Wednesday, September 21, 2011

ဂျူဂျူနှင့် အလွဲများ ၃



ကြွားတယ်လို့တော့ မထင်ကြပါနဲ့အေ။ (ထင်ချင်လဲထင်ပေါ့ ...ဟွန့် )း)
စလုံးမှာ ဟိုးအရင်ကတည်းက Marks and Spencer ဆိုတဲ့ စတိုးတွေ့တွေ့နေတာ။ လေဒီဒိုင်ယာနာတို့ အမျိုးတွေ ဖွင့်ထားတဲ့ဆိုင်ဆိုလားပဲ။ အဲဒီက ပစ္စ္စည်းတွေက ဈေးကြီးတော့ မ၀ယ်နိုင်ပေါင်။ အဲဒီဆိုင်ရောက်ရင် ၀င်းဒိုးရှော့ပင်းလေးထွက်၊ ဟိုဟာလေးကိုင်ကြည့် ဒါလေးကိုင်ကြည့်နဲ့ ပြီးရတာပါပဲ အေတို့ရယ်။

ဒါပေသိ ...
မနှစ်က မြန်မာပြည် ပြန်ခါနီးတစ်ရက် အဲဒီမှာ ဟိုဒီလျောက်ကိုင်ကြည့်ရင်းနဲ့ သိုးမွှေးလည်စည်းရောင်စုံလေးတစ်ခု လှလွန်းလို့ မနေနိုင်မထိုင်နိုင် ယောက်ျားကို ပူဆာမိတယ်။ ဟိုမှာက ဆောင်းတွင်းဆိုတော့ စတိုင်ကလည်း ထုတ်ချင်သေးသကိုး။ (ကိုယ့်အသက်အရွယ်မှ အားမနာ ... လို့ ပြောမလို့လား ... ဟွန်း ...  ) နောက်ဆုံးတော့ ဟိုလူကြီးလဲ မနိုင်လို့ အလျှော့ပေးလိုက်ရလေခြင်းဆိုတဲ့ အချိုးနဲ့ ၀ယ်ပေးလို့ စလုံး ဖွတ်ကလိဒင်္ဂါး ၃၉.၉၀ တန် လည်စည်းလေး ကိုယ့်လက်ထဲ ရောက်လာတော့တယ်။

လည်စည်းလေးနဲ့ စတိုင်ထုတ်ချင်ပါတယ်ဆိုမှ ရန်ကုန်ဆောင်းကလဲ ဘုရားစူးဆောင်းပါလို့ ကျိန်ပြောရမလိုဖြစ်လို့ လည်စည်းလေးလဲ ထင်သလောက်ခရီးမပေါက်လှဘူး။ အညာဒေသ ပုဂံဆောင်းက ရန်ကုန်ထက်တော့ သာတော့ အဲဒီကျမှပဲ လည်စည်းလေးက သူ့သခင်မလည်ပင်း ရောက်တော့တယ် (ရလဲ့ ...  တယ်ဟုတ်ပါလား ...း) ။ ဒီမှာ ကျွနုပ်တို့ရဲ့ဇာတ်လိုက်မင်းသမီး ဂျူဂျူ့ အခန်းရောက်လာပါပြီ။ မအေပတ်ထားတဲ့လည်စည်းကို သူက ခပ်တည်တည်နဲ့ယူ၊ သူ့လည်ပင်းပတ်ပတ်ပြီး ပဲပေးနေလို့ ဒီတစ်ခါတော့ ကိုယ့်အလှည့်။ မနိုင်လို့ အလျှော့ပေးလိုက်ရလေသတည်းပေါ့ဂျာ။

