောင်းပေ၏


    မောင်ဘကြိုင်

    ReplyDelete
  20. အာ.. စိန် ကျမက်ခုါံ် တို့ မိသားစု..လှတယ်..ပျော်စရာကြီး..း)

    ReplyDelete
  21. တီဆွိ
    ပုံတွေကြည်.ရတာ ရှင်းလင်းပြတ်သားပြီး အကြီးကြီးကြည်.ရတာ ကောင်းလိုက်တာ။ ပုံထဲမှာ မိသားစု၃ယောက်လုံး ကြည်.ကောင်းတာ၊ ကြည်.ရတာ ကြည်နူးဖို.ကောင်းတာတော. အများကြီးမပြောတော.ပါဘူးနော်။အပေါ်ကလူတွေလဲအများကြီးပြောပြီးသွားကြပြီ။
    တီဆွိတို.၂ယောက်စလုံးမျက်နှာက အေးချမ်းတယ်နော်။ ငယ်ငယ်တုံးက ဘီရိုမှာကပ်ပြီးစိတ်ကောက်တယ်ဆိုတာ၊အခုပုံကြည်.တော.သိပ်တောင်မယုံရဘူးလိုဘဲ။
    သမီးလေးက ချစ်ဖို.ကောင်းတယ်။သူအပျိုလေးဖြစ်လာရင် ပိုပြီး ချစ်ဖို.ကောင်းလာလိမ်.မယ်သေချာတယ်။
    အခုလိုမိသားစုပုံကို ပေါ်ပေါ်တင်တင် တင်ထားတာ ၊ကြည်.ရတာ သိပ်ကိုကျေနပ်ပါတယ်။
    တီဆွိရေ တီဆွိရဲ.မေးလ်အကောင်.ရနိုင်မလားဟင်။စာရေးပြီး တခု ပြောမလို.ပါ။
    စာရေးပြီးပြောမယ်ဆိုလို. ဘာလဲလျှောက်တွေးနေမှာစိုးလို.၊ မျက်ခုံမွှေးခဲတံအကြောင်းပြောမလို.ပါ။
    ခုဘဲအပြင်ကပြန်ရောက်ရောက်ချင်းကွန်ပြူတာရှေ.ထိုင်ပြီး ကြည်.လိုက်တော. တီဆွိဘလော.ဂ်မှာ အသစ်တွေ.ပျော်သွားတယ်။ ချက်ချင်းမဖတ်သေးဘဲ နှပ်ထားပြီး၊အိမ်အလုပ်တွေအကုန်လုပ်ပြီးတော.မှ ဇိမ်နဲ.ဖတ်တာ။ အရသာရှိလိုက်တာ။

    ReplyDelete
  22. Wish....

    Happy Family and Happy long life.

    ReplyDelete
  23. တီဆွိရဲ. C Box မှာ ဘယ်သူတွေလျှောက်ရေးနေတာလဲမသိဘူးနော်
    ဘာတွေမှန်းမသိဘူး။
    တီဆွိတွေ.ပြီးပြီလား

    ReplyDelete
  24. အဖေ အမေ နှစ်ယောက်လုံးချောတယ်။ သမီးလေးက ချစ်စရာ

    ReplyDelete
  25. c-box က မနေ့ကမှ ပြန်တင်လိုက်တာ။ တင်တင်ချင်းအဲလို အဖျက်သမားတွေက လာတော့တာပဲ။ ဘယ်သူမှတောင်မရေးရသေးဘူး။ ဈေးဦးဖောက်သွားတယ်။ အပေါ်က အနောနိမတ်စ်ပို့စ်တွေ့မှ သူ့လင့်ခ်ကို ၀င်ကြည့်မိတာ။ ခု ထပ်ဖြုတ်လိုက်ရပြန်ပြီ။ အေးဆေးမှ ပြန်တင်မယ်။

    အန်တီဆွိကို လာရောက်အားပေး ချီးမြှောက်ကြသူများအားလုံး ကျေးဇူးတင်ပါသဗျား။ ပိတ်သတ်ကို ပြရမှာဆိုတော့ ပုံကောင်းတာလေးရွေးတင်ထားတာ။ အပြင်မှာတော့ ဒီလောက်လည်းမဟုတ်ပါဘူးဂျာ။ ခုဆိုမှန်ကို သေချာမကြည့်ရဲတာ။