ဟော်တယ်ရောက်၊ ရေမိုးချိုးပြီး လှလှပြင်မယ်ကြံမှ ကိုယ့်ရဲ့မရှိမဖြစ် မျက်ခုံးမွှေးဆွဲတံလေး သမီးတို့အဖေအိမ်မှာကျန်ရစ်ခဲ့တာ သိရတော့တယ်။ အမေမွေးကထဲက မပါတဲ့ မျက်ခုံးမွှေးပြောင်ပြောင်ကြီးနဲ့ မနေတတ်တာနဲ့ သားအမိနှစ်ယောက် မျက်ခုံးမွှေးဆွဲတံ အ၀ယ်ထွက်ရတော့တယ်။ ပထမတော့ မြင်းလှည်းလေးငှါးပြီးသွားမလို့ဟာ အလွယ်တကူမရတာနဲ့ ... ဘာရမလဲ ... ဆိုက်ကျဲရိုးကြီးငှါးပြီး သားအမိနှစ်ယောက် စတိုးဆိုင်ဆီ ချီတက်ကြတာပေါ့။
ဆိုက်ကျဲရိုးကြီးပေါ် တက်ကြပြီး လမ်းတစ်ဝက်လောက်အရောက် နောက်လှည့်ကြည့်လိုက်တော့ အောင်မြတ်လေး မဂျူဂျူတစ်ယောက် ဆိုက်ကျဲရိုးကြီးနောက်ကနေ အကျီင်္အဖြူ၊ ဂျင်းဘောင်းဘီ ၀တ်ပြီး Marks and Spencer က၀ယ်ထားတဲ့ လည်စည်းရောင်စုံကြီးပတ်ပြီး ပဲပေးနေပုံများ။ အမေ့ထက်ကို သာပါ့ပဲ။ ဒါပေသိ နေ့ခင်းနေက ပူနေပြီဆိုတော့ ပုဂံတစ်မြို့လုံး ဂျူဂျူကလွဲလို့ ဘယ်သူမှ လည်စီးကြီးတွေ တခုတ်တရ ပတ်မနေပါဘူး။ သူ့ကြည်ပြီး ရယ်ချင်လာတာနဲ့၊ ညည်းအေ ... ပုဂံတစ်မြို့လုံး တစ်ယောက်တည်း လည်စည်းကြီးနဲ့ ရှက်ဘူးလား ဆို တစ်လမ်းလုံး စလာတာ။

တစ်နေရာရောက်တော့ မဂျူဂျူ တစ်ယောက် ၀မ်းသာအားရ ထအော်ပါရော။ "လည်စည်းစည်းတာ ဂျူဂျူတစ်ယောက်တည်းဟုတ်ဝူး။ ဟိုမှာတွေ့လား။ သူလဲစည်းထားတာပဲ ... "တဲ့ ဆိုတော့ ဘယ်သူများ  ဒီလောက်ပူပူကြီး လည်စီးကြီးနဲ့ ဂိုက်ပေးကြမ်းနေပါလိမ့်ပေါ့၊ ဖြတ်ကနဲကြည့်လိုက်တော့ ကိုယ့်မှာ ရယ်လိုက်ရတာ။

ကိုယ်တွေ့လိုက်တာက အသက် ၇၀ အရွယ်လောက် အဖွားအိုတစ်ယောက်။ အညာထုံးစံ၊ ဖျင်ကြမ်းတဘတ်ကလေး လည်ပင်းမှာပတ်လို့၊ တုတ်ကောက်ကလေးနဲ့ သူ့အိမ်ရှေ့မှာ ခါးလေးကုန်းပြီး ရပ်နေတာ။ အသက်အရွယ်ကလဲ မဂျူဂျူနဲ့ အတော် မတိမ်းမယိမ်းပဲဆိုတော့ သူ့ရဲ့ competitor ကိုတွေ့တော့ ရယ်လိုက်ရတာ။   ။

(ဂျူဂျူ ၅နှစ်သမီးလောက်က ရေးထားတဲ့ ပို့စ်လေးပါ။ အောက်က ပို့စ်တွေရဲ့ အဆက်ပါ)
ဂျူဂျူနှင့် အလွဲများ၂
ဒီတစ်ခါတော့ ဂျူဂျူ မလွဲတော့ဘူးဗျို့။

11 comments:

  1. သမီးတစ်ယောက်ရှိတာ အဖော်လည်းရ၊ အားလည်းကိုးရတယ်နော်..။ မိန်းကလေးဆိုတာ ကြီးကြီးငယ်ငယ် လှချင်ကြသူများချည်းပဲနော်..။ သမီးဆိုတော့ အမေက အလျှော့ပေးရပြီပေါ့..။
    ချစ်စရာသမီးလေး ဂျူဂျူ...။

    ReplyDelete
  2. ဟားးးးချယ်ရီ‌တွေနဲ့သားအမိ၂ ‌ယောက်သိပ်လှ‌နေကြပါလား..ဂျူဂျူ‌လေး
    အရပ်ကအ‌မေကိုမှီ‌တော့မယ်..တို့လဲသမီး‌လေးတ‌ယောက်ရှိတယ်
    မ‌အေ ဘာဝယ်ဝယ်သူ့လက်ထဲ‌ရောက်သွားတာဘဲ..အဲဒါငယ်တုန်းက..
    ခုဆယ်‌ကျော်သက်ရွယ်လဲ‌ရောက်‌ရော..အကြိုက်ချင်းတခြားစီ..ကိုယ်
    ကကြိုက်လို့ဝယ်‌ပေးရင်သူမကြိုက်..သြူကိုက်တာကျ‌တော့ကိုယ့်မျက်စိနဲ့မ‌တွေ့..
    အဲဒီ‌တော့မှသူ့အတွက်ဝယ်တာ‌တွေကကိုယ့်အတွက်ဖြစ်သွား‌ရော..အဆင်
    ကိုေ ပြလို့...။

    ReplyDelete
  3. ဟယ် စုစုဆိုတော့ ငယ်ငယ်လေး ၂၀- အစိတ်လောက်ထင်တာ။ သမီးတောင် ၁၀ကျော်သက်ဆိုတော့ တီတီဆွိကတောင် ပြန်ပြီး တီတီစုလို့ ခေါ်ရမလိုဖြစ်နေပြီ ... ပိတ်သတ်ရေ ... လုပ်ကြပါဦးဂျ။
    ဟီး ... စ တာနော် တီစုး)။

    ReplyDelete
  4. Aussie weather is cold. Now you can fully utilsie your Mark & Spencer shawl. :)
    P.S I like your new banner.
    WD

    ReplyDelete
  5. Sorry! typo error. should be 'utilise' .
    WD

    ReplyDelete
  6. ဂျူဂျူ့ကြောင်းဖတ်ရတိုင်း သမီးလေးတယောက်လောက် လိုချင်မိတယ်.. သားကျတော့ ကြီးလာရင် အမေနဲ့သိပ်မရင်းနှီးတော့ဘူးမို့လား.. သမီးလေးတယောက်လောက်ရှိရင် တော်တော်အဖော်ရမယ်..း) ဘန်နာကပုံလေးမှာ သားအမိ၂ယောက်လုံး မိုက်မှမိုက်ပဲ..

    ReplyDelete
  7. သမီးလေးက အချောလေး။ ညက်လုံးလေးကို ၀ိုင်းနေရော။
    banner လေးလှတယ်။ အမေလှလှ သမီးချောချော

    ReplyDelete
  8. ဂျူးဂျူးလေး လည်စီးလေးနဲ့လှလို့။ သူလဲ သူနဲ့အပြိုင်လည်စီးစီးထားတဲ့သူတွေ့တော့ ၀မ်းသာအားရဖြစ်သွားမှာပေါ့။
    (လီယို)

    ReplyDelete
  9. မှားပါတယ်ကို‌သောင်း..အဲ‌လေတီဆွိရယ်..ဒီလိုမှန်းသိရင်သမီးရှိေ ကြာင်း
ေ ပြာပါဘူး..၂၀၊အစိတ်အထင်ခံရနည်းလား..ဟီး..။‌နောက်တာပါ..
    တို့ကမချစ်(ချစ်ကြည်‌အေး)နဲ့အတန်းတူ၊အခန်းတူ..ဘ‌လော့‌တွေ‌လျှောက်ဖတ်ရင်းနဲ့မှသိတာ..မဆွိသူငယ်ချင်း ဘူးသီးပိုင်ရှင်‌မေငယ်နဲ့လဲသယ်ရင်း‌တွေပါဗျို့..။

    ReplyDelete
  10. ဂျူးဂျူးလေး အကြောင်းတအားဖတ်လို့ကောင်းတယ်.. တီဆွိအားရင် များများရေးပေးပါနော် ..တိုတိုလေး မို့ ဖတ်လို့တောင်မဝဘူး.. ကလေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့လေ..
    အိမ်မက်စေရာ

    ReplyDelete
  11. ဂျူးဂျူးလေးက အတော်ချစ်ဖို့  ကောင်းတယ်..စန်းထွန်းလည်း မကြီးကို တူမလေး မွေးပေးဖို့  ပူဆာဦးမှ...

    ReplyDelete