    ရီတာပြောတဲ့ စာရေးဆရာမ မှန်ပါတယ်ကွယ်း) ခုတော့ အရာရှိအကြီးကြီးဖြစ်နေလို့ စာရေးသေးလားတောင် မသိတော့ဘူး။ အဆက်အသွယ်လဲ ပြတ်နေပြီ။

    ReplyDelete
  26. ဟယ်။ အစ်မ ဆွီတီရဲ့ ဦးခြိမ့်က အစ်ကို့သူငယ်ချင်းထင်တယ်။ ငယ်ငယ်က ပျဉ်းမနားမှာ။ အစ်မသိလား မေးကြည့်ပေးပါဦး။

    ReplyDelete
  27. မိသားစုပုံလေးကြည့်ရတာ စိတ်ချမ်းသာစရာလေးတီဆွိရေ။ ဂျူဂျူလေးက အဖေတူသမီးလေးပဲ

    ReplyDelete
  28. WOW!!!What a handsome Dad,beautiful Mom and Lovely
    daughter.You all 3 have both"Asinn and Achinn"I always smile and like U Chaint's comment when it relates to Juu Juu.I have 3 sons and enrol for 2 younger sons:))))won't look at U Chant's photo.Btw my youngest sis home name also Juu Juu(ye set nee gaung pyaw dar par..:)
    Gyidaw

    ReplyDelete
  29. ဟား...ဦးရှိမ့်ဆိုတာဘူများလဲလို့... ၇ မိုင်လူမင်းပါလား၊(၇)မိုင်အ‌ဝေး
    ကကြည့်ရင်တူလို့)းP ‌နောက်တာ‌နော်..အရမ်း..အရမ်းကိုလိုက်ဖက်တဲ့
    စုံတွဲ‌လေးပါရှင်..သားရှင်များအ‌တွေးမမှားကြပါနဲ့..အ‌မေကြိုကည့်ရင်
    ဂျူဂျူ‌လေးရဲ့‌နောင်အနှစ် ၃၀ ‌လောက်ကိုခန့်မှန်းလို့ရပြီ‌ပေါ့...။မဆွိတ‌ယောက်
    ဒီထက်အလှ‌တွေတိုးလို့ဝဖြိုးပြီး..အဲ..မှားလို့..စာ‌တွေများများ‌ရေးနိုင်ပါ‌စေ..။

    ReplyDelete
  30. sullen little Ju Ju between the smiling parents :)))

    ReplyDelete
  31. She resembles her father, doesn't she?

    ReplyDelete
  32. မျက်ခုံးမွှေးလှတယ် မမ.. သားအမိသားအဖ သုံးယောက်လုံး လှတယ်.. ဂျုဂျူမ ကတော့ အလှဆုံးပဲ

    မေ ကတော့ ငယ်ငယ်က မျက်ခုံးမွှေးထူတာ.. ကြီးလာတော့ နှုတ်တာ များသွားတော့ ခု ဆွဲနေရတယ် :(

    ReplyDelete
  33. ဖြိုးဖြိုးေ၇..

    မစု ရဲ့စာတွေ တွေ့မှ ညည်းဘယ်သူလဲဆိုတာ သိလိုက်တယ်။ ညည်းအကိုကော အခု ဘယ်ရောက်နေလဲ။

    မစုစု
    ကျွန်တော့်နာမည် မောင်ခြိမ့်ပါ... မရှိမ့်ဘူးနော်.....
    လူမင်းက ကျွန်တော့်ထက် အသက်ကြီးတယ်။

    သမီးပုံတင်လိုက်မှ သားရှင်တွေ နောက်က လိုက်လာတာပါလား....
    ဟိုဘက်မှာလည်း ပြန်ရေးထားတယ်....
    '' ငါ့သမီး စာကျက်နေတယ်... အိမ်ရှေ့မှာ ဂစ်တာ လာမတီးနဲ့... ဖုန်းဆက်လိုက်ရမလား"

    မောင်ခြိမ့်

    ReplyDelete
  34. ညီအောင်က မန္တလေးမှာ၊ သူရက ဆစ်ဒနီမှာ ရှိတယ်။ အိမ်ထောင်ကျပြီ။ တွေ့ရင်သူလည်း ၀မ်းသာမှာ။ မြင်ဖူးပါတယ်ထင်နေတာ။ :) စာလာလာဖတ်ဖြစ်ပြီး မသိဘူး။ :D

    ReplyDelete
  35. Lu Min and Htet Htet. just kidding. Very nice family

    ReplyDelete
  36. မမဆွိရေ၊ ဦးခြိမ့်က ငယ်ငယ်ကတည်းက လူချောကြီးနော်။ သိပ်စွံတာ။ ;) (အချွန်နဲ့မသွား)

    ReplyDelete
  37. တီဆွိ တစ်မိသားစုလုံး ချောမှချောဘဲ။
    စာရေးတဲ့သူဆိုတာ ရွှေ (စက်မှုxxx) မဟုတ်လား..မ ။ သူ့ကိုလည်းအရမ်း သဘောကျခဲ့ဖူးတယ် :)

    ReplyDelete
  38. ရမလား ဖြုတ်ချင်ဖြုတ်မဖြုတ်ချင်နေ
    တို့ကတော့သိမ်းထားပလိုက်ပြီ

    ReplyDelete
  39. အန်တီဆွိ ဆိုလို အသက်ကြီးပီ ထင်နေတာ :) အမ က ငယ်ငယ်လေးဘဲ ရှိသေးတယ်နော် ၂ ယောက်လုံးချောတယ် သမီးလေးက အဖေနဲ့  ပိုတူတယ်

    ReplyDelete
  40. သိပ်ကို ကြည်နူးစရာကောင်းတဲ့ မိသားစုပုံလေးတွေပါ


    ထာဝရ ပျော်ရွင်ချမ်းမြေ့ပါစေ


    တီဆွိရဲ့ ပိတ်သတ်
    မီးငယ်လေး

    ReplyDelete
  41. ချစ်စရာ ပျော်ရွှင်စရာ မိသားစုရဲ့ အသွေ့အသက်လေးတွေ တွေ့လိုက်ရတယ်။
    မျက်ခုံးမွှေးဆွဲတာ အကြောင်းပြုပြီး ဇ၀နဥာဏ်ရွှင်ရွှင်နဲ့ ရေးထားတာ ဖတ်ရတာ မပြုံးပဲမနေနိုင်အောင် ဖြစ်ရတယ်။

    ReplyDelete
  42. Where is Picture?
    That is Go away?Why not?
    Khine

    ReplyDelete
  43. Sorry Khine,
    I have removed it already. Not intern to put forever since I posted it. Sorry for that.

    ReplyDelete
  44. ဟယ်....ဓါတ်ပုံတွေ ဖျက်ပစ်လိုက်ပီ။ (တော်သေးတယ် ဟိုနေ့က သေချာလာကြည့်ထားလို့....)

    ဂျင်းကလေ တီတီဆွိဆိုလို့ အသက်ကြီးပြီထင်တာ (စိတ်မဆိုးနဲ့နော် အစ်မ)ဟိုနေ့က ဓါတ်ပုံလာကြည့်တော့မှ ငယ်ငယ်ချောချောလေးရယ်...။း))

    ကွန်မန့်သာ မချန်ခဲ့တာပါ... စာတွေကို တိတ်တိတ်လေး လာလာဖတ်ဖြစ်ပါတယ်။း))

    ReplyDelete
  45. ဓါတ်ပုံဖြုတ်လိုက်တာ စလီဗရက်တီကြီးကို လူချင်းတွေ.ရင် အော်တိုဂရပ် ရေးခိုင်းမှာ ကြောက်လို.လား၊

    ခင်တဲ့

    မောင်ဇီ

    ReplyDelete
  46. ဓာတ်ပုံမတွေ့ လိုက်ဘူး..နောက်ကျသွားတယ်..နာသကွာ..း)

    ReplyDelete